#World_Health
Published 31 August 2023
ယောက်ျားတွေရော မိန်းမတွေပါ ဆံပင်ကျွတ်ခြင်း ခံစားရနိုင်ပေမယ့် ဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ဖြစ်တဲ့နေရာတွေတော့ မတူညီကြပါဘူး။
လုံးဝနီးပါး ဆံပင်ကျွတ်ခြင်းမျိုး ခံစားရတဲ့အခါ အမျိုးသားတွေမှာ ကတုံးဖြစ်ရတဲ့အထိ ခံစားရတတ်ပြီး ဆံပင်ပြန်မထွက်ကြတော့ပါဘူး။
အမျိုးသမီးတွေမှာ ဟော်မုန်းပြောင်းလဲခြင်း၊ စိတ်ဖိစီးခြင်း၊ အစားအသောက်၊ ဖျားနာရောဂါ အမျိုးမျိုးတို့ကြောင့် အမွှေးအမျှင်ကျွတ်ခြင်း ခံစားရတတ်ပါတယ်။
နဖူးဘေးနားနဲ့ ဦးရေပြားအလယ်ကနေ စတင်ဆံပင်ကျွတ်လာပြီဆိုရင် နေရာတိုင်းမှာလည်း ဖြစ်လာနိုင်ပါတယ်။
ဆံပင်ကျွတ်ခြင်း ခံစားရသူတွေဟာ ဘယ်လိုအကြောင်းအရင်းကြောင့် ဖြစ်ရကြောင်းနဲ့ ဘယ်လိုကုသရမလဲဆိုတာ သိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ အရေးကြီးပါတယ်။
ဆံပင်ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုအတွက် လေ့ကျင့်ခန်းပြုလုပ်ခြင်းက များစွာသက်ရောက်နေပါတယ်။
ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုက ခန္ဓာကိုယ်ထဲက ဆဲလ်နဲ့တစ်ရှူးများထံ သွေးလည်ပတ်မှုကို ကောင်းမွန်စေကာ ဦးရေပြားအပေါက်တွေထံ သွေးရောက်ရှိပြီး ဆံကေသာကျန်းမာရေးအတွက် အရေးကြီးပါတယ်။
ဆံပင်မွေးညင်းပေါက်တွေမှာ ဆံကေသာကြံ့ခိုင်သန်စွမ်းနေစေရန် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးပါတယ်။
ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုပြုလုပ်ခြင်းက အင်ဒိုဖင်းဟော်မုန်းထွက်စေကာ စိတ်ဖိစီးမှုကို သက်သာစေပါတယ်။
ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ စိတ်ဖိစီးမှုလည်း ပါဝင်တာကြောင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ဖိစီးမှုကို လျှော့ချနိုင်ရင် ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။
ဒါပေမဲ့ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ရင်တော့ ဆန့်ကျင်ဘက်ဖြစ်ပျက်နိုင်ကာ ဆံပင်ရဲ့ သဘာဝစက်ဝန်းကို နှောင့်ယှက်စေပြီး ဆံပင်မွေးညင်းပေါက်များကို ပျက်စီးစေပါတယ်။
လူတစ်ယောက် ချွေးထွက်တဲ့အခါ ချွေးထဲက ဆားဓာတ်တွေက ဦးရေပြားပေါ်မှာ စုပြုံလာပြီး အချိန်ကြာလာတာနဲ့အမျှ ဆံကေသာကျန်းမာရေးကို ထိခိုက်စေပါတယ်။
စက်ဘီးစီးခြင်း၊ ဖွဖွပြေးခြင်း၊ လမ်းအမြန်လျှောက်ခြင်း၊ ရေကူးခြင်းတို့က သွေးနီဥထုတ်လုပ်မှုကို ကောင်းမွန်စေပြီး သွေးလည်ပတ်မှု ကောင်းစေပါတယ်။
လှုပ်ရှားလေ့ကျင့်ခန်းလုပ်တဲ့အခါ ကော်တီဆောလ်ဟော်မုန်းထွက်စေပြီး ဆံပင်ကျွတ်ခြင်းကို ဖြစ်စေတဲ့ ဖိစီးမှုကို လျော့ကျစေပါတယ်။
