#LocalNews
Published_ 22 March 2023
သကြန်ကာလနီးလာတာနဲ့အမျှ အခြေခံစားသောက်ကုန် ကုန်စျေးနူန်းတွေစျေးအနည်းငယ်မြင့်တတ်နေတယ်လို့ စားသုံးသူတွေကိုမေးမြန်းချက်အရသိရပါတယ်။အရင်က ကြည်ဥတစ်လုံးကို ငွေကျပ် ၂၆၀ စျေးရှိနေပြီးလက်ရှိမှာ တစ်လုံးကိုငွေကျပ် ၂၈၀ နဲ့ ဝယ်ယူစားသောက်နေတယ်လို့ စားသုံးသူတွေကပြောပါတယ်။ ဘဲဥစျေးဟာလည်း တစ်လုံးကို ၃၂၀ ကျပ်ရှိနေတယ်လို့ စားသုံးသူတစ်ဦးကပြောပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 22 March 2023
အမြန်လမ်းယာဉ်တိုက်မှုကြောင့် ကားထဲညပ်နေသူအား ကယ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ယနေ့ မတ်လ၂၂ ရက် နံနက် ၅ နာရီခန့်က ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁/၂ နှင့် ၁/၃ ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူတစ်ဦးညပ်နေကြောင်း သတင်းအရ သွားရောက် ကယ်ဆယ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်နေရာသို့ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြကာ အဆိုပါ အမျိုးသား (၁)ဦးထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)အား လှည်းကူးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ပိုင်သူနာတင်ယာဉ်ဖြင့် လှည်းကူးဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
ymg/ppk
#Yangon-Media-Group
#LocalNews
Published_ 22 March 2023
ထိုင်းကုမ္ပဏီတစ်ခုတွင်အလုပ်သမားနှစ်သောင်းကျော် ခေါ်ယူမည်ဆိုကာလိမ်လည်မှု ဖြစ်ပွားနေကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
အလိမ်ခံနေရသောကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသား နိုင်ဗန်ထွိုင်ဆနဗန်ကျော ဦးဆောင်ကာ မြန်မာနိုင်ငံသား ပွဲစား ၁၄ ဦးတို့ ထိုင်းနိုင်ငံရှိ ဗဟိုအလုပ်သမားရုံး နှင့် အလုပ်သမားကာကွယ်ရေးရုံးသို့ စာရွက်စာတမ်းအထောက်အထားတို့ ဖြင့် မတ်လ ၂၀ ရက်တွင် တိုင်ကြားခဲ့ကြကြောင်း သိရသည်။
Calcom Public Company Limited စက်ရုံ၌ အလုပ်သမားပေါင်း ၂၀၀၀၀ ကျော် ခေါ်ယူရန် မြန်မာပြည်တွင်းရှိ အေဂျင်စီကုမ္ပဏီ ၁၄ ခုချိတ်ဆက်ထားသည်ဟု လိမ်လည်၍ တစ်ဦးလျင် ဘတ်ငွေ ၁၃၀၀ ဘတ်ဖြင့် စုစုပေါင်း ထိုင်းဘတ်ငွေ ၄၄၂၀၀၀၀ ဘတ် (မြန်မာကျပ်ငွေ သိန်း ၄၀၀၀ ခန့်) ကို ထိုင်းနိုင်ငံသူ အမည် နန်စောင်ဝရဖောင် က ကြိုတင်ကောက်ခံခြင်းပြုခဲ့ကြောင်း၊ယင်းငွေများကို ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်တွင် ယင်းအမည် နန်စောင်ဝရဖောင်၏ ဘဏ်အကောင့်သို့ ငွေလွဲပေးထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ Calcom Public Company စက်ရုံ တာဝန်ခံထံ သွားရောက်စုံစမ်းမေးမြန်းခဲ့သော်လည်း