Published_ 18 November 2023

ထိုင်းနိုင်ငံ စုဖန်ဘူရီ ခရိုင် အတွင်း တရားမဝင် နေထိုင်မှု ဖြင့် မြန်မာအလုပ်သမား ၁၄ ဦး အဖမ်းခံရကြောင်း ထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက် အရ သိရသည်။

နိုဝင်ဘာ ၁၈ ရက် နံနက် ပိုင်း က ခရိုင် လူဝင်မှု ကြီးကြပ်ရေး အဖွဲ့များ က နယ်မြေအတွင်း လိုက်လံ စစ်ဆေးမှု များ ပြုလုပ်ရာမှ အဖမ်းခံရ ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ အလုပ်သမား ၁၄ ဦး မှာ အထောက်အထား မပြည့်စုံ ခြင်း ကြောင့် အဖမ်းခံရ ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ အရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ အတွင်း တရားမဝင် နေထိုင် မှု ဖြင့် အထောက်အထား မပြည့်စုံသည့် မြန်မာအလုပ်သမား များ မကြာခဏ အဖမ်းခံရသလို အလုပ်လုပ်ရန် တရားမဝင် လမ်းကြောင်းမှ ဝင်လာသဖြင့် အဖမ်းခံရသည့် မြန်မာအလုပ်သမား များ လည်း များစွာရှိကြောင်း သိရသည်။

ကိုဗစ်ကာ လပြီး နောက် ပိုင်း ထိုင်းနိုင်ငံ သို့ သွားရောက် အလုပ် လုပ်ကိုင်သည့် မြန်မာအလုပ်သမား များ ပြားလာကာ တစ်လ လျှင် ထိုင်းနိုင်ငံ သို့ MOUမြန်မာအလုပ်သမား အယောက် ၉၀၀၀၀န်းကျင် ဝင်ရောက် အလုပ်လုပ်ကိုင်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 18 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News