#Local_News
Published_ 29 May 2023
ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ၅၅ရပ်ကွက်က Gas ဆိုင်တစ်ဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့မှသိရသည်။
ယနေ့ မေလ ၂၉ရက်နေ့ နံနက် ၁၀နာရီ ၂၆မိနစ်အချိန်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် ၅၅ရပ်ကွက်၊ မင်းရဲကောင်းပုံလမ်းရှိ Gas ဆိုင်တစ်ဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
"ဂတ်စ်ထည့်တဲ့ဆိုင်မီးလောင်တာပါ။ ဂတ်ဆိုင်ဆိုတော့ ပေါက်တဲ့အသံတွေတော့ ကြားရတယ်။ စစချင်းဆိုတော့ မီးခိုးတွေလည်းအရမ်းများတယ်။ ညှော်နံ့တွေလည်းရတယ်။ အခုတော့ မီးငြိမ်းသွားပါပြီ"လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်အား Level 1 ယာဉ်အုပ်စုဖြင့် ထွက်ခွာငြိမ်းသတ်ခဲ့ရာ နံနက် ၁၀နာရီ ၄၆မိနစ်အချိန်မှာ မီးငြိမ်းသွားပြီဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားကြောင်းသိရသည်။
ymg/ppk
#YMG #Yangon_Media_Group


#World_Science
Published_ 29 May 2023
ကမ္ဘာမြေပြင်ပမှ သက်ရှိများကိုရှာဖွေနေတဲ့အချိန်မှာပဲ အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ကျရောက်လာတဲ့ ပထမဆုံးဂြိုဟ်သားအချက်ပြချက်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။
နောက်ထပ်သက်ရှိကမ္ဘာမှ တကယ့်အချက်ပြချက်တစ်ခုကို လက်ခံရရှိချိန်မှာ ဥရောပအာကာသအေဂျင်စီရဲ့ ExoMars Trace Gas Orbiter (TGO) က ဗုဒ္ဓဟူးနေ့မှာ အင်္ဂါဂြိုဟ်ပတ်လမ်းကြောင်းမှ ကမ္ဘာမြေသို့ ကွယ်ဝှက်ထားတဲ့မက်ဆေ့ချ်ကို ထုတ်လွှင့်ခဲ့ပါတယ်။
သမိုင်းတလျှောက် လူသားမျိုးနွယ်ဟာ စွမ်းအားကြီးမားပြီး ပြောင်းလဲတဲ့ဖြစ်စဉ်အဓိပ္ပာယ်တွေကို ရှာဖွေနေခဲ့ပါတယ်။
ပြင်ပသက်ရှိထံမှ မက်ဆေ့ချ်ရရှိတာဟာ လူသားအားလုံးအတွက် ထူးခြားတဲ့ကူးပြောင်းမှုဖြစ်စဉ်သစ် ဖြစ်နေပါလိမ့်မယ်လို့ ပညာရှင်'ဒန်နီယယ်လာဒီပေါ်လစ်'က ပြောကြားခဲ့ပါတယ်။
ပြင်ပသက်ရှိထံမှလာတဲ့ မက်ဆေ့ချ်ကို ဖြည်ပြီး ဘာသာပြန်နိုင်ဖို့အတွက်ကို နိုင်ငံတကာပညာရှင်များ၊ အာကာသသိပ္ပံပညာရှင်များ၊ အနုပညာရှင်များဖြင့်ဖွဲ့စည်းကာ ပရောဂျက်ဖန်တီးခဲ့ပါတယ်။
ထိုအချက်ပြချက်ကို ပရောဂျက်အစိတ်အပိုင်းအနေနဲ့ ဥရောပစုံစမ်းစစ်ဆေးရေးမှဖြတ်သန်းကာ Green Bank Telescope ၊ Medicina Radio Astronomical Station ၊ Allen Telescope Array ၊ Very Large Array တို့မှ လက်ခံရရှိခဲ့တာဖြစ်ပါတယ်။
မက်ဆေ့ချ်ထဲကအကြောင်းအရာကို ဖြည်ပြီးဘာသာပြန်ဖို့အတွက် တစ်ဦးချင်းစီနဲ့အဖွဲ့လိုက်ကို တောင်းဆိုထားကြောင်း ပရောဂျက်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
မက်ဆေ့ချ်ကို ဒီပေါ်လစ်နဲ့ အဖွဲ့က ဘာသာပြန်ရန်ကြိုးပမ်းနေပေမယ့် မသိရှိရသေးပါဘူး။
