ယခုတစ်ပတ်အတွင်း စားအုန်းဆီတစ်ပိဿာ ကျပ် ၄၀၀၀ ကျော်အဖြစ်သတ်မှတ်
စားအုန်းဆီ တစ်ပိဿာအရင်းဈေးကို ပျှမ်းမျှငွေလဲနှုန်း၊ သယ်ယူစရိတ်၊ အရောင်းကုန်သွယ်ခွန်တွေနဲ့ တွက်ချက်ကြည့်မယ်ဆိုရင် မြန်မာကျပ်ငွေ (၄,၀၁၉) ကျပ်ကျသင့်
Published 15 July 2023
#Local_News #တစ်ပတ်အတွင်းစားအုန်းဆီတစ်ပိဿာ
#Ymg/my #Yangon_Times
#Local_News
Published_ 17 July 2023
နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် ဇူလိုင် ၁၆ ရက်တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက် မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်ခဲ့ပြီး အလှည့်ကျ ပူးတွဲဥက္ကဋ္ဌ တာဝန်ကို လာအိုနိုင်ငံထံမှ လွှဲပြောင်းလက်ခံရယူခဲ့ကြောင်း သိရပါတယ်။
အစည်းအဝေး၌ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆလုံးဆေးကိုမာဆစ်နှင့် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာ ဝန်ကြီးဒေါက်တာအက်စ်ဂျိုင်ရှန်ကာတို့ကပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။
အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြပြီး ကမ္ဘောဒီးယားဘုရင့်နိုင်ငံအစိုးရ၏ အကြီးတန်းအကြံပေး ဒေါက်တာ ဆုတ်ခ်စီ ဖားနား၊ ထိုင်းဘုရင့်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာ မွတ်(ဒ်)ဝီနိုင်းတို့အစည်းအဝေးသို့တက်ရောက်ခဲ့ကြကာ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဗွီသန်းစွန်းက ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေး၌ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အမြန်လမ်း စီမံကိန်းနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုနှင့်အလားအလာများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး မဲခေါင်-ဂင်္ဂါ ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်အစီအစဉ်များ အပေါ် အမြင်ချင်း ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရပါတယ်။
ထို့ပြင် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအောက်ရှိ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ၌ ဦးဆောင်နိုင်ငံထားရှိမည့်စနစ်ကို အကောင်အထည်ဖော်သွားရေးနှင့် မဲခေါင်- ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု စီးပွားရေးကောင်စီ ထူထောင်သွားရေးတို့ကို သဘောတူညီခဲ့ကြပါတယ်။
မြန်မာနိုင်ငံသည် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု၏ အလှည့်ကျ ပူးတွဲဥက္ကဋ္ဌ တာဝန်ကို လာအိုနိုင်ငံထံမှ လွှဲပြောင်းလက်ခံရယူခဲ့ပြီး မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့သည် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆက်လက် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။
မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၀၀ ပြည့်နှစ်တွင် စတင် ထူထောင်ခဲ့ သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဖြစ်ပြီး၊ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ပိုမိုရှင်သန်ခိုင်မာစေရေး ဆောင်ရွက်သည့် လုပ်ငန်းစဉ်ဖြစ်သည်။ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုတွင် အိန္ဒိယနိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြပါတယ်။


ygm_mnn #Local_News #မဲခေါင်- ဂင်္ဂါ ပူးပေါင်းဆောင်ရွက် #နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်
