Published 4 December 2023

ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ဂျပန်စာ စာမေးပွဲ(JLPT) ဝင်ရောက်ဖြေဆိုသူ များပြားခဲ့ကြောင်း ဂျပန် သင်တန်းကျောင်းများမှ သိရသည်။

အဆိုပါ ဂျပန်စာစာမေးပွဲ(JLPT)အား ဒီဇင်ဘာလ (၃) ရက်‌နေ့တွင် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ် နေရာ (၂)ခု၌ ပြုလုပ်ခဲ့ရာ ဝင်ရောက်ဖြေဆိုသူ ဦးရေထောင်ချီရှိခဲ့ကြောင်း သိရသည်။
'
ဂျပန်စာ N3၊ N2 level လည်းတတ်တယ်၊ အတတ်ပညာတစ်ခုခုလည်း တတ်ကျွမ်းရင် လုပ်ခလစာ များများရတယ်၊မနေ့က လုပ်တဲ့စာမေးပွဲမှာ ဖြေဆိုသူများတယ်၊ဂျပန်က လုပ်ခလစာကလည်း များတာကြောင့် ဒီနှစ်‌တွေထဲလူငယ်‌ တွေသွားတာ ပိုများလာတယ်လေ ၊ရန်ကုန်မှာလည်း ဖြေသူများတယ်၊မန္တလေးကောပဲ။ 'ဟု ဂျပန် သင်တန်းကျောင်းတစ်ခုမှ ဆရာမတစ်ဦးကပြောသည်။

အဆိုပါ ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲကို ရန်ကုန်နှင့် မန္တလေးတွင် တပြိုင်နက် ကျင်းပနေခြင်းဖြစ်ပြီး ဖြေဆိုအောင်မြင်ပါက ဂျပန်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကြောင်းသိရသည်။

Japanese-Language Proficiency Test (JLPT) စာမေးပွဲသည် ဂျပန်လူမျိုးမဟုတ်သော နိုင်ငံခြားသားများအတွက်ရည်ရွယ်သည့် ဂျပန်စာအရည်အချင်းစစ် စာမေးပွဲမျိုးဖြစ်ပြီး ဂျပန်အစိုးရမှ အသိအမှတ်ပြုထားသည့် စာမေးပွဲအမျိုးအစားဖြစ်‌ရာ ဂျပန်စာလေ့လာနေသည့် မည်သူသူမဆို မဖြစ်မနေဖြေဆိုသင့်သည့် စာမေးပွဲဖြစ်ကြောင်းသိရသည်။

အဆိုပါစာမေးပွဲကို ဂျူလိုင်နှင့် ဒီဇင်ဘာလများတွင် တစ်နှစ်လျင်(၂) ကြိမ်ပြုလုပ်လေ့ရှိကာ အဓိကအားဖြင့် ဂျပန်နိုင်ငံတွင် ကျောင်း၊ တက္ကသိုလ်တက်မည်ဆိုပါက JLPT Level ဖြင့်ဆုံးဖြတ်သည့်အတွက် အရေးကြီးသည့် စာမေးပွဲမျိုးဖြစ်‌ကြောင်း၊ ဂျပန်နိုင်ငံ၏ အချို့သော အလုပ်ကိုင်များမှာလည်း ဂျပန်စာ (JLPT N4) အောင်မြင်ရမည့် သတ်မှတ်
ချက်များရှိကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group