အမျိုးသားတွေ ဝိတ်မတဲ့အခါ ဆံပင်ပိုကျွတ်နိုင်ပြီး အေရိုးဗစ်လေ့ကျင့်ခန်းတွေ ပြုလုပ်ရင်တော့ ဆံပင်ကျန်းမာရေးအတွက် ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်းပြုလုပ်ပြီးရင် ဦးရေပြားမှ ချွေးတွေ ဆားတွေကို သန့်ရှင်းစေဖို့ ရေချိုးပစ်ရန်က အရေးကြီးပါတယ်။
ဒါ့အပြင် ရေပူက ဦးရေပြားရှိ လိုအပ်တဲ့အဆီများကို ဖယ်ရှားနိုင်တာကြောင့် ရေအေးဖြင့်ချိုးခြင်းက ပိုပြီးသင့်တော်ပါတယ်။
လေ့ကျင့်ခန်းကို အပြင်းအထန်မလုပ်ဘဲ သာမန်ဖြင့် ပုံမှန်ပြုလုပ်ခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်နေထိုင်ခြင်းတို့ဖြင့် ဆံပင်ကျွတ်ခြင်းကို သက်သာစေနိုင်မှာဖြစ်ပါတယ်။
#World_Health #လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း #ဆံကေသာကျန်းမာရေးကောင်းမွန်
#Source: The Jerusalem Post
၃၀ ဩဂုတ် ၂၀၂၃
INGO နှင့် NGO အဖွဲ့များကို စည်းမျဉ်းစည်းကမ်းများနှင့် အညီလုပ် ဆောင်နိုင်ရေးသက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် စနစ်တကျကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်နေရန်လိုအပ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစိုးရအဖွဲ့ကို မှာကြားပါတယ်။
ဩဂုတ်လ ၃၀ ရက် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမမှာကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ နစက ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမှာစကားပြောကြားရာမှာ ယခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန််ချက်အရသိရပါတယ်။
“ အချို့သောပြည်ပအကူအညီများသည် INGO၊ NGO များမှတစ်ဆင့်မျှဝေ ဆောင်ရွက်ခြင်းဖြစ်ပြီး၎င်းတို့ကို အကူအညီ ပေးနေသည့် အဖွဲ့ အစည်း၊ နိုင်ငံများကအသုံးချနေမှုများရှိနေတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြားပါတယ်။
ယင်းအပြင် မီဒီယာလုပ်ငန်းများနှင့်ပတ်သက်၍လည်း “ နိုင်ငံနှင့်လူမျိုး၏ အမျိုးသားရေး စရိုက်လက္ခဏာများနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် လုပ်ဆောင်မှု များ၊ ရေးသားထုတ်ဝေမှုများ၊ ထုတ်လွှင့်မှုများ မရှိစေဖို့အတွက်လည်း စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက် စသည့်နယ်ပယ်များအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် စနစ်တကျဖြင့် ကြပ်မတ်ဆောင် ရွက်သွားဖို့လိုအပ်တယ်လို့ ဝန်ကြီးတွေကို မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မီဒီယာကဏ္ဍအနေဖြင့် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ကြဖို့လည်း နစက ဥက္ကဋ္ဌက တိုက်တွန်း ပြောဆိုပါတယ်။
