Published_ 31 October 2023
ယခုနိုဝင်ဘာလ(၁)ရက်တွင်ဖွင့်မည့် (၅၆)ကြိမ်မြောက်ထီဖွင့်ပွဲတွင် ထီလက်မှတ်ရောင်းချရငွေများထဲမှ (၇၀)ရာခိုင်နှုန်းအပြင် ဘဏ္ဍာသိမ်းရငွေကျပ်သန်း(၂၅၀)ဖြင့် တစ်သိန်းမှဆယ်သိန်းအထိထီဆုပေါင်း(၂၂၂၄)ဆု ထပ်ဆောင်းချီးမြှင့်သွားမည်ဖြစ်ကြောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ပြည်တွင်းအခွန်ဦးစီးဌာနမှသိရသည်။
အောက်တိုဘာလတွင် ထီလက်မှတ်ရောင်းရငွေကျပ်သန်း(၆၂၃၂.၉၂၀)ရရှိခဲ့ပြီး ၇၀ရာခိုင်နှုန်းဆုချီးမြှင့်ငွေ အဖြစ်ကျပ်သန်း(၄၃.၆၃.၀၄၄)ကိုထီဆုများအဖြစ် အထူးဆုကြီးကျပ်သိန်းငါးထောင်း၊သိန်းနှစ်ထောင်၊သိန်း တစ်ထောင်တစ်ဆုစီ၊ ကျပ်သိန်း(၅၀၀)၊သိန်းနှစ်ရာ၊သိန်းတစ်ရာ၊သိန်းငါးဆယ်၊သိန်းနှစ်ဆယ်၊ သိန်းတစ်ဆယ်စုစုပေါင်း(၆၈)ဆု၊ဝေဝေဆာဆာပဒေသာဆုအမျိုးအစားငါးမျိုး ဆုအရေအတွက်အားဖြင့် (၁၂၉၄၃၀)ဆုတို့ကိုချီးမြှင့်သွားမည်ဖြစ်သည်။
ယင်းဆုများအပြင် ဘဏ္ဍာသိန်းရငွေကျပ်သန်း(၂၅၀)ကို ဆယ်သိန်းဆု(၄)ဆု၊သုံးသိန်းဆု(၂၀)ဆု၊နှစ်သိန်းဆု (၂၀၀)ဆုနှင့်တစ်သိန်းဆု(၂၀၀၀)ဆုထပ်တိုးချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 31 October 2023
ဝါရှင်တန်အခြေစိုက် အမေရိကန်နိုင်ငံဆိုင်ရာ အာဆီယံသံရုံးများနှင့် Associates of the American Foreign Service Worldwide (AAFSW) အသင်းတို့ပူးပေါင်း၍ အာဆီယံ ယဉ်ကျေးမှုနေ့အခမ်းအနားကို အောက်တိုဘာ ၃၀ ရက်တွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၌ကျင်းပရာ ဝါရှင်တန်ရှိ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်း ဦးဆောင်၍ သံရုံးဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အခမ်းအနားတွင် အာဆီယံသံရုံးများမှ နိုင်ငံအလိုက် ယဉ်ကျေးမှုအနုပညာ အဆို၊ အက၊ အတီးတို့ဖြင့် ဖျော်ဖြေခြင်း ရိုးရာစားသောက်ဖွယ်ရာများဖြင့် တက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ အာဆီယံသံရုံးများ၏ မိတ်ဖက်၊ လုပ်ဖော်ကိုင်ဖက်များ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များကို ဧည့်ခံခဲ့ကြပါတယ်။
မြန်မာသံရုံးအနေဖြင့် မြန်မာ့ရိုးရာသင်္ကြန် ယိမ်းအကအဖွဲ့ဖြင့် ပါဝင်ဖျော်ဖြေခဲ့ပြီး မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။ အခမ်းအနားတွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး မြန်မာ့ရှုခင်းသာ ဗီဒီယိုပြကွက်များကိုလည်း တက်ရောက် လာသူများကို ပြသခဲ့တယ်။
အခမ်းအနားသို့ အာဆီယံနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် ဇနီးများ၊ ဝန်ထမ်းမိသားစုများ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဝါရှင်တန် အခြေစိုက် သံရုံးအကြီးအကဲများနှင့် သံတမန်များ (၄၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
#Yangon_Times/mnn
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 31 October 2023
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် အတွင်း ရှိ မြနန်းစံကျော် ရွှေနန်းတော် တွင် အများ ပြည်သူများ ကြည့်ရှုနိုင်ရန် အတွက် ဘုရင့်အသုံးဆောင် ပစ္စည်းများ ကို ပြန်လည်ခင်းကျင်းပြသ မည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ထံ ကသိရသည်။
အဆိုပါ ဘုရင့်အသုံး ဆောင် ပစ္စည်းများ ပြန်လည် ခင်းကျင်း ပြသနိုင်ရန် အတွက် ဘုန်းတော်ကြီးကျောင်းများနှင့် ပုဂ္ဂလိက များ က ယင်းရှေးဟောင်း ပစ္စည်းများ ကို သက်ဆိုင်ရာ အထောက်အထားနှင့် တကွ လာရောက် လှူဒါန်း နိုင်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန က ထုတ်ပြန်ကြေညာထားသည်။