ဒီစမ်းသပ်ချက်ကနေ SETI အဖွဲ့အနေဖြင့် ပြင်ပသက်ရှိအရာမှ အချက်ပြချက်ကို ဘယ်လိုလက်ခံရရှိသလဲ၊ ဆန်းစစ်အကဲဖြတ်လဲ၊ သိရှိနားလည်သလဲဆိုတာကို အတူတကွလုပ်ဆောင်ကြပုံကို မြင်တွေ့နိုင်ကြောင်း ပရောဂျက်သိပ္ပံပညာရှင် ဒေါက်တာ'ဝေလ်ဖာရာ'က ပြောပြခဲ့ပါတယ်။
ဂြိုဟ်သားတွေနဲ့ ဆက်သွယ်ရာမှာ နက္ခတ္တပညာအပြင် အသိပညာကျယ်ကျယ်ပြန့်ပြန့်ရှိဖို့ လိုအပ်ကြောင်း၊ ဒီစိန်ခေါ်မှုကို ကျော်ဖြတ်ဖို့ ကနဦးခြေလှမ်းလှမ်းနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ရှင်းပြသွားပါတယ်။
Source: India Today
#World_Science #အင်္ဂါဂြိုဟ် #ဂြိုဟ်သားအချက်ပြချက်လက်ခံရရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 29 May 2023
ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပနအခမ်းအနားကျင်းပပြုလုပ်မည့်အစီအစဉ်များကိုအန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်း အနားကျင်းပရေးဦးစီးကော်မ တီမှထုတ်ပြန်လိုက်သည်၊၊
ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကို နိုင်ငံတော် အဆင့်နှင့်လျော်ညီစွာ ၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်၊ အင်္ဂါနေ့ ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ အောက်ဖော်ပြပါ လမ်းမများအတိုင်း ပင့်ဆောင်သွားမည်ဖြစ်ပါ၍ ရဟန်းရှင်လူ ပြည်သူများအနေဖြင့် ဗန်းမော်ကျောင်းတိုက်နှင့် ချမ်းမြသာစည်လေဆိပ်ဟောင်းတို့တွင်လည်းကောင်း၊ ပင့်ဆောင်ရာ လမ်းကြောင်းတလျှောက်လမ်း၏ဘေးဘယ်ညာတွင်လည်းကောင်း၊ လာရောက်ဖူးမြော်ကြည်ညိုနိုင်သည်ဟုဆိုသည်၊၊
(က) ၃၉ လမ်း မှ ၇၃ လမ်းအတိုင်း
(ခ ) ၇၃ လမ်း မှ ၃၈ လမ်းအတိုင်း
( ဂ ) ၃၈ လမ်း မှ ၇၈ လမ်းအတိုင်း
(ဃ) ၇၈ လမ်းမှ ချမ်းမြသာစည်လေဆိပ်ဟောင်း
လမ်းမများအတိုင်း ပင့်ဆောင်သွားမည်ဖြစ်၍ ယင်းနေရာများ၌ လာရောက်ဖူးမြော်ကြည်ညိုနိုင်မည်ဖြစ်သည်ဟုဖော်ပြထားသည်၊၊
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး သက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ၂ဝ၂၃ ခုနှစ်၊ မေလ ၂၅ ရက်၊ (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်၌ ပူဇော်ထားရှိပါသဖြင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ လာရောက်ဖူးမြော်ကြည်ညိုနိုင်ကြောင်းသိရသည်၊၊
ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အတွက် ရဟန်းရှင်လူပြည်သူများမှ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများအား ကိုယ်တိုင်ကိုယ်ကျလှူဒါန်းလိုပါက ဗန်းမော်ကျောင်းတိုက်ရှိ အလှူခံမဏ္ဍပ်တွင် လာရောက်လှူဒါန်းနိုင်ပါကြောင်းနှင့် အောက်ပါပုဂ္ဂိုလ်များထံသို့လည်း ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်ပန်ကြားထားသည်
