Published_ 02 November 2023
တရုတ်နိုင်ငံနန်နင်းမြို့တွင်ကျင်းပမည့် ‘ရေကြောင်းပိုးလမ်းကြီးယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ညီလာခံ’သို့မြန်မာနိုင်ငံမှအဖွဲ့ဝင်များတက်ရောက်ရန်ထွက်ခွာသွားပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့သိရသည်။
အဆိုပါညီလာခံသို့ မြန်မာနိုင်ငံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါ်နုမြဇံ ဦးဆောင်သောအဖွဲ့ဝင်များသည် နိုဝင်ဘာလ၁ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံ ၊နန်နင်းမြို့သို့ထွက်ခွာသွားပြီဖြစ်သည်ဟုဆိုသည်။
‘ရေကြောင်းပိုးလမ်းကြီးယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ညီလာခံ’ကိုနိုဝင်ဘာလ၃ရက်မှ၄ရက်အထိ တရုတ်နိုင်ငံနန်နင်းမြို့၊ကွမ်ရှီးကွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ကျင်းပမည်ဖြစ်ပြီးဒုတိယဝန်ကြီးဦးဆောင်သည့်အဖွဲ့ဝင်များကို တရုတ်သံရုံးမှကောင်စစ်ဝန်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဒေါက်တာကေသီထွေးတို့နှင့်တာဝန်ရှိသူများက လေဆိပ်သို့လိုက်ပါ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 2 November 2023
အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူမှု ကို နိုဝင်ဘာ ၁ရက်မှ ဒီဇင်ဘာ ၃၁ရက် အထိ နှစ်လ အတွင်း ဆောင်ရွက်မည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန မှ သိရသည်။
အဆိုပါ အမျိုးသား အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူမှု ကို တိုင်းနှင့်ပြည်နယ် ၁၃ခု ရှိ မြို့နယ် ၂၁၄ မြို့နယ် မှ ကျေးရွာအုပ်စု၊ရပ်ကွက်များ မှစတင် ဆောင်ရွက် လျက်ရှိပြီး နေပြည်တော်ကောင်စီ နယ်မြေ မြို့နယ် ၈ မြို့နယ် ရှိ ရပ်ကွက် ကျေးရွာ ၂၇၇ ခုတွင် အမျိုးသားအဆင့် တိရစ္ဆာန်စာရင်းကောက်ယူ ခြင်း ကို တပြိူင်တည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၉-၁၉၈၀ ခုနှစ်မှ ၁၉၉၃-၁၉၉၄ ခုနှစ်အထိ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနက နှစ်စဉ်ဆောင်ရွက်ခဲ့သော်လည်း ၁၉၉၄ ခုနှစ် မှ ၂၀၁၇ ခုနှစ်အထိ တိရစ္ဆာန်ကောင်ရေစာရင်းအား မြေပြင်တွင်ကောက် ယူနိုင်ခဲ့ခြင်းမရှိဘဲ စာရင်းကိန်းဂဏန်းတွက်ချက်နည်းဖြင့်သာ စာရင်းပြုစု မှတ်တမ်းတင် နိုင်ခဲ့သည်။
မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပါသော အခြေခံစာရင်းဇယား ကိန်းဂဏန်းများ တိကျမှန်ကန်စေရန် ၂၀၁၈ ခုနှစ်တွင် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ပြီး တိရစ္ဆာန် ကောင် ရေစာရင်းပြောင်းလဲမှုကိုသိရှိနိုင်ရန် ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်းကို နှစ်စဉ်ကောက်ယူခဲ့ကာ အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကို (၅)နှစ် တစ်ကြိမ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူသွားမည်ဖြစ်၍ ယခု ၂၀၂၃ ခုနှစ်တွင် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဒုတိယအကြိမ် ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 2 November 2023
အစ္စရေး နိုင်ငံ တွင် ဖြစ်ပေါ်နေသည့် စစ်ပွဲ အခြေနေကြောင့် အခက်ခဲ ဖြစ်ပေါ်နေသော မြန်မာ နိုင်ငံသားများ ကယ်ထုတ်ရေး စီမံချက် အရ နိုင်ငံတော်အစိုးရ အစီစဉ် ဖြင့် မြန်မာ နိုင်ငံသို့ ပြန်လည် ခေါ်ယုူရာ ဒုတိယ အသုတ် ပြန်လည် ရောက်ရှိ ကြောင်း နိုင်ငံပိုင်မီဒီယာများ၏သတင်း ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများ ကို အောက်တိုဘာ ၃၁ရက် တွင် တဲလ်အဗီးမှ လေကြောင်း ခရီးစဉ် ဖြင့် ထွက်ခွာခဲ့ကာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှ တစ်ဆင့် နိုဝင်ဘာ ၁ရက် ညနေ ပိုင်းတွင် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက် ရှိကြောင်း သိရသည်။
အစ္စရေး ရောက် မြန်မာ နိုင်ငံသားများ ကို နိုင်ငံတော် အစိုးရ အစီစဉ် ဖြင့် ပြန်လည် ခေါ်ယူရာတွင် ပထမ အသုတ်တွင် ၄ဦး ခေါ်ဆောင်နိုင်ခဲ့ပြီး ယခု ဒုတိယ အသုတ်တွင် ၃ ဦး စုစုပေါင်း ၇ ဦး ပြန်လည် ခေါ်ဆောင် နိုင်ခဲ့ကြောင်း သိရသည်။
ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ ကို နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာ ဦးစီးဌာန မှ တာဝန်ရှိသူများ၊လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ တာဝန်ရှိသူများ နှင့်မိသားစု ဝင်များ က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် လာရောက် ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။
YMG/LW
Yangon Time
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 02 November 2023
ယာမာနာရှီတက္ကသိုလ်မှ ပရော်ဖက်ဆာ တဲရူဟီကိုဝါကာယာမာနဲ့ ဂျပန်အေရိုစပေ့စ် အာကာသအေဂျင်စီမှ သိပ္ပံပညာရှင်အဖွဲ့တို့က နိုင်ငံတကာ အာကာသစခန်း (ISS)ပေါ်မှာ ကြွက်သန္ဓေသားလောင်းတွေကို အောင်မြင်စွာ ဖွံ့ဖြိုးကြီးထွားစေနိုင်ခဲ့ပါတယ်။
ဒီစမ်းသပ်ချက်ဟာ အာကာသထဲမှာ လူသားတွေ မျိုးပွားနိုင်စွမ်းရှိမရှိ နားလည်စေနိုင်မယ့် အရေးကြီးခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။
၂၀၂၁ ဩဂုတ်လက အေးခဲကြွက်သန္ဓေသားလောင်းများ ပါဝင်တဲ့ ဒုံးပျံတစ်ခုကို ISS သို့လွှတ်တင်ခဲ့ပြီး ပတ်လမ်းထဲရောက်တာနဲ့ အစောပိုင်းသန္ဓေသားကို အရည်ပျော်စေရန် အထူးကိရိယာပစ္စည်းတစ်ခုကို အသုံးပြုခဲ့ကြပြီး ဆွဲငင်အားနည်းပါးတဲ့ ပတ်ဝန်းကျင်မှာ ၄ ရက်တိုင် ပြုစုစေပါတယ်။
