Published 01 November 2023
ဂါဇာကမ်းမြောင်ရှိ လူဦးရေထူထပ်ရာ ဒုက္ခသည်စခန်းတစ်ခုကို အစ္စရေးလ်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပါလက်စ်တိုင်းဘက်မှ အနည်းဆုံးလူ ၅၀ နဲ့ တပ်မှူးတစ်ယောက် သေဆုံးခဲ့ကာ ဆေးပညာရှင်များက ထိခိုက်သူများကို အသည်းအသန် ကုသပေးနေကြပြီး ဆေးရုံစင်္ကြံတွေမှာပင် ခွဲစိတ်ခန်းများ ပြုလုပ်ဆောင်ရွက်နေကြပါတယ်။
အစ္စရေးလ်တို့က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေကို ပြုလုပ်နေတာ ရက်သတ္တပတ်အချို့ ရှိနေပြီဖြစ်ပြီး ဂါဇာမှာ တင့်ကားများဖြင့် ချီတက်နေတာ ၄ ရက်ရှိပြီဖြစ်ပါတယ်။
ဂါဇာရှိ အကြီးဆုံး ဒုက္ခသည်စခန်း ဂျဘလီယာမှာ တိုက်လေယာဥ်များဖြင့် တိုက်ခိုက်ခဲ့ရာမှာ အီဘရာဟင်ဘီယာရီကို သတ်ပစ်နိုင်ခဲ့ကြောင်း အစ္စရေးလ်ကာကွယ်ရေးတပ် (IDF)က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ထိုလူဟာ အလွန်အရေးကြီးတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးလ်ကို ကျူးကျော်အကြမ်းဖက်တဲ့ ဖြစ်ရပ်မှာ စီစဥ်ဆောင်ရွက်သူလို့တောင် ပြောလို့ရကြောင်း IDF မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး ဂျိုနသန်ကွန်ရီကပ်စ်က ပြောပြသွားပါတယ်။
ဘီယာရီရှိနေတဲ့ မြေအောက်လှိုဏ်ခေါင်းထဲမှာပဲ ရှိနေတဲ့ ဟားမတ်စ်တိုက်ခိုက်ရေးသမား ဒါဇင်ခန့်ဟာလည်း တိုက်ခိုက်ခံရစဥ် သေဆုံးသွားခဲ့တယ်လို့ ကွန်ရီကပ်စ်က ဆိုပါတယ်။
ပါလက်စ်တိုင်း ကျန်းမာရေးအာဏာပိုင်များကတော့ ဒုက္ခသည်စခန်းမှ အနည်းဆုံး လူ ၅၀ သေဆုံးကာ ၁၅၀ ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဟားမတ်စ်ဘက်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တိုက်ခိုက်မှုအတွင်း အကြီးတန်းအရာရှိ တစ်ဦးတစ်ယောက်မျှ သေဆုံးခြင်းမရှိဘဲ ဒါဟာ အရပ်သားတွေကို သတ်ဖို့ အစ္စရေးလ်တို့ အကြောင်းပြတာဖြစ်ကြောင်း ဆိုလိုက်ပါတယ်။
၁၉၄၈ ခုနှစ် အစ္စရေးလ်နဲ့ စစ်ဖြစ်ကတည်းက ဒုက္ခသည်မိသားစုတွေ နေထိုင်နေတဲ့ ဂျဘလီယာမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူ ၄၀၀ ခန့်ရှိတယ်လို့ ဟားမတ်စ်က ထုတ်ပြန်ထားပါတယ်။
ပေါက်ကွဲမှုများကြောင့် အဆောက်အအုံပျက်တွေနဲ့ ကျင်းဝတွေ ကျန်နေခဲ့ပါတယ်။
ဂါဇာမှအရပ်သားတွေကို မြောက်ပိုင်းနေရာကနေ စွန့်ခွာထွက်ပြေးဖို့ အစ္စရေးလ်က အကြိမ်ကြိမ် သတိပေးနေခဲ့ကာ အများအပြားက တောင်ဘက်သို့ တိမ်းရှောင်ထွက်ပြေးကြပေမယ့် ထွက်မပြေးတဲ့သူတွေလည်း များစွာရှိနေပါတယ်။
ဝါရှင်တန်မှာ စစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြသူများက ကွန်ဂရက်လွှတ်တော် ကြားနာမှုမှာ ဝင်ရောက်နှောင့်ယှက်ပြီး ချက်ချင်း အပစ်အခတ်ရပ်ရန်၊ ဂါဇာမှကလေးတွေကို ကာကွယ်ရန်၊ လူမျိုးသုဥ်းသတ်ဖြတ်တာကို အားမပေးရန် တောင်းဆိုနေကြပါတယ်။
ဆေးဝါးမလုံလောက်မှု၊ ဓာတ်အားပြတ်တောက်မှု၊ တိုက်ခိုက်ခံရမှုများ အဆက်မပြတ် ကြုံတွေ့နေရကာ ဂါဇာမှဆရာဝန်များ နေ့ရောညပါ အလုပ်လုပ်နေရပါတယ်။
ဟားမတ်စ်တို့က ဓားစာခံများကို လာမယ့်ရက်များအတွင်း ပြန်လွှတ်ပေးမယ်လို့ ကြားဝင်ဖြန်ဖြေသူများကို ပြောကြားထားပါတယ်။