(က) ဒေါ်မော်လီစန်း - ဖုန်းနံပါတ်-၀၉-၄၄၁၀၁၉၂၈၃
( ခ ) ဦးစိုးမိုးသိမ်း - ဖုန်းနံပါတ်- ၀၉-၉၇၀၈၂၃၆၈၈
အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ၌ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်၊၊
ymg/tthl
#Local_News #ကျေးဇူးတော်ရှင်ဗန်းမော်ဆရာတော်ဘုရားကြီး #အန္တိမအဂ္ဂိဈာပနအခမ်းအနားကျင်းပ
#YMG #Yangon_Media_Group

#Local_News
Published_ 29 May 2023
ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ် (Pampanga)၊ မာဘလာကတ်မြို့ (Mabalacat City)အနီးရှိ အွန်လိုင်းဂိမ်းကုမ္ပဏီတွင် အဓမ္မ အလုပ်စေခိုင်းခံနေရသော မြန်မာနိုင်ငံသား ၄၂ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးက သိရသည်။
ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ် (Pampanga)၊ မာဘလာကတ်မြို့ (Mabalacat City)အနီးရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီကြီးတစ်ခုတွင် အတင်းအကြပ်စေခိုင်းခံနေရသည့် နိုင်ငံခြားသားများရှိကြောင်း သတင်းရရှိသဖြင့် လူကုန် ကူးမှုတိုက်ဖျက်ရေး စစ်ဆင်ရေးအဖြစ် ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့မှ ဦးဆောင်၍ မေလ ၄ ရက် ညပိုင်းက ဝင်ရောက်စီးနင်းခဲ့ရာတွင် နိုင်ငံခြားသားစုစုပေါင်း (၁၁၃၇)ဦး အား ကယ်ထုတ်နိုင်ခဲ့ရာ ယင်းတွင် မြန်မာနိုင်ငံသား(၄၂)ဦး ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့မှ ကယ်တင်ပေးခဲ့သည့် အဆိုပါ မြန်မာနိုင်ငံသား(၄၂)ဦးအား မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် မြန်မာသံရုံးအနေဖြင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့၊ ဖိလစ်ပိုင်လူဝင်မှု ကြီးကြပ်ရေးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ကာ မေလ ၂၇ ရက်က ပထမ အသုတ်အဖြစ် အမျိုးသမီး ၁၅ ဦးနှင့် အမျိုးသား ၅ ဦး တို့အား အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း အဆိုပါ သံရုံးက သိရသည်။
၎င်း မြန်မာနိုင်ငံသားများအား မြန်မာသံရုံးနှင့် စစ်သံရုံးတာဝန်ရှိသူများမှ မနီလာမြို့ရှိ နီနွိုင်းအကွီနို အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ လိုက်ပါကူညီပို့ဆောင်ပေးခဲ့ကြကြောင်း၊သံရုံးအနေဖြင့် ကျန်ရှိသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။
ymg/pl
#Local_News #ဖိလစ်ပိုင်အွန်လိုင်းဂိမ်းကုမ္ပဏီ #အဓမ္မအလုပ်စေခိုင်းခံနေရ #မြန်မာနိုင်ငံသားအယောက်၄၀ကျော်
#YMG #Yangon_Media_Group
#World_Health
Published_ 30 May 2023
နှစ်ပေါင်းများစွာသုတေသနပြုချက်များအရ အစိမ်းရောင်ဟင်းသီးဟင်းရွက် များများစားသုံးခြင်းဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူဖြစ်စေရုံမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိထားပါတယ်။
