Published 5 Feb 2023
တရုတ်နိုင်ငံ စက်မှုနှင့်သတင်းနည်းပညာဝန်ကြီးဌာန၊ပိုဆောင်ရေးဝန်ကြီးဌာနတို့ဟာ ဗဟိုအစိုးရရဲ့အခြားသော အေဂျင်စီ (၆)ခုနှင့်ပူးပေါင်းပြီး အများပိုင်ကဏ္ဍအတွက် လျှပ်စစ်ယာဉ်တွေကို ကျယ်ပြန့်စွာစမ်းသပ်စစ်ဆေးခြင်းအစီအစဉ်ကို ဖေဖော်ဝါရီ ၃ရက် သောကြာနေ့ကစတင်ခဲ့ပါတယ်။
ရှေ့ပြေးးအစီအစဉ်ဖော်ဆောင်ခြင်းကို ၂၀၂၅ခုနှစ်အထိ ဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီအစီအစဉ်မှာ ဘတ်စ်ကားတွေ၊ အငှားယာဉ်တွေ၊ မိလ္လာလုပ်ငန်းသုံးယာဉ်တွေ၊လေဆိပ်ယာဉ်တွေအပြင် အစိုးရရဲ့ လုပ်ငန်းသုံးယာဉ်တွေ၊အမြန်ချောပို့ယာဉ်တွေနှင့်ပစ္စည်းပို့ယာဉ်တွေလည်းပါဝင်ကြမှာဖြစ်ပါတယ်။
(၃)နှစ်အတွင်းမှာ လေဆိပ်သုံးနှင့် အစိုးရဌာန အထွေထွေသုံးယာဉ်တွေကလွဲပြီး ကျန်တဲ့အမျိုးအစားတွေအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို လျှပ်စစ်စွမ်းအားပြောင်းလဲအသုံးပြုမောင်းနှင်နိုင်ဖို့ ယုံကြည်မျှော်လင့်ထားတယ်လို့ အရာရှိတွေကပြောပါတယ်။
Source CCTV+
#China_Electric_Vehicles
#China_Public_Sector
#China_public-sectors_EV
#TV Yangon Times Matters အစီအစဉ်
Published - 5 Feb 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကာတွန်းဝင်းအောင် (ကာတွန်းဆရာများအသင်းဥက္ကဌ)နှင့်အတူ
-"ဒီခေတ်မှာ စားဝတ်နေရေးကအဓိကမို့ ကာတွန်းစာအုပ်တစ်အုပ်(၃)ထောင်ဝယ်ဖို့ မဝယ်နိုင်ကြတော့ဘူး ဖတ်တဲ့သူမရှိတော့ ထုတ်ဝေသူက မထုတ်နိုင်တော့ဘူး ထုတ်ဝေသူမထုတ်ပေးနိုင်တော့ ကာတွန်းဆရာတွေက မရေးဖြစ်ကြတော့ဘူးဆိုတဲ့အကြောင်း
#Yangon_Media_Group
#Local_News
Published_5 February 2023
ကမ္ဘာ့ရွှေဈေးနှင့် အမေရိကန်ငွေလဲနှုန်းမြင့်တက်လာတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ဈေးအနည်းငယ်မြင့်တက်လာတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 5 Feb 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကာတွန်းဝင်းအောင် (ကာတွန်းဆရာများအသင်းဥက္ကဌ)နှင့်အတူ
-"ဒီခေတ်မှာ စားဝတ်နေရေးကအဓိကမို့ ကာတွန်းစာအုပ်တစ်အုပ်(၃)ထောင်ဝယ်ဖို့ မဝယ်နိုင်ကြတော့ဘူး ဖတ်တဲ့သူမရှိတော့ ထုတ်ဝေသူက မထုတ်နိုင်တော့ဘူး ထုတ်ဝေသူမထုတ်ပေးနိုင်တော့ ကာတွန်းဆရာတွေက မရေးဖြစ်ကြတော့ဘူးဆိုတဲ့အကြောင်း
#Yangon_Media_Group
#Local_News
Published_5 February 2023