Source: Reuters
#Yangon_Times
#World_News
#Published 1 November 2023
#YMG #Yangon_Times #Yangon_Media_Group



Published 1 November 2023
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့ အငှားအိမ်ရာအခန်းများအတွက် မဲနှိုက်ခွင့်ပြုမည့် လျှောက်ထားသူများစာရင်းကိုနိုဝင်ဘာလဆန်း၌ကြေညာပေးသွားမည်ဖြစ်ကြောင်း သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပေးကြေညာချက်အရ သိရသည် ။
အဆိုပါ အငှားအိမ်ရာအိမ်ခန်းများအတွက် လျှောက်လွှာတင်ထားသူများအနက် အခန်းငှားရမ်းခွင့်အတွက် စီစစ်ပြီးသော မဲနှိုက်ခွင့်ပြုမည့် လျှောက်ထားသူများစာရင်းနှင့် မဲနှိုက်ရမည့် ရက်များကို သက်ဆိုင်ရာခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးများတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂ ရက်မှ ၁၂ ရက်အထိ အသိပေးကြညာပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မဲနှိုက်ရမည့်စာရင်းတွင် ပါဝင်သူများအနေဖြင့် မိမိတို့ကိုယ်တိုင် မှတ်ပုံတင်မူရင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ယူဆောင်၍ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် သတ်မှတ်ထားသည့် တိုက်များအလိုက် သတ်မှတ်ရက်များတွင် မဲနှိုက်သွားမည်ဖြစ်ကြောင်း၊ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းများ၏ ကနဦးကြေချက်များအရ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုရန် ကြေညာခဲ့ပြီးဖြစ်ရာ ပြန်လည်တင်ပြလာသော လျှောက်လွှာများအနက် အိမ်ရာကြီးကြပ်မှုကော်မတီနှင့် အိမ်ရာနေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသူများကို စိစစ်ရွေးချယ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အဆိုပါ စိစစ်ရွေးချယ်ထားသူများကို တိုက်ခန်းငှားရမ်း ခွင့်ပြုနိုင်ရေးအတွက် တိုက်ခန်းငှားရမ်းခွင့်နှင့် အခန်းနေရာများကို မဲစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/NN
#Local_News
#Published 1 November 2023
#YMG #Yangon_Times #Yangon_Media_Group

Published 1 Nov 2023
တောထဲက ချင်ပန်ဇီအမတွေဟာ ဓမ္မတာသွေးဆုံးပြီးနောက် အသက်ရှည်ရှည် နေထိုင်နိုင်ကြပြီး ဒီဖြစ်စဥ်ဟာ ယခင်ထင်ထားတာထက် ပိုပြီးကျယ်ပြန့်နေနိုင်တယ်လို့ သုတေသီများ တွေ့ရှိထားပါတယ်။
အချို့သော နို့တိုက်သတ္တဝါအမတွေဟာ မျိုးပွားအသက်အရွယ် ကျော်လွန်ပြီးတဲ့နောက် ဘာကြောင့် အသက်ရှည်နေထိုင်နိုင်လဲ ဆိုတာကို ပညာရှင်များ စဥ်းစားနေတာ ကြာပါပြီ။
အခုတော့ လူမဟုတ်တဲ့ မျောက်မျိုးရိုးတစ်ခုမှာ ဒီဖြစ်စဥ်ကို ပထမဆုံး အထောက်အထား ပြနိုင်ပြီဖြစ်ပါတယ်။
လူသားတွေရော ချင်ပန်ဇီတွေမှာပါ အသက် ၅၀ ခန့်မှာ ဓမ္မတာဆုံးတတ်ကြတယ်လို့ သုတေသီများ ဖော်ပြထားကြပါတယ်။
၁၉၉၅မှ ၂၀၁၆ အတွင်း ယူဂန်ဒါ ကီဘာလီအမျိုးသားဥယျာဥ်မှ ချင်ပန်ဇီအမ ၁၈၅ ကောင်ကို လေ့လာခဲ့ကြပါတယ်။
ချင်ပန်ဇီတွေ အသက် ၃၀ ရောက်တဲ့အချိန်မှာ ကလေးမွေးဖွားနှုန်း ကျဆင်းသွားပြီး အသက် ၅၀ ကျော်တဲ့အချိန်မှာ မမွေးကြတော့ပါဘူး။
