#Local_News
Published_ 23 November 2023


အင်းစိန်မြို့နယ်၊ ကြိုကုန်းအရှေ့ရပ်ကွက် မင်းဓမ္မကုန်း‌တော်ပေါ်တွင် တည်ထားကိုးကွယ်ထားသော လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး၏ ဝတ္တမြေပေါ်ရှိ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများအတွက် နိုင်ငံသာဗုဒ္ဓဘာသာဝင်များကို အငှားချထားပေးရန် တင်ဒါခေါ်ယူကြောင်းဂေါပက အဖွဲ့၏ ကြေညာချက်အရသိရသည်။

 

အငှားချထားရာတွင် အိတ်ဖွင့်တင်ဒါစနစ်ချဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် (၁၂)လတာ ကာလအတွက်အငှားချထားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

 

တင်ဒါ အဆိုပြုလွှာနှင့် တင်ဒါစည်းကမ်းများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့တွင် ဂေါပကအဖွဲ့ရုံးတွင် လာရောက်ဝယ်ယူဖြည့်စွက်လျှောက်ထားနိုင်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တင်ဒါတင်သွင်းသူများရှိ၌ ဖွင့်ဖောက်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တင်ဒါခေါ်ယူသည့်ကြေညာချက်တွင် ကြမ်းခင်းဈေးမပြည့်မှီသောလျှောက်လွှာများကို စပေါ်ငွေပြန်လည်ပေးအပ်မည်မဟုတ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

 

အများပြည်သူဝန်ဆောင်မှုလုပ်ငန်းပေါင်း (၁၁)မျိုးကို အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဖြစ်ရာ၊ သန့်စင်ခန်းဝန်ဆောင်မှု ၊ အရောင်းဆိုင်ဝန်ဆောင်မှု ၊ ငါးနှင့်လိပ်စာအရောင်းဆိုင်၊ မြန်မာလက်မှုအနုပညာပစ္စည်းဆိုင်နှင့် ကန်တော့ပွဲရောင်းချခြင်းလုပ်ငန်း စသည်တို့ပါဝင်ကြောင်း သိရသည်။

 

#Local_News #မင်းဓမ္မကုန်းတော်ကျောက်တော်ကြီး #နိုင်ငံသားဗုဒ္ဓဘာသာဝင်
#YMG/LW #Yangon_Times