ဆွဲအားနည်းတဲ့ရပ်ဝန်းမှာ သန္ဓေသားတွေက ပုံမှန်အတိုင်း ဖွံ့ဖြိုးခဲ့တာကို တွေ့ခဲ့ကြပါတယ်။
သန္ဓေသားနဲ့ အချင်းတို့ ဖြစ်လာရာမှာ အရေးပါတဲ့ ဘလတ်စ်တိုဆစ်ဆဲလ်များ ဖြစ်လာခဲ့တာကြောင့် မြေကြီးဆွဲအားက သန္ဓေသားဖွံ့ဖြိုးမှုမှာ ထင်ရှားစွာ မသက်ရောက်ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။
ဒါ့အပြင် DNA နဲ့ မျိုးရိုးဗီဇတို့လည်း သိသိသာသာ ပြောင်းလဲခြင်းမရှိပါဘူး။
ISS ရဲ့ ဆွဲအားအလွန်နည်းတဲ့ နေရာမျိုးမှာ အစောပိုင်းနို့တိုက်သတ္တဝါ သန္ဓေသားလောင်းကို ဖွံ့ဖြိုးစေခဲ့တဲ့ ပထမဆုံးစမ်းသပ်ချက်ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
ရှင်သန်နိုင်စွမ်း သိရှိဖို့အတွက်တော့ နောက်တစ်ဆင့်မှာ ကြွက်တွေထဲကို ထည့်သွင်းပြီး ပုံမှန်အတိုင်း မွေးဖွားနိုင်လားဆိုတာကို လေ့လာသွားရမှာ ဖြစ်ပါတယ်။
ဒီလိုသုတေသနမျိုးမှာ အနာဂတ်မှာ အာကာသ စူးစမ်းရေးတို့မှာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။
ဒီစမ်းသပ်ချက် အောင်မြင်မှုဟာ နာဆာရဲ့ Artemis ပရိုဂရမ်နဲ့ သက်ဆိုင်နေပြီး လကမ္ဘာသို့ လူသားများ ပြန်လည်ခေါ်ဆောင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
Source: WION.
#World_Science
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 02 November 2023
အစ္စရေးလ်က ဂါဇာရှိ ဂျဘလီယာ ဒုက္ခသည်စခန်းကို ဗုဒ္ဓဟူးနေ့မှာ ဒုတိယမြောက်နေ့အဖြစ် ပစ်ခတ်တိုက်ခိုက်ရာ ဟားမတ်စ်ဘက်မှ နောက်ထပ်တပ်မှူးတစ်ဦးကို သတ်ပစ်နိုင်ခဲ့ကြောင်း အစ္စရေးလ်စစ်တပ်က ဆိုပါတယ်။
ဝိုင်းရံခံထားရတဲ့ ဂါဇာကမ်းမြောင်မှ စစ်ဘေးရှောင်လာသူ အရပ်သားပထမအသုတ်ဟာ အီဂျစ်သို့ ဖြတ်သန်းဝင်ရောက်လာပြီ ဖြစ်ပါတယ်။
အစ္စရေးလ်တို့က ဟားမတ်စ်စစ်သွေးကြွတွေကို ဖိအားပေး တိုက်ခိုက်လျက်ရှိရာ ကုန်းမြေ၊ ရေလမ်း၊ လေကြောင်းတို့ကနေ စစ်ဆင်ရေးပြုလုပ်နေပြီး လူဦးရေထူထပ်ရာ ဂါဇာကမ်းမြောင်ကို နောက်ထပ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပါတယ်။
ပါလက်စ်တိုင်းဘက်မှာတော့ အပျက်အစီးများကြား အသက်ရှင်ကျန်သူများကို အသည်းအသန် ရှာဖွေနေကြပါတယ်။
အစ္စရေးလ်တို့က တိကျသေချာတဲ့ ထောက်လှမ်းချက်အပေါ် အခြေခံပြီး ဂျဘလီယာရှိ ဟားမတ်စ်တို့ရဲ့ ထိန်းချုပ်ကွပ်ကဲဦးစီး အဆောက်အအုံတစ်ခုကို တိုက်လေယာဥ်များဖြင့် တိုက်ခိုက်ခဲ့ရာ အစ္စလာမ်အဖွဲ့မှ တင့်ကားဖျက်ဒုံးကျည်တပ်မှ ဦးစီးမှူး မူဟာမက်အေဆာ သေဆုံးခဲ့ကြောင်း အစ္စရေးလ်က ဆိုပါတယ်။