၂၀၂၂-၂၀၂၃ ခုနှစ်ရဲ့ ဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကနေသွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၂၅ ဘီလီယံကျော်ရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 5 Feb 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကာတွန်းဝင်းအောင်
(ကာတွန်းဆရာများအသင်းဥက္ကဌ)နှင့်အတူ
-စားဝတ်နေရေး အခက်အခဲကြောင့် တစ်ချို့က ပန်းချီကားရေး၊ တစ်ချို့က လစာစား၊ တစ်ချို့က ဈေးရောင်းရတဲ့ အခြေအနေတွေအထိ ဖြစ်သွားကြတာတွေရှိကြောင်း "စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 5 February 2023
တောင်းစားတဲ့အလုပ်ကို အခုအင်ဒိုနီးရှားမှာ ဒစ်ဂျစ်တယ်နှင့် သွားနေပါပြီ။ အခုဆို လမ်းပေါ်က သူတောင်းစားတွေဟာ လမ်းပေါ်ထွက်မတောင်းတော့ဘဲ တစ်ခ်တော့ခ်ပေါ် ဗွီဒီယိုကလစ်တွေတင်ပြီး လိုင်းပေါ်မှာလက်ဆောင်တွေ တောင်းနေ ကြပါပြီ။
အင်ဒိုနီးရှားမှာ ယခု တစ်တော့ကနေတောင်းစားတဲ့အလုပ်ဟာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနေပါတယ်။ အဲဒါကြောင့် အစိုးရဟာ အဲဒါတွေကို နှိမ်နှင်းဖို့ကြိုးစားနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ လူမှုရေးဝန်ကြီးဟာ အွန်လိုင်းပေါ်ကတောင်းစားတာရော၊လမ်းပေါ်တောင်းစာတာတွေပါ နှိမ်နှင်းဖို့ ပိုပြီးကြိုးစားဆောင်ရွက်ကြဖို့ သူ့ဝန်ထမ်းတွေကို ခိုင်းထားပါတယ်။ အဲဒီအပြင် မူစလင်အုပ်စုတွေကလည်း ပစ္စည်းနှင့်ပိုက်ဆံတွေတောင်းစားနေကြတာ တွေကို အားပေးတာမလုပ်ကြဖို့ ပြည်သူတွေကိုပန်ကြားထားပါတယ်။ ဒါဟာ လူ့ဂုဏ်သိက္ခာကျဆင်းစေပြီး အစ္စလမ်ဘာသာ နှင့်မညီညွတ်ဘူးလို့ သူတို့ကပြောပါတယ်။
ဒါပေမယ့် တစ်တော့ခ်ရဲ့ လက်ဆောင်တွေပေးကမ်းတဲ့လုပ်ဆောင်ချက် features က သူတောင်းစားတွေကို ဖြားယောင်နေတာ အတော်ကြီးမားတဲ့လှိုင်းဖြစ်နေလို့ တားဆီးတဲ့အလုပ် အနည်းငယ်ပဲ လုပ်နိုင်ပါသေးတယ်။အဲဒီ လုပ်ဆောင်ချက် features ကို အွန်လိုင်းပေါ်က လက်ဆောင်တွေကို တကယ့်ပိုက်ဆံနှင့်လဲလှယ်နိုင်တာဖြစ်ပါတယ်။
တစ်တော့ခ်ထဲမှာ နောက်လိုက်ဖော်လိုဝါ အနည်းဆုံးတစ်ထောင်ရှိရင် ဗွီဒီယိုဖန်တီးသူတွေဟာ သူတို့ရဲ့ ဖော်လိုဝါတွေထံက အွန်လိုင်း အစစ်ယောင်ယောင် လက်ဆောင်တွေ virtual gifts တွေကို ရရှိနိုင်ကြပြီး အဲဒီ အစစ်ယောင်ယောင်လက်ဆောင်တွေကို တကယ့် ပိုက်ဆံအစစ်နှင့်ပြန်လဲနိုင်ကြပါတယ်။ ဒီလိုမျိုး အခြား ဆိုရှယ်ပလက်ဖောင်းတော်တော်များများမှာလုပ်ဆောင်နိုင်ကြပေမယ့် တစ်တော့ခ်ရဲ့ လူကြိုက်များမှုက သူတောင်းစားတွေအတွက် အကောင်းဆုံးနေရာဖြစ်လာပါတော့တယ်။
