တရုတ်လျှပ်စစ်ကား(EV)ထုတ်လုပ်ရေး XPENG က တရုတ်နိုင်ငံရဲ့ ထိပ်တန်းကားထုတ်လုပ်ရေး ဖြစ်လာရန်ရည်မှန်းကာ ၂၀၃၀ ခုနှစ်မှာ အနည်းဆုံးကားပေါင်း ၄ သန်းရောင်းချနိုင်ရန် သတ်မှတ်ရည်မှန်းထားကြောင်း ကုမ္ပဏီဥက္ကဌနဲ့ စီအီးအို 'ဟီရှောင်ပန်'က ပြောကြားလိုက်ပါတယ်။
#Asia_Development
#Published_ 7 August 2023
#YMG #Yangon_Times
#Daily_News
Published_ 7 August 2023
၁။ အခြေခံလူတန်းစားပြည်သူများကို ဆန်ကြမ်းရော၊ဆန်ချောပါ ဈေးနှုန်းသက်သာစွာ စတင်ရောင်းချပေးနေ
၂။ မြန်မာဝူရူး၊ လှေလှော်၊ ဘောလုံးအဖွဲချုပ်များကို တရုတ်မှ ကန်ဒေါ်လာ (၈၄၀၀)ကျော်ပေးအပ်ခဲ့
၃။ ကချင်ယူနိုက်တက်အသင်းကို အနိုင်ယှဉ်ပြိုင်ကစားမည်ဟု YUSC နောက်ခံလူ မင်းကျော်ခန့်ပြော
၄။ တရုတ်ပြည်၏ လျှပ်စစ်ကားထုတ်လုပ်ရေး ထိပ်သီးကုမ္ပဏီဖြစ်လာရန် XPENG မျှော်မှန်း .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 7 August 2023
မြန်မာနေရှင်နယ်လိဂ်ပွဲ့စဥ်ကို ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာတွင် ပထမပိုင်းပွဲ့ပြီးချိန်အထိ ရန်ကုန်ယူနိုက်တက်က နှစ်ဂိုး တစ်ဂိုးဖြင့် ဦးဆောင်နေကြောင်း သိရသည်။
ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့ ပွဲစဉ်ကို ယနေ့ ဩဂုတ် (၇) ရက် ညနေ ၃ နာရီခွဲ အချိန်တွင် YUSC ကွင်း၌ ယှဉ်ပြိုင်ကစားလျက်ရှိသည်။
ယင်းပွဲစဉ်အတွက် ရန်ကုန်ယူနိုက်တက်အသင်းနည်းပြ ဂက်ဇီက အကောင်းဆုံး ဘောလုံးပွဲတစ်ပွဲဖြစ်ရမည်ဟု လာရောက်အားပေးမည့်ပရိတ်သတ်ကို အသင်းကိုယ်စား ကတိပြုစကား ဆိုထားသည်။
အလားတူ ကချင်ယူနိုက်တက်အသင်းကို အနိုင်သုံးမှတ်အပြည့်ရအောင် ယှဉ်ပြိုင်ကစားသွားမည်ဟုလည်း အသင်းနောက်ခံကစားသမား မင်းကျော်ခန့်က ပွဲမတိုင်မီ ပြောကြားထားသည်။
ကချင်ယူနိုက်တက်အသင်းနှင့် ပထမအကျော့တွေ့ဆုံမှုတွင် ရန်ကုန်ယူနိုက်တက်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။
ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ဒုတိယနေရာတွင် (၁၄) ပွဲကစားရာ၌ (၁၁) ပွဲနိုင်၊ (၁) ပွဲသရေ နှင့် (၂) ပွဲရှုံးထားပြီး ရမှတ်ပေါင်း (၃၄) မှတ်ရရှိထားခြင်းဖြစ်သည်။
ကချင်ယူနိုက်တက်အသင်း အနေဖြင့်လည်း (၁၄) ပွဲကစားရာတွင် (၂ )ပွဲနိုင်၊ (၄) ပွဲသရေ၊ (၈) ပွဲရှုံးထားပြီး ရမှတ်စုစုပေါင်း (၁၀) မှတ်နှင့် အဆင့် (၁၁) နေရာတွင်ရပ်တည်နေကြောင်း သိရသည်။
#Yangon-Times/my
#Local_News
#YMG #Yangon_Times
Published_ 7 August 2023
ဩဂုတ်လ(၁)ရက်နေ့မှ(၇)ရက်အထိ ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေနိမ့်ပိုင်းနေရာများ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
