#Asia_Politics
Published 18 July 2023
ဖွေထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်း ၃ ဦးထဲက တစ်ဦးဖြစ်တဲ့ 'သရက်ထာ ထာဝိုင်ဆင်' Srettha Thavisinက ပါတီကသာ ဒီရာထူးအတွက် သူ့ကိုယုံကြည်တယ်ဆိုရင် ဝန်ကြီးချုပ်ဖြစ်လာရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
Move Forward Party (MFP)ပါတီခေါင်းဆောင် 'ပီတာလင်မ်ဂျရွန်နရတ်'အနေနဲ့ ပါလီမန်မှာ ဝန်ကြီးချုပ်လောင်းအဖြစ် ပြန်လည်ရွေးကောက်ခံရခြင်း မရှိပါက ဝန်ကြီးချုပ်လောင်းအသစ်အဖြစ် ရွေးကောက်ခံရမယ်ဆိုတဲ့ သတင်းများအပေါ် မစ္စတာဆရက်ထာက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"ကျွန်ုပ်တို့ဖွေထိုင်းပါတီမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ၄ လလောက်ကြာအောင် ဆွေးနွေးခဲ့ပြီးဖြစ်ကာ ကျွန်ုပ်သာ ဒီရာထူးအတွက် အသင့်ဖြစ်မနေဘူးဆိုရင် ပါတီရဲ့ ဝန်ကြီးချုပ်လောင်း ၃ ဦးထဲမှာ ထည့်သွင်းမှာမဟုတ်ပါဘူး" လို့ ပြောကြားသွားပါတယ်။
ပိုပြီးအရေးကြီးတာက ညွန့်ပေါင်းအစိုးရသစ်တစ်ရပ် ဖွဲ့စည်းရန် အရှိန်မြှင့်ဆောင်ရွက်ဖို့နဲ့ စီးပွားရေးပြဿနာဖြေရှင်းချက်များ စတင်ဖို့ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
စီးပွားရေးနှောင့်နှေးနေတာက လူအများအတွက် တကယ့်ပြဿနာဖြစ်နေပြီး ဒီကိစ္စကို အရေးတကြီးဖြေရှင်းဖို့က ဖွေထိုင်းပါတီရဲ့ အဓိကတာဝန်ဖြစ်ကြောင်း ဆိုပါတယ်။
အခွန်မဲ့ကုန်သွယ်မှုသဘောတူညီချက် ဆွေးနွေးမှုများနဲ့ ထိုင်းနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများသို့ ရင်းနှီးမြှပ်နှံမှု ရွှေ့ပြောင်းမှုများဟာ အရေးတကြီးဖြေရှင်းရမယ့် ဦးစားပေးပြဿနာများ ဖြစ်ပါတယ်။
အဖွဲ့အစည်းနဲ့ လုပ်ကိုင်တတ်တဲ့လူမျိုးဖြစ်ပြီး ဖွေထိုင်းပါတီဟာလည်း ဒီမိုကရက်တစ်ဆန်ကြောင်း၊ ဘယ်လိုဆုံးဖြတ်ချက်ပဲဖြစ်ဖြစ် ပါတီဘုတ်အဖွဲ့မှ ပြုလုပ်တာကြောင့် လေးစားရမှာဖြစ်ကြောင်း ပြောကြာသွားပါတယ်။
ဖွေထိုင်းအနေနဲ့ ဘက်ပြောင်းနိုင်ချေရှိမရှိနဲ့ ပြိုင်ဘက်ပါတီများအဖွဲ့အစည်းသို့ ဝင်ရောက်နိုင်ချေရှိမရှိအကြောင်း မေးမြန်းရာမှာတော့ မစ္စတာဆရက်ထာက ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
မစ္စတာပီတာအနေဖြင့် ဝန်ကြီးချုပ်မဲပေးပွဲအတွက် ပြန်လည်ရွေးကောက်ခံနိုင်ခြင်းမရှိနိုင်တဲ့အခါ ဒါမှမဟုတ် ပူးတွဲအုပ်ချုပ်မှုအတွက် လုံလောက်တဲ့မဲအရေအတွက် မရရှိတဲ့အခါ ဖွေထိုင်းပါတီက လာမယ့်သီတင်းပတ်အထိ မဲပေးမှုကို ရွှေ့ဆိုင်းရန် ဦးစွာအဆိုတင်သွင်းမှာဖြစ်ကြောင်း၊ ဒီနောက် မစ္စတာသရက်ထာကို ဝန်ကြီးချုပ်စာရင်သွင်းမှာဖြစ်ကြောင်း ဖူထိုင်းပါတီ သတင်းရင်းမြစ်တစ်ခုက ပြောကြားလိုက်ပါတယ်။
