#Local_News

Published 26 November  2023

မြန်မာနိုင်ငံအတွင်းရှိ ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း များအသိအမှတ် ပြုလက်မှတ် လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်တွင်းဘုရားဖူးအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။


အဆိုပါ ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်များအနေဖြင့် အသင်း ဝင်ရန်အတွက် လာမည့်ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထားပြီး လျှောက်ထားရ မည်ဖြစ်ကြောင်း  သိရသည်။
"
မြန်မာပြည်တစ်ဝန်း ဘုရားဖူးနဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြု လက်မှတ်လျှောက်ထားရမှာပါ ။ညွန်ကြားချက်နဲ့လျှောက်ထားပြီးရင်
ကိုက်ညီ မညီ သက်ဆိုင်ရာကစိစစ်သွားပါမယ်" ဟု ပြည်တွင်းဘုရားဖူးအသင်းက တာဝန်ရှိသူတစ်ဉီးက ပြောသည်။


ပြည်တွင်းဘုရားဖူးလုပ်ငန်းများ အသိအမှတ်ပြုလက်မှတ် ရယူလျှောက်ထားရန် တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားပြီး အသိအမှတ်ပြုလက်မှတ်ကို ပြည်တွင်းဘုရားဖူးအသင်းဝင်ဖြစ်မှသာ လျှောက်ထား၍ ရမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ပြည်တွင်းဘုရားဖူးအသင်း၏ ထုတ်ပြန်ချက်အရ ဘုရားဖူး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပေးသည့်  ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို မဖြစ်မနေ လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။

 

ထို့အပြင် ရန်ကုန်အခြေစိုက် ပြည်တွင်းဘုရားဖူးခရီးသွားလုပ်ငန်းများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ဝန်ဆောင်မှု ပေးခြင်း ရှိ /မရှိကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁) ရက် မှစတင်ပြီး သက်ဆိုင်ရာဌာနများမှ စိစစ်ကြပ်မတ် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

#Local_News  ##ဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း  #အသိအမှတ်ပြုလက်မှတ် #YMG /NN  #Yangon-Times