Published 03 December 2023
ဆံပင်ပြုပြင်အလှဆင်ရာမှာ အသုံးပြုကြတဲ့ လိမ်းဆေးခရင်မ်များ၊ စပရေးများ၊ အဆီများထဲမှာ အငွေ့ပျံအော်ဂဲနစ်ဒြပ်ပေါင်း (VOC)များ ပါဝင်ပြီး အခန်းတွင်း လေထုဖွဲ့စည်းပုံကို ပြောင်းလဲစေကာ အပူပေးအလှပြင်နည်းစနစ်တွေက အဆိုပါ VOC ဒြပ်ပေါင်းများ ထုတ်လွှတ်မှုကို ပိုမိုဆိုးရွားစေတယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
သုတေသီတွေက ပါဝင်စမ်းသပ်သူများကို ယင်းတို့ပုံမှန် အသုံးပြုနေကျ ဆံပင်အလှပြင်ပစ္စည်းများဖြင့် အခန်းထဲမှာ အသုံးပြုစေခဲ့ပါတယ်။
ထိုအခါမှာ လေထုဖွဲ့စည်းပုံက လျင်လျင်မြန်မြန်နဲ့ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး အများဆုံးတွေ့ရတဲ့ VOC က ဆိုက်ကလစ် ဗော်လတိုင်းမီသိုင်းလ် ဆိုင်လိုဇန်ပဲ ဖြစ်ပါတယ်။
လေ့လာချက်အရ ထုတ်လွှတ်တွေဟာ ထုတ်ကုန်ပစ္စည်းအမျိုးအစား၊ ဆံပင်အတိုအရှည်၊ အလှပြင်ပစ္စည်းတွေရဲ့ အမျိုးအစားနဲ့ အပူချိန်တို့အပေါ် မူတည်ကာ ပြောင်းလဲသွားပြီး ဆံပင်ပိုရှည်ပြီး အပူချိန်ပိုများပါက VOC ပမာဏ ပိုများလာပါတယ်။
ထိုထဲကလူတွေဟာ တစ်နေ့ကို VOC ၂၀ မီလီဂရမ်ခန့် ရှူမိနေတယ်လို့ ခန့်မှန်းထားကာ ကျန်းမာရေးပြဿနာများ ပေါ်ပေါက်လာမှာကို စိုးရိမ်နေကြပါတယ်။
ထိုလေထုအညစ်အကြေးတွေကို အိတ်ဇောပန်ကာသုံးပြီး အပြင်ထုတ်နိုင်ပေမယ့် လူဦးရေထူထပ်ရာ မြို့ပြနေရာတွေမှာ ပြင်ပလေထုကို ညစ်ညမ်းစေနိုင်တယ်လို့ သုတေသီများ သတိပေးထားပါတယ်။
ယခုလိုလေ့လာချက်ကြောင့် ဆံပင်အလှပြင်ခြင်းနဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်များအကြောင်း ပိုမိုနားလည်သိရှိဖို့ကို ထင်ဟပ်စေပါတယ်။
Source: India Today.
#World_Health
#YMG_News #Yangon_Times #Yangon_Media_Group