သင်္ဘောဟာ စတင်နစ်မြှုပ်ချိန်ကစလို ဆယ်ယူနိုင်တဲ့ အချိန်ထိ (၁၀)ကြာနစ်မြှုပ်ခဲ့တာဖြစ်
Published 31 July 2023
#ကုန်တင်သင်္ဘောပြန်လည်ဆယ်ယူနိုင်
#YMG/my #Yangon_Times
‘ရန်ကုန်မြစ်ကြောင်းသွားလာနေတဲ့သဗ္ဗာန်တွေ၊ စက်လှေ၊ သင်္ဘောတွေနဲ့ ခရီးသွားတွေအနေနဲ့ မြစ်ကြောင်းအတွင်း မိုးသည်းထန်တာနဲ့အတူ လေပြင်းပါတိုက်နိုင်လို့ သတိထားသွားလာကြဖို့လိုတယ်’ ဦးလှထွန်း၊ညွှန်ကြားရေးမှူး (မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
Published 31 July 2023
#ရန်ကုန်တွင် မိုးဆက်တိုက်သည်းမည်
#tthl
#Yangon_Times
Published 31 July 2023
တောင်ပံတိုက်စစ်ကစားသမားမာရက်ဇ် ကိုဆုံးရှုံးခဲ့ရပြီးနောက်ေဆာ်ဒီလိဂ်ရဲ့ငွေကြေးသုံးစွဲမှုကဈေးကွက်ကိုပြောင်းလဲစေခဲ့ကြောင်းပရီးမီးယားလိဂ်ကိုသတိပေးပြောကြားခဲ့သည်။။မာရက်ဇ်ကိုယခု အပြောင်းအရွှေ့ကာလ၌ရောင်းချရန်မမျှော်လင့်ခဲ့သဖြင့်မန်စီးတီးသည် မာရက်ဇ်၏နေရာကိုတိုက်ရိုက်အစားထိုးနိုင်သည့်ကစားသမားကိုအားဖြည့်မည်မဟုတ်သော်လည်းကွဲပြားခြားနားသည့်တိုက်စစ်မှုးတစ်ဦးအားခေါ်ယူရန်မျှော်လင့်ထားကြောင်းဂွာဒိီယိုလာကပြောကြားခဲ့သည်။ အငှားချထားသည့်ကစားသမားများကိုလည်းကြည့်ရှုရမည်ဖြစ်ပြီးတစုံတစ်ရာဖြစ်နိုင်ချေများကိုစောင့်ကြည့်ရမည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
ဆော်ဒီလိဂ်ကစျေးကွက်ကိုပြောင်းလဲစေခဲ့ကြောင်း ပရီးမီးယားလိဂ်ကလပ်အသင်းကြီးများပင်လျှင်၎င်းတို့၏အဓိက ကစားသမားများကို ထိန်းချုပ်နိုင်စွမ်းမရှိကြောင်း ဂွာဒီယိုလာက သတိပေးပြောဆိုခဲ့သည်။အနာဂတ်တွင်ယခုကဲ့သို့ပို့မိုဖြစ်လာနိုင်ကြောင်း၊ မာရက်ဇ်သည် အလွန်ကောင်းမွန်သော ကမ်းလှမ်းမှုရရှိ၍ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ဂွာဒီယိုလာကပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည်အသင်းခေါင်းဆောင်ဂွန်ဒိုဂန်အား ဘာစီလိုနာသို့ ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီးနောက် ညာနောက်ခံလူ ဝေါ့ကာမှာလည်း ဘိုင်ယန်မြူးနစ် အသင်းကခေါ်ယူရန် ကြိုးပမ်းနေသဖြင့် ကစားသမားကောင်းများ ဆုံးရှုံးရမည့်အခြေအနေနှင့်ရင်ဆိုင်နေရသည်။
Ref: 90min
#Yangon_Times
#World_News
Published 31 July 2023
