#Local_News
Published 30 August 2023
လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ် လမ်းမဆောက်လုပ်ရေး မှတ်တိုင်အနီးတွင် သြဂုတ်လ ၂၉ရက် ည ၉နာရီ ၄၅မိနစ်တွင် ဖယ်ရီယာဉ်နှင့်Taxi ယာဉ်တို့ တိုက်မှုဖြစ်ပွားကာ ဖယ်ရီယာဉ်ပေါ်ပါလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သြဂုတ်လ ၃၀ နံနက် ၆နာရီ ၅၀ မိနစ်တွင် စက်ဘီးနှင့်ဖယ်ရီယာဉ်တို့တိုက်မှုကြောင့် စက်ဘီးစီးလာသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လှိုင်သာယာမြို့နယ် လူမှုကူညီရေးအသင်းများထံက သိရသည်။
''ရန်ကုန်-ပုသိမ် လမ်းမဆောက်လုပ်ရေး မှတ်တိုင်နားမှာပဲ မနေ့ညကတစ်မှု အခုမနက်တစ်မှုဖြစ်တယ်၊ မနေ့ညကဖြစ်တာက အရှိန်နဲ့မောင်းလာတဲ့ Taxi က ရှေ့ကားတစ်စီးကိုကျော်ရပ်ထားတဲ့ ဖယ်ရီကား မမြင်ဘဲ ဝင်တိုက်မိသလိုဖြစ်သွားတာ ဖယ်ရီပေါ်မှာ ပါလာတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ၃ဦးဒဏ်ရာရတယ်၊ အမျိုးသားကတော့ ခြေထောက်ကြေမွသွားတယ်၊ စိုးရိမ်ရတယ်၊ အမျိုးသမီးသုံးယောက်ကတော့ ခေါင်းကွဲတာတို့ တခြားထိခိုက်ရှနာ (မစိုးရိမ်ရ)အခြေနေရှိတယ်၊ အခုမနက် အဲ့နားပဲဖြစ်တာက စက်ဘီးနဲ့ လမ်းဖြတ်ကူးတာကို ဖယ်ရီကားက ဝင်တိုက်တာ။ စက်ဘီးသမားက ဦးခေါင်းအနောက်ပိုင်း အတော်ထိသွားတယ်၊ စိုးရိမ်ရတယ်''ဟု မေတ္တာပါရမီလူမှုကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်း(လှိုင်သာယာ)မှ ကိုအောင်ခိုင်က ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို လှိုင်သာယာမြို့နယ်ဆေးရုံနှင့်မြောက်ဥက္ကလာဆေးရုံတို့တွင် ဆေးကုသမှုခံယူနေကြောင်း၊ ယာဉ်တိုက်မှု ပက်သက်သည့် ယာဉ်မောင်းများကို လှိုင်သာယာ မြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
#YMG/LW #Local_News #ယာဉ်တိုက်မှုနှစ်မှုဖြစ်ပွား #ဒဏ်ရာရရှိသူ၅ဦးရှိ
#Yangon_Times
#Local_News
Published 30 August 2023
ပြည်ပနိုင်ငံသို့တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ လုပ်ငန်းခွင်အတွင်း အလုပ်ရှင်အလုပ်သမား မပြေလည်မှုများ၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုများ ဖြစ်ပေါ်လာပါက အဆိုပါ အလုပ်သမားကိုစေလွှတ်ခဲ့သည့် လိုင်စင်ရအေဂျင်စီ က ရက်ပေါင်း ၃၀ အတွင်း ဖြေရှင်းပေးရမည်ဟု အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်က ပြောကြားခဲ့သည်။
