Published 28 November 2023

ကယားမှတိုက်ပွဲရှောင်ကလေးများ ညောင်ရွှေတွင် ကျောင်းတက်ခွင့်ရအောင်  စီစဉ်ပေးနေ‌ပြီဖြစ်‌ ကြောင်း ညောင်ရွှေ မြို့နယ်ရှိလူမှုကူညီရေးအဖွဲ့များထံမှသိရသည်။

ကယားပြည်နယ်မှ တိုက်ပွဲ‌ရှောင်ရင်းနေရပ်စွန့်ခွာလာသော ကျောင်းနေအရွယ်ကလေးငယ် ပညာရေး အဆက်မပြတ်စေရန် အတွက်

၁.  အတန်းလိုက် နီးစပ်ရာကျောင်းများတွင်အပ်နှံထားရန်

၂. ကျောင်းဝတ်စုံ စာအုပ် မပါရှိသေးသော်လည်းလက်ခံပေးရန်

၃. တရားဝင်တက်ရောက်နိုင်ရေးလိုအပ်သည့် စာရွက်စာတမ်းများဖြည့်သွင်းပြီး တာဝန်ခံများမှ အဆင့်ဆင့်ကူညီဆောင်ရွက်ပေးရန် 

၄.ပရဟိတအဖွဲ့များမှ လိုအပ်သည့် စာအုပ် ၊ဘောပင် ၊ခဲတံ၊ကျောင်းဝတ်စုံ ၊လွယ်အိတ် ၊သင်ရိုးညွှန်းတန်းစာအုပ်များ အလှူခံပေးရန် ၅. မြို့နယ် ပညာရေးဌာနမှလည်း လိုအပ်သည့် များကူညီထောက်ပံပေးရန် စသည့်အချက်များကို 
သက်ဆိုင်ရာ ပညာရေးမှတာဝန်ရှိသူများ နှင့်မြို့နယ်အုပ်ချူပ်ရေးအဖွဲ့တို့မှဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရသည်။

သို့ဖြစ်၍ ညောင်ရွှေမြို့နယ်အတွင်း လာရောက်ခိုလှုံကြသော နေရပ်စွန့်ခွာသူ ကလေးမိဘများအနေဖြင့် နီးစပ်ရာ ကျောင်းများတွင် အပ်နှံနိုင်ကြောင်း ညောင်ရွှေမြို့နယ်ရှိ လူမှုကူညီရေးအဖွဲ့များထံမှသိရသည်။
Yangon_Times/tthl
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group