တနင်္ဂနွေနေ့က ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခီဘာပက်ထွန်ခဝါပြည်နယ်ရှိ နိုင်ငံရေးစုဝေးပွဲတစ်ခုမှာ အသေခံဗုံးခွဲသမားတစ်ဦးမှ ဖောက်ခွဲရေးပစ္စည်းများဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄၂ ဦးသေဆုံးကာ ၁၃၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးတာဝန်ရှိသူများက ပြောကြားလိုက်ပါတယ်။
သဘောထားတင်းမာနေတဲ့ အစ္စလာမ်နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ ဂျာမီယက်အယ်လ်မာအစ္စလာမ်ဖာဇီ (JUI-F)ပါတီက အာဖဂန်နစ္စတန်နဲ့ နယ်စပ်ချင်းထိနေတဲ့ ဘဂျောမျိုးနွယ်စုနယ်မြေဟောင်းမှာ ပြုလုပ်တဲ့ စုဝေးပွဲမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဘဂျောရှိဆေးရုံတွေနဲ့ ဒဏ်ရာရသူအများစု ထားရှိရာ အနီးနားနေရာတွေမှာ အရေးပေါ်အခြေအနေ ကြေညာထားကြောင်း ခရိုင်ရဲအရာရှိ 'နာဇီယာခန်း'က ပြောကြားခဲ့ပါတယ်။
အပြင်းအထန်ဒဏ်ရာရသူများကို ဘဂျောမှ ပြည်နယ်မြို့တော်ပီရှာဝါရှိ ဆေးရုံများသို့ စစ်ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ခဲ့ပါတယ်။
ပထမဆုံးတုန့်ပြန်ကယ်ဆယ်ရေး ၁၁၂၂ က သေဆုံးသူစာရင်း ၄၂ ယောက်ရှိပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။
ဘဂျောမှ ခါမြို့ရှိ JUI-F အလုပ်သမားများစည်းဝေးပွဲမှာ ပေါက်ကွဲမှုကြောင့် လူ ၁၃၀ ကျော်ဒဏ်ရာရခဲ့ပြီး အတော်များများက ပြင်းထန်ကြောင်း ခန်းက ပြောပြခဲ့ပါတယ်။
ထိုပေါက်ကွဲမှုက အသေခံဗုံးခွဲမှုတစ်ခုဖြစ်တယ်လို့ ပြည်နယ်ရဲချုပ် 'အက်ခ်တာဟာယက်'က ရိုက်တာသတင်းသို့ ပြောပြသွားပါတယ်။
တာရိခ်အီတာလီဘန်ပါကစ္စတန် (TTP)နဲ့ အစ္စလာမာဘက်ဒ်တို့ကြား အပစ်အခတ်ရပ်စဲရေး ပျက်စီးသွားချိန်မှစကာ ပါကစ္စတန်မှာ အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုများ ပြန်လည်တွေ့မြင်နေရပါတယ်။
လတ်တလောလများအတွင်း ပါကစ္စတန်ရှိ တိုက်ခိုက်မှုကြီးတွေရဲ့ နောက်ကွယ်မှာ TTP နဲ့ ဆက်စပ်အဖွဲ့များရှိနေပြီး ယခုတနင်္ဂနွေနေ့တိုက်ခိုက်မှုမှာတော့ သူတို့အဖွဲ့နဲ့ မသက်ဆိုင်ကြောင်း ပြောဆိုလိုက်ကာ ရှုတ်ချလိုက်ပါတယ်။
TTP က အာဖဂန်နစ္စတန်မှာ ခိုအောင်းရာနေရာများ ရှိတယ်လို့ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များက ပြောကြားထားပြီး ထိုနေရာမှာ အုပ်စိုးနေတဲ့ တာလီဘန်တို့ကတော့ ငြင်းဆိုထားပါတယ်။
အာဖဂန်အုပ်ချုပ်ရေးအစိုးရလည်း အဆိုပါပေါက်ကွဲမှုကို ရှုတ်ချလိုက်ကြောင်း ပြောရေးဆိုခွင့်ရှိသူ 'ဇာဘီဟူလာမူဂျာဟစ်'က ထုတ်ပြန်လိုက်ပါတယ်။