မြောက်ဦးမြို့နယ်။ လက်ကောက်ဈေးရပ်ကွက်တွင် ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ပြီး အိမ်ထောင်စုဝင် (၂၄၆)စု၊ ကျား(၅၉၆)ဦး၊မ(၆၁၃)ဦးစုစုပေါင်း(၁၂၀၉)ဦးကိုရေဘေးလွတ်ရာ နီးစပ်ရာဆွေမျိုးများဆီသို့ပြောင်းရွှေ့နေရာချ ပေးခဲ့ရခြင်းဖြစ်သည်။
ရေဘေးကြောင့်ဒုက္ခရောက်နေသူများကို မြောက်ဦးခရိုင်မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်းပြီး ပြောင်းရွှေ့နေရာချပေးခဲ့ရကြောင်းသိရသည်။
ဩဂုတ်လ၇ရက်တွင် မြောက်ဦးမြို့နယ်အပြင် မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ခရုံကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးကျပျက်စီးမှုများအား ကျိုက်မရောမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်များနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများမှ ရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှသိရသည်။
#Yangon-Times/tthl
#Local_News
#YMG #Yangon_Times


Published_ 7 August 2023
ယခုနှစ်၂၀၂၃-၂၀၂၄ဘဏ္ဍာ နှစ်တွင် ဧပြီ ၁ ရက်ကနေ ဇူလိုင် ၂၁ ရက်အထိ ၄ လခန့် ကာလ၌ မြန် မာ-တရုတ် နယ်စပ် ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ၁၂၂၈ သန်းနီးပါးရှိခဲ့ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနကသိရသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၆၈၃ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၅၄၅ သန်းကျော်ဖိုး တင်သွင်းနိုင်ခဲ့ကြောင်းသိရသည်။
သို့ဖြစ်ပါ၍ ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၄၇၀ ကျော်ဖိုး ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်းလည်း သိရသည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုတွင် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန် ပစ္စည်းများအပါအဝင် ကြက်သွန်၊ ငရုတ်၊ ရော်ဘာနှင့်ရေထွက်ပစ္စည်းများကိုတင်ပို့နေပြီး တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားသောက်ကုန်နှင့် ဆေးဝါးများတင်သွင်းနေကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times
မြဝတီ-ကော့ကရိတ်လမ်း မြေပြိုလမ်းပြိုမှု ဖြစ်ပွား
‘မြဝတီကနေ ကော့ကရိတ်သွားတဲ့ တောင်ပေါ်အာရှလမ်းဟာ တောနော်ရေတံခွန်နားမှာ ပြိုကျပျက်စီးနေတယ်။ကားတွေသွားလို့ မရတော့လို့ လှည့်ပြန်နေရတယ်။ အရေးကြီးရင်တော့ ဒေါနတောင်ကျော်လမ်းကနေ လုံခြုံရေးအခြေအနေ၊လမ်းအခြေအနေကြည့်ပြီးသွားနိုင်တယ်’ ကိုဘိုဘိုဝင်း ၊ဘိုဘိုဝင်းလူမှုကူညီရေးအဖွဲ့
