#Local_News
Published_ 15 April 2023
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့ (ဧပြီလ ၁၄ ရက်)တွင် မြိတ်ကျွန်းစုရှိ သဘာဝ အလှများဖြင့် သာယာသည့်ကျွန်းများသို့ ခရီးသွားဧည်သည်များနှင့် ဒေသခံများအပန်းဖြေခရီးအဖြစ် မြိတ်ဆိပ်ကမ်းမှ Speed Boat များဖြင့် သွားရောက် လည်ပတ်ခဲ့ကြကြောင်း သိရသည်။
သင်္ကြန်ကာလတွင် ကျွန်းအပန်းဖြေ ခရီးသွားသင်္ကြန်အဖြစ် မြိတ်ကျွန်းစုရှိ လေးကျွန်း၊ ဒုံးကျွန်း၊ ဒုံးရေတံခွန်၊ နတ်သမီးရေတွင်းကျွန်း၊ စမတ်ကျွန်း၊ တောင်ပံကြီးကျွန်း၊ လိပ်ဥသောင်ကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဓနသိဒ္ဓိကျွန်း၊ မင်းသားကျွန်း၊ သဲနက်တန်း(နှစ်ဖက်လှ)ကျွန်း၊ ဒုံးညောင်မှိုင်းရွာ၊ ဘေလီကျွန်း၊ သမီးလှကျွန်း စသည့် ကျွန်းများသို့ သွားရောက်လည်ပတ်ကြခြင်း ဖြစ်ကြောင်း သိရသည်။
မြိတ်ဆိပ်ကမ်းမှ ယနေ့တွင် ခရီးစဉ်(၃)ခုအဖြစ် ဘေလီကျွန်း၊ စမတ်ကျွန်းနှင့် ကြယ်လိပ်ကျွန်း ခရီးစဉ်၊ လေးကျွန်း၊ သမီးလှကျွန်းနှင့် မင်းသားကျွန်း ခရီးစဉ်၊ စမတ်ကျွန်း၊ ဒုံးရေတံခွန်နှင့် ဒုံးညောင်မှိုင်းရွာ ခရီးစဉ်များ ကို သင်္ကြန်ကာလ ကျွန်းအပန်းဖြေခရီးအဖြစ် ခရီးသွားလုပ်ငန်းများမှ Speed Boat များဖြင့် ပို့ဆောင်ပေးကြကြောင်းလည်း သိရသည်။
ခိုင်ထူး(မြိတ်)
#Local_News #သင်္ကြန်အကျနေ့ #မြိတ်ကျွန်းစု #စမတ်ကျွန်းနှင့်လေးကျွန်း #သွားရောက်လည်ပတ်ကြ
#YMG #Yangon_Media_Group




#Local_News
Published_ 14 April 2023
မြန်မာ့ရိုးရာမဟာအတာသင်္ကြန် အကျနေ့ ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်သို့ နစက ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ က အရာရှိ၊ စစ်သည်၊ မိသားစုဝင် များနှင့် ဗိုလ်လောင်းများ၏ ရေသဘင်ပွဲတော်ကို သွားရောက် ကြည့်ရှုအားပေးခဲ့တယ်လို့သိရပါတယ်။
နစက ဥက္ကဋ္ဌ ၏ဇနီးနှင့် အဖွဲ့ဝင်များကစစ်တက္ကသိုလ်မိသားစု ချယ်ရီသစ္စာ ပိတောက်ဝါ အတာ ရေသဘင်မဏ္ဍပ်နှင့် ပြင်ဦးလွင်တပ်နယ်အတွင်းရှိ ချယ်ရီမေ အတာ ရေသဘင်မဏ္ဍပ်၊ နွေဦးကဗျာ ပိတောက်ဝါ အတာရေသဘင်မဏ္ဍပ်နှင့် ပိတောက်ဧကရီ အတာရေသဘင်မဏ္ဍပ်တို့သို့ ရောက်ရှိကြပြီး သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ပြင်ဦးလွင်မြို့၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ဗဟိုမဏ္ဍပ် သင်္ကြန်ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေမှုများကို ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့တယ်လို့နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ymg/mt