အစ္စလာမာဘက်ဒ်ရှိ အမေရိကန်သံရုံးနဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း 'အင်မ်ရန်ခန်း'ကလည်း ပေါက်ကွဲမှုကို ရှုတ်ချကြောင်း ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
Source: Reuters
#Yangon_Times
#Local_News
Published- 31 July 2023
မြန်မာ့မျှစ်ခြောက်ကို ဂျပန်နိုင်ငံမှ နှစ်စဉ် မျှစ်ခြောက်တန်ချိန် (၂၀၀)ခန့် အထိအမှာရှိနေကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ သိရသည်။
မြန်မာနိုင်ငံမှာ မျှစ်ကို ပြည်တွင်းစားသုံးမှုသာမက မျှစ်ခြောက်ပြုလုပ်ကာ ပြည်ပသို တင်ပိုမှုတွေ ရှိနေပြီးဂျပန်နိုင်ငံမှ နှစ်စဉ် မျှစ်ခြောက်တန်ချိန် (၂၀၀) အမှာ ရှိနေသော်လည်း ကုန်ကြမ်းရှားပါးမှုကြောင့် (၇) တန် လောက်သာ တင်ပိုနိုင်ပြီးဈေးကွက်လိုသလောက် တင်ပိုနိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၊ မျှစ်လုပ်ငန်းအစုအဖွဲမှ ဥက္ကဋ္ဌ ဒေါ်နန်းခင်အုန်း၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် မျှစ်ကို သဘာဝဝါးတောတွေကနေသာ ခူးယူနေရခြင်းဖြစ်ပြီး၊ ဝါးစိုက်ခင်းအဖြစ် စိုက်ပျိုးလာမှသာ ကုန်ကြမ်းရရှိမှု လုံလောက်ကာ နိုင်ငံခြားပိုကုန်အဖြစ်လည်း တင်ပိုနိုင်မည် ဖြစ်၍ယခုလက်ရှိ စိုက်ခင်းများ လုပ်ဆောင်သွားရန်အတွက် ကြိုးပမ်းနေကြောင်းလည်းသိရသည်။
မြန်မာနိုင်ငံအတွက် မျှစ်ခြောက်ဈေးကွက်သည် အလားအလာကောင်းနေပြီး၊ မဲခေါင်-လန်ချန်း အစီအစဉ်အရ ဝါးတောတွေပျိုးထောင်ရန် လုပ်ဆောင်နေပြီးနိုင်ငံတော်အနေနဲ့လည်း ဝါးစိုက်ခင်းများထူထောင်ရန်အတွက် မြေလျှောက်ထားခွင့်တွေကိုလည်း ခွင့်ပြုပေးထားကြောင်းလည်း သိရသည်။
#Yangon_Times/PP
Published_ 31 July 2023
အရသာရှိတဲ့ ချယ်ရီသီးတွေရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို ဒေါက်တာ'မိုင်ယာရို့စ်မန်'က စူးစမ်းလေ့လာခဲ့ပါတယ်။
စိတ်ခံစားမှု ကောင်းမွန်စေပြီး နှစ်ခြိုက်စွာ အိပ်စက်နိုင်ရန် အထောက်အကူ ဖြစ်စေမယ့် အသီးဆိုရင်တော့ ချယ်ရီသီးဖြစ်ပြီး နှလုံးရောဂါ၊ ဆီးချိုသမားတွေအတွက်လည်း အသင့်လျော်ဆုံးဖြစ်ကြောင်း စစချင်းပြောကြားလိုက်ပါတယ်။
အသီးတွေထဲမှာ ချယ်ရီသီးက သကြားစုပ်ယူမှုအနည်းဆုံး အသီးဖြစ်နေပါတယ်။
အင်ဆူလင်လှုံ့ဆော်မှု အနည်းဆုံးသာရှိစေကာ ဆီးချိုဖြစ်ချင်သူများအတွက် အသင့်လျော်ဆုံး ဖြစ်ပါတယ်။