၆၆ ကောင်စီမှ ဆီးနမူနာကို ဆန်းစစ်ကြည့်ရာမှာ လူသားတွေ ဓမ္မတာဆုံးချိန်မှာ ဟော်မုန်းပြောင်းလဲသကဲ့သို့ပင် ပြောင်းလဲတာကို တွေ့မြင်ရပါတယ်။
ဒါပေမဲ့ ရောဂါရခြင်း၊ ကျက်စားရာနေရာ ဆုံးရှုံးခြင်းတို့ကြောင့် အသက်ကြီးချင်ပန်ဇီအမတွေ ရှင်သန်မှုနှုန်းကို ဖုံးကွယ်ထားသလို ဖြစ်နေပါတယ်။
နောက်ထပ်ဖြစ်နိုင်တာ တစ်ခုက ယနေ့လူသားတွေရဲ့ ပျမ်းမျှနေထိုင်သက်တမ်းက ပြောင်းလဲရှည်လျားလာကာ အမျိုးသမီးတွေရဲ့ မျိုးပွားစနစ်သက်တမ်းက လိုက်ပြီး တိုးမလာတာ ဖြစ်နိုင်ပါတယ်လို့ လန်ဒန်တက္ကသိုလ်ကောလိပ်မှ မနုဿဗေဒပညာရှင် ဒေါက်တာမီဂန်အာနော့က ပြောပြခဲ့ပါတယ်။
လူသားတွေမှာ သွေးဆုံးခြင်းနဲ့ နောက်ပိုင်းပျမ်းမျှနေထိုင်သက်တမ်းတို့ အကြောင်း အပြည့်အဝနားလည်ဖို့ အများကြီးလိုသေးတယ်လို့ ဆိုပါတယ်။
Source: The Guardian.
#World_Animal
#YMG #Yangon_Times #Yangon_Media_Group
Published 1 November 2023
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်း မြို့နယ် ရှိ မြေနီကုန်း တံတားပေါ်မှ ခုန်ချရန်ကြိုးစားသည့် အမျိုးသမီး ငယ်ကိူ ဌာနဆိုင်ရာနှင့် ပရဟိတ အသင်းများက အချိန်မှီ ကယ်တင် နိုင်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၃၁ရက် ည ၁၀နာရီ ၂၀မိနစ် ခန့် က မြေနီကုန်းတံတားပေါ် မြို့ထဲဘက်အဆင်း တံတားလက်ရန်း ဓါတ်မီး တိုင် ကို ကိုင်ပြီး အမျိုးသမီးတစ်ဦး ခုန်ချရန် ကြံစည် နေကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ် အရန်မီးသတ်ဖွဲ့ အပါအဝင် ဌာန ဆိုင်ရာ များ ပရဟိတ အသင်းများကသွားရောက် ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
"" သူက တံတားလက်ရန်းပေါ်တတ်ပြီး ဓါတ်မီးတိုင်ကိုကိုင်ထားတယ် စမ်းချောင်းအရံမီးသတ်တပ်ဖွဲ့က အကိုတစ်ဦးက အားပေးနှစ်သိမ့်စကားပြောပြီးသူ့အနားကို တဖြေးဖြေး ချဉ်းကပ်သွားတယ် လက်ကိုဆွဲပြီး တော့ ဝိုင်းပြီး တံတားလက်ရန်းပေါ်ကနေ အောက်ကို ချ အချိန်မှီကယ်တင်နိုင်ခဲ့ပါတယ်""ဟု ပရဟိတအသင်းမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
အဆိုပါ အမျိုးသမီး ငယ်သည် အသက်၂၄နှစ်ခန့် ရှိပြီး မှော်ဘီမြို့နယ် မှ ဖြစ်ကာ မိသားစုကိစ္စကြောင့် ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published -1 Nov 2023
#YMG #Yangon_Times #Yangon_Media_Group
Published 1 November 2023
ရှမ်းပြည်နယ် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် နေအိမ်မီးလောင်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရသိရသည်။
အောက်တိုဘာ ၃၁ရက် ည ၇နာရီ ၅၅မိနစ်ခန့်က ပင်လုံမြို့ အမှတ်၂ရပ်ကွက် ရွှေပြည်သာရပ် ရေထွက် လမ်းရှိ နေအိမ် မီးလောင်မှု ဖြစ်ခဲ့ကြောင်း သိရသည်။
ယင်းမီးလောင်မှု သတင်းရရှိတာကြောင့် လွိုင်လင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၁)စီး၊ မီးသတ်စက်ယာဉ် (၁)စီး၊ ပင်လုံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၈နာရီ ၃၀ မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးခဲ့ပြီး ပင်လုံမြို့နယ် တိုက်နယ်ဆေးရုံ ကိုပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published -1 Nov 2023