သြဂုတ်၂၉ရက်ကအလုပ်သမားဝန်ကြီးဌာနနှင့်မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ တာဝန်ရှိသူများတွေ့ဆုံသည့် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်က အခုလိုပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ပအလုပ်အကိုင်ရှာဖွေရေးလိုင်စင်ရ အေဂျင်စီများ အနေဖြင့် အလုပ်သမားရေးရာ ပြသာနာများနှင့် ထူးခြားဖြစ်စဉ်များ တစ်စုံတရာပေါ်ပေါက်ပါက သက်ဆိုင်ရာဌာနများသို့ သတင်းပေးပို့ပြီး အလုပ်သမားသံအရာရှိနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဖြေရှင်းသင့်ကြောင်း၊ မိမိစေလွှတ်လိုက်သည့် အလုပ်သမားများကို စတင်ထွက်ခွာချိန်မှမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည် အချိန် အထိ တာဝန်အပြည့်အ၀ရှိကြောင်းပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်ထိ ပြည်ပနိုင်ငံများကိုတရားဝင်အလုပ်သမားစေလွှတ်ခွင့်ရရှိထားသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၄၅၇ ခု ရှိကြောင်း သိရသည်။
#YMG/LW #Local_News #ပြည်ပရောက်အလုပ်သမား #လုပ်ငန်းခွင်ပြဿနာ
#Yangon_Times
#Asia_News
Published 30 August 2023
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝက်ထရာရဲ့ ရှေ့နေက သက်ဆင်အတွက် ထိုင်းဘုရင်းမင်းမြတ်ထံမှ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံရန် လိုအပ်တဲ့ စာရွက်စာတမ်းအားလုံး ပြင်ဆင်နေပါတယ်။
ရှေ့နေဝင်ယက်ချာတ်မွန်ထရီက လွတ်ငြိမ်းချမ်းသာခွင့် တင်မယ့်နေ့ကိုတော့ မစီစဥ်ရသေးဘူးလို့ ပြောပြခဲ့ပါတယ်။
သာမန်အားဖြင့် အကျဥ်းကျကာလသက်တမ်းရဲ့ ၃ ပုံ ၁ ပုံ ပြီးဆုံးထားသူတွေ ဒါမှမဟုတ် အနည်းဆုံးထောင်ဒဏ် ၈ နှစ် ကျခံထားပြီးသူတွေက ထိုင်းဘုရင်မင်းမြတ်ထံမှ လွတ်ငြိမ်းချမ်းသာခွင့် တင်သွင်းနိုင်ပြီ ဖြစ်ပါတယ်။
ကိုယ်တိုင်ပြည်နှင်ဒဏ်ပေးပြီး ၁၅ နှစ်အကြာမှာ ထိုင်းနိုင်ငံသို့ ပြန်လာတဲ့ အသက် ၇၄ နှစ်ရှိသက်ဆင်ကို အထက်တရားရုံးကနေ ထောင်ဒဏ် ၈ နှစ်ပြစ်ဒဏ်ချမှတ်ခဲ့ရာ ဩဂုတ် ၂၂ ရက်နေ့က ဘန်ကောက်ရမန်အကျဥ်းထောင်ရှိ သီးသန့်နေရာသို့ ပို့ဆောင်ခဲ့ပါတယ်။
၁၃ နာရီအတွင်းမှာပဲ ရင်ဘတ်အောင့်ခြင်း၊ သွေးတိုးခြင်း၊ သွေးထဲအောက်ဆီဂျင် နည်းပါးခြင်းတို့ ခံစားခဲ့ရကာ ရဲဌာနအထွေထွေဆေးရုံသို့ လွှဲပြောင်းခဲ့ရပါတယ်။
သက်ဆင်ရဲ့ အငယ်ဆုံးသမီး ပယ်ထုံတန်က သူ့အဖေထံသို့ တနင်္လာနေ့မွန်းလွဲနဲ့ အင်္ဂါနေ့မနက်ပိုင်းတို့မှာ သွားရောက်လည်ပတ်ခဲ့ကာ သူ့ရဲ့နှလုံးအခြေအနေကို အစိုးရိမ်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
သူ့အဖေက အားအင်ကုန်ခမ်းနေပေမယ့် သူမကို စကားပြောနိုင်သေးကြောင်း ဖွေထိုင်းပါတီရုံးချုပ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ကိုဗစ်ကာလအစတုန်းကလည်း သက်ဆင်ဟာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခဲ့ပြီး အထူးကြပ်မတ်ဆောင်မှာ ၉ ရက်နေခဲ့ရကာ ဆေးရုံမှာ တစ်လကြာအောင် နေထိုင်ခဲ့ရပါတယ်။
သက်ဆင်ဟာ ရဲဌာနအထွေထွေဆေးရုံမှာ ဆက်ရှိနေမှာဖြစ်ပြီး ပုဂ္ဂလိကဆေးရုံသို့ ရွှေ့ပြောင်းရန် အစီအစဥ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။