အခြေခံဖွဲ့စည်းပုံ ဥပဒေပုဒ်မ ၂၇၂ ကို ပြောင်းလဲရန် အာရုံများနေမယ့်အစား ညွန့်ပေါင်းအစိုးရသစ် အောင်မြင်အောင် ဘယ်လိုဖွဲ့စည်းမလဲဆိုတာကိုပဲ MFP အနေနဲ့ အာရုံစိုက်သင့်ကြောင်း ဖွေထိုင်းပါတီ ဒုခေါင်းဆောင်'ဖမ်သမ်ဝီချာယာချိုင်'က တိုက်တွန်းလိုက်ပါတယ်။
ဝန်ကြီးချုပ်လောင်းမဲဆန္ဒပေးခြင်းနဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့ပြဿနာတွေကြား မစ္စတာပီတာအနေနဲ့ တိုင်းပြည်ကို ဘယ်လိုဘယ်ပုံ ရှေ့ဆက်ရန် ရည်ရွယ်ထားကြောင်းကို မစ္စတာဖမ်သမ်က မျှော်လင့်နေပါတယ်။
နိုင်ငံရေးမရေရာမှုများကြောင့် ထိုင်းနိုင်ငံရဲ့ ဧည့်ခရီးသွားလုပ်ငန်းထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။
#Asia_Politics #ဖွေထိုင်းပါတီမှဝန်ကြီးချုပ်လောင်းသရက်ထာမျှော်မှန်း
Source: Bangkok Post
#World_Health
Published 18 July 2023
သတိစိတ်ကို လေ့ကျင့်ပြုမူခြင်းဖြင့် မကောင်းတဲ့ စိတ်ခံစားမှုတွေရဲ့ သက်ရောက်မှုတွေကို လျှော့ချပေးနိုင်ကြောင်း မေလ ၂၅ ရက်နေ့က လေ့လာမှုအသစ်မှာ ဖော်ပြလိုက်ပါတယ်။
သတိစိတ်ကို ကျင့်ကြံခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေရဲ့ သက်ရောက်မှုကို အတော်လေးသက်သာစေကြောင်း Frontiers ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
တရုတ်တက္ကသိုလ်မှ ပါဝင်စမ်းသပ်ခံသူ ၁၄၅ ဦးထံမှ အချက်အလက်များ ရယူခဲ့ကြပါတယ်။
ပါဝင်သူအားလုံးက ကျန်းမာသန်စွမ်းသူများဖြစ်ကာ ညာသန်များဖြစ်ကြပြီး ပုံမှန်အမြင်အာရုံရှိသလို စိတ်ရောဂါမူမမှန်ခြင်းမျိုးနဲ့ သတိစိတ်လေ့ကျင့်မှုမျိုး မရှိဖူးသူဖြစ်ပါတယ်။
သတိစိတ်ကပ်ခြင်းဆိုတာက မိမိဘယ်ရောက်နေလဲ ဘာလုပ်နေလဲဆိုတာကို အပြည့်အဝအာရုံရှိနေကာ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကြောင့် အလွန်အမင်းတုန်လှုပ်သွားခြင်း မရှိတာမျိုးဖြစ်ပါတယ်။
နွမ်းနယ်ခြင်းခံစားနေရသူတွေဟာ မကောင်းတဲ့ စိတ်ခံစားမှုတွေ ပိုမိုပြင်းထန်စေပြီး စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။
တုန့်ပြန်မှုနှေးကွေးခြင်း၊ အကဲဖြတ်နိုင်စွမ်းလျော့ကျခြင်း၊ ပြင်းထန်တဲ့ အချို့အခြေအနေတွေမှာ စိတ်ခံစားမှုထုံထိုင်းခြင်းတို့ပါ ဖြစ်ပွားနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုတွေကို ERP ဖြင့် တိုင်းတာနိုင်ပါတယ်။
LPP ဟာလည်း စိတ်ပိုင်းဆိုင်ရာ ဆောင်ရွက်ချက်တွေကို ပြသတဲ့ ERP တစ်မျိုးဖြစ်ပါတယ်။
ပုံမှန်အားဖြင့် လှုံ့ဆော်မှုတစ်ခုပေါ်ပြီးနောက် မီလီစက္ကန့် ၃၀၀ - ၁၀၀၀ အတွင်း LPP တွေပေါ်လာပါတယ်။
LPP တွေက မကောင်းတဲ့ပုံရိပ်တွေကို တွေ့တဲ့အခါ အမြင့်ဆုံးတုန့်ပြန်ခဲ့ပါတယ်။
လူတစ်ဦးချင်းစီရဲ့ တွေးခေါ်မှုပုံစံကို ပြောင်းလဲစေပြီး ခံစားမှုကိုလျှော့ချရန် လက်ရှိအခိုက်အတန့်ရဲ့ ခံစားချက်အပေါ် အာရုံစိုက်ခြင်းဖြင့် သတိစိတ်ပြုခြင်းကနေ စိတ်ခံစားမှုတွေကို လျင်မြန်စွာ တုန့်ပြန်လုပ်ဆောင်ရန် သဘောထားကို ရှောင်ရှားနိုင်ပြီး စူးစမ်းတုန့်ပြန်မှု ဖွံ့ဖြိုးတိုးတက်စေရန် လွယ်ကူချောမွေ့စေမှာ ဖြစ်ပါတယ်။