ချယ်ရီသီးတွေမှာ ပိုလီဖီနောလ် အမြောက်အများပါဝင်ပြီး သွေးကြောခဲခြင်းနဲ့ နှလုံးရောဂါဖြစ်နိုင်ချေတို့ကို လျှော့ချပေးပါတယ်။
ဒါ့အပြင် ချယ်ရီသီးတွေမှာ ထရစ်ပ်တိုဖန်လည်း အများအပြား ပါဝင်နေပါတယ်။
ထိုဓာတ်ကနေ ဆီရိုတိုနင်ထုတ်လုပ်ပေးတာဖြစ်ပြီး စိတ်ခံစားမှုနဲ့ အိပ်စက်ခြင်းကို မြှင့်တင်ပေးပါတယ်။
ချယ်ရီသီးတွေကို ညနေပိုင်းစားပေးခြင်းဖြင့် ညဘက်ကောင်းစွာ အိပ်စက်နိုင်မယ့် အကျိုးကျေးဇူးတွေ အများဆုံးရရှိနိုင်မှာ ဖြစ်ပါတယ်။
ချယ်ရီသီးအမျိုးအစားကွဲပေါင်း ၁၀ မျိုးကျော်ရှိကြောင်း အော်ဂဲနစ်ချယ်ရီစိုက်ပျိုးသူ 'အက်ပ်ဖရိမ်အဇော့ဗ်'က မျှဝေပြောကြားခဲ့ပါတယ်။
ချဉ်တဲ့ချယ်ရီသီးတွေက ယိုနဲ့ ဗစ်ရှ်နက်ခ်ဝိုင်ပြုလုပ်ရန်အတွက် ပိုမိုသင့်တော်ကြောင်း၊ ထိုအသီးတွေက အာဟာရတန်ဖိုးပိုများကြောင်း ရှင်းပြသွားပါတယ်။
ချယ်ရီသီးစိုက်ပျိုးရန်အတွက် မြေမြင့်ပိုင်းနဲ့ အေးမြတဲ့ရာသီဥတု လိုအပ်ပါတယ်။
ချယ်ရီသီး ရိတ်သိမ်းခြင်းနဲ့ ထုပ်ပိုးခြင်းအတွက် လုပ်သားအင်အား များစွာလိုအပ်တာကြောင့် တန်ဖိုးကြီးတာဖြစ်ပါတယ်။
ချယ်ရီသီးတွေက သိုလှောင်ထားနိုင်ချိန် တိုတောင်းပြီး ရာသီချိန်ကလည်း တိုတောင်းလွန်းပါတယ်။
Source: The Jerusalem Post
#World_Health
#YMG #Yangon_Times
အမေရိကန် ရုပ်ရှင်ဒါရိုက်တာ အိုလီဗာစတုန်းက သူ့အနေနှင့် သမ္မတဂျိုးဘိုင်ဒင်ကို မဲပေးမိလို့ နောင်တရမိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘိုင်ဒင်ဟာ အမေရိကန်ကို တတိယကမ္ဘာစစ်ထဲ ဆွဲသွင်းကောင်းဆွဲသွင်းလိမ့်မယ်လို့ လည်း သူက ဝေဖန်လိုက်ပါတယ်။
မကြာသေးမီက ထုတ်လွှင့်ခဲ့တဲ့ ရပ်ဆဲလ်ဘရန်းရဲ့ ရုပ်သံဆွေးနွေးခန်း"Stay Free" မှာ သူက ပြောကြားလိုက်တာပါ။ စတုန်းဟာ "Ukraine on Fire."ဆိုတဲ့ သတင်းမှတ်တမ်းရုပ်ရှင်အပါအဝင် သူ့ရဲ့ မှတ်တမ်းရုပ်ရှင်ကားတွေနှင့် နိုင်ငံတကာ ဆုတွေရရှိခဲ့သူဖြစ်ပါတယ်။
“ ဒီစစ်ပွဲ(ယူကရိန်းစစ်ပွဲ) ရဲ့ အကြောင်းပြချက်တွေကိုကြည့်လိုက်ပါ။ အမေရိကန်က ဒါဟာ ရုရှားက ယူကရိန်းကို ကျူးကျော်တာလို့ လွယ်လွယ်ပြောလိမ့်မယ်။ ဒီစစ်ပွဲရဲ့ ဇာစ်မြစ်က အမေရိကန်က ကမကထပြုထောက်ခံပေးတဲ့ ၂၀၁၄ အာဏာသိမ်းမှုပဲဖြစ်တယ်။ ဒါဟာ ရုရှားဖက်ဒရေးရှင်းကို ထိုးဖောက်ဖို့ လေးနက်တဲ့အစီအစဉ်တစ်ခုဖြစ်တယ်” လို့ စတုန်း က ရုပ်သံအစီအစဉ်မှာပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ယင်းရဲ့ ကိုယ့်သေတွင်းကိုယ်တူးမယ့် လမ်းကြောင်းကို မရှောင်ကွင်းနိုင်ဘူးဆိုရင် တတိယကမ္ဘာစစ်နှင့် ရင်ဆိုင်ရနိုင်တယ်။ ပြီးတော့ ဘိုင်ဒင်ဦးဆောင်မှုလည်း ပျက်သုဉ်းလိမ့်မယ်” လို့ သူကပြောပါတယ်။