#YMG #Yangon_Times #Yangon_Media_Group
Published -1 Nov 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် တွင် တည်ထားပူ ဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော် အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြ သူများထဲမှ ဦးရေ ၁ သန်း ပြည့်မြောက်သူကို အောက်တိုဘာလ ၃၁ ရက်က ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၈ ရက်နေ့မှစ၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ရန်စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်း ပြည်ပမှ ဘုရားဖူးလာရောက်သူများ လာရောက်မှုမှာ အောက်တိုဘာလ ၃၁ ရက်ထိ တစ်သန်းကျော်ရှိရာ ယင်း အထဲမှ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ ဦးကျော်ဝဏ္ဏ မှာ ဦးရေ ၁ သန်းပြည့်မြောက်သည့် ကံထူး သူတစ်ဦးဖြစ်၍ ဂုဏ်ပြုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ဦးကျော်ဝဏ္ဏနှင့် မိသားစုဝင် များအား ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ဘုရားကြီးမုဒ်ဦးတွင် ကြိုဆို နှုတ်ဆက်ကြကြောင်း၊မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ် အတွင်းရှိ ကျောက်စာရုံ စေတီ တော်များ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၊ ဂန္ဓကုဋိတိုက် များ၊ မုစလိန္ဒကန်၊ နဂါးရုံဘုရား၊ မာရဝိဇယ ကျောင်း တော်၊ သုဓမ္မာဇရပ် များအား လှည့်လည် ဖူးမြော် ကြည်ညိုကာ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦများ တည်ထားကိုးကွယ်မှု ဆိုင်ရာများနှင့် ဦးရေ ၁ သန်းမြောက် ဘုရားဖူးပြည် သူဖြစ်လာရသည့် အကြောင်း အရင်းကို ရှင်းလင်းပြောပြခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဦးကျော်ဝဏ္ဏအား ဉာဏ်တော် ၉ လက်မ အမြင့်ရှိသော စကျင်ကျောက်ဖြင့် ထုဆစ် ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံတော်တူ ဆင်းတုတော်တစ်ဆူ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မှန် ပေါင်သွင်း ဓာတ်ပုံတစ်ပုံ၊ မာရဝိဇယဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦများ ဆိုင်ရာ သမိုင်းကြောင်း ပါ CD တစ်ချပ်နှင့် ငွေကျပ် ၁၂ သိန်းတန်ဖိုးရှိ Creamy Paper ဖြင့် ရိုက်နှိပ်ထားပြီး ပါဠိ၊ ရိုမန် အက္ခရာနှစ်မျိုးတို့ဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ပါဠိတော် ၅၃ကျမ်း (၄၀)အုပ်တစ်စုံတို့ကို အမှတ်တရ ဓမ္မလက်ဆောင်အဖြစ် ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပိဋကတ် ပါဠိတော်ကျမ်းကို ဦးကျော်ဝဏ္ဏနှင့်ဇနီး ဒေါ်နွယ်နီဝင်း မိသားစုအမည်ဖြင့် ကမ္ဗည်းရေး ထိုး ထားကာ လှူဒါန်းလိုသော ဘုန်းတော်ကြီးကျောင်းသို့ ကိုယ်တိုင် လှူဒါန်း နိုင်ရန် တစ်ပါတည်း စီစဉ်ပေးခဲ့ကြောင်း လည်း သိရှိရသည်။
Yangon_Times/PP
#Local_News
#Published -1 Nov 2023
#YMG #Yangon_Times #Yangon_Media_Group

