#Local_News
Published 06 December 2023

ရန်ကုန်မှမြဝတီသို့ ကားအကြီး‌များဖြင့်သွားလာ၍  မရ‌သေးသော်လည်း ကားအသေးဖြင့်သွားလာ၍ ရသေးကြောင်းသိရသည်။

 

ယခင်လမ်းအစားတောလမ်းမှမောင်းနှင်ရခြင်းဖြစ်ပြီး ၁၅ယောက်စီး အန်စာတုံးကားများဖြင့် သွားနိုင်သည်ဟုဆိုသည်။

 

"ရန်ကုန်ကနေ မြဝတီကို ကားကြီးတွေတော့ သွားလို့မရသေးဘူး။ ကားသေး ၁၅ ယောက်စီး အန်စာတုံးကားတွေတော့ ပေးသွားနေပြီ။ ကားခအပြောင်းအလဲတော့ရှိတယ် တောလမ်းကနေပတ်သွားရတော့လေ"ဟု ရန်ကုန်-မြဝတီကား စီးလုံးငှားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက YMGကို ပြောသည်။

 

ကားလက်မှတ်ခကတော့ ယခင် ကျပ် ၃၅၀၀၀ သာ ကုန်ကျမည်ဖြစ်သော်လည်း ယခုအခါတစ်ဦးကို ကျပ်‌၆၀၀၀၀ ကျော်ကုန်ကျမည်ဖြစ်ပြီး ကားဆီဈေးကြောင့်မဟုတ်ဘဲ တောလမ်းအကွာအဝေးပိုလာသောကြောင့်ဖြစ်ကြောင်းနှင့် လုံခြုံရေးယူ‌ပေးထားမှုများရှိ‌‌ကြောင်း သိရသည်။

 

#Local_News #ရန်ကုန်မှမြဝတီ #ကားခအပြောင်းအလဲရှိ #tthl #Yangon_Times