#Yangon_Media_Group
#Local_Health
Published_ 17 July 2023
အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်၊ ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်၌ ဇွန် ၁၂ ရက်မှ ၁၆ ရက်အထိ မွေးရာပါ ခါးရိုးကောက်သောရောဂါလူနာ (၁၂) ဦးကို ခါးရိုး ပြန်လည်တည့်မတ်ကုသခြင်းကို အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်မှ ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်အထူးကု ဆရာဝန်ကြီးများဖြစ်ကြသော ဒေါက်တာ သိန်းအောင်ကျော်၊ ဒေါက်တာရှိန်မြင့်ဟန်၊ အထူးကုဆရာဝန်များဖြစ်ကြသော ဒေါက်တာ နိုင်လင်းဦး၊ ဒေါက်တာ ကျော်လင်းလင်း တို့နှင့် ဆွစ်ဇာလန်နိုင်ငံ၊ Swiss Spine Foundation မှ ကျောရိုးခွဲစိတ် ဆရာဝန် ပါမောက္ခ ဒေါက်တာကံမင်းတို ပူးပေါင်း၍ဆောင်းရွက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ခါးရိုးကောက်သောရောဂါကုသခြင်းများကို ခုတင်(၃၀၀)ဆံ့ အရိုးရောဂါ အထူးကုဆေးရုံကြီး-ရန်ကုန်တွင် ဆောင်ရွက်လျက်ရှိရာ (၂၀၀၅)ခုနှစ်မှစ၍ တစ်နှစ်လျှင် ပျှမ်းမျှ(၁၂)ဦးခန့် ခွဲစိတ်ကုသပေးခဲ့ပြီး ယနေ့အထိ စုစုပေါင်း ခါးရိုးကောက်သော ရောဂါလူနာ (၂၀၀)ကျော်ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။
မွေးရာပါခါးရိုးကောက်သောရောဂါကို ငယ်ရွယ်စဉ်အချိန်တွင် ဆောလျင်စွာ ကုသမှုခံယူပါက ပိုမို၍ကျောရိုးကွေးကောက်လာခြင်း မဖြစ်နိုင်တော့ဘဲ ကုသမှုခံယူပြီး ပါက ပြန်လည်၍တည့်မတ်နေသော ကျောရိုးကြောင့် ငယ်ရွယ်စဉ်အချိန်ကာလများတွင် ရှက်ရွံအားငယ်မှုများ ကင်းဝေးစေပြီး မိမိကိုယ်ကို ယုံကြည်စွာဖြင့် လှုပ်ရှားသွားလာ နိုင်စေမည်ဖြစ်ပြီး အသက်အရွယ်ကြီးလာသောအခါတွင် ကျောရိုးကျီးပေါင်းရောဂါ ဖြစ်ပေါ်လာစေမှုမှ သက်သာစေမှာ ဖြစ်ပါတယ်။
ထို့ပြင် မြန်မာနိုင်ငံသား ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီးများနှင့် Swiss Spine Foundation တို ပူးပေါင်းဆောင်ရွက်၍ နည်းပညာရပ်များ ဖလှယ်နိုင်မှုမှ တစ်ဆင့် ခက်ခဲသော ကျောရိုးပိုင်းဆိုင်ရာရောဂါများကို နိုင်ငံတကာအဆင့်မီအောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခြင်းနှင့် ကျောရိုးခွဲစိတ်ကုသမှုနည်းစနစ်နှင့် အသိပညာများ အစဉ်အမြဲ ဖွံ့ဖြိုးတိုးတက်စေခြင်းတိုကို ရရှိစေမှာ ဖြစ်ပါတယ်။
ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုများကို မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် အရိုးရောဂါ အထူးကုဆေးရုံကြီး-မန္တလေးတိုတွင်လည်း ပါမောက္ခ/အထူးကုဆရာဝန် ကြီးများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ အရိုးရောဂါအထူးကုဆေးရုံကြီး-မန္တလေး ၌ ခါးဆစ်ကျွံရောဂါများ၊ ခါးရိုးကျီးပေါင်းတက်ရောဂါများ၊ လည်ပင်းရိုးကျီးပေါင်းတက် ရောဂါများ၊ ခါးရိုးတီဘီရောဂါများကို ကုသပေးလျက်ရှိပြီး မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျောရိုးထိခိုက်ဒဏ်ရာရလူနာများကိုခွဲစိတ်ကုသပေးလျက်ရှိကြောင်း သတင်းရရှိပါတယ်။
#ygm_mnn #Local_Health #မွေးရာပါ ခါးရိုးကောက်သောလူနာ ၁၂ ဦး
#Yangon_Media_Group
#World_News
Published 17 July 2023
အီတလီနိုင်ငံရှိ မြို့ ၁၆ မြို့မှာ ပူပြင်းတဲ့ ရာသီဥတုသတိပေးချက်ကို တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့ကာ လာမယ့်ရက်ပိုင်းအတွင်း ဥရောပတောင်ဘက်တဝှမ်းမှာ အပူချိန် စံချိန်တင်မြင့်မားနိုင်တယ်လို့ မိုးလေဝသပညာရှင်များက သတိပေးထားပါတယ်။