“မီဒီယာကဏ္ဏအနေနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် လူမှုကွန်ရက်များမှတစ် ဆင့်ခရီးသွားလုပ်ငန်းများအတွက် ဆွဲဆောင်မှုများရှိစေရေး ဆောင်ရွက်ရန်လိုတယ်” လို့ ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။လာရောက်သည့် ခရီးသွားများ အနေဖြင့် မိမိတို့နိုင်ငံ၏ ပုံရိပ်ကောင်းများကို မြင်တွေ့သွားနိုင်ရေးနှင့် ဝန်ဆောင်မှုများကို ရရှိစေရေး ကြပ်မတ် ဆောင်ရွက်သွားကြရမယ်လို့လည်း နစကဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။
အစည်းအဝေးတွင် ပညာရေး၊စိုက်ပျိုးမွေးမြူရေး၊ကုန်ထုတ်လုပ်မှုနှင့် MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊စာရင်းဇယားများ မှန်ကန်တိကျရေး၊လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ဝန်ဆောင်မှုစီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်း မှာကြားခဲ့ တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ယခုအစည်းအဝေးသည် အစိုးရအဖွဲ့ပြောင်းလဲဖွဲ့စည်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးဖြစ်ပြီး နစက ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်ယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
-ymg/knl
တရုတ်အရှေ့ပိုင်း ကျန်ရှီဒေသမှ မျက်မှန်ထုတ်လုပ်ရေး စက်မှုအခြေစိုက်စက်ရုံကြီးဟာ နိုင်ငံတကာ ဈေးကွက်နဲ့အညီ ရင်ဘောင်တန်းနိုင်ရန်အတွက် စမတ်ပစ္စည်းများကို ပြောင်းလဲထုတ်လုပ်နေပြီ ဖြစ်ပါတယ်။
Published_ 30 August 2023
#စမတ်မျက်မှန် #တရုတ်အရှေ့ပိုင်းကျန်ရှီဒေသ
#Asia_Industry
၃၀ ဩဂုတ် ၂၀၂၃
ဆော်ဒီအာရေဗျမှာ ကျောင်းသားတွေ ရက်ပေါင်း (၂၀)တိတိ ခွင့်မတိုင်ဘဲ ကျောင်းပျက်ကွက်ရင် အဲဒီကျောင်းသားတွေရဲ့ မိဘတွေဟာ ထောင်ဒဏ်နှင့်ရင်ဆိုင်ရနိုင်တယ်လို့ ပင်လယ်ကွေ့သတင်းဌာနက သတင်းအရသိရပါတယ်။ ဒီဆောင်ရွက်မှုဟာ ဆော်ဒီအာရေဗျရဲ့ ကလေးသူငယ်ကာကွယ်ရေး ဥပဒေအရဖြစ်ပြီး လာမယ့် စာသင်နှစ်တွေမှာ ပညာရေးအရည်အသွေးတွေမြှင့်တင်ရေး ရည်ရွယ်တာဖြစ်ပါတယ်။
ဆော်ဒီရဲ့ မက်ကား သတင်းစာပါသတင်းကို ကိုးကားပြီး ပင်လယ်ကွေ့သတင်းက သတင်းရေးသားရာမှာ တကယ်လို့ ကျောင်းသားတစ်ဦးဟာ တရားဝင်ခွင့်တိုင်ကြားခြင်းမရှိဘဲ ရက်ပေါင်း ၂၀ ကျောင်းပျက်ရင် နိုင်ငံရဲ့ ကလေးသူငယ် ကာကွယ်ရေးဥပဒေအရ ပြည်သူ့တရားစွဲဌာနဟာ မိဘတွေကို ခေါ်ယူစစ်ဆေးမယ်လို့သိရပါတယ်။
စစ်ဆေးမှုတွေပြီးးသွားရင် အမှုကို တရားရုံးကို လွှဲပေးပါလိမ့်မယ်။ တကယ်လို့ ကလေးပျက်ကွက်မှုဟာ မိဘတွေရဲ့ လျစ်လျူပြုမှုကြောင့်လို သက်သေပြနိုင်ရင် မိဘတွေကို သင့်တင်တဲ့ ထောင်ဒဏ်ချနိုင်တဲ့ လုပ်ပိုင်ခွင့် တရားရုံးကို ပေးအပ်ထားပါတယ်။
