#Local_News
Published_30 January 2023
ချင်းရွှေဟော်နယ်စပ်ကနေ တရုတ်နိုင်ငံကို ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထားတဲ့ ကြံတန်ချိန် (၁) သိန်း (၆) သောင်းခန့်ကို တင်ပို့သွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 30 January 2023
၁။ တရုတ်သို့ ဘိန်းအစားထိုး ကြံတန်ချိန် တစ်သိန်းခွဲကျော် တင်ပို့မည်
၂။ တရုတ်နိုင်ငံဘက်သို့ အခြားတိုင်းနှင့်ဒေသမှ လာရောက်မည့်သူများအတွက် BorderPass စာအုပ်ပြုလုပ်ပေးရန် ညှိနှိုင်းနေ
၃။ မုန်တိုင်းငယ်အရှိန်ကြောင့် မွန်၊ ကရင်၊ တနင်္သာရီဒေသများတွင် မိုးရွာပြီး ညပိုင်းအေးနိုင်
၄။ ကမ်းခြေမရှိသော ဘရာဇီးလ်ဆော်ပေါ်လိုမြို့တွင် ကမ်းခြေတုသောင်ပြင်ကစားနည်းများ ခေတ်စားနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_30 January 2023
ကမ္ဘာ့ရွှေဈေးနှင့် အမေရိကန်ငွေလဲနှုန်းမြင့်တက်လာတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ဈေးအနည်းငယ်မြင့်တက်လာတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 30 January 2023
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ ဂျီ ၇၇ နှင့် တရုတ်အုပ်စုအလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းသည့်အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်က ကျင်းပခဲ့ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားတွင် ဂျီ ၇၇ နှင့် တရုတ်အုပ်စုအလှည့်ကျဥက္ကဋ္ဌဖြစ်သူ မော်ရိုကို အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Azzeddine Farhane က ၎င်းအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း အဖွဲ့ဝင်နိုင်ငံများ၏ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်မှုနှင့် ကူညီပံ့ပိုးမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ၂၀၂၃ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ပါကစ္စတန်အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Aftab Ahmad Khokher ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဗီယင်နာမြို့အခြေစိုက် United Nations အဖွဲ့ခွဲများမှတာဝန်ရှိသူများ၊ ဂျီ ၇၇ နှင့် တရုတ်အုပ်စု အဖွဲ့ဝင်နိုင်ငံများမှ အမြဲတမ်းကိုယ်စားလှယ်များက ကြိုဆိုထောက်ခံသည့် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါတယ်။
ဂျီ ၇၇ နှင့် တရုတ်အုပ်စုကို ကုလသမဂ္ဂအဖွဲ့ဝင် ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၁၃၄ နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး၊ အလှည့်ကျဥက္ကဋ္ဌအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ဗီယင်နာမြို့အခြေစိုက် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများနှင့် ပုံမှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လျက် UNODC၊ UNIDO ၊ IAEA နှင့် CTBTO တို့က ကျင်းပတဲ့ အထွေထွေညီလာခံများ၊ အစည်းအဝေး များတွင် အဖွဲ့ဝင်နိုင်ငံများကိုယ်စား ဆွေးနွေးပြောကြားလေ့ရှိကြောင်း သိရပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_30 January 2023
