မကြာမီကျင်းပမယ့် ကမ္ဘောဒီးယားနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ (၂)ဦးလာရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင် ဒုတိယအတွင်းရေးမှူးချုပ် ဆွမ်ဆိုရိန်ဒါရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖနွမ်းပင် အခြေစိုက် ခမာတိုင်း သတင်းစာပါ သတင်းတစ်ပုဒ်အရ မြန်မာနိုင်ငံမှ ရွေးကောက်ပွဲလေ့လာသူနှစ်ဦးဟာ အခြားသော အာဆီယံနိုင်ငံ (၅)နိုင်ငံမှ လေ့လာသူများနှင့်အတူ သွားရောက်ပြီး လေ့လာစောင့်ကြည့်ကြမှာဖြစ်ပါတယ်။
အဲဒီအထဲမှာ အရှေ့တီမောမှ ၂ ဦး၊စင်္ကာပူမှ ၁ ဦး ၊ဗီယက်နမ်မှ ၅ ဦးနှင့်အင်ဒိုနီးရှားမှတစ်ဦးနှင့် အခြားအာဆီယံနိုင်ငံတွေက ၄ ဦး စုစုပေါင်း ၁၅ ဦးတို့ပါဝင်ကြတယ်လို့ သူကပြောပါတယ်။
၂၀၂၃ ဇူလိုင် ၂၃ရက်မှာကျင်းပမယ့် (၇)ကြိမ်မြောက်ကမ္ဘောဒီးယားအထွေထွေရွေးကောက်ပွဲကို နိုင်ငံတကာ အဖွဲ့အစည်း ၁၂၁ ခုမှ လေ့လာ စောင့်ကြည့်သူပေါင်း ၈၈,၀၀၀ ဦးကျော် လာရောက်ကြမယ်လို့ သူကပြောတဲ့အကြောင်း သတင်းမှာဖော်ပြထားပါတယ်။ လေ့လာစောင့်ကြည့်သူတွေအပြင် အထူးဧည့်သည်တွေကိုပါဖိတ်ကြားထား တယ်လို့သိရပါတယ်။
မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေဟာ မည်သည့်အဖွဲ့အစည်းတွေ ကဆိုတာကိုတော့ သတင်းမှာ အသေးစိတ်ရေးသားထားခြင်းမရှိပါဘူး။
#knl/ymg
#Myanmar_observers_in_Cambodia_election
#Daily_News
Published_ 14 July 2023
၁။ မြန်မာ့ရွှေထည်များ ပြည်ပကို အခွန်သုညရာခိုင်နှုန်းဖြင့် တင်ပို့နိုင်ပြီ
၂။ အဒေါ်ရင်းဖြစ်သူ၏ မတရားတောင်းရမ်းခိုင်းစားခံရသည့် မိန်းကလေးငယ်ကို လူမှုကူညီရေးအဖွဲမှကယ်တင်နိုင်ခဲ့
၃။ ဖိုင်နယ်ပွဲစဉ်တွင် တတိယဆုတံဆိပ်ရယူရန် မည်သည့်ပြိုင်ဘက်နှင့် မဆိုအကောင်းဆုံးပြင်ဆင်ထားဟု မြန်မာနည်းပြချုပ်ပြော
၄။ (၁၄)ကြိမ်မြောက် အမေရိကန်-တရုတ်စီအီးအိုနှင့် အကြီးတန်းအရာရှိဟောင်းဆွေးနွေးပွဲအား တရုတ်တွင်ကျင်းပခဲ့း .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
Published_ 14 July2023
ရန်ကုန်တိုင်း၊ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတားအဆင်းတွင်ကွန်တိန်နာယာဥ်တစ်စီးက တောင်းရမ်းစားသောက်သူအမျိုးသမီးတစ်ဦးအား တက်ကြိတ်မှုယမန်နေ့ကဖြစ်ခဲ့ကြောင်း အရောင်အသွေးမဲ့ မေတ္တာ လူမှုကူညီရေးအသင်းကသိရသည်။
ဖြစ်စဥ်မှာဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီဝန်းကျင်က မဟာ ဗန္ဓုလတံတားပေါ်မှဆင်းလာသော ကွန်တိန်နာတစ်စီးက မျက်စိတစ်ဖက်တိမ်ကွယ်နေသော တောင်းရမ်းစားသောက်သူ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးအား အရှိန်လွန်၍ ဝင်တိုက်၍တက်ကြိတ်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။
" အဘွားအိုက ဒီတံတားနားမှာ တောင်းရမ်းနေတာတော့ အမြဲတွေ့တယ်။ သေဆုံးသွားသူအမျိုးသမီးမှာ ယာဥ်တိုက် မှုကြောင့် ခြေထောက်ကျိုးဒဏ်ရာ၊ ပေါင်ကျိုးဒဏ်ရာတွေရတယ်။ ခြေထောက်တစ်ဖက်ပြတ်လုနီးဒဏ်ရာ၊ ဆီးခုံထိုးခွဲဒဏ်ရာတွေရခဲ့တယ်။ ဆေးရုံရောက် မှသေ သွားတယ်"ဟု အရောင်အသွေးမဲ့မေတ္တာလူမှုကူညီရေးအသင်းမှ သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
တိုက်သွားသော ကွန်တိန်နာယာဥ်မောင်းကိုလည်း ယာဥ်ထိန်းတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ကြောင်းလည်းသိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times
Published_ 14 July 2023