အဲသလိုအရေးယူဆောင်ရွက်ဖို့လည်း အဆင့်များစွာရှိပါတယ်။ ပထမဆုံး ကျောင်းအုပ်ကြီးက အဲဒီလိုရက်ရှည် ကျောင်းပျက်မှုကို သက်ဆိုင်ရာ ပညာရေးဌာနကို အစီရင်ခံရမှာဖြစ်ပြီး အဆိုပါဌာနက ကနဦးစုံစမ်းမှု လုပ်ဆောင်ပါလိမ့်မယ်။ အဲဒီနောက် ပညာရေးဝန်ကြီးဌာနဟာ အဆိုပါကိစ္စကို ဆက်လက်အရေးယူဆောင်ရွက်မှာဖြစ်ပြီး မိသားစုစောင့်ရှောက်ရေးဌာနက အဆိုပါကျောင်းပျက်ကွက်မှုကို ကြားနာရပါမယ်။ အဲဒီနောက်လိုအပ်လာရင်တော့ အမှုကို တရားစွဲအရာရှိထံဆက်လက်လွှဲပေးမှာဖြစ်ပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံမှာ နှစ်လတာနွေရာသီကျောင်းပိတ်ပြီးနောက် ကျောင်းသူကျောင်းသား (၆)သန်းကျော်ဟာ ကျောင်းကိုပြန်လာကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
Source WION
#Daily_News
Published_ 30 August 2023
၁။ မိုးစပါးထွက်ခါနီးအချိန် အယ်နီညိုကြောင့် ရေရှားနိုင်သဖြင့် ယခုလအတွင်းဆည်ရေစုထားရန်လို
၂။ အသီးအနှံ တန်၂၀၀ ကျော်အထိ သိုလှောင်ထားနိုင်တဲ့ အအေးခန်းကုန်သိုလှောင်ရုံကြီး တညင်းကုန်း (သစ်သီးဝလံ) လက်ကားဈေးကြီးတွင်ဖွင့်လှစ်
၃။ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းက YESC သို့ ဆိုလာလမ်းမီး တိုင်အစုံ(၆၀) လှူဒါန်း
၄။ တရုတ်ပြည်အရှေ့ပိုင်းမှ မျက်မှန်စက်မှုလုပ်ငန်းများ ခေတ်နှင့်အညီအဆင့်မြင့် စမတ်မျက်မှန်များထုတ်လုပ်ဖန်တီးလာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
၃၀ ဩဂုတ် ၂၀၂၃
ဂါဘွန်နိုင်ငံတွင် ရွေးကောက်ပွဲရလဒ်ကြေညာအပြီးတွင် အဆိုပါရွေးကောက်ပွဲရလဒ်ကိုဖျက်သိမ်းပြီး ဂါဘွန် စစ်သားအုပ်စုတစ်စုက အာဏာသိမ်းယူလိုက်ကြောင်း ဩဂုတ် ၃၀ ရက် ဗုဒ္ဓဟူးနေ့က နိုင်ငံပိုင်ရုပ်သံမှ ကြေညာခဲ့ပါတယ်။
ကြေညာနေစဉ်အတွင်း ဂါဘွန်နိုင်ငံမြို့တော် လစ်ဘရီဗီလီတွင် သေနတ်သံတွေကြားရတယ်လို့ အေအက်ဖ်ပီ သတင်းထောက်များက ပြောပါတယ်။
ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းကြောင်းကြေညာတဲ့ စစ်သားများထဲမှ တစ်ဦးက “ သမ္မတနိုင်ငံရဲ့ အဖွဲ့အစည်းတွေအားလုံးကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ပါ ပြောကြားပါတယ်။
“ လက်ရှိအစိုးရကို နိဂုံးချုပ်ပေးလိုက်ခြင်းဖြင့် ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးကိုကာကွယ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်” လို့ ဂါဘွန် ၂၄ ရုပ်သံမှကြေညာရာတွင် စစ်သားတစ်ဦးက ပြောပါတယ်။ သူဟာ “ အဖွဲ့အစည်းများ အသွင်ကူးပြောင်းရေး နှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီ” ကိုယ်စားပြုပြောကြားတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
“ အဲဒါကြောင့် ၂၀၂၃ ခုနှစ် ဩဂုတ် ၂၆ ရက်နေ့ မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနှင့် အဲဒီရွေးကောက်ပွဲရဲ့ရလဒ်တွေကို ဖျက်သိမ်းပါတယ်” လို့သူကဖြည့်စွက်ပြောပါတယ်။