အများကြီးစားစရာမလိုဘဲ နေ့စဉ်အသီးအနှံ ဟင်းသီးဟင်းရွက် အနည်းငယ်ပိုစားသုံးပေးရုံဖြင့် စိတ်ပိုင်းဆိုင်ရာတိုးတက်စေမှာဖြစ်ပါတယ်။
၂၀၂၃ ဗြိတိန်လေ့လာချက်တစ်ခုမှာ အသီးအနှံများများစားပေးခြင်းဖြင့် စိတ်တည်ငြိမ်မှု၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု၊ ခွန်အားရရှိစေခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
၂၀၂၂ ဩစတြေးလျလေ့လာချက်မှာ အမျိုးသမီး ၄ ထောင်ကျော်ကို စမ်းသပ်ခဲ့ရာ နေ့စဉ် ဟင်းသီးဟင်းရွက် ၅ ကြိမ်စားသုံးခြင်းဖြင့် တစ်ကြိမ်ထက်ပိုပြီး မစားတဲ့သူထက်စာရင် ၁၅ နှစ်တာကာလအတွင်း စိတ်ဓာတ်ကျအန္တရာယ်ဖြစ်နိုင်ချေ ၁၉ ရာခိုင်နှုန်းလျော့နည်းသွားပါတယ်။
အသီးအနှံကို ၄ ကြိမ်စားသုံးသူတွေကတော့ စိတ်ဓာတ်ကျခြင်းဖြစ်နိုင်ချေ ၂၅ ရာခိုင်နှုန်းလျော့နည်းနေပါတယ်။
ဟင်းသီးဟင်းရွက် ၁၀၀ ဂရမ်စားသုံးတိုင်းမှာ စိတ်ကျရောဂါလက္ခဏာဖြစ်နိုင်ချေ ၃ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။
ဟင်းသီးဟင်းရွက် ပိုမိုစားသုံးလို့ရရှိတဲ့အကျိုးကျေးဇူးဟာ ကာလကြာရှည်စွာအလုပ်မရှိဘဲဖြစ်နေရာမှ အလုပ်အသစ်ရသွားတဲ့စိတ်ခံစားမှုမျိုးနဲ့ နှိုင်းယှဉ်ဖော်ပြကြပါတယ်။
နေ့စဉ်အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ကို တစ်ကြိမ်ခန့်ပိုပြီးစားသုံးပေးရုံဖြင့် ၈ ရက်အတွင်း ၁၀ မိနစ်ကြာလမ်းလျှောက်ခြင်းကြောင့် ရရှိတဲ့စိတ်ကျန်းမာရေးတိုးတက်မှုနဲ့ တူညီနေကြောင်း ဗြိတိန်မှသုတေသီများ တွေ့ရှိခဲ့ပါတယ်။
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ ပိုမိုစားသုံးခြင်းဖြင့် စိတ်ကျန်းမာရေး၊ စိုးရိမ်ပူပန်မှုတွေကို ထိန်းချုပ်ရာမှာ အထောက်အကူဖြစ်စေကြောင်း အထောက်အထား အများအပြားတွေ့ရှိလာပါတယ်လို့ အမေရိကန် မာဆာချူဆက်အထွေထွေဆေးရုံမှ 'အူမာနိုင်ဒူ'က ပြောပြသွားပါတယ်။
Source: The Jerusalem Post
#World_Health #ဟင်းသီးဟင်းရွက်နှင့်အသီးအနှံ #စိတ်ကျန်းမာရေး #
#YMG #Yangon_Media_Group
#World_Health
Published 29 May 2023
အခုလိုဒီဂျစ်တယ်ခေတ်ကြီးမှာ အသက်အရွယ်မရွေး ခါးကိုက်ကျောကိုက်တာတွေ ပိုပြီးအဖြစ်များလာကြပါတယ်။
ခါးကိုက်ရတဲ့အကြောင်းအရင်းများစွာရှိပေမယ့် အဓိကကတော့ နာရီပေါင်းများစွာကြာအောင် ထိုင်နေရတာနဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင် ဒဏ်ရာအနာတရ၊ ကိုယ်နေဟန်မမှန်ခြင်း၊ အသက်အရွယ်ကြောင့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲခြင်းတို့ ပါဝင်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှ ခါးအောက်ပိုင်းကိုက်ခြင်းအဖြစ်များလာကြောင်း တွေ့ရှိထားပါတယ်။
ခါးကိုက်ခါးနာခြင်းသက်သာစေမယ့် လေ့ကျင့်ခန်းတွေကတော့..