သတိစိတ်ကပ်ခြင်းက လူတစ်ဦးချင်းစီမှာ ပစ္စုပ္ပန်အတွေ့အကြုံကို အကျိုးပြုစေပြီး စိတ်ခံစားမှုမြှင့်တင်မှုကို တိုက်ရိုက်မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။
Source: The Jerusalem Post #World_Health #သတိစိတ်လေ့ကျင့်ခြင်း
#Yangon_Times
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ နေတိုးထိပ်သီးအစည်းအဝေးသို့ ဂျပန်ဝန်ကြီးချုပ်တက်ရောက်ခဲ့တဲ့အပေါ် ဂျပန်မှတက်ကြွလှုပ်ရှားသူများနဲ့ နိုင်ငံရေးသမားများက နားမလည်နိုင်ကြောင်း၊ ထိုလုပ်ရပ်ကို ဆန့်ကျင်ကြောင်း ဖော်ထုတ်ခဲ့ကြကာ အမေရိကန်ဦးဆောင်မှုနောက်ကို မျက်လုံးစုံမှိတ်လိုက်နေတာဟာ ခေတ်နောက်ကျတဲ့ ဗျူဟာသာဖြစ်ကြောင်း ဝေဖန်ရှုတ်ချလိုက်ကြပါတယ်။
Published 17 July 2023
#World_News #ဂျပန်နိုင်ငံရေးလှုပ်ရှားသူများ ဝေဖန်ရှုတ်ချ
#Yangon_Times
#Daily_News
Published_ 17 July 2023
၁။ ယခုတစ်ပတ်အတွင်း စားအုန်းဆီတစ်ပိဿာ ကျပ် ၄၀၀၀ ကျော်အဖြစ်သတ်မှတ်
၂။ ရွှေတိဂုံစေတီတော်တွင် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားပြုလုပ်ပြီး ဝါဆိုရွှေကြာသင်္ကန်းကပ်လှူမည်
၃။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းနေ
၄။ နေတိုးထိပ်သီးအစည်းအဝေးသို့ ဂျပန်ဝန်ကြီးချုပ်တက်ရောက်ခဲ့ခြင်းအပေါ် ဂျပန်နိုင်ငံရေးလှုပ်ရှားသူများဝေဖန်ရှုတ်ချ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
#Local_News
Published-17-7-2023
One Friday Fight-25 ပြိုင်ပွဲတွင် မလေးရှားဖိုက်တာကို ထိုးသတ်ရာ၌ ရှုံးပွဲနဲ့ ကြုံခဲ့ရတဲ့ ထွန်းမင်းနိုင်က နောက်ထပ်ယခုကဲ့သို့အမှားမဖြစ်အောင် ပြင်ဆင်လာမည်ဟု ပြောသည်။
ထို့အပြင် ပြိုင်ပွဲတွင် အကောင်းဆုံး မယှဉ်ပြိုင်နိုင်ခဲ့သည့်အပေါ် သူ၏ ပရိတ်သတ်အား တောင်းပန်စကားလည်းဆိုထားသည်။
"ကျွန်တော် အကောင်းဆုံးမလုပ်ပြနိုင်ခဲ့လို့ တောင်းပန်ပါတယ်။ နောက်ပွဲတွေကို ဒီ့ထက်ပိုပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါ့မယ်။ ပြီးခဲ့တဲ့ပွဲမှာ ကျွန်တော်ပေါ့ဆလို့ ရှုံးခဲ့တာပါ။ နောက်ပွဲတွေဒီလိုအမှားမျိုးထပ်မဖြစ်အောင် ပြင်ဆင်လာပါ့မယ်။ အခုလိုရှုံးခဲ့တဲ့အတွက် မြန်မာပြည်က အားပေးတဲ့ ပရိတ်သတ်တွေရော ရုံထဲအထိလာပြီးအားပေးတဲ့ပရိတ်သတ်တွေရော တောင်းပန်ပါတယ်။" ဟု ဆိုသည်။
ပြီးခဲ့သော ဇူလိုင် (၁၄) ရက်က ထွန်းမင်းနိုင်အနေဖြင့် မလေးရှားဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာတွင် ပထမအချီတွင်ပင် ပြိုင်ဘက်၏ အလဲထိုးချက်ဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