Yangon_Times/tthl
#Local_News
#Published_ 7 August 2023
#YMG #Yangon_Times
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့မည့် ကုန်စည်အမျိုးအစား (၁၈)အုပ်စု GACC တွင် မှတ်ပုံတင်ရမည်
မှတ်ပုံတင်နိုင်ရေးအတွက် ကုန်ပစ္စည်းများအလိုက် သက်ဆိုင်ရာဌာနများကဆောင်ရွက်ပေး
Yangon_Times/my
#Local_News
#Published_ 7 August 2023
#YMG #Yangon_Times
Published_ 7 August 2023
တောင်ကိုးရီးယားတွင် လမ်းပြလုပ်နေသူ မြန်မာ လုပ်သား ၁ဦး မြေတင်ကား တိုက်ခံရ၍ ရုတ်တရက်သေဆုံးခဲ့ကြောင်း ကိုးရီးယားရောက် မြန်မာ
လုပ်သားများကို ကူညီဆောင်ရွက်ပေးနေသူ ကိုဇော်မိုးအောင်ထံက သိရသည်။
ဖြစ်စဉ်မှာ သြဂုတ် ၇ ရက်၊ နံနက် ၉ နာရီ အချိန်ခန့်က ဂယောင်ဆန်းနမ်ဒို (ဂယောင်ဆန်းတောင်ပိုင်းပြည်နယ် ) ဟာ့ချောင်းဂွန်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း ယာဉ်အဝင်အထွက် လမ်းပြလုပ်နေသူ မြန်မာ လုပ်သား ၁ဦးအား မြေတင်ကားက ဝင်တိုက် မိ၍ ရုတ်တရက် ကွယ်လွန်သွားကြောင်း ယင်းကဆိုသည်။
"မနေ့က အကိုကြီးဆိုပြီး လာနှုတ်ဆက်သွားသေးတယ်။ သည်လို အဖြစ်ဆိုးတွေ နောက်ထပ် မကြားပါရစေနဲ့"ဟုလည်း ယင်းက ပြောကြားထားသည်။
ကားတိုက်ခံရသူ မြန်မာနိုင်ငံသားသည် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှ ကိုပြေသိန်း အသက် ၂၇ နှစ် ဖြစ်ကြောင်းသိရပြီးမုအန် ဘောလုံးအသင်း အားကစားသမားတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။
လက်ရှိတွင် သေဆုံးသူ၏ရုပ်အလောင်းကိုဟာ့ချောင်း ဂိုလယော ဆေးရုံ အအေးခန်းမှာ ထားရှိ၍အသုဘ အစီအစဉ်ကို ကျန်ရစ်သူ မိသားစုနဲ့ ဆွေးနွေးနေကြောင်းသိရသည်။
ထို့အပြင် သြဂုတ်လ၅ရက် နံနက်ကလည်း မြန်မာလုပ်သား ၁ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ၁၅ထပ်အမြင့်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published_ 7 August 2023
ဆန်ဈေးထပ်မတက်စေရန်နှင့်အခြေခံလူတန်းစားများဆန်ဈေးသက်သာစွာဝယ်ယူရရှိစေရန် ပေါ်ဆန်း နှင့်ဧည့်မထဆန်အိတ်များကို ယနေ့ဩဂုတ်လ(၇)ရက်မှစတင်ပြီးရောင်းချပေးနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှသိရသည်။
ယင်းကို ဝါးတန်းလမ်းကုန်စည်ဒိုင်နှင့်ဘုရင့်နောင်ကုန်စည်ဒိုင်စသည့်နေရာ(၂)နေရာတွင် ဝယ်ယူရရှိနိုင် မည်ဖြစ်ပြီး ဧည့်မထတစ်အိတ်ကိုကျပ်(၆)သောင်း၊ပေါ်ဆန်းတစ်အိတ်ကိုကျပ် (၁)သိန်း(၁)သောင်း၊ (၁)သိန်း(၂)သောင်း ဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။