- ဒူးခေါင်းမှ ရင်ဘတ်သို့တွန်းတင်ခြင်း
ဒူးတွေကွေးပြီး လှဲနေပါ။
ဒူးတစ်ဖက်ကို ရင်ဘတ်သို့ပင့်ပြီး လက်နှစ်ဖက်ဖြင့် စက္ကန့် ၃၀ ထိန်းထားပါ။
နောက်တစ်ဖက်ကိုလည်း ထိုနည်းတူပြုလုပ်ပေးပါ။
- ကြောင်-နွားပုံသဏ္ဍာန်ဆန့်ခြင်း
ကျောကိုဆန့်ဆန့်ထားပြီး လက်တွေ ဒူးတွေထောက်ထားပါ။
အသက်ရှူသွင်းကာ ခါးကိုကိုင်းပြီး မျက်နှာကျက်သို့မော့ကြည့်ပါ။
အသက်ရှူထုတ်ကာ ခါးကိုကုန်း မေးစေ့ကို ရင်ဘတ်ဘက်သို့ စေ့ခြင်းဖြင့် ၁၀ ကြိမ်ပြုလုပ်ပေးပါ။
- တံတားပုံသဏ္ဍာန်ပြုလုပ်ခြင်း
ဒူးတွေကွေး ကြမ်းပြင်မှာခြေပြားထောက်ပြီး လှဲနေပါ။
ဒူးနဲ့ ပခုံးတို့ တတန်းတည်းဖြစ်တဲ့အထိ တင်ပါးကိုကြမ်းပြင်ကနေ မြှင့်တင်ပါ။
ထိုပုံစံအတိုင်း ၅ စက္ကန့်ထိန်းထားပြီး ခါးကိုပြန်နှိမ့်ကာ ၁၀ ကြိမ်ပြုလုပ်ပေးပါ။
- ငှက်-ခွေးလေ့ကျင့်ခန်း
ကျောကိုဆန့်ထားကာ ညာဘက်လက်ကို ရှေ့သို့ဆန့်ထုတ်၊ ဘယ်ခြေထောက်ကိုကွေးပြီး ၅ စက္ကန့်ကြာထိန်းထားပါ။
မူလအနေအထားပြန်သွားကာ ဆန့်ကျင်ဘက်လက်၊ ခြေထောက်တို့ဖြင့် ထပ်မံပြုလုပ်ပါ။
- ဒိုက်ထိုးခြင်း
ကြမ်းပြင်မှာ လက်ထောက်ထားပြီး ခေါင်းမှ ဖနောင့်အထိ စက္ကန့် ၃၀ ကြာအောင် တစ်တန်းတည်းထိန်းထားပါ။
ခါးကိုက်ခါးနာတယ်ဆိုရင် လေ့ကျင့်ခန်းအသစ်မပြုလုပ်ခင် ဆရာဝန်နဲ့ဆွေးနွေးဖို့အရေးကြီးပါတယ်။
ခါးကိုက်ခါးနာခြင်း သက်သာစေရန် အခြားပြုလုပ်နိုင်တာတွေကတော့ ကိုယ်နေဟန်မှန်အောင် ထိန်းခြင်း၊ အဝလွန်နေရင် လျှော့ချခြင်း၊ ပစ္စည်းအလေးအပင် မ'မခြင်း၊ ပုံမှန်အကြောလျှော့ခြင်း၊ နေ့စဉ် ၇-၈ နာရီအိပ်စက်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊ အချိန်ကြာကြာထိုင်ပြီးနောက် မကြာမကြာအနားယူခြင်းတို့ ပြုလုပ်နိုင်ပါတယ်။




Source: India Today #World_Health #ခါးကိုက်ခြင်းသက်သာစေမည့်လေ့ကျင့်ခန်းနည်း
#YMG #Yangon_Media_Group
Published 29 May 2023
