#Local_News
Published 27 November 2023


ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် ပစ္စည်းများ တင်လာသည့်ကားအတွင်းပုန်းပြီး လိုက်လာသည့် မြန်မာ အလုပ်သမား ၂၆ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်အရ သိရသည်။

 

နိုဝင်ဘာ ၂၄ ရက် ညပိုင်းတွင် တာခ်ခရိုင်ရှိ ဟွာအိုင်းဟင်းဖွန် စစ်ဆေးရေးဂိတ်တွင် မဲဆောက်မြို့မှ မောင်းနှင်းလာသည့်ပစ္စည်းများ တင်လာသည့်ကားပေါ်တွင် ပုန်းအောင်းလိုက်ပါလာသည့် မြန်မာအလုပ်သမား ၂၆ ဦးတို့ကိုစစ်ဆေးဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

 

စစ်ဆေးမေးမြန်းချက်အရ ယင်းအလုပ်သမားများကို ဘန်ကောက်မြို့သို့ ပို့ဆောင်ပေးရမည်ဖြစ်ကာ ထိုင်းယာဉ်မောင်းသူကိုတစ်ဦးလျှင် ဘတ် ၁၅၀၀၀ ထိပေးရကြောင်း သိရသည်။

 

အဆိုပါ အဖမ်းခံရသည့် မြန်မာအလုပ်သမား ၂၆ဦးကို မဲဆောက်ရဲစခန်းသို့ ခေါ်ဆောင်သွားကာ စစ်ဆေးမေးမြန်းမှု များ ပြုလုပ်မည်ဖြစ်ပြီး ထိုင်းဥပဒေအရ အရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #မြန်မာအလုပ်သမား၂၆ဦး #ထိုင်းအာဏာပိုင်များဖမ်းဆီး #YMG/LW #Yangon_Times