စပိန်၊ အီတလီ၊ ဂရိတို့မှာ ရက်ပိုင်းအတော်ကြာအောင် အပူချိန်ပြင်းထန်နေပြီး စိုက်ပျိုးမွေးမြူရေး ထိခိုက်နေကာ ခရီးသွားဧည့်သည်များ အရိပ်အာဝါသ ရှာဖွေနေထိုင်နေရပါတယ်။
ဂရိဒဏ္ဍာရီထဲက လူသေတွေကို ပို့ဆောင်တဲ့ ကူးတို့သမား'ရှာရွန်'လို့ အမည်ပေးထားတဲ့ ဆန့်ကျင်ဆိုင်ကလုန်းအသစ်ဟာ တနင်္ဂနွေနေ့က အာဖရိကမြောက်ပိုင်းကနေ တက်လာကာ အီတလီအချို့နေရာတွေမှာ အပူချိန် ၄၅ ဆဲလ်စီးယပ်စ် ကျော်လွန်သွားနိုင်ပါတယ်။
တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာတဲ့ အပူမုန်တိုင်းက တစ်နိုင်ငံလုံးကို လွှမ်းခြုံသွားနိုင်တယ်လို့ အီတလီမိုးလေဝသ သတင်းအေဂျင်စီ Meteo.it က တနင်္ဂနွေနေ့မှာ သတိပေးခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့ ရောမမြို့ရှိ နာမည်ကျော်အပျက်အစီးနေရာတွေဆီ သွားရောက်ရာမှာ ဂရုတစိုက်ရှိဖို့ အီတလီကျန်းမာရေးဝန်ကြီး 'အိုရာဇီယိုရှီလက်ချီ'က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဖလော်ရန့်စ်မှ ပါလာမိုအထိနေရာတွေနဲ့ ပင်နီဆူလာအရှေ့တောင်ရှိ ဘာရီတို့အထိ ကျန်းမာရေးသတိပေးချက် ထုတ်ပြန်ထားကာ မြောက်ပိုင်းတွေမှာ အပူချိန်စတင် မြင့်တက်လာနိုင်ပါတယ်။
စပိန်နိုင်ငံမှာ တောမီးလောင်ကျွမ်းနိုင်တဲ့ အန္တရာယ်တွေကို မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။
တနင်္လာနေ့ကစပြီး အပူလှိုင်းမြင့်တက်လာနိုင်ကာ နိုင်ငံတောင်ပိုင်း ဆီဗီးလ်အနီး ဂွာဒယ်ကွီဗီယာတောင်ကြားမှာ အပူချိန် ၄၄ ဒီဂရီဆဲလ်စီးယပ်စ် ရောက်ရှိလာပါတယ်။
ကနေရီစ်ရှိ စပိန်လာပါလ်မာကျွန်းမှာ အပူလှိုင်းဖြတ်ပြီးနောက် တောမီးလောင်ကျွမ်းကာ အနည်းဆုံးလူ ၄ ထောင်ခန့် ထွက်ပြေးခဲ့ရကြောင်း အာဏာပိုင်များက ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က ဆစ်ဆလီမှာ ဥရောပအမြင့်ဆုံးစံချိန်တင်အပူချိန် ၄၈.၈ ဆဲလ်စီးယပ်စ်ဖြစ်ခဲ့ကာ လာမယ့်ရက်ပိုင်းအတွင်း ထိုစံချိန်ကို ကျော်လွန်သွားနိုင်ကြောင်း မိုးလေဝသပညာရှင်များက ဆိုပါတယ်။
အပူလှိုင်းက မက်ဒီတာရေးနီးယန်းတလျှောက်ကနေ အစ္စရေးလ်သို့ ရောက်လာကာ ဝန်ကြီးချုပ်ရေဓာတ်ခန်းခြောက်ပြီး မူးဝေခဲ့တဲ့အတွက် ဆေးရုံတင်ခဲ့ရကာ တနင်္ဂနွေနေ့က ပြန်ဆင်းလာခဲ့ပါတယ်။
နေပူထဲမှာ မနေဖို့၊ ရေများများသောက်ဖို့ ဝန်ကြီးချုပ်က မှာကြားလိုက်ပါတယ်။
Source: Reuters #World_News #ကျန်းမာရေးသတိပေးချက်ထုတ်ပြန်
#Yangon_Times
Published_ 17 July 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ (၄)ရပ်ကွက်၊ အနောက်ဈေးရပ်ရှိ မြို့မဈေးအတွင်း Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခံရ၍ ကိုရင် ၁ ပါး ၊ ကလေးငယ် ၂ ဦး အပါအဝင် ၈ ဦးဒဏ်ရာရခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ဇူလိုင်လ ၁၆ ရက် နံနက်က Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ဈေးအတွင်း သား၊ငါး အရောင်းဆိုင်များအနီး ကျရောက်ပေါက်ကွဲခဲ့သော ကြောင့် အဆိုပါနေရာအနီး ရောက်ရှိနေကြသည့် ကိုရင် အာလောက(ခ)အာကာကျော် နှင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ပြည်သူအမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ ဦးတို့တွင် ဗုံးသီးစများအသီးသီး ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် အဆိုပါဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွှေဘိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