ဟားမတ်စ်တွေက ဂါဇာအရပ်သားတွေကို အန္တရာယ်ဖြစ်စေတဲ့ ရည်ရွယ်ချက်ဖြင့် အရပ်သား အဆောက်အအုံတွေရဲ့ မြေအောက်၊ ပတ်ဝန်းကျင်၊ အတွင်းတွေထဲမှာ အကြမ်းဖက်ဆိုင်ရာ နေရာတွေ တမင်တကာ တည်ဆောက်ထားတယ်လို့ အစ္စရေးလ်ဘက်က ထုတ်ပြန်ကြေညာထားပါတယ်။
စစ်ဆင်ရေး ဆောင်ရွက်မှုတွေက စစ်ရာဇဝတ်မှု ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အရာရှိများက ဆိုပါတယ်။
ဂျဘလီယာ ဒုက္ခသည်စခန်းကို အစ္စရေးလ်တို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်တာဟာ အပျက်အစီးများပြီး အရပ်သားထိခိုက်မှု အရေအတွက် များပြားတာကြောင့် စစ်ရာဇဝတ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေရပါတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီးက X ဆိုရှယ်မီဒီယာမှာ ဖော်ပြလိုက်ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးလ်ကို တိုက်ခိုက်ရာမှာ ဦးဆောင်သူတစ်ဦးဖြစ်ခဲ့တဲ့ ဟားမတ်စ်တပ်မှူး အီဘရာဟင်ဘီယာရီဟာလည်း အင်္ဂါနေ့က တိုက်ခိုက်ခံရစဥ် သေဆုံးခဲ့တယ်လို့ အစ္စရေးလ်ဘက်က ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က သောကြာနေ့မှာ အစ္စရေးလ်နဲ့ ဂျော်ဒန်သို့ လာရောက်မည်ဖြစ်ကာ အစ္စရေးလ်စစ်ရေးကိစ္စများနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူနဲ့ တွေ့ဆုံသွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဌာနက ဖော်ပြထားပါတယ်။
အီဂျစ်သို့ ထွက်ပြေးရောက်ရှိသွားတဲ့ လူတွေထဲမှာ နိုင်ငံအများအပြားမှ ပတ်စ်ပို့ကိုင်ဆောင်ထားသူများ ပါဝင်ပြီး စစ်ပွဲဖြစ်ကတည်းက ဂါဇာမှာ ပိတ်မိနေကြတာ ဖြစ်ပါတယ်။
စစ်ပွဲပြီးတဲ့အချိန်မှာ ဂါဇာအုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ပြီး ဟားမတ်စ်တွေ ပါဝင်နိုင်တော့မှာ မဟုတ်ကြောင်း အိမ်ဖြူတော် လုံခြုံရေးမှ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group

Published_ 02 November 2023
မားစ်ဂြိုဟ်(အင်္ဂါဂြိုဟ်)ဟာ မျက်စိကျစရာ ဂြိုဟ်တစ်ခုဖြစ်ပေမယ့် လူသားတွေ သေချာလေ့လာမှု မလုပ်ရသေးပါဘူး။
အာကာသယာဥ်များ လွှတ်တင်ထားပေမယ့် လူသားတွေတော့ မရောက်သေးပါဘူး။
ထိုဂြိုဟ်ပေါ်မှာ အေးခဲနေတဲ့ရေတွေကို အနာဂတ်မှာ ရှာဖွေဖို့ အစီအစဥ်တွေ ရှိနေပါတယ်။
မားစ်ဂြိုဟ်ပေါ်ရောက်ရင် ဘယ်နေရာမှာ ဆင်းသက်မလဲဆိုတာကလည်း မေးခွန်းတစ်ခု ဖြစ်နေပါတယ်။
မကြာသေးမီက ထုတ်လုပ်ထားတဲ့ မြေပုံဖြင့် အကူအညီရနိုင်ဖွယ် ရှိနေပါတယ်။
နာဆာမှ ငွေကြေးထောက်ပံ့ထားတဲ့ စီမံကိန်း (SWIM)ဟာ မားစ်ဂြိုဟ်ပေါ်က ရေမျက်နှာပြင်အောက် ရေခဲရေများ တည်ရှိတဲ့နေရာကို မြေပုံဖြင့် ၄ ကြိမ်မြောက် ဖော်ပြထားပြီး မားစ်ပေါ်သို့ စေလွှတ်မယ့် ပထမဆုံးလူသားတွေကို ဘယ်နေရာမှာ ဆင်းသက်ရမလဲဆိုတာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ နာဆာတာဝန်ရှိသူများက ဆိုပါတယ်။
