#Local_News
Published_ 15 April 2023

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့ (ဧပြီလ ၁၄ ရက်)တွင် မြိတ်ကျွန်းစုရှိ သဘာဝ အလှများဖြင့် သာယာသည့်ကျွန်းများသို့ ခရီးသွားဧည်သည်များနှင့် ဒေသခံများအပန်းဖြေခရီးအဖြစ် မြိတ်ဆိပ်ကမ်းမှ Speed Boat များဖြင့် သွားရောက် လည်ပတ်ခဲ့ကြကြောင်း သိရသည်။

 

သင်္ကြန်ကာလတွင် ကျွန်းအပန်းဖြေ ခရီးသွားသင်္ကြန်အဖြစ် မြိတ်ကျွန်းစုရှိ လေးကျွန်း၊ ဒုံးကျွန်း၊ ဒုံးရေတံခွန်၊ နတ်သမီးရေတွင်းကျွန်း၊ စမတ်ကျွန်း၊ တောင်ပံကြီးကျွန်း၊ လိပ်ဥသောင်ကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဓနသိဒ္ဓိကျွန်း၊ မင်းသားကျွန်း၊ သဲနက်တန်း(နှစ်ဖက်လှ)ကျွန်း၊ ဒုံးညောင်မှိုင်းရွာ၊ ဘေလီကျွန်း၊ သမီးလှကျွန်း စသည့် ကျွန်းများသို့ သွားရောက်လည်ပတ်ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

မြိတ်ဆိပ်ကမ်းမှ ယနေ့တွင် ခရီးစဉ်(၃)ခုအဖြစ် ဘေလီကျွန်း၊ စမတ်ကျွန်းနှင့် ကြယ်လိပ်ကျွန်း ခရီးစဉ်၊ လေးကျွန်း၊ သမီးလှကျွန်းနှင့် မင်းသားကျွန်း ခရီးစဉ်၊ စမတ်ကျွန်း၊ ဒုံးရေတံခွန်နှင့် ဒုံးညောင်မှိုင်းရွာ ခရီးစဉ်များ ကို သင်္ကြန်ကာလ ကျွန်းအပန်းဖြေခရီးအဖြစ် ခရီးသွားလုပ်ငန်းများမှ Speed Boat များဖြင့် ပို့ဆောင်ပေးကြကြောင်းလည်း သိရသည်။

ခိုင်ထူး(မြိတ်)
#Local_News #သင်္ကြန်အကျနေ့ #မြိတ်ကျွန်းစု #စမတ်ကျွန်းနှင့်လေးကျွန်း #သွားရောက်လည်ပတ်ကြ
#YMG #Yangon_Media_Group