#Local_News #ပြင်ဦးလွင် #မိသားစုရေသဘင်မဏ္ဍပ်များ #နစကဥက္ကဌ၏ဇနီးသွားရောက်
#YMG #Yangon_Media_Group




Published 13 April 2023
ပြင်သစ်မှ လိုင်စင်လွတ်မော်တော်ယာဉ်ထုတ်လုပ်ရေး 'လီဂျီယာ'ကုမ္ပဏီဟာ ငွေကြေးတတ်နိုင်တဲ့ လူငယ်တွေ ကနေစတင်ပြီး ဈေးကွက်အသစ်ရှာနိုင်ဖို့ ပထမဆုံးလျှပ်စစ်ကားကို ထုတ်လုပ်ပြသလိုက်ပါတယ်။
အရှိန်များလွန်းခြင်း၊ အရက်သေစာကိစ္စတွေကြောင့် ယာဉ်မောင်းလိုင်စင်သိမ်းခံရတဲ့ ယာဉ်မောင်းတွေအတွက် အခွင့်အရေးရလာမှာဖြစ်ပါတယ်။
လိုင်စင်မရှိတဲ့လူတွေအပြင် အရှက်တကွဲမဖြစ်ချင်တဲ့ ဖောက်သည်တွေလည်းရှိနေတာကြောင့် သူတို့နဲ့ကိုက်ညီမယ့် ယာဉ်တွေကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်လို့ ကုမ္ပဏီစီအီးအို'ဖရန်ဆွိုက်လီဂျီယာ'က ပြောပြခဲ့ပါတယ်။
Source: AFP
#လိုင်စင်လွတ်ပြင်သစ်လျှပ်စစ်ကား
#လီဂျီယာလျှပ်စစ်ကား
#YangonMediaGroup
#Myanmar_News
Published_ 14 April 2023
မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အကျနေ့ဖြစ်သော ဧပြီလ (၁၄)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ တွင် သင်္ကြန်နွဲပျော်နေကြသူများ၏မြင်ကွင်းများကို စုစည်းဖော်ပြအပ်ပါတယ်။
#YangonMediaGroup
#အင်းလေးသင်္ကြန်
#မြန်မာသင်္ကြန်၂၀၂၃ #YMG #Yangon_Media_Group




#MyanmarNews
Published 14 April 2023
မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အကျနေ့ဖြစ်သော ဧပြီလ (၁၄)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ အင်းလေးကန်တွင် သင်္ကြန်နွဲပျော်နေကြသူများ၏မြင်ကွင်းများကို စုစည်းဖော်ပြအပ်ပါတယ်။
#YangonMediaGroup
#အင်းလေးသင်္ကြန် #မြန်မာသင်္ကြန်၂၀၂၃ #YMG #Yangon_Media_Group




#Myanmar_News
Published_ 14 April 2023
ရန်ကုန်မြို ဆင်ခြေဖုံးရပ်ကွက်တွေက မြိုနယ်များတွင် ရေကစားသူများကိုတွေ့ရပြီး ရေပက်ခံထွက်သူများနည်းပါးပေမယ့် စတုဒီသာ အလှူအတန်းပြုလုပ်သူများ များပြားလျှက်ရှိကြောင်း သိရပါတယ်။လူနေရပ်ကွက်တချိုနဲ့ ရပ်ကွက်လမ်းသွယ်များတွင် ကိုယ်ထူကိုယ်ထတည်ဆောက်ထားတဲ့အုန်းလက် ရေကစားမဏ္ဍပ်များတွက်လူငယ်များနှင့် ကလေးငယ်များ ရေကစားခဲ့ကြပါတယ်။
#Myanmar_News #ymg/ppk
#Yangon_Media_Group #YMG
#Local_News