အလုပ်သမားခေါ်ယူထားခြင်း မရှိကြောင်း ၊ စက်ရုံကုမ္ပဏီအမည်ဖြင့် အလွဲသုံးစားပြု၍ လိမ်လည်မှုသာဖြစ်နိုင်ကြောင်း၊ယင်းကြောင့် နစ်နာသူ အလုပ်ကိုင်ရှာဖွေရေး မြန်မာပွဲစား ၁၄ ဦးထဲ၌ တစ်ဦးဖြစ်သော အမည် နန်စောင်ခွန်ဒေါင် နှင့် နိုင်ဗန်ထွိုင်ဆနဗန်ကျော ဦးဆောင်၍ ဗဟိုအလုပ်သမားရုံးနှင့် အလုပ်သမားကာကွယ်ပေးရေးရုံး အပါဝင် မှုခင်းနှိမ်နှင်းရေးဌာနတို့ထံ တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရပါသည်။
၎င်းဖြစ်စဉ် အပေါ် "အလုပ်သမားတွေက သူတို့ကိုယ်တိုင်သွင်းတာပါ၊ပိုက်ဆံကို ပွဲစားလက်ထဲ ကနေတစ်ဆင့် သွင်းတာမဟုတ်ပါဘူး"ဟုလည်း မှတ်ချက်တွင် ရေးသားပြောဆိုနေကြသကဲ့သို့ "ပွဲစားတွေခံလိုက်ရတာ မဟုတ်ဘူး၊အလုပ်သမားတွေဆီက ကောက်ပြီး သူတို့က တစ်ဆင့်ပေးရုံပဲ"ဟုလည်း မှတ်ချက်ပေး ပြောဆိုနေကြသည်ကိုတွေ့ရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published-22 March 2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ နေအိမ်တစ်အိမ်တွင် အမျိုးသားတစ်ဦး
အိမ်သာကျင်းအသစ်အား ပြုပြင်ရန်ကျင်းထဲဆင်းစဉ် အောက်ဆီဂျင်ပြတ်လတ်၍ သေဆုံးခဲ့ကြောင်း လေးဝတီကုလရက္ခိတပရဟိတအသင်းက သိရသည်။
ကျောက်ဖြူမြို့၊ စိုင်ခြုံကျေးရွာမှ လက်သမားလုပ်ကိုင်သူ ဦးချစ်လွင်သည် မတ်လ ၂၀ ရက် နံနက် ၉ နာရီအချိန်ခန့်က စေတီတောင်ရပ်ကွက်၊ ခေမာလမ်းရှိ ၎င်းအလုပ်လုပ်ကိုင်နေသည့် ဦးကျော်ဝင်း၏နေအိမ်တွင် အိမ်သာကျင်းအသစ်လောင်းရာ၌ ကွန်ကရစ် အဖုံးတွင်ထည့်ထားသည့် သစ်သားဒေါက်တိုင်များဖြုတ်ယူရန် ကျင်းအတွင်းသို့ဆင်းချိန်တွင် အောက်ဆီဂျင်ပြတ်လတ်မှုဖြစ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
"အိမ်သာကျင်းက လူတစ်ကိုယ်စာအပေါက်ဖွင့်ထားတာ။ လေမရဘူး။ ပြီးတော့ကျင်းအောက် မှာလည်း ရေက တစ်ပေလောက်ရှိတယ်။ အဲဒီ
အိမ်သာတွင်းအသစ်လောင်းရာမှ ထည့်ထားတဲ့ ဒေါက်တိုင်တွေကို ဆင်းဖြုတ်တဲ့ချိန် အောက်ဆီဂျင်ပြတ်လတ်ပြီး သေဆုံးမှုဖြစ်ခဲ့တာ"ဟု လေးဝတီကုလရက္ခိတပရဟိတအသင်းတာဝန်ရှိသူကဆိုသည်။
ယင်းအပြင် သေဆုံးသူအမျိုးသားအား ဆင်းကယ်ခဲ့သည့် အမျိုးသား၃ဦးမှာလည်း ကျင်းပေါ်ပြန်အရောက်တွင် သတိလစ်ခဲ့ကြောင်းသိရသည်။
#ymg/mt
#Yangon-Media-Group
#LocalNews
Published_ 22 March 2023
ကမ္ဘာ့ရွှေပေါက်စျေးဟာမတ် ၂၂ ရက်နေ့မနက်ပိုင်းတွင် ၁၉၄၃ ဒေါ်လာပေါက်စျေးရှိနေပြီး ပြင်ပမှာရွှေစျေးမှာလည်းမတ်လ ၂၂ ရက်နေ့ မနက်ပိုင်းအထိ အကယ်ဒမီမီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ်၂၉သိန်း၄သောင်းနီးပါး ရှိနေကြောင်း ရွှေစျေးကွက်ထဲကသိရသည်။