မားစ်ဂြိုဟ်ရဲ့ နယ်မြေတွေကို ပုံရိပ်ပြတ်သား အရည်အသွေးမြင့် ကင်မရာပစ္စည်းများဖြင့် အသုံးပြုပြီး အချက်အလက်များမှ မြေပုံကိုဖန်တီးထားတာ ဖြစ်ပါတယ်။
မားစ်ဂြိုဟ်ပေါ်သို့ ပထမဆုံးအခြေချမယ့် လူသားတွေအတွက် နေရာကိုရှာဖွေရာမှာ အကူအညီဖြစ်စေပြီး ရေများများပိုရှိလေ မစ်ရှင်လုပ်ရတာနည်းလေ ဖြစ်ပါတယ်။
မားစ်ပေါ်က ရေခဲရေတွေဟာ လူသားတွေအတွက် သောက်သုံးရေဖြစ်နိုင်သလို ဒုံးပျံလောင်စာအတွက် အဓိကပါဝင်ပစ္စည်း ဖြစ်နေနိုင်တယ်လို့ နာဆာဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့လည်း အရမ်းချမ်းအေးလွန်းတဲ့ နေရာတွေကိုလည်း မသွားစေချင်ကြပါဘူး။
ဒါကြောင့် မားစ်ကိုသွားမယ်ဆိုရင် အီကွေတာနဲ့ အနီးဆုံးနေရာကို သွားစေချင်ကြောင်း၊ ရေခဲပြမြေပုံက လူသားတွေ ခြေချရန် အသင့်လျော်ဆုံးနေရာကို ညွှန်ပြပေးသွားမှာ ဖြစ်တယ်လို့ SWIM စီမံကိန်းမန်နေဂျာ ဆစ်ဒနီဒိုက ပြောပြသွားပါတယ်။
Source: WION
#Yangon_Times
#World_Science
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကိုးကန့်ဒေသတိုက်ပွဲဖြစ်စဉ်များနှင့် ထိုတိုက်ပွဲတွေဘာကြောင့်ဖြစ်ခဲ့ရသလဲ ဆိုသည်ကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားတာဖြစ်ပါတယ်။ အဆိုပါ ပြောကြားချက်ကို အပိုင်း(၃)ပိုင်းခွဲ၍ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှရရှိခဲ့ရာ မူရင်းအတိုင်း အပိုင်း(၃)ကို ပြန်လည်ဖော်ပြပေးပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကိုးကန့်ဒေသတိုက်ပွဲဖြစ်စဉ်များနှင့် ထိုတိုက်ပွဲတွေဘာကြောင့်ဖြစ်ခဲ့ရသလဲ ဆိုသည်ကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားတာဖြစ်ပါတယ်။ အဆိုပါ ပြောကြားချက်ကို အပိုင်း(၃)ပိုင်းခွဲ၍ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှရရှိခဲ့ရာ မူရင်းအတိုင်း အပိုင်း(၂)ကို ပြန်လည်ဖော်ပြပေးပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကိုးကန့်ဒေသတိုက်ပွဲဖြစ်စဉ်များနှင့် ထိုတိုက်ပွဲတွေဘာကြောင့်ဖြစ်ခဲ့ရသလဲ ဆိုသည်ကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားတာဖြစ်ပါတယ်။ အဆိုပါ ပြောကြားချက်ကို အပိုင်း(၃)ပိုင်းခွဲ၍ သတင်းထုတ်ပြန်ရေးအဖွဲ့မှရရှိခဲ့ရာ မူရင်းအတိုင်းပြန်လည်ဖော်ပြပေးပါတယ်။
EHangHoldingsကုမ္ပဏီမှ ထုတ်လုပ်သည့် ခရီးသည်တင်ပျံသန်းယာဥ်ကို တရုတ်အရပ်ဘက်လေကြောင်းကွပ်ကဲရေးမှ ပျံသန်းခွင့်အသိအမှတ်ပြုချက်ထုတ်ပေး