“ ဘိုင်ဒင်လုပ်နေတာတွေမရပ်တန့်ဘူးဆိုရင်.. သူ့ကိုကျွန်တော်မဲပေးခဲ့တာ ကျွန်တော်မှားခဲ့တာ.. သူဟာ အဘိုးကြီးမို့လို့ စိတ်တည်တည်ငြိမ်ငြိမ်ရှိမယ် ပိုနူးညံ့မယ်လို့ ကျွန်တော်ကထင်ခဲ့တာ ယခုသူမှာ အဲဒါတွေတစ်ခုမှမမြင်ရဘူး”လို့ စတုန်းက ဆက်ပြောပါတယ်။
Source : foxnews.com
Published_30 July 2023
ဧရာဝတီတိုင်း၊ငွေဆောင်ကမ်းခြေတွင် မိုးရာသီကာလအတွင်း ရေဝဲများဖြစ်ပေါ်တတ်သည့်နေရာများတွင် ရေဆင်းမကူးရန် သတိပေးချက်ဆိုင်းဘုတ်များစိုက်ထူခဲ့ကြောင်းသိရသည်။
ငွေဆောင်မြို့အမှတ်(၃)ရပ်ကွက်ရှိ ချစ်သူများကျွန်းကမ်းခြေတစ်လျှောက်တွင် မိုးရာသီကာလ ပင်လယ်ပြင်အတွင်း ရေဝဲများဖြစ်ပေါ်နေသည့်အတွက် အန္တရာယ်ရှိသောကြောင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အနေဖြင့်ရေဆင်းမကူးရန် သတိပေးချက်ဆိုင်းဘုတ်များစိုက်ထူခဲ့သည်။
ယင်းသတိပေးချက်ဆိုင်းဘုတ်စိုက်ထူခြင်းကို ငွေဆောင်မြို့ ၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှတာဝန်ရှိသူများ၊ငွေဆောင်ဟိုတယ်ဇုန်မှတာဝန်ရှိသူများ၊ကမ်းခြေလုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊အခြားတာဝန်ရှိသူများနှင့်ဒေသခံပြည်သူများပါဝင်ဆောင်ရွက်ခဲ့ကြသည်ဟုဆိုသည်။
ငွေဆောင်ကမ်းခြေတွင် လိုင်စင်ရဟိုတယ်နှင့်တည်းခိုခန်း(၃၇)လုံးရှိပြီး ၂၀၂၃ခုနှစ်ဇန်နဝါရီမှဇွန်လအထိ လာရောက်တည်းခိုသူစုစုပေါင်း(၂၄၆၀၉၇)ဦးရှိခဲ့ကြောင်းနှင့်ယခင်နှစ်ကထက်တည်းခိုသူဦးရေ၆၄ရာခိုင်နှုန်း
ပိုမိုတိုးတက်ခဲ့ကြောင်း သိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published 30 July 2023
ယူကရိန်းသို့မပေးပို့မီ မိတ်ဖက်နိုင်ငံတစ်ခုက သိမ်းပိုက်ရရှိခဲ့တဲ့ မြောက်ကိုရီးယားဒုံးကျည်တွေကို ယူကရိန်းတပ်သားများ အသုံးပြုနေတာကို မြင်တွေ့ခဲ့ရကြောင်း Financial Times က စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။
ဒီလက်နက်တွေကို ရုရှားတွေထံကနေ သိမ်းဆည်းရမိခဲ့တာဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက အဆိုပြုတာကို သတင်းစာကဖော်ပြခဲ့ပါတယ်။
