Published-1 November 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်အသက် (၈၅)နှစ်အထက် ဘိုးဘွား(၈၀၀) ကျော်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကယနေ့နံနက်ပိုင်းက ရပ်ကွက်များအလိုက် ဆက်လက်၍ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်လျက်ရှိပြီးလူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရပ်ကွက်(၂၇)ရပ်ကွက်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားတစ်ဦးလျှင် တစ်လ ၁၀၀၀၀/-ကျပ်နှုန်းဖြင့် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) ဒုတိယသုံးလပတ်အတွက်ဘိုးဘွား(၈၄၉)ဦးတို့အား ငွေကျပ် ၂၅,၄၇၀,၀၀၀/-ကို ရပ်ကွက်အတွင်းရှိ ဘိုးဘွားများအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ လိုက်လံပေးအပ်လျက်ရှိရာ မြို့နယ်အတွင်း (၃၁)ရပ်ကွက်၊ (၃၃)ရပ်ကွက်၊ (၃၇)ရပ်ကွက်၊ (၅၀)ရပ်ကွက်တို့မှ အသက်(၈၅)နှစ်အထက် ဘိုးဘွားများထံ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ၂၀၂၃ - ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) ဒုတိယသုံးလပတ်အတွက် တစ်ဦးလျင် ၃၀၀၀၀/-ကျပ်စီကို လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 01 November 2023
ချင်းပြည်နယ်ဟားခါး၊တွန်းဇံနှင့်တီးတိန်တို့တွင်ညအပူချိန်များစတင်ကျဆင်းနေပြီဖြစ်ပြီး အအေးဓာတ်များ စတင်လာပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။
ထူးခြားသည့်ညအပူချိန်များအဖြစ်ဟားခါးတွင်(၅)ဒီဂရီစင်တီဂရိတ်၊တွန်းဇံမြို့နှင့်တီးတိန်မြို့တို့တွင် (၁၁)ဒီဂရီနှင့် မိုင်းယန်းမြို့တွင် (၁၂)ဒီဂရီစင်တီဂရိတ်ရှိခဲ့ကြောင်းနှင့် ချင်းပြည်နယ်တွင်နိုဝင်ဘာလ၏ပျှမ်းမျှအပူချိန်ထက် (၂)ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့သည်။
နိုဝင်ဘာလအတွင်းမြန်မာအထက်ပိုင်းဒေသများတွင်အခြားဒေသများမြူပိုကျမည်ဖြစ်ပြီး စစ်ကိုင်းတိုင်း အထက်ပိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မြူကျရက်(၁၆)ရက်မှ (၂၀)ရက်ခန့်ရှိပြီးကျန်ဒေသများထက်မြူပိုကျဆင်းမည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 01 November 2023
မြန်မာ့ရိုးရာသိုင်း သက်ကြီးသိုင်းပညာရှင်ကြီးများကန်တော့ပွဲကို ရန်ကုန်မြို့လှိုင်မြို့နယ်ရှိ YUSC ရန်ကုန်ယူနိုက်တက်အားကစားခန်းမတွင် နိုဝင်ဘာ၁ရက်နေ့ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါကန်တော့ပွဲကိုမြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ၊ ရန်ကုန်တိုင်းသိုင်းဆပ်ကော်မတီက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းက အသက် ၇၅ နှစ်အထက် မြန်မာ့ရိုးရာသိုင်းပညာရှင်ဆရာကြီး ၁၅ ဉီးအားကန်တော့ခြင်းဖြစ်ကြောင်းသိရသည်။
"ဒီနှစ်မှ ပထမဆုံးအကြိမ် ရန်ကုန်တိုင်းမြန်မာ့ရိုးရာ သိုင်းပညာရှင်အလုပ်အမှုဆောင်အဖွဲ့က ပြုလုပ်ကျင်းပတာပါ။နောက်နှစ်တွေလည်းကျွန်တော်တို့စဉ်ဆက်မပြတ် ပြုလုပ်သွားဖို့ရည်ရွယ်ထားပါတယ် ။သိုင်းဆရာတွေရဲ့ကျန်းမာရေး၊နာရေးတွေကိုလည်းဝိုင်းဝန်းကူညီဖို့အစီအစဉ်လည်းရှိပါတယ် " ဟု မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ၊ ရန်ကုန်တိုင်းသိုင်း ဆပ်ကော်မတီ၏ အတွင်းရေးမှူး(သိုင်းပညာရှင်)ဦးကြည်ဝင်းကရန်ကုန်မီဒီယာဂရုကို ပြောသည်။
သိုင်းပညာရှင်များကန်တော့ပွဲ၌သက်ကြီးသိုင်းပညာရှင်တစ်ဦးကိုကျပ်ငွေတစ်သိန်းဖြင့်ကန်တော့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ကိုသိုင်းပညာရှင်များစုစည်း၍၁၉၆၆ခုနှစ်ဇန်နဝါရီလ၁ရက်နေ့မှစတင်၍တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း၌ သိုင်းအဖွဲ့ပေါင်း၁၀၀ကျော်အထိရှိကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 01 November 2023