၂၃ကြိမ်မြောက် နိုင်ငံတကာအိန္ဒိယရုပ်ရှင်ပွဲတော်ကို ယူအေအီးနိုင်ငံ အဘူဒါဘီမှာ စနေနေ့ကကျင်းပခဲ့ပါတယ်။
အဲဒီပွဲတော်မှာ စွန့်စားခန်းဇာတ်ကားဖြစ်တဲ့ "Brahmastra: Part One -- Shiva" ဟာ ဆုများစွာရရှိခဲ့ပါတယ်။
နာမည်ကျော် နောက်ခံသီချင်းအဆိုတော် ရှရီယာဂိုရှယ်လ်ဟာ အကောင်းဆုံးအမျိုးသမီးနောက်ခံသီချင်းအဆိုတော်ဆုကို ရရှိခဲ့ပါတယ်။ ယခုပွဲကို ရေနံသူဋ္ဌေးနိုင်ငံ ယူအေအီးမြို့တော်မှာ ကျင်းပတာဖြစ်ပြီး အဲဒီနိုင်ငံရဲ့ လူဦးရေသုံးပုံတစ်ပုဟာ အိန္ဒိယအနွယ်ဝင်တွေဖြစ်ကြပါတယ်။
Source: AFP
#နိုင်ငံတကာအိန္ဒိယရုပ်ရှင်ပွဲတော်
#ယူအေအီး_အဘူဒါဘီ
#ဘောလီဝုဒ်
#YangonMediaGroup
#TV Yangon Times Matters အစီအစဉ်
Published_ 28 May 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က (အဆိုတော်) အိအိလှိုင်နှင့်အတူ
ဆယ်နှစ်အရွယ်မှာ အဆိုပြိုင်ပွဲစပြိုင်ခဲ့ပြီး ဆိုကရေးတီးပြိုင်ပွဲမှာ ဓမ္မတေး၊ ကာလပေါ်တေးများဖြင့် ရွှေတံဆိပ် (၅)ဆု၊ ငွေတံဆိပ် (၂)ဆု၊ ကြေး တံဆိပ် (၁)ဆုရရှိခဲ့တာဖြစ်ကြောင်း
အန်ကယ်မြန်မာပြည်သိန်းတန်ရဲ့ Love Peace Joy လွတ်လပ်ချစ်ခင်ပျော်ပျော်ရွှင် ဆိုတဲ့အဖွဲ့လေးမှာ ပါဝင်သီဆိုဖျော်ဖြေဖြစ်နေတဲ့အကြောင်း
ကိုယ်ပိုင်သံစဉ်သင်္ကြန်သီချင်းလေးတွေ ထွက်ရှိထားသလို နောက်ထပ်သီချင်းအသစ်လေးတွေထွက်ရှိဖို့ပြင်ဆင်နေတာဖြစ်ကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #(အဆိုတော်) အိအိလှိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 28 May 2023
မေလ(၂၅)ရက်မှာ တနင်္သာရီ၊ မွန်၊ ကရင်စတဲ့တောင်ပိုင်းဒေသတွေကို မုတ်သုန်လေစတင်ဝင်နေခဲ့ပြီးဖြစ်ပေမယ့် ရန်ကုန်အပါအဝင်မြစ်ဝကျွန်းပေါ်ဒေသတွေကို မုတ်သုန်လေအဝင်နောက်ကျဦးမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #မုတ်သုန်လေအဝင်နောက်ကျမည် #မိုးသက်လေပြင်းတော့တိုက်ခတ်နိုင်