လမ်းပေါ်ထွက်ပြီး ဖြတ်သွားဖြတ်လာတာတွေဆီက တောင်းစားမယ့်အစား တစ်တော့ခ်သူတောင်းစားတွေဟာ သနားစရာ အမူအယာတွေနှင့်ဗွီဒီယိုလေးရိုက်တင်ရုံပဲလိုအပ်ပါတယ်။ပြီးရင် ဝင်လာမယ့်ပိုက်ဆံတွေ စောင့်ကြည့်ရုံပဲဖြစ်ပါတယ်။
တောင်းစားသူတွေထဲမှာ ခေတ်စားနေတာက အထူးသဖြင့်အသက်အရွယ်ကြီးတဲ့ မိန်းမကြီးတွေဟာ သူတို့တစ်ကိုယ်လုံးကို ရွှံတွေသုတ်လိမ်းပြီး သနားစရာတောင်းစာတဲ့ဗွီဒီယိုတွေဖြစ်ပြီး ပိုက်ဆံတွေ အများဆုံး ရကြပါတယ်။ ဘယ်လောက်လူကြည့်များလာသလဲဆိုရင် အချို့သော ရွှံရေတွေချိုးနေတာတွေက နာရီပေါင်းများစွာတောင်ကြာတတ်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာက ဒီလို ခေတ်သစ်သူတောင်းစားတွေရဲ့ ဗွီဒီယိုတွေကိုဖြုတ်ချပေးဖို့ အစိုးရက တွစ်တာကို တောင်းဆိုထားပါတယ်။
အင်ဒိုနီးရှားအစိုးရက နှိမ်နှင်းဖို့ကြိုးစားနေသော်ငြားလည်း တစ်တော့ခ်ပေါ်က တောင်းစားနေတာတွေဟာ ဆက်ပြီး ရှိနေဦးမယ့်အခြေအနေရှိနေပါတယ်။ ဒီလိုပုံစံဟာ တောင်းစားသူတွေဆီ တိုက်ရိုက်ရောက်ရှိတဲ့နည်းလမ်းဖြစ်တယ်လို့ ပေးကမ်းသူတွေက ယုံကြည်နေကြလို့ဖြစ်ပါတယ်။
“ ဒစ်ဂျစ်တယ်ကမ္ဘာထဲမှာ ကျွန်တော်တို့ဒီလိုအကူအညီပေးနေတာကို တကယ်အကူအညီပေးတယ်လို့ မခံစားရပါဘူး။ ဥပမာ သူတို့ကို ကိုယ်ကလက်ဆောင်ပေးတာ ဒါမှမဟုတ် သင်္ကေတအမှတ်အသားလေးတွေပေးတာမျိုးပေါ့။ ဒီလက်ဆောင်တွေကို အကူအညီတောင်းသူက ပိုက်ဆံအဖြစ်ပြောင်းနိုင်တယ်” လို့ အင်ဒိုနီးရှားတက္ကသိုလ် လူမှုဗေဒပညာရှင် ဒီဗီ ရာမာဝတီကပြောပါတယ်။
စိတ်ဝင်စားစရာကောင်းတာက အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ အမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိယမြောက်တစ်တော့ခ်အသုံးဆုံးနိုင်ငံဖြစ်နေတာပါ။ ယခုအထိ အင်ဒိုနီးရှားမှာ တစ်တော့်သုံးသူ ၉၉.၁ သန်းရှိနေတာ ဖြစ်ပါတယ်။
Source: SCMP
#TikTok_Beggers
#Indonesia_TikTok_Beggers
#Indonesia
Published 5 Feb 2023
ကိုလံဘီယာနိုင်ငံမှာ အမျိုးသားတစ်ဦးဟာ သူ့ရဲ့နာမည်နှင့် မူးယစ်လုပ်ငန်းခေါင်းဆောင်တစ်ဦးရဲ့အမည်တူနေလို့ ပြီးခဲ့တဲ့ (၁၃)နှစ်အတွင်း ထောင်ထဲ (၃)ကြိမ်ရောက်ခဲ့ရပါတယ်။ ကံမကောင်းလှစွာ မူးယစ်ဂိုဏ်းခေါင်းဆောင်နှင့် မှ နာမည်သွားတူနေတဲ့သူ့အမည်ကတော့ အသက် ၄၆နှစ်အရွယ် ရီနီမာတင်နေ့ဇ်ဂူတာရက် ဖြစ်ပါတယ်။