Yamgon_Times/BM
#Local_News
#YMG #Yangon_Times
Published_ 17 july 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအားလက်နက်ကြီးလက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်၍ ကျေးရွာမီးရှို့ဖျက်ဆီးခံခဲ့ရသောကြောင့် စာသင်ကျောင်း ၁ ကျောင်း အပါအဝင် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကာ အရပ်သားအချို့ သေဆုံး ဒဏ်ရာရရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၅ ရက် က နံနက် ၆ နာရီ ၄၀ မိနစ်ခန့်အချိန်နှင့် နံနက် ၁၁ နာရီခွဲခန့်အချိန်တို့တွင် လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြု၍ အင်အားအလုံးအရင်းဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တစ်ဖက်က ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ဆုတ်ခွာထွက်ပြေးစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၎င်းတို့၏ နောက်သို့ ထပ်ကြပ်လိုက်လံချေမှုန်းတိုက်ခိုက်ခြင်း မပြုနိုင်ရန် ကျေးရွာအတွင်းရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မီးရှို့ဖျက်ဆီး ခဲ့မှုကြောင့် လူနေအိမ် ၆၅ လုံးနှင့် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) ၁ ကျောင်းတို့ မီးလောင်ပျက်စီးသွားခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာနေ အရပ်သားပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Yangon-Times/BM
#Local_News
#YMG #Yangon_Times
ဇူလိုင်-၁၆၊၂၀၂၃
ကမ္ဘာပေါ်ရှိ ထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ပြီးစီးမှုအခြေအနေများကို နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၁၆ ရက်နေ့က ရှင်းလင်းပြသသည့်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် ယာယီသမ္မတ ဦးမြင့်ဆွေတို့ တက်ရောက်ခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါအခမ်းအနားသို့ ဦးသိန်းစိန်၊ဦးမြင့်ဆွေတို့နှင့်အတူ ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီနှင့် ဦးသိန်းစိန်အစိုးရ လက်ထက်မှ အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့်အစိုးရထိပ်တန်းပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြတာကိုလည်း တွေ့ရှိရပါတယ်။
ဦးဆောင်ဘုရားဒါယကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘာပေါ်ရှိထိုင်တော်မှုကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့်ပတ်သက်၍ းကျောက်တုံးတော်ကြီးများကို အပိုင်းလိုက်ခွဲ၍ရေကြောင်း ကုန်ကြမ်းအဆင့်ဆင့်သယ်ယူခဲ့ခြင်းမှစပြီး ယခုနောက်ဆုံး ဆောင်ရွက်နေသည့် အခြေအနေများကို အသေးစိတ်ရှင်းလင်းပြောပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခမ်းအနားတက်ရောက်လာကြသူတွေဟာ မာရဝိဇယဘုရားကြီးနှင့် ဗုဒ္ဓဥယျာဉ်ပုံစံငယ်များ၊ ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် RomanizeLanguage တို့ဖြင့်ရိုက်နှိပ်ထားမှုနှင့် Tablet များအတွင်းထည့်သွင်းထားရှိမှုများကို ကြည့်ရှုခဲ့ကြပါတယ်။