“သမ္မတနိုင်ငံရဲ့ အဖွဲ့အစည်းအားလုံးဖျက်သိမ်းပါတယ်။ အစိုးရ၊ဆီးနိတ်၊ အမျိုးသားလွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးတွေဖြစ်ကြတယ်” လို့ သူကပြောပြီး နောက်ထပ်မကြေညာမချင်း နယ်စပ်တွေပါပိတ်လိုက်တယ်လို့ပါ ကြေညာသွားပါတယ်။
အဲဒီစစ်သားတွေထဲမှာ သမ္မတအစောင့်တွေနှင့် ပုံမှန်စစ်တပ် စစ်သားတွေနှင့်ရဲအရာရှိတွေပါဝင်ပါတယ်။
အမျိုးသားရွေးကောက်ပွဲကော်မရှင်က အာဏာ ၁၄နှစ်အထိရယူထားတဲ့ ဘွန်ဂိုဟာ တတိယမြောက်သက်တမ်းအတွက် ရွေးကောက်ပွဲမဲ ၆၄.၂၇ ရာခိုင်နှုန်းနှင့်ထပ်မံအရွေးခံရတယ်လို့ ကြေငြာအပြီး သိပ်မကြာခင်မှာပဲ အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဘွန်ဂိုရဲ့ပြိုင်ဘက် အဲလ်ဘတ်အွန်ဒိုအိုဆာဟာ ၃၀.၇၇ ရာခိုင်နှုန်းပဲမဲရခဲ့တယ်လို့ ရွေးကောက်ပွဲရလဒ်ကြေညာချက်အရ သိရပါတယ်။
ရွေးကောက်ပွဲမှာ ဘွန်ဂိုရဲ့ အဖွဲ့တွေ လိမ်လည်မှုတွေကြိုးကိုင်လှုပ်ရှားခဲ့ကြတယ်လို့ မဲပေးမှုမပိတ်ခင် အွန်ဒိုအိုဆာက ရှုတ်ချပြောဆိုခဲ့ပါတယ်။
တနင်္လာနေ့တုန်းက အွန်ဒိုအိုဆာရဲ့ မဲဆွယ်ပွဲ မန်နေဂျာ မိုက်ဂျောတိန်းက ဘွန်ဂို့ကို သွေးထွက်သံယိုမဖြစ်စဘဲ အာဏာလွှဲပေးဖို့ပြောခဲ့ပါတယ်။ သူက အထောက်အထားအတိအကျမပြဘဲ မဲတစ်စိတ်တစ်ပိုင်းရေတွက်မှုအပြီးမှာ အွန်ဒိုအိုတာက ရှင်းရှင်းလင်းလင်းအနိုင်ရနေတယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲရလဒ်ကို နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ကြိုတင်ကြေညာထားခြင်းမရှိဘဲ မနက် ၃နာရီ ၃၀ မိနစ်မှာ ကြေညာလိုက်တာဖြစ်ပါတယ်။
စနေနေ့ မဲပေးမှုမပြီးဆုံးခင် ဘွန်ဂိုအစိုးရက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့ပြီး နိုင်ငံအနှံ့အင်တာနက်တွေပိတ်ခဲ့ ပါတယ်။ အကြောင်းပြချက်က သတင်းမှားတွေ ပျံ့နှံသွားမှာ နှင့် အကြမ်းဖက်မှုတွေဖြစ်လာနိုင်တာကို ကြိုတင်ဟန့်တားဖို့လို့ဆိုပါတယ်။
ဂါဘွန်အာဏာသိမ်းမှုဟာ အနောက်နှင့်အလယ်အာဖရိကဒေသမှာ ၂၀၂၀ပြည့်နှစ်ကတည်းကဆိုရင် (၈)ခုမြောက် ဖြစ်ပါတယ်။ ယခုမတိုင်ခင်က နိုင်ဂျာနိုင်ငံမှာ ဇူလိုင်ကအာဏာသိမ်းခဲ့ပါတယ်။ အဲဒီမတိုင်ခင်က မာလီ၊ဂူအင်နီယာ၊ ဘာကီနာဖာဆိုနှင့် ချက်ဒ်တို့မှာ အာဏာသိမ်းမှုတွေဖြစ်ခဲ့ပါတယ်။
Source NDTV/Reuters/CNN
‘ ဆီကုမ္ပဏီတွေကသာဒီအတိုင်းရည်ညွှန်းဈေးအတိုင်းရောင်းပေးရင် သေချာတယ်ဆီဈေးကျ ဆင်းသွား နိုင်တယ်။ဆီတင်သွင်းတဲ့ကုမ္ပဏီအလိုက် ရည်ညွှန်းဈေး(၄၁၅၅)ကျပ်နဲ့ဆီလက်လီလက်ကားအရောင်းဆိုင်(၁၇၃) ဆိုင်ကိုရောင်းချပေးထားတာဖြစ်ပြီးအဲ့ဒီဆိုင်တွေကအထွေထွေစရိတ်နဲ့အမြတ်(၂)ရာခိုင်နှုန်းသာယူပြီးကျပ်(၄၃၀၀)နဲ့ရောင်းချပေးနေတာဖြစ်တယ်။
ဆီလက်ကားကုန်သည်ကြီးတစ်ဦး
Published_ 30 August 2023
#စားအုန်းဆီ #ဆီကုမ္ပဏီ
#tthl