Published_ 14 April 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းရှေ့၌ ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကလေးသူငယ်များ ရေကစားနေစဉ် အကြမ်းဖက်သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့၍ ကလေးငယ် ၅ ဦးအပါအဝင် ၈ ဦး သေဆုံး ကာ ၃၀ကျော်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အကြိုနေ့ ဧပြီလ ၁၃ ရက် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက်သမားများက Drone ဖြင့် Drop Bomb ၄ လုံး လာရောက် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၅ ဦးအပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသား ၃၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ကိုင်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ ရေကစားနေသည့်နေရာကို Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းမှာ ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်၍ အဆိုပါအကြမ်းဖက်မှုကို ကျူးလွန်ခဲ့သူများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။
yjmg/mt
#YMG #Yangon_Media_Group
#Myanmar_News
Published_ 14 April 2023
သင်္ကြန်အကျနေ့ ရန်ကုန်မြို့ မဟာဗန္ဓူလ ပန်းခြံ လမ်းလျှောက်သင်္ကြန် ညနေပိုင်းတွင် လာရောက်လာပတ်ဆင်နွှဲကြသူများကိုယခုလိုမြင်တွေ့ကြရပါတယ်။အဆိုပါလမ်းလျှောက်သင်္ကြန်တွင် ဖျော်ဖြေရေးအစီအစဉ်တွေလည်းပါဝင်ပါတယ်။
#Myanmar_News #ymg/ppk
#Yangon_Media_Group #YMG









#Local_News
Published_ 14 April 2023
သင်္ကြန်အကျနေ့(ယနေ့)ဧပြီလ ၁၄ ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ဗိုလ်ချုပ်လမ်း ကန်သာယာ၌ မဟာ သင်္ကြန်ပွဲတော်ဖျော်ဖြေတင်ဆက်မှုများဖြင့် စည်ကားလျက် ရှိကြောင်း (ပုံ) တွေ့မြင်ရသည်။
သင်္ကြန်အကျနေ့တွင် နိုင်ငံကျော်ရုပ်ရှင် မင်းသားများ၊ မင်းသမီးများ၊ ဗီဒီယိုသရုပ်ဆောင်များ၊ နိုင်ငံကျော် အဆိုတော်များက သင်္ကြန်ပွဲတော်သို့လာရောက်သူများအား ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မုံရွာမြို့ကန်သာယာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ယိမ်းအက အဖွဲ့ ၁၄ ဖွဲ့ ပါဝင်ယှဉ်ပြိုင်လျက် ရှိပြီးအခြားသော မဏ္ဍပ် များတွင် ဖျော်ဖြေရေး ယိမ်းများ၊ ခေတ်ပေါ် တေးဂီတ အဆိုများ ဖြင့် သီ ဆို ဖျော်ဖြေလျက်ရှိကာ စည်ကားလျက်ရှိကြောင်း သိရသည်။