အချိန်ဘယ်လောက်ကြာတဲ့အထိ ဆေးရုံတင်ထားရဦးမလဲဆိုတာကို မေးမြန်းရာမှာ ဆရာဝန်တွေက တိကျတဲ့အဖြေ မပေးဘူးလို့ ဖြေကြားခဲ့ပါတယ်။
ဆေးရုံရဲ့ VIP အခန်းမှာ ရှိနေတယ်ဆိုတာကို ငြင်းပယ်လိုက်ကာ အခန်းကနေကြည့်ရင် ထိုင်းတော်ဝင်ရဲဌာနရုံးကို တွေ့ရကြောင်း ပြောကြားသွားပါတယ်။
ဘုရင်မင်းမြတ်ထံမှ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒါဟာ သူ့အဖေရဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး မိသားစုဝင်တွေကတော့ သူ့ကိုထောက်ပံ့သွားမှာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
သက်ဆင်မှာ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ သွေးတိုးရောဂါ၊ ခါးဆစ်ရိုးကျွံခြင်း စတဲ့ ရောဂါကြီး ၄ ခုခံစားနေရကြောင်း အကျင့်ပျက်ခြစားတိုက်ဖျက်ရေးဌာနက အစောပိုင်းက ဖော်ပြခဲ့ပါတယ်။
#Source: Bangkok Post #Asia_News #ဝန်ကြီးချုပ်ဟောင်းသက်ဆင် #လွတ်ငြိမ်းချမ်းသာခွင့် #Yangon_Times
#Local_News
Published_ 30 August 2023
(၄)ကြိမ်မြောက်အာရှမြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားသမားများ ပါဝင်ယှဉ်ပြိုင်နိုင်ရန် လေ့ကျင့်မှုများဆောင်ရွက်နေကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားသမားများအနေဖြင့်(၁)ပြေးခုန်ပစ်၊ (၂)ရေကူး၊(၃)ထိုင်လျက်ဘော်လီဘောအားကစားနည်းတို့ဖြင့်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီးအုပ်ချုပ်နည်းပြများ၊ အားကစားသမားများစုစုပေါင်း(၂၆)ဦး ကြိုတင်လေ့ကျင့်လျက်ရှိသည်ဟုဆိုသည်။
ယင်းကဲ့သို့လေ့ကျင့်မှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသွားရောက်တွေ့ဆုံအားပေးကြပြီး ပြည်ထောင်စုဝန်ကြီးက ‘နိုင်ငံတော်မှ အားကစားကဏ္ဍကို အထူးအရေးပေးပြီး ဆုတံဆိပ်ရရှိခဲ့သည့် အားကစားသမားများကို ဘဝအမခံချက်ရှိစေရန် ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်း၊ အားကစားသမားများအနေဖြင့် စိတ်ဓာတ်၊ ခံယူချက်အပြည့်ဖြင့် ကြိုးစားလေ့ကျင့်ပြီးယှဉ်ပြိုင်ရာတွင် နောက်ဆုံးအချိန်အထိ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ကြရန်၊ မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် အောင်မြင်မှုရရှိအောင် အစွမ်းကုန်ကြိုးစားကြရန်’မှာကြားခဲ့သည်။
အာရှမသန်စွမ်းအားကစားပြိုင်ပွဲကို ၂၀၂၃ခုနှစ်အောက်တိုဘာလ (၂၂)ရက်မှ(၂၈)ရက်အထိ ဟန်ကျိုးတွင်ကျင်း ပသွားရန်ရှိပြီး မြန်မာအပါအဝင်အာရှနိုင်ငံများမှ မသန်စွမ်းအားကစားသမားများယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
#tthl #Local_News #အာရှမသန်စွမ်းအားကစားပြိုင်ပွဲ #အုပ်ချုပ်နည်းပြ
#Yangon_Times
#World_Health
Published 30 August 2023