သူဟာ ရာဇဝတ်မှုခင်းမှတ်တမ်း တစ်ခုတစ်လေတောင်မရှိဘဲ မိသားစုနှင့် အေးချမ်းစွာနေထိုင်နေသူပါ။ ခက်တာက သူ့ရဲ့ အမည်ဟာ နိုင်ငံတကာနှင့် နိုင်ငံတော်တော်များများက ဖမ်းဝရမ်းထုတ်ထားတဲ့ ပီရူးကမူးယစ်ကုန်သည်တစ်ဦးအမည်နှင့် ထပ်တူဖြစ်နေခဲ့ပါတယ်။အဲဒါကြောင့်ပဲ သူဟာ ပြီးခဲ့တဲ့ ၁၃နှစ်လုံလုံးမှာ ထောင်ထဲ (၃)ခါရောက်ခဲ့ရတာဖြစ်ပါတယ်။
နောက်ဆုံးတစ်ကြိမ်ကတော့ သူဟာ နေမကောင်းဖြစ်နေတဲ့ သူ့ဖခင်ရှိရာ သူ့မွေးရပ်မြေ ကိုလံဘီယာကိုပြန်လာစဉ် ဘိုဂိုတာလေဆိပ်ကို လေယာဉ်ဆိုက်ဆိုက်ချင်းပဲ သူထောင်ထဲရောက်သွားခဲ့ရပါတယ်။
ပထမဆုံးအကြိမ် ၂၀၁၀ပြည့်နှစ်မှာ ဂူတာရက်စ်တစ်ယောက် ဥပဒေနှင့် ပြသနာဖြစ်ရတာကလည်း သူ့အမည်ကြောင့်ပါ။ သူဟာ အဲဒီတုန်းက ဘိုဂိုတာက ဒေသဆိုင်ရာရဲစခန်းကိုသွားခဲ့ပါတယ်။ အဲဒီတုန်းက သူဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အတွက် သူ့ရဲ့ ဥပဒေပိုင်းဆိုင်ရာမှတ်တမ်း တစ်နည်းရဲစခန်းထောက်ခံချက်သွားယူတာပါ။ သူ့ရဲ့ မှတ်တမ်းကိုစစ်ဆေးတဲ့ အခါ ရီနီမာတင်နေ့ဇ်ဂူတာရက်ဟာ ပီရူးနိုင်ငံက နိုင်ငံတကာဖမ်းဝရမ်းထုတ်ထားသူဖြစ်နေတယ်လို့ ရဲကရှာတွေ့သွား ါပတယ်။ အဲဒါနှင့် ချက်ခြင်းပဲ သူ့ကိုမှားဖမ်းလိုက်တာ အချုပ်ထဲ (၈)ရက်နေလိုက်ရပါတယ်။
သူက အဆုံးမတော့ လွတ်မြောက်လာပေမယ့် သူဟာ အားလုံးကိုမေ့လို့မရနိုင်ခဲ့ပါဘူး။ အဲဒါနှင့်သူဟာ ပီရူးသံရုံးကို သွားခဲ့ပါတယ်။ တရားရုံးချုပ်ကိုသွားခဲ့ပါတယ်။ အင်တာပို နိုင်ငံတကာရဲတပ်ဖွဲ့ထံသွားခဲ့ပါတယ်။ ဒါပေမယ့် အားလုံးက သူ့ကို ဘာတစ်ခုမှ သေသေချာချာရှင်းမပြခဲ့ကြပါဘူး။ သူ့ကို နာမည်ချင်းတူလို့ မတော်တဆဖမ်းဆီးမိတာပါလို့ပဲ ပြောကြပါတယ်။
ပထမအကြိမ်အဖမ်းခံရပြီး တစ်နှစ်အကြာ တစ်ရက်မှာ သူဟာ သူ့ရုံးမှာ ဓားပြတိုက်ခံရလို့ သက်သေလိုက်ဖို့ ဘိုဂိုတာ ရဲစခန်းတစ်ခုကိုသွားခဲ့ပါတယ်။ သူက သူမြင်တာတွေကို သက်သေခံပေးဖို့သက်သက်လာတာပါ။ ဒါပေမယ့်ရဲက သူ့နာမည်ကို သူတို့ရဲ့ မှတ်တမ်းတွေနှင့်တိုက်စစ်ကြည့်တဲ့အခါ သူဟာ အလိုရှိနေတဲ့ ဝရမ်းပြေး ပီရူးမူးယစ်ကုန်သည်ဆိုပြီး ရဲက ထပ်ဖမ်းလိုက်ပြန်ပါတယ်။ သူဟာ ဒီတစ်ခါတော့ ကိုလံဘီယာထောင်ထဲမှာ နှစ်လနေခဲ့ရပါတယ်။နောက်ဆုံးမှာ ပီရူးအာဏာပိုင်တွေထံမှ အလိုရှိနေသူဟာ ဒီလူမဟုတ်ဘူးဆိုတဲ့ အတည်ပြုချက်ရမှ ထောင်ကလွှတ်ပေးခဲ့တာပါ။