ဇူလိုင်လ ၂၈ရက်ကြေညာထားသည့် ဧည့်မထအိတ်ရေ(၅၀၀၀၀)အပြင် ဧည့်မထ၊ရက်(၉၀) ဆန်အိတ်ရေ (၁၀၀၀၀၀) နှင့် ပေါ်ဆန်းမျိုးစုံအိပ်ရေ(၂၀၀၀၀) စုစုပေါင်းဆန်အိတ်ရေ (၁၇၀၀၀၀)ကိုဩဂုတ်လအတွင်း ဈေးကွက်အတွင်း ရောင်းချပေးမည်ဖြစ်သည်။
၎င်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်လီဆန်အရောင်းဆိုင်များကိုလည်း တစ်ဆိုင်ကို ဧည့်မထအိတ်အကြီး(၅၀)နှုန်း(နှစ်ပတ်လျှင်တစ်ကြိမ်)စနစ်တကျစာရင်းပြုစုပြီး ဖြန့်ဝေရောင်းချနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီးအွန်လိုင်းစနစ်နဲ့ Registrationဆောင်ရွက်ကာKpayဖြင့်ငွေပေးချေပြီး Delivery အရောက်ပို့စနစ်ဖြင့်လည်းစီစဉ်ဆောင်ရွက်နေကြောင်းလည်းသိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်ညီနောင်အသင်းအဖွဲ့များ၊ဆန်စပါးပို့ကုန်ကုမ္ပဏီများ၊ဆန်စက်များ၊ဆန်ကုန်သည်များစုပေါင်း၍ ဩဂုတ်လ၊စက်တင်ဘာလများတွင် ဆန်ဈေးတည်ငြိမ်စေရေးနှင့် အခြေခံပြည်သူများ အတွက် သက်သာ သည့်ဈေးဖြင့်အရည်အသွေးမှန် ဆန်များရောင်းချပေးရန်နည်းလမ်းမျိုးစုံဖြင့်ကြိုးပမ်း သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times


ကချင်ယူနိုက်တက်အသင်းကို အနိုင်ယှဉ်ပြိုင် ကစားမည်ဟု YUSC နောက်ခံလူ မင်းကျော်ခန့် ပြော
ကချင်ယူနိုက်တက်အသင်းနဲ့ ပထမအကျော့တွေ့ဆုံမှုမှာ ရန်ကုန်ယူနိုက်တက်အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိထား
Yangon_Times/my
#Local_News
#Published_ 7 August 2023
#YMG #Yangon_Times
ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို ကြိုဆို၍ အလှူငွေများပေးအပ်
‘ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို ကြိုဆိုတဲ့အနေနဲ့ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ကို တရုတ်နိုင်ငံမှကန်ဒေါ်လာ (၂၈၀၅)ဒေါ်လာစီ စုစုပေါင်းကန်ဒေါ်လာ(၈၄၀၀) ကျော်ပေးအပ်ခဲ့တယ်’မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး
Yangon_Times/tthl
#Local_News
#Published_ 7 August 2023
#YMG #Yangon_Times
ဆန်ကြမ်းရော ၊ဆန်ချောပါ ဈေးနှုန်းသက်သာစွာရောင်းပေးနေ
‘လတ်တလောဈေးကွက်ထဲမှာ ဧည့်မထဆန်တစ်အိတ်ကို(၇)သောင်းကျော်အထိဈေးရှိနေပြီး အသင်းချုပ်အနေနဲ့ ကျပ်(၆)သောင်းနဲ့ရောင်းချပေးသွားမှာဖြစ်သလို ပေါ်ဆန်းအုပ်စုဆန်တွေဟာအပြင်မှာ (၁)သိန်း(၃)သောင်း။(၁)သိန်းလေးသောင်းလောက်ရှိနေတာကို (၁)သိန်း(၁)သောင်း၊(၁)သိန်း(၂)သောင်းလောက်နဲ့ ရောင်းချပေးသွားမှာဖြစ်တယ်’ ဦးရဲမင်းအောင်၊ဥက္ကဌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
Yangon_Times/tthl
#Local_News
#Published_ 7 August 2023
#YMG #Yangon_Times
Page 1062 of 1940