#Yangon_Times
သယ်ယူပို့ဆောင်ရေးစရိတ်တင်မကဘဲ အဖက်ဖက်ကကုန်ကျမှု ပိုများလာတာကြောင့် သစ်သီးဈေးနှုန်းတန်ဖိုးပိုမြင့်လာကာ အခြေခံစားသောက်ကုန်မဟုတ်တာကြောင့် ဈေးကွက်တွင် အရောင်းဝယ်အလွန်အေးနေတယ်လို့ ကိုရဲသစ်သီးပွဲရုံပိုင်ရှင်က အခုလိုပြောပါတယ်။
Published_ 30 August 2023
#ရာသီပေါ်သစ်သီးဈေးကွက် #အရောင်းအဝယ်အလွန်အေး
#YMG/LW
#Yangon_Times
တရုတ်ယွမ် သုံးသိန်း တန်ဖိုးရှိသည့်ဆိုလာလမ်းမီးတိုင် အစုံ (၆၀) လှူဒါန်း
Published_ 30 August 2023
#ဆိုလာလမ်းမီးတိုင် #ယူနန်ပြည်နယ်
#YMG/my
#Yangon_Times
#Local_News
Published-30 August 2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ ရွာမအနောက်ရပ်ကွက်တွင် ယာဉ်တစ်စီး အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကိုဝင်တိုက်ရာ ကားခေါင်းခန်းတွင် ယာဉ်မောင်းညှပ်နေ၍ ခက်ခက်ခဲခဲကူညီမှုများဆောင်ရွက်ခဲ့ရကြောင်း တွဲလက်လူမှုကူညီရေးအသင်းက သိရသည်။
ယနေ့သြဂုတ်လ ၃၀ ရက်မွန်းလွဲ ၁၂နာရီ ၂၀မိနစ်အချိန်ခန့်က ရွာမအနောက်ရပ်ကွက်၊ မင်းစေတီမှတ်တိုင်နှင့်ဆရာတော်ကြီး မှတ်တိုင်ကြားတွင် ယာဥ်တိုက်မှုဖြစ်ခဲ့၍ ပရဟိတအသင်းများနှင့် အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကူညီမှုများဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
"ကားခေါင်းမှာ ညှပ်နေတဲ့အမျိုးသားကို ပရဟိတအသင်းတွေပူးပေါင်းပြီး ကားခေါင်းထဲက ကယ်ထုတ်ခဲ့တယ်။ ထိခိုက်ဒဏ်ရာရတဲ့အမျိုးသားက စိုးရိမ်စရာတော့မရှိပါဘူး"ဟု ယင်းလူမှုကူညီရေးအသင်းကသိရသည်။
ဒဏ်ရာရရှိသူအမျိုးသားအား အင်းစိန်မြို့နယ်မီးသတ်လူနာတင်ယာဥ်ဖြင့် အင်းစိန့်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်းလည်းသိရသည်။
#Local_News # အရှိန်မထိန်းနိုင်ဘဲသစ်ပင်ကိုဝင်တိုက် #ယာဥ်မောင်းအားခက်ခက်ခဲခဲကယ်ထုတ် #Yangon_Times/PP #Yangon_Times
စားသောက်ကုန်နဲ့ အသီးအနှံတွေကို သဘာဝအရသာအရည်အသွေး၊ အရောင်အဆင်းပျက်စီးမှုမရှိစေပဲ၊ ပို့ဆောင်စရိတ်သက်သာပြီး တဆင့်ပြန်လည်ရောင်းချသူတွေထံ အချိန်တိုအတွင်း လျှင်မြန်စွာဖြန့်ဖြူးရောင်းချနိုင်ဖို့အတွက်ဖွင့်လှစ်ထား
Published_ 30 August 2023
#စားသောက်ကုန် #အအေးခန်းကုန်သိုလှောင်ရုံကြီး
#YMG/LW
#Yangon_Times
‘စက်တင်ဘာလထဲ အယ်နီညိုစတင်မှာဖြစ်ပေမယ့် စက်တင်ဘာလထဲမှာတော့ မိုးရွာသွန်းနိုင်ခြေရှိသေးတဲ့အတွက် မိုးခေါင်ရေရှားလာချိန်မှာ စိုက်ပျိုးရေးအတွက် ပြန်သုံးဖို့ ဆည်ရေတွေကြိုစုထားဖို့လိုတယ်’
ဦးလှထွန်း(ညွှန်ကြားရေးမှူး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
Published_ 30 August 2023
#မိုးစပါး #အယ်နီညို
#tthl
#Yangon_Times
Page 1089 of 2002