နှစ်သက်တမ်း(၁၁၃)နှစ်ရှိပြီဖြစ်သည့် အောင်ဆန်းအားကစားကွင်း အသစ်ပြန်လည်တည်ဆောက်ရေးအတွက် တရုတ်နိုင်ငံမှ တရုတ်အင်ဂျင်နီယာအဖွဲ့ဝင်များမြန်မာနိုင်ငံသို့လာရောက်လေ့လာခဲ့ပြီး လုပ်ငန်းဆောင်ရွက် မှုများရှိခဲ့ကြောင်းအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှသိရသည်။
အောက်တိုဘာလ(၃၁)ရက်တွင်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးသံမှူး Mr.OUYANG Daobing ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံခဲ့သည်ဟုဆိုသည်။
ယင်းကဲ့သို့တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးသံမှူး Mr.OUYANG Daobing က မိတ်ဆက်စကားပြောကြားခဲ့ပြီး တရုတ်နိုင်ငံမှ အောင်ဆန်းအားကစားကွင်း အသစ်ပြန်လည် တည်ဆောက်ရေးအတွက် လာရောက်လေ့လာသည့် အင်ဂျင်နီယာအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများ တင်ပြခြင်းအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။
အောင်ဆန်းအားကစားကွင်း(ခေါ်)ဗိုလ်ချုပ်အောင်ဆန်းအားကစားကွင်းသည် ဘက်စုံအားကစားကွင်းဖြစ်ပြီး ၁၉၀၈ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ကာ ၁၉၁၀ခုနှစ်တွင်ပြီးစီးခဲ့ပြီး ယခုဆိုလျှင် နှစ်သက်တမ်း (၁၁၃)နှစ်ရှိပြီဖြစ်ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group


Published-1 November 2023
ဂျပန်ကုမ္ပဏီ (၃၀၀)ကျော်က မြန်မာအလုပ်သမားဦးရေ (၉၀၀)ခန့် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးကထုတ်ပြန်ထားသည်။
မြန်မာသံရုံး၊ တိုကျိုမြို့မှ (၂၀၂၃) ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၁၅) ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေးအကြောင်းကြားအပ်ပါသည်ဟု ပါရှိသည်။
အဆိုပါထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ (၃၀၀)ကျော်က မြန်မာအလုပ်သမား အမျိုးသား (၃၀၀)ကျော်၊ အမျိုးသမီး (၅၀၀)ကျော်၊ စုစုပေါင်း ဦးရေ (၉၀၀)ခန့် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါထုတ်ပြန်ချက်အရ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
အောက်တိုဘာလ (၃)ရက်နေ့မှ (၁၆)ရက်နေ့အတွင်းကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ (၂၄၃) ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦးရေ (၈၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ခဲ့သည်။
#Yangon_Times/PP
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
‘လာအိုနိုင်ငံသူ၊ နိုင်ငံသားဘုရားဖူးတွေဟာ ၂၀၂၃ခုနှစ်နိုဝင်ဘာလ(၁)ရက်မှာ ရောဟဏီ ဗိုလ်တထောင် ဘိုးဘိုးကြီးအတွက် တောင်ဝှေးတော်ကို ရွှေအစစ်(၃၆)ကျပ်သားနဲ့ ပြုလုပ်လှူဒါန်းခဲ့တယ်’ဗိုလ်တထောင်စေတီတော် ဂေါပကအဖွဲ့
#Yangon_Times/tthl
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
တရုတ်ဖရဲ အထွက်နည်းချိန် လိုအပ်ချက်ကြောင့် မြန်မာ့ဖရဲတွေကို နှစ်စဉ်ဝယ်ယူလေ့ရှိချိန် ဖြစ်ပါတယ်
လက်ရှိမှာ ဖရဲတစ်တန်ကို ယွမ်၄၀၀၀အထိ ဈေးကောင်းရရှိနေပြီး ပုံမှန်နှစ်တွေဆိုရင် တရုတ်လိုအပ်ချက်အတွက် ဝယ်ယူနေချိန်ဖြစ်ပေမယ့် ရှမ်းမြောက်တိုက်ပွဲတွေကြောင့် တင်ပို့မရ ဖြစ်နေပါတယ်
#Yangon_Times/tthl
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
ကျောက်ဆည်ဆင်ပွဲတော် ကမ္ဘာ့အမွေအနှစ်ဝင်ရန် ဆင်အကပညာရှင်များ ဆောင်ရွက်လို