ထွန်းမင်းနိုင်အနေဖြင့် One Friday Fight ပြိုင်ပွဲတွင် တစ်ပွဲကို အလဲထိုး၊ တစ်ပွဲကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိထားခဲ့သူလည်းဖြစ်ကြောင်း သိရသည်။
#YMG/my #Local_News ##နောက်ထပ်အမှားမဖြစ်အောင် ပြင်ဆင်လာမည်
#Yangon_Times
‘မျက်စိလူနာတွေအနေနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနမှာ လွှဲစာယူပြီး မော်လမြိုင်ဆေးရုံကြီးမှာ တနင်္လာနေ့နဲ့ဗုဒ္ဓဟူးနေ့တွေ မှာလာရောက်ပြသနိုင်တယ်’ ဒေါက်တာနန္ဒဝင်း(မွန်ပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး)
Published_ 17 July 2023
#tthl #မျက်စိလူနာ(၃၃)ဦးအခမဲ့ခွဲစိတ်ကုသ
#Yangon _Times
ကလေးငယ် စွန့်ပစ်ခံရတဲ့အကြောင်း အသင်းတာဝန်ရှိသူတွေက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်မှာရေးသားဖော်ပြခဲ့ရာက တစ်ဆင့် အဖွားတော်စပ်သူက သိရှိကာ လာရောက်ခေါ်ယူသွားတာဖြစ်
Published_ 17 July 2023
#Ymg/my # နှစ်လသားကလေးငယ်ပိုင်ရှင်ပြန်တွေ့
#Yangon _Times
#Local_News
Published_ 17 July 2023
နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် အာဇာနည်နေ့အထူးပြပွဲအနေဖြင့် ဓာတ်ပုံများ၊ ဆောင်းပါးများပါဝင်သည့် ဘေဘုတ်(၂၉)ခု ပြသသွားမည်ဖြစ်သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မကွေး)မှသိရသည်။
နေအိမ်ပြခန်းများကတော့ ပုံမှန်ပြသထားပြီး ယခုအာဇာနည်နေ့အထိမ်းအမှတ်အထူးပြပွဲအဖြစ် ခြံထဲတွင် ဗီနိုင်းများဖြင့် အာဇာနည်ကိုးဦး၏ပုံများ၊ ဆောင်းပါးများကို ပြသထားမည်ဖြစ်သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မကွေးတာဝန်ခံ)ဒုတိယညွှန်ကြားရေးမှူးဒေါ်ညိုညိုသန်းက YMGကိုပြောသည်။
အထူးပြပွဲတွင်ပြသထားမည့် ဓာတ်ပုံ၊ ဆောင်းပါးများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝအကြောင်း၊ တက္ကသိုလ် ကျောင်းသားဘဝ၊ နိုင်ငံရေးလောကထဲဝင်ရောက်လာပုံနှင့် မိသားစုဘဝများကိုပြသထားမည်ဟုဆိုသည်။
အာဇာနည်နေ့အထူးပြပွဲအနေဖြင့် ဓာတ်ပုံများ၊ဆောင်းပါးများပါဝင်သည့်ဘေဘုတ်အသေး(၉)ခုဘေဘုတ် အကြီး(၂၀)ပြသထားမည်ဖြစ်ကြောင်းနှင့် ဇူလိုင်လ၁၉ရက်အာဇာနည်နေ့တစ်ရက်သာ အထူးပြပွဲပြသသွားမည် ဖြစ်ကြောင်းသိရသည်။


#tthl #Local_News #ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၌အာဇာနည်နေ့အထူးပြပွဲ
#Yangon_Times
နောက် (၁၂)နာရီအတွင်း တိုင်ဖွန်းမုန်တိုင်း“တာလင်း” (Talim)အဖြစ်နဲ့ ပိုမိုအားကောင်းလာနိုင်တယ်လို့ ဆိုပါတယ်
Published 17 July 2023
#Local_News #မြန်မာ့ပင်လယ်ပြင်မှာလှိုင်းကြီး
#YMG/my #Yangon_Times
#Local_News
Published 17 July 2023
ချင်းတွင်းမြစ်ရေတက်နေသောကြောင့် စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်နှင့်ဟုမ္မလင်းမြို့နယ်တွင် မြစ်ရေကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင်လ(၁၆)ရက်ညနေပိုင်းတွင် သတိပေးချက်ထုတ်ပြန်ထားသည်။