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုတွင် ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက် ၉ နာရီခန့်က ကျောက်စိမ်းတွင်းဟောင်း၏ ကမ်းပါးပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေနေသည့် ရခိုင်တိုင်းရင်းသား၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းတို့ ၄ ဦးက ကျင်းတစ်ခုတည်းတွင် လေးပေကျင်းတူးနေကြစဉ် ပေ ၁၀၀ ကျောခန့် အမြင့်ရှိသည့် တွင်းဟောင်းမြေစာပုံ ကမ်းပါးက ပြိုကျပိမိ၍ အခင်းဖြစ်ရာနေရာ၌ပင် သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
"မြေကြီးပိတာတွေကို ဖယ်ထုတ်ပြီး ဝှေခါ သုဿာန်ကို သယ်တယ်။ အဲဒီမှာ သဂြိုလ်လိုက်ကြတယ်"ဟု မြတ်ပါရမီ လူမှုကူညီရေး အသင်းသားတစ်ဦးကပြောသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_30 January 2023
ဖုန်းဆင်းကတ်များ အချက်အလက်မှန်၊ မမှန် စစ်ဆေးပြီး ဆင်းကတ်မှတ်ပုံတင်သည့် အမည်/နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့ကို မှန်/မမှန် စစ်ဆေးပြီး ပြင်ဆင်ရန်လိုအပ်ပါက ယခုလဇန်နဝါရီလ ၃၁ ရက်နောက်ဆုံးထား၍ ပြန်လည်ပြင်ဆင်သတ်မှတ်ရန် မိုဘိုင်းဖုန်းအော်ပရေတာများမှ ထပ်မံအသိပေးထားသည်။
ဆင်းကတ်များ ဝယ်ယူအသုံးပြုရာတွင် မိမိတို့၏ အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်၍ မှတ်ပုံတင်ဝယ်ယူသုံးစွဲကြပါရန်နှင့် လက်ရှိအသုံးပြုလျက်ရှိသော ဆင်းကတ်များကိုလည်း အချက်အလက် မှန်ကန်စွာ မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ ပြန်လည်စစ်ဆေးကြရန် လိုအပ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ယင်းအပြင် ဆင်းကတ်များမှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ အချက်အလက်မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့် ဆင်းကတ်များကို ပိတ်သိမ်းမည်ဖြစ်ပြီး လက်ကျန်ငွေကို ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဖုန်းဆင်းကတ်များ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ အော်ပရေတာများ၏ အရောင်းဆိုင်များ ၊ Application များနှင့် Website တွင်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Published 31 January 2023
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆင်းကျန်းဝိဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အက်ဆူစီရင်စု၊ ရှာယာခရိုင်မှာ ဇန်နဝါရီ ၃၀ရက် တနင်္လာနေ့ ဒေသစံတော်ချိန် မနက်၇နာရီ ၄၉မိနစ်က ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်လှုပ်ရှားသွားပါတယ်။ ငလျင်ကြောင့် အခုထက်ထိ ထိခိုက်သေဆုံးသူမရှိသေးဘူးလို့ တရုတ်နိုင်ငံ ငလျင်ကွန်ယက်စင်တာက သတင်းထုတ်ပြန် ပါတယ်။
ငလျင်ဟာ အနက် ၅၀ကီလိုမီတာကနေ လှုပ်ရှားသွားတာဖြစ်ပြီး လူနေထူထပ်မှုမရှိတဲ့ ရှာယာခရိုင်က ၁၄၁ကီလိုမီတာအကွာ အယ်လားမြို့မှာ ဗဟိုပြုလှုပ်ရှားခဲ့တာပါ။
ငလျင်လှုပ်ရှားရာနေရာကို ယာဉ်၁၅စီးနှင့် ကယ်ဆယ်ရေးသမား ၇၀ တို့ရောက်ရှိနေကြပါတယ်။ လျှပ်စစ်ဖြန့်ဖြးရေးနှင့် ဓာတ်ငွေ့ထုတ်လုပ်ရေးတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကပြောပါတယ်။
ဆင်းကျန်းရထားဌာနကလည်း ရထားလမ်းတစ်လျောက် ရထားလမ်းတွေ၊တံတားတွေ၊ဥမင်လှိုဏ်ခေါင်းတွေနင့် အချက်ပြစနစ်တွေ ပျက်စီးခဲ့မှုရှိမရှိ စစ်ဆေးလျက်ရှိနေတယ်လို့ CCTV ကသတင်းပေးပို့ပါတယ်။
Source: CCTV+
#Xinjiang_Uygur_earthquakes
#China_ Xinjiang_Uygur_earthquakes
#China
.