Published 1 Nov 2023
လက်ကိုင်ဖုန်း အသုံးပြုချိန် အလွန်များလာတဲ့အခါ နေထိုင်မှုပုံစံက အထိုင်များလာပြီး ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာကာ အဝလွန်ခြင်းနဲ့ ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေ များလာပါတယ်။
ဖုန်းကို ကြာရှည်စွာ ကြည်တဲ့အတွက် မျက်လုံးဒဏ်ဖြစ်ခြင်း၊ မျက်လုံးခြောက်ခြင်း၊ အမြင်ဝါးခြင်း၊ အဝေးမှုန်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
ညမအိမ်ခင် ဖုန်းကြည့်ခြင်းဟာလည်း အိပ်စက်မှုစက်ဝန်းကို ထိခိုက်စေပါတယ်။
ဒါကြောင့် ကလေးတွေမှာ ဖုန်းအသုံးပြုချိန်ကို ထိန်းချုပ်နိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
(၁) တစ်နေ့ကို ဘယ်နှနာရီ ဖုန်းအသုံးပြုစေတာမျိုး ဒါမှမဟုတ် သတ်မှတ်ထားတဲ့ အချိန်တွေမှာသာ အသုံးပြုစေတာမျိုး စသဖြင့် သတ်မှတ်ချက်တွေ ချမှတ်သင့်ပါတယ်။
(၂) ကလေးတွေကို ပြင်ပလှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ ဝါသနာပါရာ လုပ်စေခြင်း၊ စာဖတ်စေခြင်း၊ မိတ်ဆွေ အပေါင်းအသင်းနဲ့ ရှိစေခြင်းတို့ကို အားပေးသင့်ပါတယ်။
(၃) ကလေးတွေက မိဘတွေကို အတုယူလေ့ရှိတာကြောင့် မိမိကိုယ်တိုင်က ဖုန်းကိုချင့်ချိန်အသုံးပြုကာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စံပြနေထိုင်သင့်ပါတယ်။
(၄) အိမ်ရဲ့အချို့သော နေရာတွေကို ဖုန်းမသုံးရနေရာအဖြစ် သတ်မှတ်ကာ အထူးသဖြင့် ထမင်းစားစားပွဲ၊ အိပ်ခန်း၊ မိသားစုစည်းဝေးခန်းတို့မှာ သတ်မှတ်သင့်ပါတယ်။
(၅) ကလေးတွေကို အပေါင်းအသင်းတွေ လူတွေနဲ့ တွေ့ဆုံဆက်ဆံဖို့ အားပေးသင့်ပြီး အသင်းအဖွဲ့တွေမှာ ပါဝင်ဖို့ တိုက်တွန်းသင့်ပါတယ်။
(၆) ဖုန်းတွေမှာပါဝင်တဲ့ အုပ်ထိန်းသူထိန်းချုပ်မှုစနစ်ကို အသုံးပြုကာ အချို့သော အက်ပ်တွေ၊ ဝက်ဘ်ဆိုက်တွေ၊ အကြောင်းအရာတွေကို ကန့်သတ်နိုင်ပါတယ်။
(၇) အွန်လိုင်းပေါ်က အနိုင်ကျင့်တာတွေ၊ ကျန်းမာရေးပြဿနာ ဖြစ်နိုင်တာတွေနဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကလေးတွေသိအောင် ရှင်းပြသင့်ပါတယ်။
(၈) ဖုန်းအသုံးပြုပြီး နားဖို့ကိုလည်း သတိပေးသင့်ကာ တရားမှတ်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်မှာ အချိန်ဖြုန်းခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
(၉) မိသားစုဝင်များနဲ့ အပန်းဖြေခရီးထွက်ခြင်း၊ ဂိမ်းကစားခြင်းတို့ဖြင့် ဖုန်းအသုံးပြုချိန် နည်းသွားအောင် ပြုလုပ်သင့်ပါတယ်။
(၁၀) ညအိပ်ချိန်မှာ ဖုန်းအသုံးမပြုတဲ့ သတ်မှတ်ချက်ကို ချမှတ်သင့်ပါတယ်။
ဖုန်းအသုံးပြုခြင်းနဲ့ အခြားလှုပ်ရှားမှုများကြား မျှတအောင် မိဘများက ထိန်းကွပ်ပေးသင့်ပါတယ်။
Source: DoctorNDTV
#World_Health
#YMG #Yangon_Times #Yangon_Media_Group
၃၁ အောက်တိုဘာ ၂၀၂၃
အမေရိကန်ပြည်ထောင်စုက မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအပေါ် စီးပွားရေးပိတ်ဆို့ကန့်သတ်မှုပုံစံတစ်ခု ချမှတ်ခဲ့တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကပြောတဲ့အကြောင်း ရိုက်တာကသတင်းပေးပို့ပါတယ်.