ရေကြောင်းမှ တင်ပို့မှုများအပါအဝင် မြောက်ကိုရီးယားဟာ ရုရှားကို လက်နက်များထောက်ပံ့နေတယ်လို့ အမေရိကန်က စွပ်စွဲထားပေမယ့် အထောက်အထား မပြနိုင်သေးသလို မြောက်ကိုရီးယားလက်နက်တွေ ယူကရိန်းစစ်မြေပြင်မှာ အသုံးပြုနေတယ်လို့လည်း သိပ်ပြီးမတွေ့ရှိရပါဘူး။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ကတော့ လက်နက်အပေးအယူမလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။
ကာလကြာရှည်စွာ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဘက်ခ်မွတ်မြို့ပျက်အနီးမှာ ဆိုဗီယက်ခေတ် ဂရက်ဒုံးကျည်လက်နက်များ အသုံးပြုနေတဲ့ ယူကရိန်းတပ်တွေက မြောက်ကိုရီးယားလက်နက်တွေကို ပြသခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ယခုသီတင်းပတ် ကိုရီးယားစစ်ပွဲအဆုံးသတ်ခြင်းနှစ် ၇၀ ပြည့်အထိမ်းအမှတ်ပွဲအတွက် ရုရှားကာကွယ်ရေးဝန်ကြီး 'ဆာဂျီရှိုဂူ'က ပြုံယမ်းသို့ရောက်ရှိခဲ့ရာ ၁၉၉၁ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ရုရှားထိပ်သီးကာကွယ်ရေးအရာရှိတစ်ဦးအနေနဲ့ ပထမဆုံးလည်ပတ်တာဖြစ်ပါတယ်။
ခရီးလည်ပတ်စဉ်အတွင်း ရှိုဂူဟာ ပြုံယမ်းရှိ စစ်ဘက်ဆိုင်ရာပြပွဲတစ်ခုမှာ တားမြစ်ခံထားရတဲ့ မြောက်ကိုရီးယားပဲ့ထိန်းဒုံးကျည်များ၊ ခေါင်းဆောင်'ကင်မ်ဂျုံအန်'တို့နဲ့အတူ ဓာတ်ပုံရိုက်ခံခဲ့ကာ အမေရိကန်ကို ရင်ဆိုင်နေတဲ့ နိုင်ငံများအဖြစ် နှစ်နိုင်ငံကြား ဆက်ဆံရေးပိုမိုနီးစပ်လာတဲ့ သဘောမြင်တွေ့နေရပါတယ်။
Source: Reuters.
#World_Military
#YMG #Yangon_Times
Published_30 July 2023
ရပ်ကွက်အတွင်းရောင်းချနေသော ကျပ်(၂)သိန်းကျော်တန်ဖိုးရှိသည့်ဆေးဝါးနှစ်မျိုးကို FDAထောက်ခံချက်ရှိမရှိစစ်ဆေးပေးရန်တိုင်ကြားလာသည့်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါဆေးဝါးများသည်FDAခွင့်ပြုချက်ရှိမရှိနှင့် တရားဝင်ဆေးဝါးများဖြစ်မဖြစ်စစ်ဆေးပေးရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းနေစားသုံးသူတစ်ဦးမှ စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint Systemမှတစ်ဆင့်တိုင်ကြားလာခြင်းဖြစ်သည်။
စားသုံးသူဦးစီးဌာန(DOCA)အနေဖြင့် ယင်းဆေးဝါးနှစ်မျိုးအားအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)သို့ ပေးပို့စစ်ဆေးခဲ့ရာ ဆေးဝါးတစ်မျိုးမှာ FDAတွင်မှတ်ပုံတင်ဆောင်ရွက်ထားမှုမရှိကြောင်းနှင့် ကျန်တစ်မျိုးကတော့ အစားအသောက်ဌာနခွဲတွင်သွင်းကုန်ကျန်းမာရေးထောက်ခံချက်ရရှိထားကြောင်း စစ်ဆေး တွေ့ရှိသည်ဟုဆိုသည်။
