Published_ 18 November 2023

ရှမ်းပြည်နယ်တောင်ပိုင်းအပါအဝင်ဒေသ(၁၇)ခုကိုစားအုန်းဆီလက်ကားရည်ညွှန်းဈေး(၄၆၈၀)ကျပ်ဖြင့် ရောင်းချ ပေးထားကြောင်းမြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှသိရသည်။

နိုဝင်ဘာလ(၁၈)ရက်တွင်ရောင်းချပေးထားခြင်းဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းသို့ စားအုန်းဆီပေပါစုစုပေါင်း (၅၀)အပါအဝင် ရန်ကုန်၊နေပြည်တော်၊ဧရာဝတီတိုင်း၊ မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ပန်းတောင်း မြို့နယ်၊ ညောင်လေးပင်ခရိုင်၊နတ္တလင်းခရိုင်၊ရမည်းသင်းခရိုင်၊မိတ္ထီလာခရိုင်၊ မကွေးတိုင်း၊ရေနံချောင်း၊ ချောက် ခရိုင်၊ရှမ်းပြည်နယ်တောင်ပိုင်း၊မြိတ်ခရိုင်၊ကော့သောင်းခရိုင်၊မွန်ပြည်နယ်တို့ကို ရည်ညွှန်းလက်ကားဈေး အတိုင်း စားအုန်းဆီတစ်ပိဿကို ကျပ်(၄၆၈၀)ကျပ်ဖြင့် စားအုန်းဆီပေပါစုစုပေါင်း (၂၉၀၀)ကိုရောင်းချပေးထား သည်ဟုဆိုသည်။

ယင်းဒေသများကို ရည်ညွှန်းလက်ကားဈေးအတိုင်း စားအုန်းဆီ တစ်ပိဿကို ကျပ်(၄၆၈၀)ကျပ်ဖြင့် နိုဝင်ဘာလ(၁၈)ရက်တွင် ရောင်းချပေးထားကြောင်းနှင့် ဒေသအလိုက် သယ်ယူပို့ဆောင်ခနှင့် အမြတ်(၂) ရာခိုင်နှုန်းသာတင်ပြီး ရောင်းချရမည် ဖြစ်ပြီး စားအုန်းဆီဈေးနှုန်းများ အဆမတန်တင်ရောင်းပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဥပဒေအရအရေးယူသွားမည် ဖြစ်ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 18 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News