ယင်းအပြင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သို့ လာရောက် ဆင်နွှဲကြသည့် ပြည်သူများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ၊ အချိုရည်များ၊ အဖျော်ယမကာများဖြင့် စတုဒီသာမဏ္ဍပ် အသီးသီးတွင် ဧည့်ခံနေကြောင်း သိရသည်။
ymg/mt
#Local_News #သင်္ကြန်အကျနေ့ #မုံရွာမြို့ပေါ်ဖျော်ဖြေတင်ဆက်မှုများ
#YMG #Yangon_Media_Group














#Local_News
Published_ 14 April 2023
သင်္ကြန်အကြိုနေ့တွင် သံလွင်မြစ်အတွင်းသို့ အမျိုးသား ၁ ဦး ရေဆင်းကူးရာမှပျောက်ဆုံးသွားခဲ့သည်ဟု မာဃလူမှုကူညီရေးအသင်းမှ သိရသည်။
ဧပြီ ၁၃ ရက်ညနေ ၅ နာရီ ၁၅ မိနစ်ခန့်ကအမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိတဲ့အတွက် ကူညီကယ်ဆယ်မူများပြုလုပ်ခဲ့ရာ မတွေ့ရှိသည့်အတွက် ယနေ့မနက်ပိုင်းတွင်ထပ်မံရှာဖွေမူများပြုလုပ်ခဲ့ကြောင်းအဆိုပါအသင်းမှသိရသည်။
ပတ်ဝန်းကျင်မှမျက်မြင်များပြောကြားချက်အရ ရေနစ်ပျောက်ဆုံးသွားသူဟာ အရက်မူးနေကြောင်း အသတ်အလတ်ပိုင်းအရွယ်ခန့်ရှိကြောင်း မာဃလူမှုကူညီရေးအသင်းမှ တာ၀န်ခံက YMG ကိုပြောသည်။
ရေနစ်ပျောက်ဆုံးသွားသည့် အမျိုးသားအား မာဃလူမှုကူညီရေးအသင်းမှ ဧပြီ ၁၄ ရက်(ယ နေ့)နံနက် ၇ နာရီမှစတင်ကာ သံလွင်မြစ်တစ် လျှောက်တွင် စက်လှေများဖြင့်စတင်ရှာဖွေလျက်ရှိပြီး နေ့လည် ၁၁ နာရီအထိမတွေ့ရှိသေးကြောင်းအဆိုပါအသင်းမှသိရသည်။
ymg/ynzw
#Local_News #သံလွင်မြစ် #ရေဆင်းကူးသည့်အမျိုးသားပျောက်ဆုံးနေ
#YMG #Yangon_Media_Group



#Local_News
Published_ 14 April 2023
ဧပြီလ(၁၂)ရက်ကပျောက်ဆုံးသွားသည့် အင်းစိန်မြို့နယ်နေ တက်စီယာဥ်မောင်းကို ကြို့ကုန်းအနောက်သစ်တောဝင်း ခြုံပုတ်အတွင်းမှ ဓားဒဏ်ရာသုံးချက်ဖြင့် သေဆုံးလျက်ပြန်တွေ့ကြောင်းကနောင် နာကူ/ရှင်ကူ အသင်းမှ သိရသည်၊၊
ဧပြီလ(၁၂)ရက်ကအဆိုပါတက်စီယာဥ်မောင်း ပျောက်ဆုံးသွား၍ အမျိုးသမီးဖြစ်သူမှသူ၏လူမှုကွန်ယက်ပေါ်တွင် လူပျောက်ကြေညာတင်ပြီးရှာဖွေခဲ့သည်၊၊
ဧပြီလ(၁၃)ရက်တွင် တက်စီကားကိုပြန်ရှာတွေ့ခဲ့ပြီး ဧပြီလ(၁၄)ရက်ရောက်မှ သေဆုံးသူ၏ရုပ်အလောင်းကိုပြန်ရှာတွေ့ခဲ့ခြင်းဖြစ်သည်၊၊
"ပြန်ရှာတွေ့ပါပြီ၊၊အင်းစိန်ကြို့ကုန်းအနောက် သစ်တောဝန်း ခြုံပုတ်ထဲမှာ ဓားဒဏ်ရာသုံးချက်နဲ့သေဆုံးလျက်ပြန်တွေ့ပါတယ်၊၊ဟုတ်ပါတယ် တက်စီယာဥ်မောင်း ကိုပေါ်ထင်ကျော်ပါ၊၊အသက်(၂၉) နှစ်ပါ၊၊
