#Local_News
Published 6 December 2023


ကိုရီးယားရောက် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ပြုလုပ်ရန်အတွက် ရက်ချိန်းယူမှုကို လူကိုယ်တိုင်လာရောက်ယူရမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး(ဆိုလ်းမြို) ထုတ်ပြန်ချက်အရ သိရသည်။

 

ယခင်က နိုင်ငံကူးလက်မှတ်သက်တမ်းတိုးအတွက် ကြိုတင်ရက်ချိန်းယူရာမှာ တယ်လီဖုန်းဖြင့် ရက်ချိန်းယူခွင့်ပြုခဲ့ပေမယ့်လာမည့် ဒီဇင်ဘာ ၂၇ ရက်ကစပြီး လူကိုယ်တိုင် လာယူရမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် မြန်မာသံရုံး ဆိုလ်းမြို့တွင် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် မွန်းလွဲ ၂နာရီမှ ၄နာရီ အတွင်း နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်မည့် သူကိုယ်တိုင်နိုင်ငံကူးလက်မှတ်စာအုပ်၊ IDကတ် မူရင်းနှင့်အတူလာရောက်ရန်နှင့် စာအုပ်ပါဓါတ်ပုံနှင့် ပြုလုပ်မည့်သူကိုတိုက်ဆိုင်စစ်ဆေးပြီးမှသာ ရက်ချိန်းတံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ယခုကဲ့သို့ နိုင်ငံကူးလက်မှတ်နှင့် ပြုလုပ်မည့် သူကိုတိုက်ဆိုင်စစ်ဆေးမည်ဖြစ်သောကြောင့် ကြိုတင်ရက်ချိန်း ယူမှု ကိုယ်တိုင်လာရောက်ရန် လိုအပ်ပြီး ရက်ချိန်းယူထားသူများကိုသာ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

တယ်လီဖုန်းဖြင့် ကြိုတင်ရက်ချိန်းယူထားသူများမှာ ဒီဇင်ဘာလကုန်အထိ ရက်ချိန်းပြည့်ပြီဖြစ်သောကြောင့် တယ်လီဖုန်းဖြင့် ရက်ချိန်းယူမှု ကို ဒီဇင်ဘာ ၆ရက်အထိသာ လက်ခံပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။

 

#Local_News #နိုင်ငံကူးလက်မှတ်သက်တမ်းတိုး #ကိုရီးယားရောက်မြန်မာ #YMG/LW #Yangon_Times