FDAထောက်ခံချက်မရှိသောဆေးဝါးတင်သွင်းမှုများကို ဆက်လက်အရေးယူပေးပါရန်တိုင်ကြားသူမှ ဆက်လက် တိုင်ကြားသဖြင့်FDAဌာန(ရန်ကုန်)သို့အမှုလွှဲပြောင်းပေးပို့ကာစားသုံးသူရေးရာဦးစီးဌာနမှဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published_ 30 July 2023
မကွေးတိုင်း၊စေတုတ္တရာမြို့နယ်အနီးဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး(၄.၃)အဆင့်ရှိမြေငလျင် တစ်ခုလှုပ်ခတ်သွားကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
ဇူလိုင်လ၃၀ရက် မနက်ပိုင်းတွင်လှုပ်ခတ်သွားခြင်းဖြစ်ပြီး စစ်တွေမြေငလျင်စခန်းမှအရှေ့ဘက်(၈၁)မိုင် အကွာမြန်မာပြည်တွင်း စေတုတ္တရာမြို့ အနောက်တောင်ဘက်မိုင်(၂၀)ခန့်အကွာတွင် ဗဟိုပြုပြီး လှုပ်ခတ် ခဲ့ခြင်းဖြစ်သည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံဒေသအသီးသီးတွင်မြေငလျင်ငယ်များဆက်တိုက်လှုပ်ခတ်မှုများရှိနေပြီး တစ်ကျော့ပြန်မြေငလျင်ကြီးများလည်းလှုပ်ခတ်နိုင်ခြေရှိသဖြင့် စစ်ကိုင်းတိုင်း၊ပဲခူးတိုင်း၊မန္တလေးတိုင်း၊ ရန်ကုန်တိုင်းအပါအဝင်ပြတ်ရွေ့ကြောပေါ်ရှိဒေသများ၌နေထိုင်ကြသူများအနေဖြင့်အထူးသတိပြုနေထိုင်ကြရန် မြေငလျင်ဌာနခွဲမှ သတိပေးထုတ်ပြန်ထားကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published 30 July 2023
အစာချေလမ်းကြောင်းဆိုတာဟာ အစာချေဖျက်ဖို့ သက်သက်သာ မဟုတ်ဘဲ ခန္ဓာကိုယ်ခုခံအားစနစ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တဲ့အပြင် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း များစွာလွှမ်းမိုးနေပါတယ်။
အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးအကြောင်းအရာနဲ့ ဘယ်လိုသက်ရောက်လဲဆိုတာကို သိရှိနားလည်ထားမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုဘဝ ရရှိစေနိုင်မှာဖြစ်ပြီး အထွေထွေကျန်းမာရေးကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
အူလမ်းကြောင်းထဲမှာ အဏုဇီဝပိုးမွှား ဘက်တီးရီးယားပေါင်း ထရီလီယံနဲ့ချီပြီး ရှိပါတယ်။
ထိုဘက်တီးရီးယားအများစုက ခန္ဓာကိုယ်လုပ်ဆောင်ချက်များအတွက် အရေးကြီးပြီး အကျိုးပြုကြတာ ဖြစ်ပါတယ်။
ယင်းတို့က အစားအစာတွေကို အာဟာရများအဖြစ်သို့ ဖြိုခွဲကာ ခုခံအားစနစ်ကနေ အန္တရာယ်ပြုဘက်တီးရီးယားများကို တိုက်ထုတ်ရာမှာ ကူညီပေးပြီး အင်ဆူလင်ယဉ်ပါးခြင်းကို သက်ရောက်စေပါတယ်။
