Published_ 16 November 2023

ဆီးချိုသွေးချိုရောဂါကြောင့် နှစ်စဉ်မြန်မာအပါအဝင်ကမ္ဘာ့လူဦးရေ (၂)သန်းခန့်အသက်ဆုံးရှုးနေရကြောင်းနှင့် မြန်မာနိုင်ငံတွင်ဆီးချိုသွေးချိုကုသမှုစင်တာ Center of Excellence for Diabetes (၅)ခုဖွင့်လှစ်ကာ ခေတ်မီ နည်းပညာကုထုံးများဖြင့် ကုသမှုများဆောင်ရွက်ပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။

ဆီးချိုသွေးချိုကုသမှုစင်တာ Center of Excellence for Diabetes များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဆေးရုံကြီး(၄)ခုနှင့် မကွေးပြည်သူ့ဆေးရုံကြီး၌ ဖွင့်လှစ်ပြီးကုသမှုများဆောင်ရွက်ပေးနေသည်ဟုဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးက ‘ကမ္ဘာ့ကျန်းမာရေးအဖွဲရဲ့ စာရင်းဇယားများအရ ကမ္ဘာတစ်ဝှမ်းရှိ အရွယ်ရောက်ပြီးသူ(၁၀)ဦးတွင် (၁)ဦး သည် ဆီးချိုသွေးချိုရောဂါ ခံစားနေရပြီး ဆီးချိုသွေးချို ရောဂါကြောင့် နှစ်စဉ် လူဦးရေ (၂)သန်းခန့် အသက်ဆုံးရှုးနေရကြောင်း၊ဆီးချိုသွေးချိုရောဂါရှိနေသူ (၅၀)ရာခိုင်နှုန်းခန့်သည် ၎င်းတိုကိုယ်တိုင် ရောဂါဖြစ်ပွားနေမှန်း မသိရှိကြောင်း၊ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝသည့် ကုသမှုရရှိစေရန် နှင့် ဆီးချိုသွေးချို ရောဂါဆိုင်ရာကျန်းမာရေး အသိပညာ မြင့်မား စေရန်အတွက် Center of Excellence for Diabetes များကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာရှိတဲ့ ဆေးရုံကြီး (၄)ခုနဲ့ မကွေးပြည်သူ့ဆေးရုံကြီးတွင် ဖွင့်လှစ်၍ ခေတ်မီနည်းပညာကုထုံးများဖြင့် ကုသမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း’(၂၀၂၃) ခုနှစ်ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်း အနား၌ထည့်သွင်းပြောသည်။

ယင်းစင်တာများအပြင်နိုင်ငံတစ်ဝှမ်းရှိ ကျေးလက်ကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများ၊ ဒေသန္တရကျန်းမာရေးဌာနများနှင့် မိခင်နှင့် ကလေးကျန်းမာရေးဌာနများတွင် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးခန်း (၇၄၀၀)ကျော်ကို ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်ထားပြီး အခြေခံကျန်းမာရေးဝန်ထမ်းများမှ ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါစစ်ဆေးကုသပေးခြင်း၊လိုအပ်ပါက သက်ဆိုင်ရာဆေးရုံများသို လွှပြောင်းပေးခြင်းနှင့် ဆေးနှင့်ဆေးပစ္စည်းများကို နိုင်ငံတော်မှ အခမဲ့စဉ်ဆက်မပြတ်ပံ့ပိုးပေးနေကြောင်း သိရသည်။

ယခုနှစ် ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ ‘Know your risk, Know your response’ “ဆီးချိုသွေးချို အန္တရာယ် ကာကွယ်ဖို၊ ကိုယ်တိုင်သိရှိ ဆင်ခြင်စို’ဖြစ်ပြီးဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ ပြည်သူလူထုမှ မိမိတိုတွင် ဆီးချိုသွေးချိုရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ် အခြေအနေကို သိရှိနားလည်၍ အချိန်မီ စစ်ဆေးကုသမှုများရယူရန်ဖြစ်ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group