ထမင်းချက်ပြီးစားသောက်ရတာဟာ လွယ်ကူရိုးရှင်းပေမယ့် ထမင်းချက်ရာကနေ ထွက်ရှိတဲ့ ထမင်းရည်ကိုတော့ သွန်ပစ်လေ့ရှိကြပါတယ်။
ထမင်းရည်မှာ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရှိနေတယ်လို့ မကြာသေးမီက လေ့လာချက်တွေမှာ တွေ့ရှိထားပါတယ်။
- အစာချေခြင်းကို ကောင်းမွန်စေခြင်း
ထမင်းရည်မှာ ကစီဓာတ်နဲ့ အခြားဒြပ်ပေါင်းများ ပါဝင်ကာ အစာချေစနစ်ကို အကျိုးဖြစ်စေပါတယ်။
ထိုအကျိုးကျေးဇူးရရှိရန် ထမင်းချက်ပြီးနောက် ထမင်းရည်ကို သောက်သုံးသင့်ကြောင်းနဲ့ အလွန်အကျွံ မသောက်မိဖို့လည်း သတိပေးထားပါတယ်။
- ဆံကေသာကျန်းမာစေခြင်း
ရှေးဟောင်းဂျပန်တွေကို လေ့လာရာမှာ အမျိုးသမီးတွေဟာ ဆံကေသာ ကျန်းမာသန်စွမ်းရန် ထမင်းရည်ဖြင့် ရေချိုးကြတယ်လို့ ဖော်ပြထားပါတယ်။
ဒီအလေ့အထဟာ ဟွမ်လောင်တရုတ်ရွာမှာလည်း ဆက်လက်ကျင့်သုံးပြီး ထိုရွာမှ အမျိုးသမီးတွေဟာ ဆံပင် ၁၈၀ စင်တီမီတာခန့် ရှည်လျားကြတယ်လို့ သိရှိရပါတယ်။
၂၀၁၀ လေ့လာချက်မှာတော့ ထမင်းရည်ဟာ ဆံပင်ကို ကျန်းမာသန်စွမ်းစေတယ်လို့ ယူဆရပြီး ဒါဟာ အင်နိုစီတောပါဝင်တာကြောင့် ဖြစ်ပါတယ်။
- အရေပြားကျန်းမာရေး ကောင်းမွန်စေခြင်း
၂၀၁၃ လေ့လာချက်အရ အချဥ်ဖောက်ထားတဲ့ ထမင်းရည်ဟာ နေရောင်ကြောင့် အသားအရေ ပျက်စီးခြင်းကို ပြုပြင်ပေးခြင်း၊ ကော်လာဂျင်ထုတ်လုပ်မှု မြှင့်တင်ပေးခြင်း၊ အရေးကြောင်းများ လျှော့ချပေးခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
ထမင်းရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး အိုမင်းခြင်းကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိတယ်လို့ တွေ့ရှိထားပါတယ်။
- အရေပြားပြဿနာ သက်သာစေခြင်း
ခန္ဓာကိုယ်အနှံ့အပြားမှာ ခြောက်သွေ့ခြင်း၊ နီမြန်းခြင်း၊ ယားယံခြင်းတို့ကို ထမင်းရည်ဖြင့် သက်သာစေနိုင်ပါတယ်။
သူ့မှာပါဝင်တဲ့ ဆိုဒီယမ်လော်ရဲလ်ဆာလ်ဖိတ်ကို အလှကုန်ပစ္စည်းတွေမှာ ထည့်သွင်းထုတ်လုပ်လေ့ရှိပါတယ်။
#World_Health #ထမင်းရည်၏အံ့အားသင့်ဖွယ်
Source: The Jerusalem Post
#World_Health
Published 30 August 2023
အယ်လ်ကိုဟောကြောင့် မဟုတ်သော အသည်းအဆီဖုံးရောဂါ (NAFLD)ဟာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။
ဒီရောဂါဟာ အသည်းရောင်ရမ်းခြင်းကြောင့် ဖြစ်ပြီး ပြင်းထန်လာပြီဆိုရင် အသည်းပျက်စီးခြင်း၊ အသည်းခြောက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
အရက်အလွန်အကျူးသောက်သူတွေ ဖြစ်တတ်တဲ့ အသည်းအဆီဖုံးရောဂါနဲ့ မတူတာက NAFLD ဟာ ဇီဝဖြစ်စဥ်အခြေအနေကြောင့် ဖြစ်တာပါပဲ။
အင်ဆူလင်ယဥ်ပါးခြင်း၊ သွေးပေါင်ချိန်မြင့်ခြင်း၊ ကိုလက်စ်ထရောလ်မြင့်မားခြင်းတို့ အားလုံးပေါင်းစုံသွားတဲ့အခါ NAFLD ဖြစ်လာနိုင်ပါတယ်။
ထိုရောဂါမဖြစ်ပွားအောင် နေထိုင်စားသောက်မှုပုံစံဖြင့် ထိန်းသိမ်းမယ်ဆိုရင်တော့ အကျိုးဖြစ်စေမယ့် အရာတွေက..
