Published_ 18 November 2023

ရန်ကုန်ဈေးကွက်၌ ဖရဲတစ်တန်လျှင်ကျပ် သိန်း၉၀အထိဈေးနှုန်း အမြင့်ဆုံးရရှိနေကြောင်း ဖရဲကုန်သည်များထံမှသိရသည်။

ပြီးခဲ့သည့် လများအတွင်းက ဖရဲဈေးနှုန်းများ ကျဆင်းခဲ့ပြီးနောက် လတ်တလောတွင် အရည်အသွေးအလိုက် ကျပ်သိန်း၇၅မှ၉၀အတွင်း ရရှိနေခြင်းဖြစ်ကြောင်း သိရသည်။

'မိုးတွင်းတုန်းက အရမ်းကျတာပေါ့၊အဲ့ဒီအချိန်တရုတ်ဘက်ကလည်း ဖရဲထွက်နေချိန်မလို့ တင်ပို့မရဘူး၊ဒီဘက်ကလည်း ထွက်တာနဲ့ စားတာနဲ့ဆို ပိုလျှံတာပေါ့၊အဓိကဝယ်လိုအားက နည်းနေပြီးရောင်းလိုအား များနေတော့ကာ ဈေးမရတာပေါ့လေ၊ လက်ရှိတရုတ်ဘက်လည်း ဟိုးအရင်လိုမသွားနိုင်ပေမယ့် သူ့ဟာနဲ့သူသွားနေတယ်၊ဒီဘက်သယ်ယူစရိတ်လည်း တက်လာတော့ ဈေးရတာလည်းပါတယ်ပေါ့ ' ဟု ဖရဲစိုက်ပျိုးရောင်းချသူ ဦးလွင်ဦးကပြောသည်။

လတ်တလောတွင် ရှမ်းပြည်နယ်နှင့်စစ်ကိုင်းတိုင်း‌ဒေသကြီးရှိမြို့နယ်အချို့မှ ထွက်ရှိနေချိန်ဖြစ်ပြီးမကြာမီနေရာအတော်များများ၌ထွက်ရှိမည်ဖြစ်ကြောင်းသိရသည်။

လတ်တလောတွင် ရှမ်းပြည်နယ်အတွင်းမှထွက်ရှိသည့် ဖရဲများအား တာလော့ဂိတ်မှ တဆင့် တရုတ်နိုင်ငံသို့ တင်ပို့မှုများလည်းရှိ‌ နေပြီးဈေးကောင်းရရှိနေကြောင်းသိရသည်။

ထိုသို့တင်ပို့ရာတွင် ရှမ်းပြည်နယ် မိုင်းလား - တာလော့ဂိတ်မှတဆင့် တရုတ်နိုင်ငံဘက်သို့ မြန်မာဖရဲကားများ တိုက်ရိုက်မောင်းဝင် တင်ပို့နိုင်ပြီဖြစ်သော်လည်း စိုက်ပျိုးထွက်ရှိရာ ဒေသမှတာလော့ဂိတ်ရောက်ရှိချိန်အထိ ငါးရက်ခန့်ကြာမြင့်သောကြောင့် အရည်အသွေးထိခိုက်ကာပယ်သီးများ ထွက်ရှိဆုံးရှုံးမှုများလည်း ရှိနေကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 18 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News