"ကျောက်ဆည်ဆင်ပွဲတော်နဲ့ ဆင်လှူဒါန်းတဲ့ဓလေ့ဟာ ကမ္ဘာမှာ တစ်ခုတည်းသာရှိတဲ့အတွက် ကမ္ဘာ့အမွေအနှစ်စာရင်းကိုလည်း တင်သွင်းလိုတယ်။ပညာရှင်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်လိုတယ်"ကျောက်ဆည်ဆင်ပွဲတော်ဒိုင်၊ဆင်အကပညာရှင် ဦးဇော်ကြီး
#Yangon_Times/tthl
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
တရုတ်မှ တင်သွင်းတဲ့ ကြက်သွန်ဖြူနှင့်အာလူး ဈေးထက်ဝက်ကျော် မြင့်တတ်လာဟုဆို
ရှမ်းမြောက် တိုက်ပွဲတွေကြောင့် တရုတ်ကနေ တင်သွင်းတဲ့ ကြက်သွန်ဖြူနဲ့ အာလူးဈေးတွေထက်ဝက်ကျော် မြင့်တတ်လာတယ်လို့ ရှမ်းပြည်နယ် အောင်ပန်းမှာရှိတဲ့ ကုန်သည်တွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းက မြို့လှသကြားစက် ၊ နေပြည်တော် လယ်ဝေးမြို့နယ်က တောင်စဉ်အေး သကြားစက်နဲ့ တပ်ကုန်းမြို့ နယ်က ဒဟတ်ကုန်းသကြားစက် တွေအနေနဲ့ စက်ရုံကို ကြံလာရောင်းတဲ့ တောင်သူတွေအတွက် အမြတ်ငွေ ခွဲပေးတယ်လို့ သိရပါတယ်။
#Yangon_Times/PP
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 01 November 2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေတက်လာသည့်အတွက် အောက်တိုဘာလ ၃၁ရက်က ရပ်ကွက်များအတွင်း ရေများကြီးခဲ့ကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာလ၁ရက်တွင် တာချီလိတ်၌မိုးသည်းထန်မှု၊မိုးရွာသွန်းမရှိတော့ဘဲ မိုးပြတ်သွားသည့်အတွက် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သည်ဟုဆိုသည်။
‘‘တာချီလိတ်မှာလတ်တလောတော့ အခြေအနေကောင်းတယ်။ရေတွေပြန်ကျသွားပါပြီ။ရေလုံးဝမရှိတော့ ဘူး။ဟိုတစ်နေ့ကပဲရေကရှိလာတာ။မိုးကဆက်မလိုက်လာဘူး။လောလောဆယ်တော့ရေတွေပြန်ကျသွားပြီ’’ဟု တာချီလိတ်အခြေစိုက် ဦးလှမိုးလူမှုကူညီမှုအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
အောက်တိုဘာလ၃၁ရက်ညပိုင်းတုန်းက တာချီလိတ်-မယ်ဆိုင်ဘက်တွင် မိုးများထပ်မဲလာပြီး ရေကြီးခြင်းကို စိုးရိမ်ခဲ့ရသော်လည်း နိုဝင်ဘာလ၁ရက်တွင်ပြန်ကျခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့မှာ နိုဝင်ဘာလအတွင်းမိုးရွာသွန်းရန်ရှိနေပြီး ရွာသွန်းမြဲထက်ပိုနိုင် ကြောင်းကိုမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသတိပေးထားကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 01 November 2023
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရှိ ဦးပိန်တံတား ကို ယနေ့ နိုဝင်ဘာ ၁ရက် နေ့ နေ့လည် ပိုင်းတွင် ပြုပြင် ခြင်း လုပ်ငန်းများ ပြီးစီး ပြီ ဖြစ်သောကြောင့် ပုံမှန် အတိုင်း သွားလာနိုင်ေကြာင်း နိုင်ငံပိုင်သတင်းမီဒီယာများ၏ ထုတ်ပြန်ချက် အရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက် သီတင်းကျွတ် လပြည့်နေ့ တွင် ဦးပိန်တံတား ကို လာရောက် လည်ပတ်သူများ ပြီး တံတားအခန်း အမှတ် ၃၃၉နှင့်၃၄၀ ရှိ ၈ပေ (၂)ခန်း ကျိုးကျခဲ့ ခြင်းကြောင့် ပြန်လည် ပြုပြင်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ ခြင်း ဖြစ်သည်။
ထိုသို့ တံတား ကျိုးကျခြင်းကြောင့် လာရောက် လည်ပတ်သည့် ခရီးသွားများထဲမှ အမျိူးသား ၁၅ဦးနှင့် အမျိုးသမီး ၈ဦး ရေထဲ ပြုတ်ကျခဲ့ပြီး ပွန်းပဲ့ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။
ဦးပိန် တံတား သည် နှစ်ပေါင်း ၁၇၀ကျော် သက်တမ်းရှိပြီး ပြန်လည်ပြုပြင် ထိမ်းသိမ်းရာတွင် မူလရှေးမူမပျက်စေရန် ကျွန်းတိုင်များနေရာတွင် သစ်မာများနှင့် အစားထိုး အသုံးပြု ပြင်ဆင်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group


Page 937 of 1934