#Local_News
Published 06 December 2023

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင် မြန်မာလူမျိုးများ အကြောင်းကိုအီဂျစ်နိုင်ငံသားများ နားလည်နိုင်‌စေရန် Myanmar Showcase 2023 ပြပွဲပြသခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

 

အီဂျစ်နှင့် မြန်မာနိုင်ငံ အစိုးရနှစ်ရပ်အကြား ရှိရင်းစွဲဆက်ဆံရေးကို ပိုမိုတိုးမြှင့်ခိုင်မာလာစေရန် ရည်ရွယ်၍ Myanmar Showcase 2023 ပြပွဲအခမ်းအနားကို မြန်မာသံရုံး၊ ကိုင်ရိုမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပခဲ့သည်ဟု ဆိုသည်။

 

မြန်မာနိုင်ငံ၊ မြန်မာ့သမိုင်း၊ တိုင်းရင်းသားလူမျိုးများ၊  မြန်မာ့ယဉ်ကျေးမှု၊ လယ်ယာထွက်ကုန်များ၊ မြန်မာ့ရိုးရာအစားအစာနှင့် ရေမြေသဘာဝ၊ မတူကွဲပြားသော ဘာသာဝင်များ  သဟဇာတရှိစွာ အတူယှဉ်တွဲနေထိုင်နေမှု၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအတွက်  ပြန်လည်လက်ခံရေး  ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ပြည်တွင်းနိုင်ငံရေးဖြစ်ထွန်း တိုးတက်မှုအခြေအနေတိုနှင့် စပ်လျဉ်းပြီး အီဂျစ်နိုင်ငံသားများမှ ပိုမိုသိရှိနားလည်လာကာ နှစ်နိုင်ငံ ပြည်သူများအကြား ကူးလူးဆက်ဆံမှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ခြင်းမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးခိုင်မြဲစေရန်ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍  Power Point presentation ဖြင့် မိတ်ဆက်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာပြခန်းအသီးသီးတို့အပြင် အီဂျစ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေး ဓါတ်ပုံပြကွက်၊ နေရပ် စွန့်ခွာသူများအား ပြန်လည်လက်ခံရေး နိုင်ငံတော်အစိုးရ၏ဆောင်ရွက်ချက် ဓါတ်ပုံပြကွက်၊ ပြည်တွင်းနိုင်ငံရေးဖြစ်ထွန်းတိုးတက်မှု ဆိုင်ရာဓါတ်ပုံပြကွက်တို့အား လိုက်လံလှည့်လည် ပြသရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ့ရိုးရာ အုန်းနို့ခေါက်ဆွဲ၊ မန္တလေးပဲကြော်၊ ကော်ပြန့်ကြော်၊ ရွှေရင်အေး၊ ဌက်ပျောသီးပူတင်းတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ဧည့်သည်တော်များအား မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လက်ကမ်း စာစောင်များ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်ဟု ဖော်ပြထားသည်။

 

သံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးမြင့်လွင်က "သံတမန်တို့၏ ပင်မတာဝန်သည် နှစ်နိုင်ငံအစိုးရတို့အကြား ဆက်ဆံရေး တိုးမြှင့်ခိုင်မာမှုရှိလာစေရေးအတွက် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိမိနိုင်ငံ၊ လူမျိုး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ နိုင်ငံခြားရေးမူဝါဒ၊ အမျိုးသားအကျိုးစီးပွားအတွက် အစိုးရ၏ အကောင်အထည် ဖော်ဆောင်နေမှု အခြေအနေမှန်တို့ကို လက်ခံသည့်နိုင်ငံမှ ပြည်သူများမှ ပိုမိုသိရှိလာစေရန်နှင့် နှစ်နိုင်ငံပြည်သူများအကြား  အပြန်အလှန်ကူးလူးဆက်ဆံမှုများတိုးမြှင့်လာစေရန် Public Diplomacy အား အကောင်အထည်ဖော်ဆောင်နိုင်မှုသည်အဓိက အခန်းကဏ္ဍမှပါဝင်နေပါကြောင်း၊  ယနေ့ကျင်းပသည့် Myanmar Showcase 2023 သည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အီဂျစ်ပြည်သူများမှ ပိုမိုသိရှိလာစေကာ ပြည်သူများအကြား ကူးလူးဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ခြင်းမှတစ်ဆင့် နှစ်နိုင်ငံအစိုးရတိုအကြားရှိရင်းစွဲ ဆက်ဆံရေးကို ပိုမိုတိုးမြင့်ခိုင်မာလာစေမည်ဟု ယုံကြည်ပါကြောင်း"ဖြင့်  ရှင်းလင်း ပြောကြားခဲ့သည်။ 

 

အခမ်းအနားသို့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥရောပဌာနမှ ဒုတိယလက်ထောက် နိုင်ငံခြား ရေးဝန်ကြီး Ambassador Mrs. Aya Saad Mohamed Abdelkarim၊ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်ကြီးဟောင်းများ ဖြစ်ကြသော Ambassador Sherif El Leithy and Ambassador Fawzi Shamawy၊ OIC အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် (မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်ကြီးဟောင်း) Ambassador Ibrahim Ahdy Khairat၊  Al-Azhar အဖွဲ့အစည်းမှ အစ္စလာမ်မစ်သုတေသနအကယ်ဒမီ အထွေထွေအတွင်းရေးမှူးချုပ် Prof. Nazir Muhammad Nair ၏ အထူးကိုယ်စားလှယ်၊ အီဂျစ်စိုက်ပျိုးရေးဝန်ကြီးဌာန၊ ပြည်ပဆက်ဆံရေးဌာန၊ အာရှရေးရာ ညွှန်ကြားရေးမှူး Mrs. Marwa Fouda၊ နှင့် အီဂျစ်အစိုးရရုပ်သံလိုင်း Nile TV International ၏ ဥက္ကဋ္ဌ Ms. Taghreed Hussein၊  Diplomatic Magazine ၏ CEO Mr. Abdelhay Mokhtar၊ Egyptian Public Relations Association ဥက္ကဌ Dr. Hatem Mohamed၊ the African-Asian Journalists Union ဥက္ကဌ Mr. Nizar Al-Khaled၊  ပြည်တွင်းသတင်းမီဒီယာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ခရီးသွားလုပ်ငန်း အေဂျင်စီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

#Local_News #အီဂျစ်နိုင်ငံ #Myanmar_Showcase_2023 ပြပွဲ #tthl #Yangon_Times