#Local_News
Published_ 30 January 2023
ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုတစ်ပိဿာ ကျပ် ၄၄၃၀ ကျပ်သတ်မှတ်ပေးထားကြောင်း သိရသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၅ ရက်အထိ သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါရည်ညွှန်းဈေးနှုန်းသည် ပြီးခဲ့သည့်အပါတ်ထက် ၁၀ ကျပ်လျော့ကျခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီအဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းတွေကိုနေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်ပြီး ပြည်တွင်းဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။
ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် ၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ အဓိထားတင်သွင်းနေရခြင်းဖြစ်ကြောင်းသိရသည်။ ပြင်ပဈေးကွက်အတွင်း စားအုန်းဆီတစ်ပိဿာ ၇၀၀၀ ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာကြောင်းသိရသည်။
ရောင်းချသူများအနေဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _30 January 2023
ထိုင်းနိုင်ငံ ရနောင်းမြို့လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးစခန်း (IDC) တွင် ထိန်းသိမ်းထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒပြပြီးနောက် ရက်ပိုင်းအတွင်း ပြန်ပို့မည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးက ယနေ့ ဇန်နဝါရီလ ၃၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
၎င်းတို့က ဇန်နဝါရီလ ၂၈ ရက်တွင် နေရပ်ပြန်လိုကြောင်း ထိန်းသိမ်းရေးစခန်းအတွင်း၌ ဆန္ဒပြခဲ့ကြသည့်အတွက် ဇန်နဝါရီလ ၂၉ ရက်တွင် မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးတင်အောင်က IDC မှ တာဝန်ရှိသူများ၊ ထိန်းသိမ်းခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သားခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံကာ ညှိနှိုင်းဖြေရှင်းခဲ့ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကြောင့် ထိန်းသိမ်းထားသူ ၆၀၀ ဦးအနက် ဖေဖော်ဝါရီလ ၂ ရက်တွင် လူ ၂၂၀ ဦးကို ပြန်ပို့ပေးမည် ဖြစ်ပြီး ကျန်သူများအား ဖေဖော်ဝါရီလ ၈ ရက် နှင့် ၁၅ ရက်တို့တွင် ပြန်ပို့မည် ဖြစ်ကြောင်း ၊ ကော့သောင်းမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#World_Health
Published 30 January 2023
အဆီအဆိမ့်များတဲ့ အစားအစာတွေက အဝလွန်ခြင်းကို ဖြစ်စေနိုင်ရုံမက ဦးနှောက်ကိုပါသက်ရောက်လာနိုင်ပါတယ်။
အဆီများပြီး ကယ်လိုရီများတဲ့ အစားအစာတွေဟာ ဦးနှောက်အာရုံကြောလမ်းကြောင်းတွေကို ပြောင်းလဲစေကာ ဦးနှောက်ရဲ့စွမ်းရည်ကို လျှော့ချပြီးတော့ ပိုမိုစားသောက်မိစေပါတယ်။
ကြွက်တွေနဲ့စမ်းသပ်ရာမှာ အဆီများတဲ့အစာတွေက အစာအိမ်သို့သွားတဲ့ ဓာတုလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေကာ အလွန်အကျွံစားမိခြင်းကို ဖြစ်ပေါ်စေပါတယ်။
