#Local_News
Published 06 December 2023

Drop Bomb များဖြင့် တိုက်ခိုက်ခံရသော စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာရှိ မင်္ဂလာဆောင်ပွဲတွင် အရပ်သား ၂ ဦး သေဆုံးကာ အသက် ၇ နှစ်အရွယ် ကလေး၂ ဦးအပါ ဒေသခံ ၁၃ ဦးဒဏ်ရာရခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်တွင် ရွှေဘိုမြို့နယ်၊ ပန်းရံ ကျေးရွာရှိ ဦးလင်းမောင်၏ နေအိမ်၌ မင်္ဂလာဆောင် ပွဲပြုလုပ်နေစဉ် မွန်းလွဲ ၃ နာရီခွဲခန့်အချိန် PDF က ၎င်းကျေးရွာ၏ တောင်ဘက် မီတာ ၃ဝဝဝ ခန့်အကွာရှိ ကျောက်မြင့် ကျေးရွာဘက်မှ နေ၍ Drone များအသုံးပြုကာ Drop Bomb ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဗုံးသီးကျ ရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့်မင်္ဂလာဆောင်သို့ ရောက်နေသည့် အရပ်သားဒေသခံ အမျိုးသမီး ၂ ဦးသေဆုံးပြီး အသက် ၇ နှစ်အရွယ် ကလေးငယ် နှစ်ဦးအပါအဝင် စုစုပေါင်း ၁၃ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုအခါ ဒဏ်ရာရရှိခဲ့သူများအား ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးအတွက် လိုအပ် သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 

#Local_News #Drop Bomb #အရပ်သား၂ဦးသေဆုံး #ဒေသခံ၁၃ဦးဒဏ်ရာရ #Yangon_Times/PP