ကိုယ်ပိုင်ထုတ်လုပ်ခွင့်ရ လေကြောင်းယာဥ်(AAV) နည်းပညာပလက်ဖောင်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ အီးဟန်ဟိုးလ်ဒင်းလီမိတက်က သူတိုထုတ်လုပ်လိုက်တဲ့ UAV စနစ်ခရီးသည်တင် EH216-S ဟာ တရုတ်အရပ်ဘက် လေကြောင်းကွပ်ကဲရေး (CAAC)ထံမှထုတ်ပေးတဲ့ တရားဝင် အသိအမှတ်ပြုချက် ရရှိခဲ့ပြီလို သောကြာနေ့က ကြေညာလိုက်ပါတယ်။
#Asia_Development
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 1 November 2023
၁။ ကြံတောင်သူများအား သကြားစက်ရုံ ၃ ခုက အမြတ်ငွေ ခွဲပေးခဲ့
၂။ တရုတ် မှ တင်သွင်းတဲ့ ကြက်သွန်ဖြူနှင့်အာလူး ဈေးထက်ဝက်ကျော် မြင့်တတ်လာဟုဆို
၃။ ကျောက်ဆည် ဆင်ပွဲတော်နှင့် ဆင်လှူသည့်ဓလေ့ကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ဆင်အကပညာရှင်များ ပါဝင်ဆောင်ရွက်လို
၄။ EHangHoldingsကုမ္ပဏီမှ ထုတ်လုပ်သည့် ခရီးသည်တင်ပျံသန်းယာဥ်ကို တရုတ်အရပ်ဘက် လေကြောင်းကွပ်ကဲရေးမှ ပျံသန်းခွင့် အသိအမှတ်ပြုချက် ထုတ်ပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
၁ နိုဝင်ဘာ ၂၀၂၃
ကေအိုင်အေထိန်းချုပ်ထားတဲ့ လိုင်ဇာမြို့အနီးကို ယနေ့ နိုဝင်ဘာ ၁ရက်မှာ ဒုတိယမြောက် နေ့အဖြစ် မြန်မာ့တ့ပ်မတော် ဂျက်တိုက်လေယာဉ်တစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေပြောရေးဆိုခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ပြောတယ်လို့ အေအက်ဖ်ပီသတင်းဌာနက သတင်းရေးသားခဲ့ပါတယ်။
နိုဝင်ဘာ ၁ရက် ယနေ့ မွန်းလွဲ ၁၂နာရီ၄၅မိနစ်မှာ ကချင်ပြည်နယ် လိုင်ဇာအနီး ကို မြန်မာ့ တပ်မတော် ဂျက်လေယာဉ်တစ်စီးက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောခဲ့တာဖြစ်ပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးမှု မသိရသေးဘူးလို့ သူက အေအက်ဖ်ပီကို ဆက်ပြောပါတယ်။ ဒါပေမယ့် ယမန်နေ့(အောက်တိုဘာ၃၁)ရက် ဗုံးကြဲတိုက်ခိုက်မှုမှာတော့ တစ်ဦးသေဆုံးပြီး ဆယ့်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
နစကရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က အဆိုပါ အေအက်ဖ်ပီသတင်းပါကိစ္စနှင့် ပတ်သက်၍ ယခုသတင်းရေးသားသည့်အချိန်အထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ယမန်နေ့က KIA အဖွဲ၏ လက်နက် ၊ ခဲယမ်း နှင့် မိုင်း ထုတ်လုပ်သည့် နေရာများနှင့် သိုလှောင်သည့်နေရာများကို တုန့်ပြန် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး
ပြည်သူလူထုနှင့် ပတ်သက်၍ နှောင့်ယှက် ထိပါးစေသော အကြမ်းဖက်လုပ်ရပ်များ ထပ်မံ ဆောင်ရွက်လာပါက လိုအပ်သော ပြန်လည် တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။
Source AFP
Page 936 of 1934