အစာအိမ်ကို ဗိုက်ပြည့်တင်းကြောင်း သတင်းပေးရာမှာ နှောင့်နှေးစေပြီး အဆီများတဲ့အစာတွေ ပိုမိုစားလာတာနဲ့အမျှ အလုပ်လုပ်နိုင်စွမ်းပိုမိုထိခိုက်လာပါတယ်။
ဓာတ်ခွဲခန်းထဲမှ ကြွက် ၂၀၀ ကျော်ကို အဆီများတဲ့အစာနဲ့ ပုံမှန်အစာတို့ဖြင့် စားစေခဲ့ကာ အစာခြေခြင်းနဲ့ စားချင်စိတ်ဖြစ်ပေါ်ခြင်းတို့ကို ဘယ်လိုသက်ရောက်လဲဆိုတာကို လေ့လာခဲ့ကြပါတယ်။
အဆီများတဲ့အစာကို ၃-၄ ရက်လောက် စားစေခြင်းက ဦးနှောက်နဲ့အစာအိမ်ကြား လမ်းကြောင်းတွေကို မသက်ရောက်စေပေမယ့် ၁၀ ရက်ကနေ ၁၄ ရက်လောက်စားစေတဲ့အခါမှာတော့ ဦးနှောက်ကနေ ကယ်လိုရီထိန်းချုပ်နိုင်စွမ်းကို ထိခိုက်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ယခုလို ဦးနှောက်နဲ့အစာအိမ်လမ်းကြောင်း နှောင့်ယှက်ခံရခြင်းကို တွေ့ရှိခဲ့တာက အဝလွန်ခြင်းကို ဆန့်ကျင်စေမယ့်ဆေးတွေ ဖန်တီးနိုင်မယ့်လမ်းစ ဖြစ်လာနိုင်ပါတယ်။
ဦးနှောက်ကနေ ထိန်းချုပ်နိုင်စွမ်းဆုံးရှုံးတာကို ပြန်ပြီးလုပ်ဆောင်နိုင်မလားဆိုတာကို သိရှိချင်နေကြောင်း၊ တကယ်လုပ်နိုင်မယ်ဆိုရင် ကယ်လိုရီထိန်းချုပ်နိုင်စွမ်း ပြန်ရလာနိုင်ကြောင်း ပန်စတိတ်ဆေးပညာကောလိပ်မှ စာတမ်းပြုစုသူဒေါက်တာ'ကီယာစတင်းဘရောင်းနင်း'က ပြောကြားလိုက်ပါတယ်။
ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာရဲ့ ဖော်ပြချက်အရ အမေရိကားမှာ အဝလွန်သူ ၄၁ ရာခိုင်နှုန်းကျော်ရှိနေပြီး နှလုံးသွေးကြောရောဂါနဲ့ ဆီးချိုရောဂါတို့ ဖြစ်နိုင်ချေများပါတယ်။
Source: NY Post
#Yangon_Media_Group
#World_Politics
Published 30 January 2023
အမေရိကန်လက်ရှိသမ္မတ'ဂျိုးဘိုင်ဒင်'ကြောင့် တတိယကမ္ဘာစစ်ဖြစ်လုနီးပါးအန္တရာယ် ရှိနေပြီလို့ သမ္မတဟောင်း'ဒေါ်နယ်ထရမ့်'က ဇန်နဝါရီ ၂၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ပါဝင်မယ်လို့ ထရမ့်ကကြေညာပြီးနောက် ပထမဆုံးအနေနဲ့ စည်းရုံးရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ခဲ့ပါတယ်။
သမ္မတဟောင်းထရမ့်က ကြိုတင်မဲပေးရမယ့်ပြည်နယ် ၂ ခုထံသွားရောက်ခဲ့ကာ သူ့ရဲ့စည်းရုံးရေးအစီအစဉ်တွေ နှောင့်နှေးနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ငြင်းဆိုလိုက်ပါတယ်။
ထရမ့်က ဆာလမ်ရှိ နယူးဟမ့်ရှိုင်းယားရီပတ်ဘလစ်ကန်ပါတီ နှစ်ပတ်လည်တွေ့ဆုံပွဲမှာ ဦးစွာပြောကြားပြီးနောက် သူ့အဖွဲ့နဲ့အတူ တောင်ကယ်ရိုလိုင်းနား ကိုလံဘီယာကိုလည်း သွားရောက်ခဲ့ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲနဲ့ တစ်ကမ္ဘာလုံးအပေါ် ကြီးမားစွာသက်ရောက်နေတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ထရမ့်က "ဂျိုးဘိုင်ဒင်ရဲ့ ပျော့ညံ့မှုနဲ့ ညံ့ဖျင်းမှုတွေကြောင့် တတိယကမ္ဘာစစ်ကိုဦးတည်နေပြီ ဖြစ်ပါတယ်၊ ကျွန်ုပ်သာသမ္မတဆိုရင် အင်အားကောင်းကောင်းနဲ့ ၂၄ နာရီအတွင်း ငြိမ်းချမ်းရေးပြန်ရအောင် ဆောင်ယူမှာပါ" လို့ အခိုင်အမာဆိုခဲ့ပါတယ်။
ဆာလမ်မှာပြုလုပ်တဲ့ နှစ်စဉ်တွေ့ဆုံပွဲအတွင်း လူအနည်းစုကိုပြောကြားရာမှာ အိမ်ဖြူတော်ကို ပြန်လာရဖို့ စိတ်အားထက်သန်နေကြောင်း၊ အခုဆိုရင်ပိုပြီး ဒေါသထွက်နေရပြီး အရင်ကထက်ကို စိတ်ပိုင်းဖြတ်ထားကြောင်း ဆိုပါတယ်။