အဲဒီနောက် လုမ္ဗိနီအင်ကြင်းပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီးနောက်မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းလှည့်လည်ကြည့်ရှုဖူးမြော်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည်ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့် ရည်ရွယ် ချက် ၄ ရပ်ဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်။




Published_ 16 July 2023
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ပြုလုပ်နေသည့် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ သည် ဇူလိုင် ၁၆ ရက်တွင် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာ၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်(ဒ်)ဝီနိုင်း တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယပြည်ပရေးရာဝန်ကြီးနှင့် တွေ့ဆုံစဉ် ဝန်ကြီးက နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင် ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
မြန်မာ-အိန္ဒိယအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမို တိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး၊ ပေါင်းစည်း ချိတ်ဆက်မှုကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့ရေး၊ မဲခေါင်-ဂင်္ဂါ ပူးပေါင်း ဆောင်ရွက်မှုနှင့် ဘင်းမ်စတက် အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။
ဆက်လက်၍ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့် ခိုင်မာရေး၊ နှစ်နိုင်ငံ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုများ အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေး၊ အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group


ငါးမြစ်ချင်း၊ ငါးခုံးမ၊ ရွှေဝါငါးကြင်း စတဲ့ ငါးကောင်ရေ (၈)သိန်းကို မှော်ဝန်းချောင်းအတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့
သဘာဝမြစ်ကြီးတွေနဲ့ မြစ်ဖျား၊ ချောင်းဖျားတွေအတွင်းကို (၂")လက်မအရွယ် ငါးသားပေါက်ကောင်ရေ သိန်း (၂၇၀)ငါးမျိုး စိုက်ထည့်သွားမယ်
Yangon Times/my
#Local_News
#Published_ 15 July 2023
#YMG #Yangon_Times
တောင်ကိုရီးယားနိုင်ငံမှာ အဆက်မပြတ်မိုးသည်းထန်စွာရွာသွန်းပြီး အနီးအနားက မြစ်ရေတွေပါဝင်လာတဲ့အတွက် ချောင်ကျူးမြို့၊ အိုဆောင်းဘူတာရုံအနီးက ရေလျှံနေတဲ့ ဥမင်လိုဏ်ခေါင်း တစ်ခုအတွင်း ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေရပါတယ်။ အဲဒီဥမင်လိုဏ်ခေါင်းထဲပိတ်မိနေတဲ့ ဘတ်စ်ကားတစ်စီးထဲက အလောင်း(၇)လောင်း ပြန်လည်ထုတ်ယူခဲ့ပါတယ်။
မိုးကြီးတဲ့အတွက် ရေကြီးရေလျှံဖြစ်ကာ မြေပြိုကျမှုတွေပါ ဖြစ်ပွားတဲ့အတွက် လောလောဆယ် ၃၃ ဦးခန့်သေဆုံးနေပြီး လူ ၁၀ ဦးခန့်ပျောက်ဆုံးနေပါတယ်။
Video: SOUTH KOREAN NATIONAL FIRE AGENCY/AFP
Published_ 16 July 2023
ဆီးချိုရောဂါနည်းပညာမှာ အသစ်တီထွင်ထုတ်လုပ်တဲ့ နည်းပညာက အင်ဆူလင်မှီခိုနေရတဲ့ ဆီးချိုဝေဒနာရှင် သန်းပေါင်းများစွာရဲ့ ဘဝတွေကို ပြောင်းလဲပေးနိုင်ဖွယ် ရှိနေပါတယ်။
မိုက်ခရိုပန်ကရိယကို ဖန်တီးရာမှာ တိုးတက်မှုတွေ ရှိလာပြီလို့ အစ္စရေးလ်ကုမ္ပဏီ ဘီတာလင်သယ်ရယ်ပျူတစ်က ကြေညာလိုက်ပါတယ်။
ထိုနည်းပညာကို စမ်းသပ်ထုတ်လုပ်နေဆဲဖြစ်ပြီး အင်ဆူလင်ထိုးဆေးကို မှီခိုနေရတဲ့ ဆီးချိုလူနာများအတွက် အဆင်ပြေစေမှာဖြစ်ကြောင်း နိုင်ငံတကာဆီးချိုဖက်ဒရေးရှင်းမှ ဥက္ကဌပရော်ဖက်ဆာ 'ပီတာရှဝါဇ်'က ပြောပြခဲ့ပါတယ်။