ရွှေစျေးဟာ မတ်လ ပထမအပတ်နှင့်ဒုတိယအပတ်မှာ ၂၈သိန်းအောက်အထိကျဆင်းခဲ့ပြီးအမေရိကန်နိုင်ငံ၏ဘဏ်လူပ်ခတ်မူတွေကြောင့် ၂၉သိန်းအထက်ကိုပြန်တတ်လာတာဖြစ်သည်။ရွှေစျေး၂၇သိန်းအောင်ပြန်လည်ကျဆင်းပါက အရောင်းအဝယ်ပြန်လိုက်လာနိုင်တယ်လို့ သုံးသပ်သူတွေလည်းရှိသည်။
အမေရိကန်နိုင်ငံဘဏ်သတင်းတွေကြောင့် ကမ္ဘာ့ရွှေစျေးအပြောင်းအလဲတွေဖြစ်နေပြီးပြည်တွင်းမှာရွှေစျေးကစားသူတွေရှိနေကြောင်း ရန်ကုန်ရွှေအသင်းကထုတ်ပြန်ထားပါတယ်။မတ်လ၂၂ရက်နေ့မနက်ပိုင်းမှာတော့ရန်ကုန်ရွှေအသင်းကတော့ ၂၃သိန်းကျော်သတ်မှတ်ထားသည်။
ymg/ynzw
#Yangon_Media_Group
#LocalNews
Published_ 21 March 2023
မတ်လ ၂၁ ရက်တွင် စက်သုံးဆီပေါက်ဈေး၌ ဓာတ်ဆီ ၁ လီတာလျှင် ၂၀၄၀ ကျပ်အထိ ရောက်ရှိလာပြီး ယနေ့လက်ကားရောင်းချဈေးမှာ တစ်လီတာ ၁၉၃၆ အတက်နှုန်းထားဖြင့် ဈေးပြန်တက်လာကြောင်းစက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးအဖွဲ့ PPRD ၏ နေ့စဉ်ဈေးနှုန်းအပြောင်းအလဲများအရ သိရသည်။
“ဆီဈေးက မနေ့ကတစ်ရက်ဘဲကျသွားတာ၊ဒီနေ့ ဆီဝယ်ဖို့မနက်ကဆီဆိုင်ရောက်တော့ပြန်တက်သွားပြီ”ဟုအဌားယာဉ်မောင်းတစ်ဦးကပြောသည်။
ယနေ့ ရန်ကုန်မြို့ စက်သုံးဆီရည်ညွှန်းဈေး၌ အောက်တိန်း ၉၂ တစ်လီတာ ၂၀၄၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂,၁၃၀ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ ၂၀၆၀ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ၂,၁၄၀ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။
မတ်လအစ၌ ပြည်တွင်း စက်သုံးဆီဈေးကွက်တွင် ဓာတ်ဆီ ၂,၁၀၀ ကျပ်ဖြင့် စဖွင့်ခဲ့ပြီး အမြင့်ဆုံးဈေးအဖြစ် ပရီမီယမ်ဒီဇယ် တစ်လီတာ ၂,၂၆၅ ကျပ်အထိရောက်ရှိခဲ့သည် ။
ဒေါ်လာဈေးအပြောင်းအလဲမရှိသော်လည်း ကမ္ဘာစက်သုံးဆီဈေးကြောင့် ပြည်တွင်းစက်သုံးဆီဈေးများ ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်းသိရသည်။
ymg/ppk
#Yangon_Media_Group
#LocalNews
Published-22 March 2023
ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ ဝင်လာသည့် ကလေးငယ်တစ်ဦး ၊ အမျိုးသမီး ၇ ဦး ၊အမျိုးသား ၄ ဦး ကို ထိုင်းရဲတပ်ဖွဲ့က မတ်လ ၂၀ ရက်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးငယ်အပါ ၁၂ ဦး မှာ ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်၊ မင်မြို့၊ ဝမ်ဒို့ကျေးရွာ စမ်ဖရန်၊ဝမ်ဖာရဖီမြို့အနီး စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။
ယင်း မြန်မာ ၁၂ ဦးကို ပစ်ကပ်ကားတစ်စီးဖြင့်တင်ဆောင်ကာ မောင်းနှင်လာစဉ် စစ်ဆေးရေးဂိတ်က မောင်းပြေးခဲ့စဉ် ဖမ်းမိခြင်း ဖြစ်ကြောင်း၊စစ်ဆေးချက်များအရ ပို့ဆောင်သူက ပို့ဆောင်ခ ဘတ် ၇၀၀၀ ကနေ ၈၀၀၀ ထိရရှိပြီး ယခင်ကလည်း ၄ ကြိမ်ခန့် ပို့ဆောင်ဖူးသည့်အတွေ့အကြုံရှိကြောင်း ယာဉ်မောင်းက ပြောဆိုထားသည်။
