#World_Science
Published 04 December 2023


အမေရိကန်အစိုးရက လူသားထုတ်လုပ်တာ မဟုတ်တဲ့ ယာဥ်မျိုး အနည်းဆုံး ၉ စင်းကို အောင်မြင်စွာ ပြန်လည်သိမ်းယူရရှိခဲ့ကာ အချို့ယာဥ်တွေက တိုက်မိခြင်းကြောင့် ပျက်စီးနေသလို ၂ စင်းကတော့ အကောင်းအတိုင်းဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

 

CIA ရုံးချုပ်က ကမ္ဘာတဝှမ်းမှ ပျက်စီးထားတဲ့ အမျိုးအမည်မသိ ယာဥ်ပျံ(UFO)တွေကို သိမ်းဆည်းရရှိထားတယ်လို့ သတင်းရင်းမြစ်တွေက ဆိုထားပါတယ်။

 

CIA ဟာ ၂၀၀၃ ခုနှစ်ကတည်းက UFO ရှာဖွေရေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်လာတာ ဖြစ်ပါတယ်။

 

CIA ရဲ့ စနစ်တွေထဲမှာ ဖုံးကွယ်ထားတဲ့ UFO များ ရှာဖွေရေး၊ အဆိုပါယာဥ်များ ဆင်းသက်တိုက်မိခြင်း ဒါမှမဟုတ် လူသားတွေကြောင့် ရောက်ရှိလာချိန်မှာ ကယ်ဆယ်ရေးများ လုပ်ဆောင်ဖို့ အထူးစစ်ရေးအဖွဲ့ စေလွှတ်ခြင်းတို့ ပါဝင်ပါတယ်။

 

CIA အဓိကမစ်ရှင်တွေထဲမှာ နျူကလီးယားလက်နက်နဲ့ ပျက်ကျလာသော ဂြိုဟ်တုများ ပြန်ဆယ်ယူခြင်းလိုမျိုး သမားရိုးကျ ပြန်ဆယ်ယူခြင်းတာဝန်တွေ ပါဝင်နေကာ အချို့ကတော့ UFO ရှာဖွေသိမ်းဆည်းခြင်းတွေ အဓိကလုပ်ဆောင်နေတယ်လို့ ဆိုကြပါတယ်။

 

အဓိကတာဝန်တစ်ခုက UFO တွေကို အလျင်အမြန် ဆယ်ယူဖို့နဲ့ လျှို့ဝှက်ချက် ထိန်းသိမ်းထားရန် ဖြစ်တယ်လို့ သတင်းရင်းမြစ်များက ဆိုပါတယ်။

 

၂၀၂၄ စစ်အသုံးစရိတ် ဥပဒေကြမ်း ပြင်ဆင်ချက်အဖြစ် ထည့်သွင်းဖို့ရှိတဲ့ စခူမာဥပဒေကြမ်းဟာ လူသားတွေ မသိရှိတဲ့ နည်းပညာများနဲ့ ထောက်လှမ်းရေးများ၊ ရှင်းမပြနိုင်တဲ့ ဖြစ်စဥ်များကို အမေရိကန်ပြည်သူတွေထံ ချပြရန် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

 

ဒီအကြောင်းအရာတွေဟာ သတင်းအချက်အလက် ရရှိရန် ကြိုးပမ်းနေတဲ့ထဲ ပါဝင်ပေမယ့် တိကျတဲ့အကြာင်းအရာတွေ မရှိဘဲဖြစ်နေတယ်လို့ မစ်ဆူရီမှ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် အဲရစ်ဘာလီဆန်က ပြောပြသွားပါတယ်။

 

#World_Science #UFO အနည်းဆုံး(၉)စင်း #CIA မှ ရှာဖွေသိမ်းဆည်း #Source: WION