ဒါပေမယ့် အဆိုပါ စီးပွားရေးပိတ်ဆို့ကန့်သတ်မှုပုံစံဟာ လက်ရှိစစ်အစိုးရရဲ့ အဓိကနိုင်ငံခြားငွေရရှိနေတဲ့အရင်းအမြစ်ဖြစ်တဲ့ အဲဒီဌာနအပေါ် အပြည့်အဝပိတ်ဆို့အရေးယူမှုအထိမရောက်ရှိဘဲ အတိုင်းအတာတစ်ခုမှာရပ်ထားခဲ့တာဖြစ်တယ်လို့လည်း သတင်းကရေးပါတယ်။
ဒီဇင်ဘာ ၁၅ ရက်မှာစတင်မယ့် ယခုပိတ်ဆို့ကန့်သတ်မှုပုံစံဟာ နိုင်ငံတော်ပိုင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE အပေါ် အမေရိကန်တွေရဲ့ အချို့သော ဘဏ္ဍာရေးလုပ်ငန်းတွေကိုသာ ကန့်သတ်လိုက်တာဖြစ်ပါတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို အမေရိကန်က တိုက်ရိုက်အရေးယူခြင်းဖြစ်ပြီး ယခင်က ခေါင်းဆောင်တွေကိုသာ ဦးတည်အရေးယူခဲ့တာဖြစ်ပါတယ်။
ကန့်သတ်လိုက်တဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေဆိုတာ ချေးငွေ၊ငွေစာရင်း၊အာမခံလုပ်ငန်း၊ရင်းနှီးမြှပ်နှံမှုနှင့် အခြားလုပ်ငန်းတွေ ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အရေးယူမှုကြောင့် MOGE ဟာ အမေရိကန်ရဲ့ ဘဏ်စနစ်ထဲကထုတ်ပယ်ခံရပြီး အမေရိကန်နှင့်ကုန်သွယ်ရေးကိုပိတ်ပင်ထား ကာ အမေရိကန်မှာရှိတဲ့ ယင်းရဲ့ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ်လိုက်မှာဖြစ်ပါတယ်။
ယင်းအပြင် မြန်မာစစ်တပ်နှင့်အဆက်အသွယ်ရှိတဲ့ လုပ်ငန်း(၃)ခုနှင့် လူပုဂ္ဂိုလ် (၅)ဦးတို့ကိုလည်း အမေရိကန်က စီးပွားရေး ကန့်သတ်အရေးယူမှုပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ယခုဆောင်ရွက်မှုတွေကို ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့နှင့်အတူညှိနှိုင်းချမှတ်ဆောင်ရွက်တာလို့လည်းပြောပါတယ်။
ကနေဒါက မြန်မာစစ်အစိုးရကိုထောက်ခံတဲ့ လူပုဂ္ဂိုလ်၃၉ဦးနှင့် လုပ်ငန်း ၂၂ခုကို ပိတ်ဆို့ကန့်သတ်မှုလုပ်ခဲ့ပါတယ်။ ဗြိတိန်က မြန်မာအစိုးရကို ဘဏ္ဍာရေးလုပ်ငန်းတွေဝန်ဆောင်မှုပေးခဲ့တဲ့ ဒါမှမဟုတ် လေယာဉ် အစိတ်အပိုင်းတွေအပါအဝင် ကန့်သတ်ထားတဲ့ပစ္စည်းတွေရောင်းပေးတဲ့ လူပုဂ္ဂိုလ်(၅)ဦးနှင့် လုပ်ငန်း(၁)ခုကို ပိတ်ဆို့ကန့်သတ်ခဲ့ကြောင်းကြေညာပါတယ်။ နှစ်နိုင်ငံစလုံးက သူတို့ရဲ့သတင်းထုတ်ပြန်ချက်ထဲမှာ MOGE ကို ညွှန်းဆိုဖော်ပြမထားပါဘူးလို့ ရိုက်တာကရေးသားပါတယ်။
Soure Reuters
-ymg/knl
အောက်တိုဘာ၃၁၊၂၀၂၃
မြန်မာနှင့် တရုတ် နှစ်နိုင်ငံပူးတွဲ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအခြေအနေကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုရေးဝန်ကြီး Wang Xiaohong တို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုရေးဝန်ကြီး Wang Xiaohong ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို အောက်တိုဘာ ၃၁ရက် မနက်က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် အထက်ပါကိစ္စ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးချိန်ကတည်းက တိုင်းရင်းသား အဖွဲ့များ အချင်းချင်း အားပြိုင်မှုများဖြစ်ပေါ်ကာ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့မှု၊ အချို့တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် အဆိုပါဒေသအတွင်း မူးယစ်ဆေးဝါးများ ထုတ်လုပ်ရောင်းချလျက်ရှိမှု၊ ကိုးကန့်ဒေသအတွင်း “ဖုန်” / “ရန်”အဖွဲ့တို့ အရေးအခင်း ဖြစ်ပွားခဲ့မှု၊ “ပယ်”အဖွဲ့အား တာဝန်ပေးအပ်ခဲ့မှု