ဧပြီလ၁၂ရက်ကပျောက်သွားတာ၊၊ဒီနေ့၁၄ရက် နံနက်၁၀နာရီဝန်းကျင်ကပြန်တွေ့ပါတယ်၊၊
သူ့အဖေနဲ့ သူ့အစ်ကိုတို့လာပါတယ်"ဟု ကနောင် နာကူ/ရှင်ကူ အသင်းမှတာဝန်ရှိသူတစ်ဦးက YMGကိုအတည်ပြုပြောသည်၊၊
သေဆုံးသူသည် အင်းစိန်ပေါက်တော ချမ်းမြေ့စည်ပင်ဝန်းမှာ နေထိုင်သူဖြစ်ပြီး ၄င်းမောင်းနှင်သည့် တက်စီယာဥ်အမှတ် Car No.AA.5674အတူပျောက်ဆုံးခဲ့ပြီးဧပြီလ(၁၄)ရက်ရောက်မှ ဓားဒဏ်ရာသုံးချက်ဖြင့် သေဆုံးလျက်ပြန်တွေ့ခြင်းဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #အင်းစိန် #ပျောက်ဆုံးနေသည့်တက်စီယာဥ်မောင်း # ဓားဒဏ်ရာသုံးချက်
#YMG #Yangon_Media_Group
#Local_News
Published_ 14 April 2023
မဟာဝိဇယစေတီတော်တွင် နှစ်ဆန်းတစ်ရက်နေ့၌ ဆုတောင်းအဓိဌာန်ပြည့်စေမည့်နေမင်းပူဇော်ပွဲ၊ဇီဝိတဒါနငှက်လွှတ်ခြင်းနှင့်ငါးလွှတ်ခြင်းအခမ်း အနားများကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်၊၊
စေတီတော်ဂန္ဓကုဠီတိုက်အတွင်းရှိ မြတ်စွာဘုရားဆင်းတုတော်အား တစ်နှစ်လုံးတွင်နှစ်ဆန်းတစ်ရက်နေ့တစ်ရက်တည်းသာနေမင်း၏အလင်းရောင်တိုက်ရိုက်ကျရောက်ပြီး နေမင်းပူဇော်ချိန်ဖြစ်၍ ယင်းအချိန်တွင်ဆုတောင်းအဓိဌာန်ပြုပါက ဆုတောင်း ပြည့်သည်ဟုယူဆကြပြီး နှစ်ဆန်းတစ်ရက်နေ့တွင် နေမင်းပူဇော်ပွဲကျင်းပကြမည်ဖြစ်သည်၊၊
"အခုနှစ်မှာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မနက်၈နာရီ ၃၅မိနစ်မှာ အရှေ့အရပ်မှတစ်ကြိမ်၊မွန်းလွဲ ၃နာရီ ၂၅မိနစ်မှာ အနောက်အရပ်မှတစ်ကြိမ် ၂ကြိမ်တိုင်တိုင် နေမင်းရဲ့အလင်းရောင်နဲ့ဦးခိုက်မှာဖြစ်ပါတယ်၊၊အဲဒီ့အချိန်မှာ နေမင်းပူဇော်ပွဲပြုလုပ်ပြီး ဆုတောင်း အဓိဌာန်ပြုနိုင်ပါတယ်၊၊ဒီ့အပြင် မဟာဝိဇယစေတီတော်မှာ နှစ်ဆန်းတစ်ရက်နေ့မှာ မြို့နယ်အသီးသီးကစုပေါင်းပြီးဇီဝိတဒါန ငှက်လွှတ်ပွဲ၊ငါးလွှတ်ပွဲအခမ်းအနားတွေကျင်းပသွားဖို့ရှိပါတယ်"ဟု မဟာဝိဇယစေတီတော်ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးက YMGကိုပြောသည်၊၊
မဟာဝိဇယစေတီတော်တွင်ကျင်းပမည့်ငါးလွှတ်ပွဲအခမ်းအနားအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးကောင်ရေ(၁၅၀၀)ပေးထားပြီးအလှူရှင်များကလည်း သီးသန့်ဝယ်ယူလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်၊၊
ymg/tthl
#Local_News #နှစ်ဆန်းတစ်ရက်နေ့ #မဟာဝိဇယစေတီတော် #နေမင်းပူဇော်ပွဲ #ငှက်လွှတ်ခြင်းနှင့်ငါးလွှတ်ခြင်းအခမ်းအနားများကျင်းပ #YMG #Yangon_Media_Group


Page 1098 of 1816