Published 4 December 2023


ကရင်ပြည်နယ် ကော့ကရိတ် မြို့တွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ သို့ တရားဝင် သွားရောက် အလုပ်လုပ်မည့် MOU အလုပ်သမားများ ထွက်ခွာခွင့် ကို ခတ္တရပ်နားထားကြောင်း ထိုင်းနိုင်ငံ ကို လုပ်သား ပို့ဆောင်ပေးနေသည့် တရားဝင်လိုင်စင်ရအေဂျင်စီများထံက သိရသည်။

ဒီဇင်ဘာ ၁ရက် ကတည်း က ဖြစ်ပွားခဲ့သည့် မြဝတီ အာရှ လမ်း ကော့ကရိတ် မြို့အနီး တိုက်ပွဲများကြောင့် အာရှ လမ်းပေါ်တွင် ကုန်ကားများ၊ခရီးသွားယာဉ်များ ပိတ်မိကာ MOUအလုပ်သမားများ စီးနင်းလာသည့် ယာဉ်များ လဲ ပိတ်မိခဲ့ကြောင်း သိရသည်။

''လမ်းမှာ ပိတ်မိနေတဲ့ သူတွေ ကတော့ တခြား လမ်းကနေ ကားသေးနဲ့ ပြောင်းပြီး သွားကျတယ် ကားခ ငါးသောင်း ပေးရတယ် ပြောတယ်၊ ဒီနေ့တနင်္လာနေ့ ထွက်ခွာတွေ ရှိတယ်၊အဲ့ လူတွေ အကုန် ထွက်ခွာ တာခဏ ရပ်ထားတယ်၊အလုပ်သမား ဝန်ကြီးဌာန က ပြန် ပြီးတော့ ထွက်ခွာဖို့ ကို အကြောင်း ပြန်ပေးမယ် ပြောတယ် အခုထိတော့ မသိရသေးဘူး''ဟု ထိုင်းလိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူက အခုလိုပြောပါတယ်။

ထိုင်းနိုင်ငံ သို့ MOU အလုပ်သမားများ ပို့ဆောင်ရာတွင် မြဝတီ ကျောက်လုံးကြီးစခန်းနှင့်ကော့သောင်း မြို့တို့မှ စေလွှတ်ပေးပြီး မြဝတီ ကျောက်လုံးကြီး စခန်းမှ အများဆုံးစေလွှတ်ပေးရာ တစ်ရက်လျှင် အလုပ်သမား ဦရေ ၅၀၀မှ ၈၀၀ခန့် ရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group