တွေကိုလည်း ဗိုလ်ချုပ်မှူးကြီးနှင့် မစ္စတာWang Xiaohong တို့ ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။
ဆက်လက်ပြီး ထိုအဖွဲ့များ၏ အာဏာရလိုမှု၊ လက်နက်ခဲယမ်းများထုတ်လုပ်နေမှု၊ လက်နက် ခဲယမ်းများ ဝင်ရောက်မှုများကြောင့် ဒေသတွင်းနှင့် နယ်စပ်ဒေသတည်ငြိမ် အေးချမ်း ရေးကို ထိခိုက်ပျက်စီးစေလျက်ရှိမှု၊ နယ်စပ်ဒေသတွင် တရားမဝင်အွန်လိုင်း လောင်း ကစားမှုများနှင့် ဆက်သွယ်ရေး လိမ်လည်မှုများ ဖြစ်ပေါ်လျက်ရှိမှုတို့ကို ထိထိရောက်ရောက် တင်းတင်းကြပ်ကြပ် အရင်းအမြစ် ကစ၍ နှိမ်နင်းဖော်ထုတ် ဆောင်ရွက်သွားမည့်အခြေအနေများ၊ အဆိုပါ ဒေသအတွင်းရှိ ဥပဒေနှင့်ညီညွတ်မှု မရှိသည့်လုပ်ငန်းများကို စိစစ်ဖော်ထုတ်သွားမည့် အခြေအနေများကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရ သည့် နိုင်ငံတစ်နိုင်ဖြစ်သကဲ့သို့ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ယုံကြည် စိတ်ချရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံမှုများ တိုးတက်ကောင်းမွန်လျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံ ၏ အရှေ့မြောက်ပိုင်းဒေသတွင် MNDAA သောင်းကျန်းသူများက နယ်မြေ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေ ရန်ရည်ရွယ်၍ လုံခြုံရေးစခန်းများအား တိုက်ခိုက်မှုများ ဆောင်ရွက်လာသည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
ယင်းအပြင် လောက်ကိုင်ဒေသတွင် ကိုယ်ကျိုးစီးပွား အတွက် အွန်လိုင်းလောင်းကစားများ၊ ဆက်သွယ်ရေး လိမ်လည်မှုများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့်ရောင်းဝယ်မှုများ ဆောင်ရွက်နေမှုများအား နှစ်နိုင်ငံပူးပေါင်း၍ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာ့နိုင်ငံရေးအပါအဝင် အခြားကမ္ဘာ့နိုင်ငံအရေး များ၌ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုမှ ဝင်ရောက်စွက်ဖက်၍ ၎င်းတို့နိုင်ငံ၏ အကျိုးအတွက်သာကြည့်ပြီး အခြားနိုင်ငံများအပေါ် Double Standard ဖြင့် ချယ်လှယ်ဆောင်ရွက်နေသည့်အခြေအနေများကိုလည်း ဆက်လက်ဆွေးနွေးခဲ့ကြတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး တို့တက်ရောက်ကြပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
-ymg/knl
ဆန်ဖရန်ဆစ္စကိုဟာ နည်းပညာဆန်းသစ်တီထွင်မှုအပိုင်းမှာ ကမ္ဘာ့ဦးဆောင်သူတွေထဲက တစ်နေရာဖြစ်ပြီး သဘာဝရင်းမြစ်များကို ဂေဟအသိဖြင့်ယှဥ်လျက် ထိရောက်စွာအသုံးချမှုကို အလေးပေးဆောင်ရွက်သွားမယ့် နည်းပညာလုပ်ငန်းအသစ်များလည်း ရှိနေပါတယ်။
#Yangon_Times
#World_Technology
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
၃၁ အောက်တိုဘာ ၂၀၂၃