ဂျပန်ကုမ္ပဏီ (၃၀၀)ကျော်က မြန်မာအလုပ်သမားဦးရေ (၁၀၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုပို့လျက်ရှိကြောင်း သိရသည်။
မြန်မာသံရုံး၊ တိုကျိုမြို့မှ (၂၀၂၃) ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ (၁၄) ရက်နေ့အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၁၉) ခုနှင့် ပတ်သက်သည့် အချက်အလက် များအား အသိပေးအကြောင်းကြားအပ်ပါသည်ဟု ပါရှိသည်။
အဆိုပါထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ (၃၀၀)ကျော်က မြန်မာအလုပ်သမား အမျိုးသား (၄၀၀)နီးပါး၊ အမျိုးသမီး(၆၀၀)ကျော်၊ စုစုပေါင်း ဦးရေ(၁၀၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါထုတ်ပြန်ချက်အရ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချ က် များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၁၆) ရက်နေ့မှ (၃၀) ရက်နေ့အတွင်းကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ (၂၉၃) ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦးရေ (၉၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ခဲ့သည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times
နိုင်ငံဖြတ်ကျော် ဘောလုံးပြိုင်ပွဲကြီး၌ တရုတ်-မြန်မာဘောလုံးသများ ယှဉ်ပြိုင်ခဲ့
‘တရုတ်ပြည်မှာ တစ်အားကောင်းလာပြီ။ အရင်တုန်းကဒီနားမှာ ဘောလုံးကွင်းတစ်ကွင်းပဲရှိတာ အခုက ကန်လို့ရတဲ့ကွင်းတွေ အများကြီးရှိလာတယ်ဆိုတော့ ကန်လို့ရတဲ့ကွင်းတွေတအားများလာပြီ’ မြန်မာနိုင်ငံမှ ဘောလုံးအားကစားဝါသနာရှင် ဦးနိုင်မောင်အေး
Yangon_Time/tthl
#Local_News
#Published_ 14 July 2023
#YMG #Yangon_Times
ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းကို ဗီယက်နမ်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိ
ပွဲချိန် (၄၃)မိနစ်မှာတော့ ဗီယက်နမ်အသင်းက ချေပဂိုး တစ်ဂိုးသွင်းယူနိုင်ခဲ့တာပါ။
Yangon_Time/my
#Local_News
#Published_ 14 July 2023
#YMG #Yangon_Times
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အနောက်တောင်ပိုင်းမှာ မြွေဖမ်းမုဆိုးတွေက မြန်မာစပါးအုံးမြွေကြီး တစ်ကောင်ကိုဖမ်းမိလိုက်ကြပါတယ်။
အဲဒီစပါးအုံးမြွေကြီးဟာ အလျား ၁၉ ပေရှိပြီး အလေးချိန်အားဖြင့် ၁၂၅ ပေါင်ရှိပါတယ်။
ဖလော်ရီဒါအနောက်တောင်ထိန်းသိမ်းရေးအဖွဲ့က အဆိုပါမြွေကြီးရဲ့ အရွယ်အစားကို တိုင်းတာခဲ့တာဖြစ်ပြီး ဒါဟာ ဖလော်ရီဒါပြည်နယ်မှာ ဖမ်းတိတဲ့ အကြီးဆုံးမြွေကြီးလို့ သူတို့က အတည်ပြုပြောဆိုပါတယ်။
Source AFP
ဖိုင်နယ်ပွဲစဉ်တွင် တတိယဆုတံဆိပ်ရယူရန် မည်သည့်ပြိုင်ဘက်နှင့် မဆိုအကောင်းဆုံးပြင်ဆင်ထားဟု မြန်မာနည်းပြချုပ်ပြော
တတိယလုပွဲနှင့် ဗိုလ်လုပွဲစဉ်တွေကို ဇူလိုင် ၁၅ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီနဲ့ ည ၇ နာရီ တိုမှာ အသီးသီးယှဉ်ပြိုင်ကစားကြမှာလည်း ဖြစ်ပါတယ်။
Yangon_Time/my
#Local_News
#Published_ 14 July 2023
#YMG #Yangon_Times
နေ့စဉ်ကျပ်၂၀၀၀၀ တောင်းပေးရသည့် မိန်းကလေးကို ကယ်တင်နိုင်
‘ကလေးက တစ်ရက်ကိုကျပ်၂၀၀၀၀မတောင်းနိုင်ရင်အရိုက်ခံနေရတဲ့အတွက် အိမ်ကနေ ထွက်ပြေးလာတာ။ညနက်သွားရင်မုဒိန်းကျင့်ခံရတာ၊ အသတ်ခံရတာတွေဖြစ်သွားနိုင်တယ်။ ကလေးကိုခိုင်းစားတဲ့သူ့အဒေါ်တော့ကလေးသူငယ်ဆိုင်ရာ ဥပဒေအရ အရေးယူခံနေရပြီဖြစ်ပါတယ်’ ပုလဲအရန်မီးသတ်တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦး
Yangon_Time/tthl
#Local_News
#Published_ 14 July 2023
#YMG #Yangon_Times
မြန်မာ့ရွှေထည်များ ပြည်ပကို အခွန်သုညရာခိုင်နှုန်းဖြင့် တင်ပို့နိုင်ပြီ
‘ဟိုအရင်တုန်းက ပြည်ပကို ရွှေထည်တွေပိုမယ်ဆိုရင် အခွန်(၁၇)ရာခိုင်နှုန်းဆောင်နေရတာမှ အခုဆိုရင် အခွန်သုညရာခိုင်နှုန်းနဲ့ ပြည်ပကိုရွှေထည်တွေပိုနိုင်ပြီ’ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးမျိုးမြင့်
Yangon_Time/tthl
#Local_News
#Published_ 14 July 2023
#YMG #Yangon_Times
Published_ 14 July 2023
တီထွင်သူများနှင့်တီထွင်မှုကိုအသုံးပြုသူများအတွက် တီထွင်မှုမူပိုင်ခွင့်ဥပဒေသက်ဝင်လာစေရန် အတွက်တီထွင်မှုမူပိုင်ခွင့်နည်းပဒေပြဌာန်းနိုင်အောင်ကြိုးပမ်းနေကြောင်းသိရသည်။
၂၀၁၉ခုနှစ်မတ်လတွင် တီထွင်မှုမူပိုင်ခွင့်ဥပဒေပြဌာန်းခဲ့ပြီးဖြစ်ပေမည့်လည်းနည်းဥပဒေပြဌာန်းနိုင်ရန် ကျန်ရှိနေသေးသည့်အတွက်ဆက်လက်ပြဌာန်းနိုင်ရန်ဆောင်ရွက်သွားမည်ဟုဆိုသည်။
တီထွင်မှုမူပိုင်ခွင့်နည်းပဒေပြဌာန်းနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် တီထွင်မှုမူပိုင်ခွင့်နည်းဥပဒေများ(မူကြမ်း)နှင့်စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က ‘၂၀၁၉ခုနှစ်တွင်မူပိုင်ခွင့်ဥပဒေလေးခုဖြစ်သည့်(၁)ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊(၂)စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊(၃)တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊(၄)စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကိုပြဌာန်းခဲ့ကြောင်း၊တီထွင်မှုမူပိုင်ခွင့်ဥပဒေကိုအကောင်အထည်ဖော်နိုင်ရန်လိုအပ်သည့် တီထွင်မှုမူပိုင်ခွင့်နည်းဥပဒေများ(မူကြမ်း)ကိုရေးဆွဲခဲ့ပြီး နည်းဥပဒေ မူကြမ်းအပေါ်သက်ဆိုင်ရာဝန်ကြီးဌာနများ၊အဖွဲ့အစည်းများမှသဘောထားမှတ်ချက်များ၊အကြံပြုချက်များ တောင်းခံရရှိထားပြီဖြစ်၍လိုအပ်ချက်များပြင်ဆင်ဖြည့်စွက်ပြီး နည်းဥပဒေအတည်ပြုပြဌာန်းနိုင်ရေးဆောင်ရွက် သွားမည်”ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published_ 14 July 2023
မွန်ပြည်နယ်၊အသောကရာမပရိယတ္တိစာသင်တိုက်ဆရာတော်မှ ကျောက်မျက်ရတနာ(၃၅)မျိုးကိုနိုင်ငံတော်သို့ လှူဒါန်းကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှသိရသည်။
ကျပ်သိန်း၁၂၀ကျော်တန်ဖိုးရှိသည့် ကျောက်မျက်ရတနာ(၃၅)မျိုးကို မွန်ပြည်နယ်၊အသောကရာမပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တမင်္ဂလာဘိဝံသ(နိုင်ငံတော်သံဃာ့ဝန်ဆောင်)ကိုယ်စားမွန်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်က လှူဒါန်းရသည့်အကြောင်းရင်းများကိုရှင်းလင်းပြောကြားပြီး သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါ်နုမြဇံကိုပေးအပ်လှူဒါန်းခဲ့သည်ဟုဆိုသည်။
အဆိုပါကျောက်မျက်ရတနာများကို မော်လမြိုင်မြို့ရှိကျောက်မျက်ကျွမ်းကျင်ပညာရှင်များထံအရည်အသွေး စစ်ဆေးကြည့်ရာ ခန့်မှန်းတန်ဖိုးငွေကျပ်၁၂၆၂၂၀၀၀ရှိကြောင်းသိရသည်။
နိုင်ငံတော်သို့ပေးအပ်မည့် ကျောက်မျက်ရတနာ(၃၅)မျိုးလွှဲပြောင်းပေးအပ်ပွဲကို နေပြည်တော်ရှိသာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၌ကျင်းပခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Page 1098 of 1941