လူတွေရဲ့ စိတ်ခံစားမှုအခြေအနေနဲ့ စိတ်ကျန်းမာရေးအခြေအနေတို့ကိုပါ သက်ရောက်စေနိုင်ပါတယ်။
"လူတွေစားလိုက်သမျှက အစာချေစနစ်ကို လွှမ်းမိုးနေပါတယ်။
အစာအိမ်အူလမ်းကြောင်းက ပါးစပ်ကနေစတင်ကာ အစာရေမျိုကနေ အစာအိမ်ကို ဆက်စပ်နေပြီး အူသိမ်ပြီးနောက် အူမကြီးသို့ရောက်ရှိလာပါတယ်" လို့ မာနီပေါလ်ဆေးရုံမှ ဒေါက်တာ'ပရာဗင်းစီအာ'က India Today ကို ပြောကြားခဲ့ပါတယ်။
စားလိုက်သမျှက အဏုဇီဝပိုးမွှားတွေကို ထိခိုက်စေခြင်း ဒါမှမဟုတ် ထောက်ပံ့အားပေးခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။
အဆင့်ဆင့်ထုပ်ပိုးထုတ်လုပ်ထားတဲ့ စားစရာတွေမှ အဆီတွေက အူနံရံသားတွေကို ထိခိုက်စေပါတယ်။
အချိုဓာတ်များတဲ့ အစားအစာတွေက အူသိမ်ထဲရှိ ဘက်တီးရီးယားများကို အလွန်အကျွံပေါက်ဖွားစေနိုင်ပါတယ်။
ထိုကနေ ဘက်တီးရီးယားတွေက အစာအချဉ်ဖောက်ခြင်းနဲ့ ဂတ်စ်အလွန်အကျွံထွက်ခြင်းတို့ ဖြစ်ပေါ်စေကာ အာဟာရဓာတ်စုပ်ယူခြင်းကို ထိခိုက်စေပြီး အာဟာရချို့တဲ့စေတတ်ပါတယ်။
အိမ်မှာပဲ ချက်ပြုတ်စားသောက်တဲ့အခါ ဆီတွေနဲ့ ပါဝင်ပစ္စည်းတွေကို မိမိဘာသာ ထိန်းချုပ်သုံးစွဲနိုင်ပါတယ်။
အပူပေးပြီးသား ဆီတွေကို ပြန်သုံးတာမျိုးက အူလမ်းကြောင်းဘက်တီးရီးယားတွေအတွက် ဆိုးကျိုးဖြစ်စေသလို ထုတ်လုပ်စီမံထားတဲ့ အချိုဓာတ်ပစ္စည်းများ၊ တာရှည်ခံဆိုးဆေးများ၊ အရောင်တင်မှုန့်များကိုလည်း ရှောင်ရှားသင့်တယ်လို့ ဒေါက်တာက ဆိုပါတယ်။
စားသောက်တဲ့အခါ အေးအေးဆေးဆေးထိုင်ပြီး ဖြည်းညင်းစွာ ဝါးမျိုရမှာဖြစ်ပါတယ်။
အလျင်အမြန်စားသောက်တဲ့အခါ အာရုံကြောစနစ် အလွန်အကျွံလှုံ့ဆော်စေပြီး အရေးပါတဲ့ အာဟာရဓာတ်တွေကို လုံလောက်စွာ မစုပ်ယူနိုင်တော့ပါဘူး။
စားသောက်ပြီးနောက် အိပ်လှဲတာမျိုး ထိုင်တာမျိုးတွေက အစာချေစနစ်အတွက် မသင့်လျော်တာကြောင့် အစာချေခြင်းကို အထောက်အကူဖြစ်စေရန် ၁၀ - ၁၅ မိနစ်ခန့် လမ်းလျှောက်ပေးသင့်ပါတယ်။
ထုပ်ပိုးထုတ်လုပ်ထားတဲ့ စားစရာတွေအစား ကောက်ပဲသီးနှံများ၊ အသီးအရွက်များ၊ အခွံမာသီးများ၊ အသီးအနှံများ၊ အစေ့အဆန်များကို နေ့စဉ်စားသုံးပေးသင့်ပါတယ်။
အိမ်သာတက်ချင်တဲ့အခါ အောင့်ထားတာမျိုး မပြုလုပ်ဘဲ ပုံမှန်သွားသင့်တဲ့အပြင် ထိုင်တဲ့အခါ စနစ်ကျအောင်ထိုင်ဖို့ကလည်း အရေးကြီးပါတယ်။
ဒီလိုမျိုး အချိန်မှန်မှန် အညစ်အကြေးစွန့်ပစ်မှသာ အစာချေစနစ် သန့်စင်နေမှာဖြစ်ပါတယ်။
Source: India Today.
#World_Health
#YMG #Yangon_Times
Page 1074 of 1940