လက်ရှိတွင်ဖမ်းဆီးမိသူအားလုံးကို ဥပဒေအရ ကန်ကျနဘူရီ ရဲစခန်း က ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published-21 March 2023
ကိုရီးယားသမ္မတနိုင်ငံရှိ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများတွင်လုပ်ကိုင်ရန် ကျွမ်းကျင်ဂဟေလုပ်သားများအဖြစ် မတ်လ၂၁ရက်က E-7-3 ဗီဇာဖြင့် ၃၆ဦးထပ်မံစေလွှတ်ခဲ့သောကြောင့် မတ်လ အတွင်း ၃ကြိမ်စေလွှတ်ခဲ့ပြီဖြစ်ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံးကသိရသည်။
ပြီးခဲ့သည့် ယခု မတ်လ ၁၂ရက်က Samasung Heavy Industries တွင်လုပ်ကိုင်မည့် မြန်မာဂဟေလုပ်သား ၁၇ ဦးကို ပထအကြိမ်အနေဖြင့်လည်းကောင်း၊ မတ်လ ၁၇ရက်တွင် Samsung Heavy Industries တွင်လုပ် ကိုင်မည့် မြန်မာဂဟေလုပ်သား ၃၃ ဦးကို ဒုတိယအကြိမ်အနေဖြင့်လည်းကောင်း စေလွှတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ဆိုလ်းမြို့ မြန် မာသံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာလုပ်သားများရောက်ရှိချိန်တွင် မြန်မာသံရုံး၊ ဆိုလ်းမြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon-Media-Group
#LocalNews
Published_ 22 March 2023
ယခုဘဏ္ဍာရေးနှစ်ကုန်တွင် စီးပွားရေးတိုးတက်မှု ၃ ဒသမ ၄ ရာခိုင်နှုန်း ရရှိလာနိုင်မည်ဟု ခန့်မှန်းထားကြောင်း အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၂၁ ရက် ပြုလုပ်သည့် အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၃)အစည်းအဝေးတွင် ပြောသည်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ဘဏ္ဍာရေးနှစ်ကာလပြောင်းလဲခဲ့ပြီး ကြားကာလ ၆ လ စီမံကိန်းနှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတို့ကို ရေးဆွဲအကောင်အထည်ဖော်ခဲ့ကာ ယခုလက်ရှိ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် ဘဏ္ဍာရေးနှစ်တစ်နှစ်အပြည့် ဖြစ်တော့မည် ဖြစ်ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း စီးပွားရေးတိုးတက်မှုနှုန်း အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှ ကြားကာလ ၆ လ စီမံကိန်း အကောင်အထည်ဖော်မှုတွင် ၂ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် စီမံကိန်းပထမ ၆လ အကောင်အထည်ဖော်မှုတွင် ၃ ဒသမ ၄ ရာခိုင်နှုန်း ပြန်လည်တိုးတက်ရရှိလာခဲ့ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်ကုန်တွင် ယာယီခန့်မှန်းခြေစာရင်းအရ တစ်နှစ်လုံးအတွက် တိုးတက်မှုနှုန်း ၃ ဒသမ ၄ ရာခိုင်နှုန်း ရရှိလာနိုင်မည်ဟု သက်ဆိုင်ရာဌာနများက ခန့်မှန်းထားကြကြောင်း နစက ဥက္ကဌက ဆိုသည်။
လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၁၂ ရပ်တို့နှင့် ချိတ်ဆက်ပြီး ချမှတ်ထားသည့်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို အမြဲသုံးသပ်စိစစ်ပြီးလိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက်ခြင်း (Plan, Do, Check, Act- PDCA)ဖြင့် အကောင်အထည်ဖော်မည်ဆိုပါက ကိုဗစ်-၁၉ မတိုင်မီ အခြေအနေထက် ကျော်လွန်ရရှိနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါလုပ်ငန်းများကို ဥပဒေအဖြစ်ပြဋ္ဌာန်းပြီးပါက သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း နစက ဥက္ကဌက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#World_Politics
Published 22 March 2023
တရုတ်နဲ့ရုရှားတို့ဟာ အင်္ဂါနေ့က သူတို့ရဲ့ဆက်ဆံရေးမှာ ခေတ်သစ်တစ်ခုတည်ထောင်လိုက်ပြီး အနောက်နိုင်ငံကိုဆန့်ကျင်ကာ ရပ်တည်လိုက်ကြပါတယ်။
အာရှဒေသအတွင်း နေတိုး(NATO)အဖွဲ့ တိုးချဲ့လာခြင်းအပေါ် နှစ်နိုင်ငံစလုံးက စိုးရိမ်ပူပန်မိကြောင်း ဖော်ပြကာ အမေရိကန်ကြောင့် ကမ္ဘာ့လုံခြုံရေးထိခိုက်စေတယ်လို့ စွပ်စွဲလိုက်ကြပါတယ်။
အလွန်ရင်းနှီးကျွမ်းဝင်ကြတဲ့ ရုရှားသမ္မတ'ဗလာဒီမာပူတင်'နဲ့ တရုတ်သမ္မတ'ရှီကျင့်ဖင်'တို့ဟာ တနင်္လာနေ့က ၄ နာရီခွဲကြာမြင့်တဲ့အထိ ဆွေးနွေးပြောဆိုခဲ့ပါတယ်။
ခေါင်းဆောင်နှစ်ဦးဟာ သူတို့ရဲ့မိတ်ဖက်ဆက်ဆံရေးမှာ ပိုမိုနက်နဲအောင်ဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြောင်း AFP က ဖော်ပြထားပါတယ်။
သတင်းဖော်ပြချက်အရ ယူကရိန်းပဋိပက္ခအဆုံးသတ်ရေးနဲ့ ပတ်သက်တဲ့ တရုတ်ရဲ့အကြံပြုကမ်းလှမ်းချက်တွေကို ငြင်းပယ်လိုက်တဲ့ အနောက်နိုင်ငံအား ပူတင်က စွပ်စွဲလိုက်ပါတယ်။
ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးရန်အဆင်သင့်ရှိကြောင်းဆိုလိုက်ကာ ပဋိပက္ခနဲ့ပတ်သက်တဲ့ တရုတ်အကြံပြုချက် ၁၂ ချက်ကိုလည်း ချီးကျူးပြောဆိုလိုက်ပါတယ်။
တရုတ်အကြံပြုကမ်းလှမ်းချက်တွေကို လက်ခံရန်ဆန္ဒမရှိတဲ့ ယူကရိန်းကိုလည်း ပူတင်ကစွပ်စွဲလိုက်ပါတယ်။
"ယူကရိန်းနဲ့ အမေရိကန်တို့အနေနဲ့ တရုတ်နိုင်ငံမှချမှတ်လိုက်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်တွေကို လက်ခံဖို့အသင့်ဖြစ်ပြီဆိုရင် ငြိမ်းချမ်းရေးလမ်းစဉ်အတွက် အခြေခံအဖြစ် ယူဆနိုင်ပါတယ်၊ ဒါပေမဲ့အခုထိတော့ သူတို့ဘက်က အသင့်ရှိမနေပါဘူး" လို့ ပူတင်က ဆက်လက်ပြောကြားခဲ့ပါတယ်။
တရုတ်နဲ့ရုရှားတို့ ပူးပေါင်းထုတ်ပြန်ရာမှာ အနောက်နိုင်ငံကို ဦးတည်ပြောဆိုချင်တဲ့သဘောတွေ့ရပြီး သူတို့က စစ်ရေးတစ်ဖက်သတ်အသာစီးရရှိရန် နိုင်ငံတကာနဲ့ ဒေသတွင်းလုံခြုံရေးနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်အေးချမ်းရေးအား ထိခိုက်နေခြင်းကို ရပ်တန့်ဖို့ အမေရိကန်ကို တောင်းဆိုလိုက်ကြပါတယ်။