မူစလင်အမေရိကန်တွေနှင့် အချို့သော ဒီမိုကရက်တစ်ပါတီကလှုပ်ရှားတက်ကြွသူတွေက သမ္မတဂျိုးဘိုင်ဒင်အနေနှင့် ဂါဇာ အပစ်အခတ်ရပ်စဲရေးအတွက် ချက်ခြင်းအရေးယူဆောင်ရွက်မှုမလုပ်ဘူးဆိုရင် ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင် ကို ငွေလည်းလှူမှာမဟုတ်သလို မဲလည်းပေးမှာမဟုတ်ဘူးလို့ အကြပ်ကိုင်လိုက်ကြပါတယ်။
ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တွေပါဝင်တဲ့ အမျိုးသားမူစလင်ဒီမိုကရက်တစ်ကောင်စီက အင်္ဂါနေ့ ညနေငါးနာရီနောက်ဆုံး ထားပြီး အစ္စရေးနယ်စပ်မှာ အပစ်အခတ်ရပ်စဲဖို့ ဘိုင်ဒင်က သူ့ရဲ့ ဩဇာအရှိန်အဝါကိုအသုံးပြုပေးဖို့ တောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။ အဲဒီကောင်စီမှာပါတဲ့ ဒီမိုကရက်တစ်ပါတီ အမတ်တွေဟာ အကြိတ်အနယ်ယှဉ်ပြိုင်ရပြီး ရွေးကောက်ပွဲရလာဒ်ကို အဆုံးအဖြတ်ပေးနိုင်ဖွယ် ရှိကြတဲ့ မီချီကန်၊အိုဟိုင်းအိုနှင့်ပင်ဆီဗန်းနီးယားစတဲ့ ပြည်နယ်တွေက ဖြစ်ကြပါတယ်။
“၂၀၂၃ အပစ်အခတ်ရပ်စဲရေးရာဇသံ” လို့ အမည်ပေးထားတဲ့ အဆိုပါ အိတ်ဖွင့်ပေးစာမှာ မူစလင်ခေါင်းဆောင်တွေဟာ ပါလက်စတိုင်းပြည်သူတွေအပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ထောက်ခံမှုပေးတဲ့ မည်သည့် သမ္မတလောင်းကိုမဆို ထောက်ခံခြင်း၊မဲပေးခြင်းတွေ မပြုလုပ်ဖို့ မူဆလင်မဲဆန္ဒရှင်တွေကို ဆော်ဩစည်းရုံးသွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။
“ ခင်ဗျားအစိုးရရဲ့အကြွင်းမဲ့ထောက်ခံမှု၊ ရန်ပုံငွေနှင့် လက်နက်ထောက်ပံ့မှုတွေဟာ အရပ်သားတွေ သေကြေထိခိုက်မှုဖြစ်ရတဲ့ အကြမ်းဖက်မှုတွေကို ထပ်တလဲလဲဖြစ်ပေါ်အောင် သိသာထင်ရှားတဲ့ အခန်းကဏ္ဍမှာရှိနေတယ်” လို့ ကောင်စီက ရေးသားထားပါတယ်။
အမေရိကန်လွှတ်တော်အမတ်ဟောင်းနှင့် မီနီဆိုတာရဲ့ ရှေ့နေချုပ် ကိတ်အယ်လီဆင် နှင့် အင်ဒီယာနာအမတ် အင်ဒရီကာဆွန်တို့ဟာ အဆိုပါကောင်စီကို တည်ထောင်ခဲ့တဲ့ ပူးတွဲ ဥက္ကဋ္ဌတွေဖြစ်ကြပါတယ်။
ယခုအိတ်ဖွင့်ပေးစာဟာ အောက်တိုဘာ ၇ ရက်နေ့ ဟားမာ့စ်စစ်သွေးကြတွေရဲ့ တိုက်ခိုက်မှုတစ်ခုအပေါ် အစ္စရေးက ဂါဇာ ကမ်းမြောင်မှာ တိုက်ခိုက်နေမှုအပေါ် ဘိုင်ဒင်အနေနှင့် ရှုတ်ချဖို့ ပျက်ကွက်နေခြင်းအပေါ် အာရပ်နှင့် အမေရိကန်မူစလင် အသိုက်အဝန်းရဲ့ ဒေါသတွေကြီးထွားလာနေတာကို ပြသတဲ့ နောက်ဆုံးလက္ခဏာတစ်ခုဖြစ်ပါတယ်။
Source Reuters

#Daily_News
Published_ 31 October 2023
၁။ အုန်းသီးရဲ့ စွန့်ပစ်ပစ္စည်းဖြစ်သည့် အုန်းခွံ ဝယ်လိုအားကောင်းနေ
၂။ တံတားအကန့်နှစ်ခု ပြိုကျခဲ့သည့် ဦးပိန်တံတားကို ရှေးမူလက်ရာအတိုင်း ပြုပြင်မည်၊ စဉ်ဆက်မပြတ် ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ဟုဆို
၃။ ဝါထွက်ကာလဖြစ်သောကြောင့် အိမ်ခြံမြေ အငှားဈေးကွက်သွက်နေပြီး တန်ဖိုးနည်းကွန်ဒိုနှင့်တိုက်ခန်းများ အရောင်းအဝယ်အနည်းငယ်ဖြစ်လာ
၄။ ဂေဟစနစ် ရှင်သန်ရေးကို အလေးထားကာ နည်းပညာဆန်းသစ်တီထွင်မှုများ ကြိုးပမ်းဆောင်ရွက်လာသည့် နည်းပညာလုပ်ငန်းသစ်များ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Page 938 of 1934