အဲဒါကြောင့် ဒီလိုမျိုးတွေထပ်မဖြစ်အောင် အကောင်းဆုံးနည်းလမ်းက အမေရိကန်ကိုပြောင်းရွှေ့နေထိုင်ဖို့ပဲလို့ သူကဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီနောက်သူနှင့် သူ့မိသားစုဟာ ၂၀၁၂ခုနှစ်မှာ အမေရိကန်ကိုရောက်သွားပါတယ်။ သူကအစစအဆင်ပြေသွားပြီထင်ပေမယ့် ၂၀၂၃ခုနှစ် စောစောပိုင်းမှာ သူဟာ အဖေနေမကောင်းလို့ သူ့ကိုကြည့်ဖို့ ကိုလံဘီယာကိုပြန်လာပါတယ်။ သူ့မှာ အန္တရာယ်အပြည့်ရှိနေတယ်ဆိုတာသိသိကြီးနှင့် ပြန်လာတာပါ။
ကံအကြောင်းမလှစွာပဲ သူ့ရဲ့လေယာဉ်ဘိုဂိုတာကို ဆိုက်တာနှင့် အင်တာပိုတွေက လေယာဉ်ပေါ်တက်လာပါတယ်။ သူ့ဆီက သက်သေခံကတ်ပြား တောင်းပါတယ်။သူ့အမည်သေချာသွားတာနှင့် သူ့ကိုအင်တာပိုတွေက ခြံရံခေါ်ဆောင် သွားပါတော့တယ်။ သူ့ကို လော့စ်မာတိုင်ယာရဲစခန်းကိပို့လိုက်ပြီး အဲဒီမှာချုပ်ထားလိုက်ပါတော့တယ်။
သူအချုပ်ခံနေရတုန်းမှာပဲ သူ့ဖခင်ကွယ်လွန်သွားပါတယ်။သူ့အဖေနောက်ဆုံးခရီးကိုတောင် သူနှုတ်မဆက်လိုက်ရပါဘူး။ သူနှင့်သူ့မိသားစုဟာ ပီရူးအာဏာပိုင်တွေထံမှ အတည်ပြချက်ကို ထုံးစံအတိုင်း စောင့်ဆိုင်ရပါတယ်။ ပီရူးက သူတို့ရှာနေတာ ဒီလူမဟုတ်ဘူးဆိုတာမှ ပြန်လွတ်လာပြန်ပါတယ်။
သူ့ရဲ့တုန်လှုပ်စရာအဖြစ်အပျက်ဟာ ကိုလံဘီယာသတင်းမီဒီယာတွေမှာ ခေါင်းစီးသတင်းကြီးတွေဖြစ်လာခဲ့ရပါတော့တယ်။
Source Thehooksite.com
#René_Martínez_Gutiérrez
#Same_Name_as_Notorious_Criminal
#Colombia_oddly_story
Published 5 Feb 2023
ပါကစ္စတန်သမ္မတဟောင်းနှင့် စစ်တပ်အကြီးအကဲဟောင်း အငြိမ်းစား ဗိုလ်ချူပ်ကြီး ပါဗေးမူရှာရက်ဟာ ဒူဘိုင်းက ဆေးရုံ တစ်ရုံမှာ တနင်္ဂနွေနေ့ ဖေဖော်ဝါရီ (၅)ရက် မနက်က ကွယ်လွန်သွားတယ်လို့ မီဒီယာများရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။ အသက် ၇၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗိုလ်ချူပ်ကြီး ပါဗေးမူရှာရက်ဟာ ၂၀၁၉ခုနှစ်ကတည်းကမကျန်းမာခဲ့တာ ဖြစ်ပြီး နှလုံးရောဂါနှင့်သွေးတိုးရောဂါတွေကြောင့် မကြာသေးမီက ကျန်းမာရေးအခြေအနေပိုဆိုးရွားလာခဲ့ပါတယ်။
မူရှာရက်ဟာ amyloidosis အမ်မလိုဒိုဆစ် လို့ခေါ်တဲ့ ပုံမှမဟုတ်တဲ့ အမ်မလွိုက်ပရိုတိန်းကြောင့်ဖြစ်ပေါ်ရတဲ့ ဖြစ်တောင့်ဖြစ်ခဲ ရောဂါတစ်မျိုးခံစားနေခဲ့ရပါတယ်။
၁၉၉၉ခုနှစ်မှာ ပါကစ္စတန်နိုင်ငံရဲ့ သွေးထွက်သံယိုမဲ့ အာဏာသိမ်းမှုကိုဦးဆောင်ခဲ့တဲ့ ဗိုလ်ချူပ်ကြီး မူရှာရက်ဟာ အဲဒီတုန်းက ဝန်ကြီးချုပ် နာဝါရှာရစ်နှင့်သူ့အဖွဲ့တွေကို ဖမ်းဆီးခဲ့ပါတယ်။ သူဟာ ဒူဘိုင်းက အမေရိကန်ဆေးရုံမှာ ကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