ကိုလံဘီယာရှိ ဥပဒေပြုလွှတ်တော်အဆောက်အအုံမှာ ပြုလုပ်တဲ့အခမ်းအနားမှာ ထရမ့်က ယခုစည်းရုံးရေးလုပ်ငန်းစဉ်တွေက အနာဂတ်အတွက်ဖြစ်ကြောင်း၊ ဘိုင်ဒင်က အမေရိကားကို တခဏအတွင်းပျက်စီးရာလမ်းကြောင်းထဲ ရောက်အောင်ပြုလုပ်နေကြောင်း၊ သူ့ကို နောက်ထပ်သမ္မတရာထူးမရရှိအောင် ကြိုးစားရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
Source: WION
#Yangon_Media_Group
#World_Science
Published 30 January 2023
လူတိုင်းက ဆန့်ကျင်ဘက်လိင်ကို ကြိုက်နှစ်သက်တဲ့နေရာမှာ သူ့အကြိုက်နဲ့သူရှိကြပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ လက်ရှိကမ္ဘာ့အခြေအနေပေါ်မူတည်ပြီး အကြိုက်ကပြောင်းလဲတတ်ပါတယ်။
နယ်သာလန်နိုင်ငံ အမ်စတာဒမ်တက္ကသိုလ်မှ သုတေသီများလေ့လာရာမှာ အခုလိုနေထိုင်ရေးခက်ခဲကြပ်တည်းတဲ့ကာလအတွင်း အမျိုးသမီးတွေက ကျားလျားပြီး ရင့်ကျက်ခက်ထန်တဲ့အသွင်အပြင်ရှိတဲ့ Chris Hemsworth နဲ့ Jason Momoa တို့လိုအမျိုးသားတွေကို ပိုမိုနှစ်သက်ကြကြောင်း တွေ့ရှိခဲ့ကြပါတယ်။
အဆိုပါပုံသဏ္ဍာန်တွေကတော့ နှာတံထင်းထင်း၊ မေးစေ့ထင်းထင်း၊ မေးရိုးကားကား၊ ပါးရိုးမြင့်မြင့်ပုံစံ ဖြစ်ပါတယ်။
အမျိုးသားတွေအတွက်ကတော့ အမျိုးသမီးတွေကို ဂရုစိုက်စရာလို့မြင်ပေမယ့် အမျိုးသမီးအတွက်ကတော့ သန်မာတယ်လို့ယူဆရတဲ့ အမျိုးသားတွေကို ပိုမိုစွဲလမ်းတာဖြစ်ပါတယ်။
ယခုတွေ့ရှိချက်တွေက ပုံသေသတ်မှတ်လို့ရတာတော့ မဟုတ်ဘဲ လက်ရှိစိတ်ပိုင်းဆိုင်ရာအခြေအနေတွေပေါ် များစွာမူတည်နေပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း လူအများစုဟာ ကိုဗစ်ကပ်ဘေး၊ စရိတ်စကမြင့်မားခြင်း၊ အစိုးရပြောင်းလဲခြင်းတို့ကြောင့် အခြေအနေသက်ရောက်မှုများ ခံနေရကာ ကျန်းမာရေး၊ အိပ်စက်ခြင်း၊ ဦးနှောက်တို့မှာ ဆိုးကျိုးများခံစားနေရပါတယ်။
ထို့အတွက် ကျောင်းသူကျောင်းသား ၁၇၃ ယောက်ကို စမ်းသပ်ခေါ်ယူပြီး သူတို့ရဲ့အနေအထားက လက်ရှိနေထိုင်မှုပုံစံ အဆင်ပြေနေလား အဆင်မပြေဘူးလားဆိုတာကို သိရဖို့ကြိုးစားခဲ့ကြပါတယ်။
ထို့နောက် အမျိုးသားနဲ့ အမျိုးသမီး ၄ ယောက်စီရဲ့မျက်နှာကို ဒီဂျစ်တယ်ဖြင့် ခက်ထန်တဲ့ပုံစံနဲ့ နူးညံ့သိမ်မွေ့တဲ့ပုံစံဖြစ်အောင် ပြသခဲ့ပါတယ်။
ဖြေဆိုသူများက ထိုမျက်နှာတွေရဲ့ စွဲဆောင်နိုင်စွမ်း၊ နှစ်သက်ပုံတို့ကို အကဲဖြတ်ပြီး အတူတွဲချင်တဲ့စိတ်ဘယ်လောက်ရှိလဲဆိုတာကို သတ်မှတ်ခဲ့ကြပါတယ်။
လေ့လာမှုအပြီးမှာတော့ ယခုလိုခက်ခဲတဲ့ကာလအတွင်း အမျိုးသမီးတွေဟာ မျက်နှာရင့်ကျက်ခက်ထန်တဲ့ အမျိုးသားတွေကို ပိုမိုစွဲဆောင်မှုရှိတယ်လို့ မှတ်ယူခဲ့ကြပြီး အမျိုးသားတွေကတော့ မျက်နှာနူးညံ့သိမ်မွေ့ပြီး ဂရုတစိုက်ရှိမယ့်အမျိုးသမီးမျိုးကို ပိုမိုစွဲလမ်းကြောင်း တွေ့ရှိခဲ့ကြပါတယ်။
မျက်နှာနူးညံ့သိမ်မွေ့တဲ့လူတွေက ဂရုစိုက်တတ်တယ်လို့ ထင်မြင်ကြပြီး မျက်နှာကြမ်းတမ်းတဲ့လူတွေကတော့ ကြံ့ခိုင်သန်မာတယ်လို့ ဆန့်ကျင်ဘက်လိင်တွေက ယူဆကြပါတယ်။
Source: Daily Mail
#Yangon_Media_Group
Page 1085 of 1700