(၁) အစိမ်းရောင်ဟင်းရွက်များ
ပန်းဂေါ်ဖီ၊ ကိုက်လံ၊ ဟင်းနုနွယ်တို့လို အရွက်တွေက အသည်းမှာ အဆီစုပြုံခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၂) သင့်လျော်တဲ့ အဆီဓာတ်ကိုထည့်သွင်းစားသုံးခြင်း
အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ ထောပတ်သီးမှအဆီ၊ သံလွင်ဆီ၊ အခွံမာသီးတို့မှအဆီတွေက အင်ဆူလင်ကို အလုပ်လုပ်စေကာ ဂလူးကို့စ်တွေကို ချေဖျက်ပါတယ်။
(၃) ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ သွေးပေါင်ချိန်နဲ့ ကိုယ်အလေးချိန်တို့ကို ကျစေနိုင်တဲ့ အာနိသင်ရှိပြီး အသည်းအဆီဖုံးရောဂါ ကာကွယ်ရာမှာ ကူညီပေးပါတယ်။
(၄) သင့်လျော်မှန်ကန်သော ကာဗိုဟိုက်ဒရိတ်စားသုံးခြင်း
အချိုဓာတ်ပါဝင်တဲ့ အစားအစာ၊ ဖျော်ရည်၊ ဆော့စ်၊ ခေါက်ဆွဲတို့ကို ရှောင်ရှားသင့်ပြီး ဂျုံစပါး၊ ကောက်ပဲသီးနှံတို့လို အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ ရွေးချယ်သင့်ပါတယ်။
(၅) လက်ဖက်စိမ်း
လက်ဖက်စိမ်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး ကိုယ်အလေးချိန်ကျစေရန် ကူညီပေးသလို အသည်းအဆီဖုံးရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
(၆) စားသုံးလိုက်သောအာဟာရဓာတ်များကို အမြဲကြည့်ရှုစစ်ဆေးခြင်း
ဗိုက်တာမင်-ဒီနည်းပါးရင် အသည်းအဆီဖုံးရောဂါ ဖြစ်တဲ့အခါ ပိုမိုဆိုးရွားနိုင်ပြီး နေရောင်အောက် ၁၀ မိနစ်ခန့် နေထိုင်သလို နို့ထွက်ပစ္စည်းများမှလည်း ဗိုက်တာမင်-ဒီ ရရှိနိုင်ပါတယ်။
ပိုတက်ဆီယမ်ချို့တဲ့ရင်လည်း NAFLD ဖြစ်ပွားနိုင်ကာ ငါးသေတ္တာ၊ ဆယ်လ်မွန်၊ ငှကပျောသီး၊ ကန်စွန်းဥ၊ ထောပတ်သီးတို့ဟာ ပိုတက်ဆီယမ် ကြွယ်ဝပါတယ်။
(၇) အသည်းအဆီဖုံးရောဂါ မဖြစ်ရန် အကောင်းဆုံးနည်းလမ်းကတော့ အရက်သေစာ ရှောင်ရှားဖို့ပဲ ဖြစ်ပါတယ်။
#World_Health #အသည်းအဆီဖုံးရောဂါ #အယ်လ်ကိုဟော
Source: DoctorNDTV
နက်စ်အင်းအိုင်ကြီးမှ သားရဲရှာပုံတော်ကြီးကို စကော့တလန်ကုန်းမြင့်ဒေသတွေမှာ စနေနေ့က ရှာဖွေနေပြီ ဖြစ်ပါတယ်။
Published 29 August 2023
#World_Adventure
#နက်စ်အင်းအိုင်မှသတ္တဝါ
#အကြီးကျယ်ဆုံးရှာဖွေ
တရုတ်နိုင်ငံ ပန်ဒါကြီးများထိန်းသိမ်းသုတေသနစင်တာလက်အောက်က ဒူကျန်းယန်ပန်ဒါစခန်းမှာ ပန်ဒါသားအမိဟာ ဝါးတွေကို ပြိုင်တူစားသောက်နေကြတဲ့ ချစ်စရာ ဗွီဒီယိုကလေးပဲဖြစ်ပါတယ်။
အဲဒီ ချစ်စရာရုပ်သံအထဲမှာ သမီးကလေး ချင်ဟွာဟာ အမေပန်ဒါမကြီး ပန်ကျင်းနှင့် ချွတ်စွတ်တူတဲ့ အငယ်စားကလေးလို မြင်တွေ့ကြရပါတယ်။ အမေလုပ်တဲ့ပုံစံအတိုင်း ထပ်တူထပ်မျှ သမီးပန်ဒါမလေးက လုပ်ပြနေတာဟာ ကြည့်မြင်ရသူတွေအတွက် ချစ်ခင်နှစ်သက်စရာဖြစ်ကြရပါတယ်။
Source CCTV+
#Daily_News
Published_ 29 August 2023
၁။ လွိုင်လင်၊ ရွှေဘိုနှင့် မြိတ်ဆေးရုံကြီးများတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို တိုးချဲ့ခွဲစိတ်ကုသပေးရန်ရှိ
၂။ ပြည်ပဝယ်လိုအားများပြီး စိုက်ပျိုးမှုနည်းတာကြောင့် ကြက်သွန်နီဈေး ပိုပိုမြင့်လာ
တပိသာလျှင် ကျပ် ၅၀၀၀ အထိဈေး မြင့်နိုင်ဖွယ်ရှိနေတယ်ဟုဆို
၃။ လာမည့် စက်တင်ဘာလအတွင်း အားကောင်းသောအယ်လ်နီညိုရာသီဥတုဖြစ်ပေါ်နိုင်ဟု မိုးဇလ သတိပေး
၄။ နက်စ်အင်းအိုင်မှ သတ္တဝါကြီးအား ဆယ်စုနှစ်များအတွင်း အကြီးကျယ်ဆုံးရှာဖွေလေ့လာရေးကြီးစတင်ပြုလုပ်.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Local_News