မူရှာရက်ဟာ ၂၀၁၆ခုနှစ် မတ်ချ်လကတည်းက ဒူဘိုင်းမှာနေထိုင်ခဲ့ပါတယ်။ သူဟာ ၂၀၀၇အခြေခံဥပဒေကို ဆိုင်းငံ့ ထားခဲ့တဲ့အတွက် ၂၀၁၃ခုနှစ်တုန်းက အစိုးရလုပ်ခဲ့တဲ့ ပါကစ္စတန်မူစလင်အဖွဲ့ချုပ်-နာဝက်စ်က သူ့ကို နိုင်ငံတော်သစ္စာဖောက်မှုနှင့်တရားစွဲဆိုတာကို ရင်ဆိုင်ခဲ့ရပါတယ်။
သူဟာ ဒူဘိုင်းကိုဆေးကုသခံဖို့သွားရင်းနှင့် အဲဒီကတည်းကလုံခြုံရေးနှင့် ကျန်းမာရေးအခြေအနေကြောင့် ပါကစ္စတန်ကို ပြန်မလာခဲ့ပါဘူး။
သူဟာ ပါကစ္စတန်ရဲ့ သက်တမ်းအရှည်ဆုံးသမ္မတဖြစ်ခဲ့ပါတယ်။သူဟာ ၂၀၀၂ခုနှစ် ပြည်လုံးကျွန်ဆန္ဒခံယူပွဲပြီးနောက် သမ္မတအဖြစ်အရွေးကောက်ခံရပြီး ၂၀၀၈ခုနှစ်အထိ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
Source WION
#Pakistan_Politics
#Pervez_Musharraf
#Pervez_Musharraf_died
#LocalNews
Published _5 February 2023
ရခိုင်ပြည်နယ်သံတွဲမြို့ရှိ ငပလီကမ်းခြေဒေသအတွင်း အပန်းဖြေအိမ်ရာစီမံကိန်းနှင့် ခရီးသွားဝန်ဆောင်မှုကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်း နှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ခြင်းဆိုင်ရာ လုပ်ငန်းတို့အတွက် ရုရှား - မြန်မာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လက်မှတ်ရေးထိုးခြင်းကို ဖေဖော်ဝါရီလ ၄ ရက် ရန်ကုန်မြို့ရှိ Pan Pacific Hotel Yangon ၌ ပြုလုပ်ခဲ့ကြကြောင်းနှင့် ယင်းအခမ်းအနားသို့ ရုရှား-မြန်မာချစ်ကြည်ရေး အသင်း(RUSSIA-MYANMAR ASSOCIATION FOR FRIENDSHIP & COOPERATION, RMAFC) ဥက္ကဋ္ဌမစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ ဦးဆောင်သောရုရှားနိုင်ငံမှ စီးပွားရေးပညာရှင်များပါဝင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များ၊ Treasure of Ngapali Development Co.,Ltd မှ အမှုဆောင် အရာရှိချုပ်နှင့် အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင်များ၊ Shwin Pyaw Pyaw Trading Co.,Ltd တို့မှ အုပ်ချုပ်မှုဒါရိုက်တာနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နှစ်ဖက်သဘောတူ စာချုပ်(MoU) များ လက်မှတ်ရေးထိုးကြရာတွင် ရခိုင်ပြည်နယ်သံတွဲမြို့ ငပလီကမ်းခြေဒေသအတွင်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ခရီးသွားကဏ္ဍများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးကို အထောက်အကူပြုမည့်ကိစ္စ၊ ရုရှား-မြန်မာ ငပလီကမ်းခြေအိမ်ရာ စီမံကိန်းစတင်အကောင်အထည်ဖော်ရေး၊ ကော်ဖီ စိုက်ပျိုးထုတ်လုပ်တင်ပို့ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 5 Feb 2023
အာဆီယံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် ဖေဖော်ဝါရီ ၂ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိအာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ရေးဇုန် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးသို့ မြန်မာအဆင့်မြင့် အရာရှိကြီးအဖြစ် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အစည်းအဝေးများအား အင်ဒိုနီးရှားအဆင့်မြင့်အရာရှိကြီး H.E. Sidharto Reza Suryodipuro က အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ၊ ဂျကာတာအခြေစိုက် အာဆီယံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေး မှူးချုပ်ရုံးမှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေး၌ အင်ဒိုနီးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းစဉ်များ၊ အကြိမ် (၄၀) မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး များမှ ချမှတ်ထားရှိသောလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။
ထို့ပြင် အရှေ့တောင် အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်သို့ အာဆီယံပြင်ပနိုင်ငံများမှ ပါဝင်လက်မှတ်ရေးထိုးခြင်း၊ အာဆီယံ ပြင်ပမိတ်ဖက်ဆက်ဆံရေး၊ ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာကွန်ဗင်းရှင်း၏ နှစ် (၄၀) ပြည့် အထိမ်းအမှတ် အာဆီယံ ဒေသတွင်းကွန်ဖရင့် ကျင်းပခြင်း၊ (၁၂) ကြိမ်မြောက် အာဆီယံ ပင်လယ်ရေကြောင်းဖိုရမ်နှင့် (၁၀) ကြိမ်မြောက် အာဆီယံပင်လယ်ရေကြောင်း တိုးချဲ့ ဖိုရမ်ဆိုင်ရာကိစ္စရပ်များနှင့် ၂၀၂၃ ခုနှစ်အတွင်းကျင်းပမည့် အာဆီယံအစည်းအဝေးများ ကိစ္စတို့နှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြတယ်။
အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ရေးဇုန် အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင်မူအရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကိစ္စ၊ အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန် သဘောတူ စာချုပ်၏ဆုံးဖြတ်ချက်များ၊ အာဆီယံနှင့် လက်တင် အမေရိကနှင့် ကာရေဘီယံဒေသ နျူကလီးယားလက်နက်တားမြစ်ရေး အေဂျင်စီတို့ အကြား နားလည်မှုစာချွန်လွှာရေးထိုး၍ ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုချက်တို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#World_Health
Published 5 February 2023
နှစ်စဉ်နှစ်တိုင်း ကမ္ဘာတဝှမ်းမှာ ကင်ဆာဖြစ်ပွားသူ သိန်းချီရှိနေရတဲ့အကြောင်းအရင်းတွေကို ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေအဖွဲ့က ဖော်ပြခဲ့ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ခြင်း၊ လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ ဆေးလိပ်ဖြတ်ခြင်းတို့ဖြင့် ကင်ဆာဖြစ်ပွားနိုင်ချေကို ၄၀ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
PLOS ဂျာနယ်မှာ အင်္ဂလန်ရှိ ဆေးလိပ်ကြောင့်သေဆုံးသူစာရင်းဟာ ၂၇,၂၀၀ ကနေ ၁၆,၅၀၀ သို့ကျဆင်းလာကြောင်း ဖော်ပြပြီးနောက် အခုလိုကြေညာလာတာ ဖြစ်ပါတယ်။
ဆေးလိပ်သောက်ခြင်းဖြင့် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာတို့ ဖြစ်နိုင်ပြီး လူအများဆေးလိပ်ဖြတ်လာကြမယ်ဆိုရင် အဆုတ်ကင်ဆာလည်း ဖြစ်ပွားနှုန်းကျဆင်းလာမှာဖြစ်ပါတယ်။
ဆေးလိပ်က သွေးကြောကျဉ်းစေပြီး သွေးခဲစေနိုင်တာကြောင့် နှလုံးရောဂါ၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ ဒီမန်ရှာတို့ ဖြစ်နိုင်ချေများပါတယ်။
ဦးခေါင်းနဲ့လည်ပင်းမှာ လည်ချောင်းကင်ဆာက အဖြစ်အများဆုံးဖြစ်ပြီး အစ္စရေးလ်မှာ နှစ်စဉ်လူ ၂၀၀ ခန့်ဖြစ်ပွားနေကြပါတယ်။
ကင်ဆာအစောပိုင်းအဆင့်တွေမှာ စောစီးစွာသိရှိထားပါက ပြန်လည်သက်သာလာနိုင်ချေ ၉၅ ရာခိုင်နှုန်းအထိရှိပါတယ်။
လည်ချောင်းကင်ဆာဖြစ်ပွားသူအများစုက ဆေးလိပ်သောက်သူများဖြစ်ကာ စီးကရက်မှာပါတဲ့ ပစ္စည်းက သာမန်ဆဲလ်ကို မျိုးဗီဇပြောင်းလဲပြီး ကင်ဆာဆဲလ်ဖြစ်စေပါတယ်။
လူနာအများစုမှာ လည်ချောင်းကင်ဆာမဖြစ်ခင်အဆင့်မှာ လက္ခဏာရှာမတွေ့ဘဲ အကျိတ်က ကင်ဆာဖြစ်လာမှသာ သိရှိလေ့ရှိပါတယ်။
ဦးဆုံးလက္ခဏာတွေကတော့ အသံအနေအထားပြောင်းလာမယ်၊ တစ်ခါတရံအသက်ရှူရ ခက်ခဲလာပါမယ်။
ဒါ့အပြင် ၄ ပတ်ကနေ ၆ ပတ်ကြာတဲ့အထိ လည်ချောင်းနာပြီး မြိုချရခက်ခဲတာမျိုးရှိတတ်တာကြောင့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Page 1077 of 1701