#Local_News
Published_ 14 April 2023

မြန်မာ့ရိုးရာမဟာအတာသင်္ကြန် အကျနေ့ ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်သို့ နစက ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ က အရာရှိ၊ စစ်သည်၊ မိသားစုဝင် များနှင့် ဗိုလ်လောင်းများ၏ ရေသဘင်ပွဲတော်ကို သွားရောက် ကြည့်ရှုအားပေးခဲ့တယ်လို့သိရပါတယ်။

နစက ဥက္ကဋ္ဌ ၏ဇနီးနှင့် အဖွဲ့ဝင်များကစစ်တက္ကသိုလ်မိသားစု ချယ်ရီသစ္စာ ပိတောက်ဝါ အတာ ရေသဘင်မဏ္ဍပ်နှင့် ပြင်ဦးလွင်တပ်နယ်အတွင်းရှိ ချယ်ရီမေ အတာ ရေသဘင်မဏ္ဍပ်၊ နွေဦးကဗျာ ပိတောက်ဝါ အတာရေသဘင်မဏ္ဍပ်နှင့် ပိတောက်ဧကရီ အတာရေသဘင်မဏ္ဍပ်တို့သို့ ရောက်ရှိကြပြီး သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ပြင်ဦးလွင်မြို့၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ဗဟိုမဏ္ဍပ် သင်္ကြန်ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေမှုများကို ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့တယ်လို့နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ymg/mt
#Local_News #ပြင်ဦးလွင် #မိသားစုရေသဘင်မဏ္ဍပ်များ #နစကဥက္ကဌ၏ဇနီးသွားရောက်
#YMG #Yangon_Media_Group