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 28 May 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က (အဆိုတော်) အိအိလှိုင်နှင့်အတူ
ဆယ်နှစ်အရွယ်မှာ အဆိုပြိုင်ပွဲစပြိုင်ခဲ့ပြီး ဆိုကရေးတီးပြိုင်ပွဲမှာ ဓမ္မတေး၊ ကာလပေါ်တေးများဖြင့် ရွှေတံဆိပ် (၅)ဆု၊ ငွေတံဆိပ် (၂)ဆု၊ ကြေး တံဆိပ် (၁)ဆုရရှိခဲ့တာဖြစ်ကြောင်း
အန်ကယ်မြန်မာပြည်သိန်းတန်ရဲ့ Love Peace Joy လွတ်လပ်ချစ်ခင်ပျော်ပျော်ရွှင် ဆိုတဲ့အဖွဲ့လေးမှာ ပါဝင်သီဆိုဖျော်ဖြေဖြစ်နေတဲ့အကြောင်း
ကိုယ်ပိုင်သံစဉ်သင်္ကြန်သီချင်းလေးတွေ ထွက်ရှိထားသလို နောက်ထပ်သီချင်းအသစ်လေးတွေထွက်ရှိဖို့ပြင်ဆင်နေတာဖြစ်ကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #(အဆိုတော်) အိအိလှိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 28 May 2023
မူဆယ်နယ်စပ်ကနေ တရုတ်နိုင်ငံသို့ ဆန်နဲ့ဆန်ကွဲတင်ပို့မှုဟာ မတ်လ ၁ရက်ကစပြီး လက်ရှိ မေလတတိယပတ်ကာလအထိ လုံးဝရပ်ဆိုင်းနေတယ်လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင် သိရပါတယ်။
#Local_News #မူဆယ်နယ်စပ်ကနေဆန်တင်ပို့မှုရပ်ဆိုင်း
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 28 May 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က (အဆိုတော်) အိအိလှိုင်နှင့်အတူ
ဆယ်နှစ်အရွယ်မှာ အဆိုပြိုင်ပွဲစပြိုင်ခဲ့ပြီး ဆိုကရေးတီးပြိုင်ပွဲမှာ ဓမ္မတေး၊ ကာလပေါ်တေးများဖြင့် ရွှေတံဆိပ် (၅)ဆု၊ ငွေတံဆိပ် (၂)ဆု၊ ကြေး တံဆိပ် (၁)ဆုရရှိခဲ့တာဖြစ်ကြောင်း
အန်ကယ်မြန်မာပြည်သိန်းတန်ရဲ့ Love Peace Joy လွတ်လပ်ချစ်ခင်ပျော်ပျော်ရွှင် ဆိုတဲ့အဖွဲ့လေးမှာ ပါဝင်သီဆိုဖျော်ဖြေဖြစ်နေတဲ့အကြောင်း
ကိုယ်ပိုင်သံစဉ်သင်္ကြန်သီချင်းလေးတွေ ထွက်ရှိထားသလို နောက်ထပ်သီချင်းအသစ်လေးတွေထွက်ရှိဖို့ပြင်ဆင်နေတာဖြစ်ကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #(အဆိုတော်) အိအိလှိုင်
#YMG #Yangon_Media_Group
Page 1067 of 1855