Published 29 August 2023
မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများ အနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ ပျောက်ဆုံးသဖြင့် အသစ်ပြုလုပ်ခြင်းတို့ကို ယခင်ကမြန်မာနိုင်ငံ
သံရုံးသို့ လူကိုယ်တိုင်လာရောက် ပြီး ရက်ချိန်းယူရသည့်စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ရာစက်တင်ဘာ ၄ ရက် မှစတင်ပြီး အွန်လိုင်းမှ QR Code ဖြင့် ရက်ချိန်းရယူသည့်စနစ် ပြောင်းလဲ ဆောင်ရွက်တော့မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံး(ကွာလာလမ်ပူ) ၏ ထုတ်ပြန် ချက်အရ သိရသည်။
အွန်လိုင်းမှ QR Code ရယူရန် အတွက် မြန်မာသံရုံး၏ WWW.mekl.org ကို မိုဘိုင်း ဖုန်းဖြင့်လည်းကောင်း၊ကွန်ပျူတာ ဖြင့် လည်းကောင်းဝင်ရောက်ပြီး ကောင်စစ်ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပက်သက်သည့် ဆောင်ရွက်လိုသည့် ကိစ္စရပ်များကို သတ်မှတ်ပုံစံများတွင် ဖြည့်စွက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။
QR Code ရယူပြီးသူများကို မြန်မာသံရုံးသို့ လာရောက်ရမည့် နေ့ရက်ကို မှတ်ပုံတင်ထားသည့် မိုဘိုင်း ဖုန်းသို့ SMS ပေးပို့ခြင်း၊ မြန်မာသံရုံး၏ လူမှုကွန်ယက်စာမျက်နှာ(Facebook)နှင့် (Website) တို့တွင် အချိန်နှင့် တပြေးညီဖော်ပြသွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/LW #Local_News #နိုင်ငံကူးလက်မှတ်လျှောက်ထားရန် #အွန်လိုင်းမှရက်ချိန်းယူသည့်စနစ် #Yangon_Times
#Local_News
Published 29 August 2023
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ မှ ပြည်တွင်း MSME တို့၏ ကဏ္ဍအလိုက်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်စေရန်နှင့် တန်းဖိုးမြှင့် သွင်းကုန် အစားထိုး ထုတ်လုပ်ရေးလုပ်ငန်းများအတွက် ချေးငွေရရှိရန် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် လာရောက်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၏ ထုတ်ပြန်ကြေညာချက် အရသိရသည်။
အဆိုပါ ချေးငွေလျှောက်ထားရန် အတွက် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးသည့်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးနိုင်သည့် လုပ်ငန်းများနှင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်မည့် လုပ်ငန်းများကို ချေးယူခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
ချေးငွေအတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် လျှောက်ထားရမည့်နေရာများကို မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)ရုံး ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားပြီး လျှောက်လွှာများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း အစိုးရရုံးဖွင့်ရက်များတွင် ရုံးချိန် အတွင်းလာရောက် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
#YMG/LW #Local_News #MSME လုပ်ငန်း
#Yangon_Times
နိုင်ငံတော်က လုပ်ငန်းလိုင်စင်တစ်ခုအတွက် ကျားဖောင်း(၈)စင်းသာ သတ်မှတ်ထားရာကနေ အရေအတွက်ထပ်တိုးပေးစေလို
Published_ 29 August 2023
#ငါးဖမ်းကျားဖောင်လုပ်ငန်း
#YMG/my
#Yangon_Times
Page 1090 of 2002