အဆိုပါမြစ်ရေသည် ဇူလိုင်၁၆ရက်ညနေပိုင်းတွင်ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်အောက်(၂)ပေခန့်တွင် ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်သည်ဟု ဆိုသည်။
ဇူလိုင် ၁၆ ရက်ညနေပိုင်းတွင် ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေအမှတ်အောက်(၃) ပေခန့်တွင်ရောက်ရှိနေပြီး နောက်(၁)ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိနိုင်သည် ဟုဆိုသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နယ်နှင့်ဟုမ္မလင်းမြို့နယ်တွင် အခုရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ်ရောက်ဖြစ်၍ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်အကြံပြု သတိပေးထားကြောင်း သိရသည်။
#tthl #Local_News #ခန္တီးမြို့နယ်နှင့်ဟုမ္မလင်းမြို့နယ်၌ မြစ်ရေကြီးနိုင်
#Yangon_Time
#Local_News
Published-17 July2023
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် လှိုင်းပေါက်ကျေးရွာမှ မြစ်ရေဆိပ်တွင်ရေဆင်းချိုးရင်း ရေနစ်သေဆုံးသွားသူ ယောင်္ကျားလေး ၁ဦး၏ရုပ်အလောင်းကို ဇူလိုင်လ ၁၇ ရက်(ယနေ့) သဂြိုလ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၁၆ ရက် ညနေ ၃ နာရီ ၃၈ မိနစ်အချိန်ခန့်က ကလေးငယ် ၃ ဦး ဆင်ရွာကျေးရွာတောင်ဘက် မြစ်ရေဆိပ် ရေဆင်းချိုးကြစဉ် အသက်၁၄နှစ်အရွယ်မောင်ဝဿန်မှာ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လူမှုကူညီရေးအသင်းကို ဖုန်းဆက်အကူအညီတောင်းလာသဖြင့် ချက်ချင်းသွားရောက်၍ ဝိုင်းဝန်းရှာဖွေကြရာ ရှာဖွေချိန် ၅ မိနစ်ခန့်အကြာတွင် ပျောက်ဆုံးနေရာနှင့် ၁၀ ပေအကွာ ရေအနက်ခန့်မှန်း ၁၃ ပေအကွာ ၌ မှောက်လျှက်အနေအထား ပြန်လည်တွေ့ရှိခဲ့ကြောင်း Ambulance Free Services Group ကသိရသည်။
"ရေမြုပ်နေတာ၊ အသင်းကိုခေါ်တာနဲ့ ရေအောက်ကြာချိန် ခန့်မှန်း ၃၅ မိနစ်လောက်ကြာတယ်လို့ ခန့်မှန်းရတယ်။ဆေးရုံပို့ချိန်မှာ သေဆုံးနေပြီ"ဟု အဆိုပါ အသင်းက သိရသည်။
ယင်းယောင်္ကျားလေး၏ နောက်ဆုံးခရီးကို ယနေ့ညနေ ၃ နာရီတွင် လှိုင်းပေါက်ကျေးရွာ သုသာန်၌သင်္ဂြိုဟ်ခဲ့ကြောင်းသိရသည်။
#Local_News #ရေနစ်သေဆုံးသူရုပ်အလောင်းကိုယနေ့သဂြိုလ်
#Yangon-Times/BM
‘လပြည့်နေ့မှာ မနက်မှာ အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းတာ၊ သီလခံယူပွဲနဲ့ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကျင်းပသွားဖို့ရှိသလိုဝါဆိုရွှေကြာသင်္ကန်းကပ်လှူသွားဖို့ရှိတယ်’ ဦးဘိုးသင်း၊ (ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်)
Published 17 July 2023
#Local_News #ရွှေတိဂုံစေတီတွင် ဓမ္မစကြာအခါတော်နေ့
#tthl #Yangon_Time
Page 1094 of 1941