အာရှအတွင်း နေတိုးအဖွဲ့ကြီးထွားလာခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်းလည်း ထုတ်ဖော်ခဲ့ကြကာ "အာရှ-ပစိဖိတ်နိုင်ငံတွေမှာ စစ်ရေးနဲ့လုံခြုံရေးကိစ္စများနဲ့ပတ်သက်ပြီး နေတိုးနဲ့ဆက်နွယ်နေကြတာကို နှစ်နိုင်ငံစလုံးမှ စိုးရိမ်မိပါတယ်" လို့ ဖော်ပြသွားပါတယ်။
Source: WION
#Yangon_Media_Group
#World_Health
Published 22 March 2023
ကလေးအသက်အရွယ် ၄ လမှ ၆ လကစပြီး မြေပဲထုတ်ကုန်ပစ္စည်းများ ကျွေးထားပါက မြေပဲဓာတ်မတည့်ခြင်းဖြစ်နိုင်ချေ ၇၇ ရာခိုင်နှုန်းလျော့နည်းနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ဒီလေ့လာချက်ကို ယူကေကျန်းမာရေးနှင့်စောင့်ရှောက်ရေး သုတေသနစင်တာမှ ပရော်ဖက်ဆာ'ဂရေဟမ်ရောဘတ်စ်'နဲ့ ပရော်ဖက်ဆာ'ဂီဒွန်လက်ခ်'တို့က ဦးဆောင်ပြုလုပ်ခဲ့ကာ Allergy and Clinical Immunology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
မြေပဲနဲ့ဓာတ်မတည့်တဲ့ကလေးတွေဟာ အသက် ၁ နှစ်လောက်ကစပြီး လက္ခဏာပြတတ်ပါတယ်။
အသက် ၄ လခန့်အရွယ်မှာ မြေပဲထောပတ်ခရင်မ်လိုမျိုး ကျွေးထားမယ်ဆိုရင် ဓာတ်မတည့်တာမျိုး မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
အသက် ၁၂ လအရွယ်မှ မြေပဲထုတ်ကုန်များ စတင်ကျွေးမယ်ဆိုရင်တော့ ဓာတ်မတည့်ခြင်း ၃၃ ရာခိုင်နှုန်း ဖြစ်နိုင်ချေနည်းစေပါတယ်။
ဆယ်စုနှစ်များစွာတိုင်အောင် မြေပဲကို တမင်ရှောင်စားခြင်းကြောင့် အသက်အစောပိုင်းမှာ မြေပဲစကျွေးဖို့ကို မိဘများက စိုးရိမ်နေကြပါတယ်။
အခုအထောက်အထားအရ လွယ်ကူရိုးရှင်းပြီး ကုန်ကျစရိတ်သက်သာတဲ့နည်းလမ်းဖြင့် အနာဂတ်မျိုးဆက်တွေအတွက် ပြည်သူ့ကျန်းမာရေးကို ထိရောက်စေမှာဖြစ်ကြောင်း ရောဘတ်စ်က ဆိုပါတယ်။
ကလေးအသက်ကြီးလာမှ မြေပဲစကျွေးမယ်ဆိုရင် အကျိုးသက်ရောက်မှု နည်းပါးသွားပါတယ်။
မြေပဲဓာတ်မတည့်ခြင်းက အကြောင်းအရင်းမရှိဖြစ်တတ်တာကြောင့် လူထုတစ်ရပ်လုံးမှာ ပစ်မှတ်ထားဆောင်ရွက်သင့်ကြောင်း တွေ့ရှိထားပါတယ်။
နှင်းခူရောဂါပြင်းထန်တဲ့ ကလေးငယ်တွေမှာတော့ ၄.၆ ရာခိုင်နှုန်းသာ လျှော့ချနိုင်ပြီး ကျန်းမာရေးပြဿနာနည်းပါးတဲ့ ကလေးတွေမှာသာ မြေပဲဓာတ်မတည့်ခြင်း လျှော့ချနိုင်ချေများတာဖြစ်ပါတယ်။
မြေပဲဓာတ်မတည့်ခြင်းအဖြစ်များတဲ့ နိုင်ငံတွေမှာ ကလေးအသက် ၄ လမှ ၆ လကနေစပြီး မြေပဲထုတ်ကုန်များ စတင်ကျွေးသင့်ကြောင်း သုတေသီများသုံးသပ်ထားပါတယ်။
Source: The Jerusalem Post.
#Yangon_Media_Group
#LocalNews
Published_ 21 March 2023
သင်္ကြန်ကာလရုံးပိတ်ရက်မတိုင်မီ ဧပြီ ၇ ရက်မှ ၈ ရက်အထိအထူးရထားတွေပြေးဆွဲပေးသွားဖိုရှိတယ်လို့ မြန်မာ့မီးရထား၊ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးထံမှသိရပါတယ်၊၊
#YMG#Yangon_Media_Group
Page 1071 of 1751