ကမ္ဘာတဝှမ်းမှာ ဆီးချိုရောဂါပထမအမျိုးအစား ခံစားနေရသူ ၈.၅ သန်းခန့်ရှိနေပါတယ်။
ထိုလူနာတွေမှာ ကိုယ်ခံအားစနစ်က ပန်ကရိယကနေ အင်ဆူလင် မထုတ်လုပ်နိုင်အောင် ဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်။
ဆေးဝါးများ၊ အစားအစာ၊ လေ့ကျင့်ခန်းများဖြင့် သွေးတွင်းသကြားဓာတ်ကို မထိန်းသိမ်းနိုင်သူတွေအတွက် အင်ဆူလင်ကုထုံးက အရေးပါနေပါတယ်။
ချမ်းသာတဲ့နိုင်ငံတွေမှာ အင်ဆူလင်လိုအပ်တဲ့ ဆီးချိုလူနာတွေအတွက် အသုံးအများဆုံးကုထုံးတစ်ခုက အင်ဆူလင်ပန့် ဖြစ်ပါတယ်။
လူနာအရေပြားအောက်မှာ တပ်ဆင်ထားတဲ့ ကိရိယာမှတဆင့် အင်ဆူလင်ကို အဆက်မပြတ် ထုတ်ပေးတာဖြစ်ပါတယ်။
ဒီစက်က ဈေးကြီးတာကြောင့် အလယ်အလတ်နိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ မတွင်ကျယ်ပါဘူး။
နောက်တစ်မျိုးကတော့ အလှူရှင်ထံမှ ပန်ကရိယဆဲလ်တွေကို လူနာထံသို့ အစားထိုးထည့်ပေးတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အလှူရှင်ရှားပါးခြင်းနဲ့ ဆဲလ်တွေရဲ့ အရည်အသွေး ကွာခြားတာကြောင့် သိပ်အဆင်မပြေပါဘူး။
ဒီအတွက် ဘီတာလင်က ဘီတာဆဲလ်တွေကို ထည့်သွင်းကာ ဆဲလ်ကြီးထွားမှုကို လှုံ့ဆော်ပေးတဲ့ အခြေအနေကို ဖန်တီးခဲ့ပါတယ်။
ဝက်တွေထံမှ အဆုတ်တစ်ရှူးကို ရယူပြီး ပိုင်းဖြတ်သန့်စင်ကာ ဆဲလ်အကြွင်းအကျန်များ ဖယ်ရှားပေးပြီး လုပ်ဆောင်ချက်များကိုတော့ ကျန်ရှိစေပါတယ်။
ဘီတာလင်က ဓာတ်ခွဲခန်းစမ်းသပ်မှုနဲ့ ကြွက်၊ ဝက်တို့မှာ စမ်းသပ်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ပါတယ်။
ဆက်လက်ပြီး လေ့လာစမ်းသပ်နေပါက ကုမ္ပဏီအသစ်အနေနဲ့ တစ်ချိန်ချိန်မှာ ဆီးချိုကုထုံးအသစ် ရရှိနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
Source: The Jerusalem Post
#World_Health
#YMG #Yangon_Times
Published_ 16 July 2023
အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပမည့် ကုန်စည်ပြပွဲ 38th Trade Expo Indonesia၌မြန်မာလုပ်ငန်းရှင်များ
ပါဝင်တက်ရောက်ပြသရန်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှဖိတ်ခေါ်ထားကြောင်းသိရသည်။
အဆိုပါပြပွဲကိုအောက်တိုဘာ၁၈ရက်မှ၂၂ရက်အထိကျင်းပသွားမည်ဖြစ်ပြီးမြန်မာစွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များ၊အလားအလာရှိသောဝယ်လက်များ၊ရင်းနှီးမြုပ်နှံသူများနှင့်UMFCCIအဖွဲ့ချုပ်အဖွဲ့ျဝင်များတက်ရောက်ပြသရန်ဖိတ်ကြားထားခြင်းဖြစ်သည်။
ယင်းပြပွဲကိုအင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာနကကြီးမှူးကျင်းပ၍ SustainableTrade Global Economic Resilienceခေါင်းစဉ်ဖြင့် Hybridပုံစံကျင်းပမည်ဖြစ်ပြီးOnline Product Showcaseကိုအောက်တိုဘာ၁၈ရက်မှ ဒီဇင်ဘာ၁၈ရက်အတွင်းအချိန်မရွေးပြသနိုင်မည်ဖြစ်သည်။
ပြပွဲတွင်အစားအသောက်နှင့်အဖျော်ယမကာများ၊အဝတ်အထည်နှင့်အထည်လိပ်များ၊ဓာတုဗေဒစွမ်းအင်နှင့်ထုတ်ကုန်များ၊Digitalဝန်ဆောင်မှုများ၊အလှအပပစ္စည်း၊ဆေးပစ္စည်း၊ကျန်းမာရေးဝန်ဆောင်မှုနှင့်အိမ်အသုံးအဆောင်ပစ္စည်းများကိုခင်းကျင်းပြသသွားမည်ဖြစ်သည်။
ပါဝင်ပြသလိုသည့်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်စီးပွားရေးနှင်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊မြန်မာ့ကုန်သွယ်မှုမြှင်တင်ရေးအဖွဲ့၊ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲသို့ဆက်သွယ်နိုင်ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Page 1095 of 1941