ထိုလာရောက်လှူဒါန်း သည့် ပစ္စည်း များ အနက်မှ ရှားပါး ပြီး တန်ဖိုး ကြီးမားသော ပစ္စည်းများ ကို စိစစ်ရွေးချယ်ပြီး အဆိုပါ ပစ္စည်းများ အတွက် ဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published-31 October 2023
တောင်ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား (၁၄၈)ဦးကို အောက်တိုဘာလ ၃၁ရက်(ယနေ့)ထပ်မံစေလွှတ်ခဲ့သည်။
ယင်းကဲ့သို့စေလွှတ်ခဲ့သော မြန်မာလုပ်သားများတွင် ကုန်ထုတ်လုပ်သားသစ် (၄၄)ဦးနှင့် Re-entry လုပ်သား (၁၀၄)ဦး စုစုပေါင်း (၁၄၈) ဦးပါဝင်ပြီး ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
အောက်တိုဘာလ (၂၄)ရက်ကလည်း ကုန်ထုတ်လုပ်သား (၁၆၃)ဦးနှင့် စိုက်ပျိုးရေးလုပ်သား (၂၁)ဦး၊ စုစုပေါင်း (၁၈၄)ဦးကိုစေလွှတ်ခဲ့ပြီး ယခုအောက်တိုဘာလအတွင်း မြန်မာလုပ်သားစေလွှတ်မှု ၂ကြိမ်သာရှိသေးကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံး၏ အချက်အလက် များအရသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက EPS စနစ်ဖြင့်မြန်မာလုပ်သားစေလွှတ်မှု ၇၃၃ဦးရှိခဲ့ပြီး ယခင်လများကလည်း မြန်မာလုပ်သားစေလွှတ်မှုများပြားခဲ့ကြောင်းသိရသည်။
#Yangon_Times/PP
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
စာဆိုတော်နေ့အဖြစ် သက်ကြီးစာပေပညာရှင်(၂၇၉)ဦးကို ပူဇော်ကန်တော့မည်
‘ မြန်မာနိုင်ငံ စာရေးဆရာအသင်းမှာ သက်ကြီးစာရေးဆရာတွေ များစွာရှိတဲ့အနက် စာပေပညာရှင်တွေဖြစ်တဲ့ သက်ကြီးစာပေပညာရှင် (၂၇၉)ဦးကို စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလထဲမှာ ပူဇော်ကန်တော့သွားမှာဖြစ်ပါတယ်’
မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ အတွင်းရေးမှူးမောင်ငြိမ်းသူ(ကြိုပင်ကောက်)
#Yangon_Times/tthl
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
ဝါထွက်ကာလဖြစ်သောကြောင့် အိမ်ခြံမြေအငှား ဈေးကွက်သွက်နေပြီး တန်ဖိုးနည်းကွန်ဒိုနှင့်တိုက်ခန်းများ အရောင်းအဝယ်အနည်းငယ်ဖြစ်လာ
'တန်ဖိုးနည်းတိုက်ခန်း၊ ကွန်ဒိုတွေ အရောင်းအဝယ်လေးဖြစ်တယ်။ တန်ဖိုးကြီးတာတွေကတော့ဝယ်လက်ပျောက်နေတယ်။ အငှားဈေးကွက်ကတော့ သွက်တယ်'
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဌဦးခင်မောင်သန်း
#Yangon_Times/NN
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
ဦးပိန်တံတား ပြိုကျမှုကို ရှေးမူမပျက် မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်မည်
‘ အရင်တုန်းကလည်း ဦးပိန်တံတားဟာ ရာသီဥတုဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တာတွေ အများကြီး ကြုံခဲ့ရဖူးပါတယ်။ နှစ်စဉ်နှစ်တိုင်း ပြုပြင်ထိန်းသိမ်းရေးတွေကို ရှေးဟောင်းသုတေသနဌာနက စဉ်ဆက်မပျက် ဆောင်ရွက်ခဲ့ပါတယ်။ အခုပြိုကျမှုကိုလည်း ရှေးမူလက်ရာမပျက် ပြုပြင်ထိန်းသိမ်းဖို့ ရှိပါတယ်’ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ဒုတိယညွှန်ကြား ရေးမှူးဦးသိန်းလွင်
#Yangon_Times/tthl
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
အုန်းသီးရဲ့ စွန့်ပစ်ပစ္စည်းဖြစ်သည့် အုန်းခွံ ဝယ်လိုအားကောင်းနေ
အုန်းသီးရဲ့ စွန့်ပစ်ပစ္စည်းဖြစ်တဲ့ အုန်းခွံကို အုန်းဆံကြိုးပြုလုပ်ရာမှာ အသုံးပြုဖို့အတွက် ဝယ်လိုအား ကောင်းနေတယ်လို့ အုန်းသီးအရောင်းဝယ် ပြုလုပ်သူတွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 31 October 2023
ရန်ကုန်တိုင်းတွင်ရုရှားခရီးသွားများကိုဆွဲဆောင်ရန် ဒဂုံမြို့သစ်မြောက်ပိုင်း၌ ရုရှားအော်သို ဒေါ့ခရစ်ယာန် ဘုရားကျောင်းတည်ဆောက်ရန်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ဆောင်ရွက်မည့်အကြောင်းကို မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေးရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် (Familiarization Trip-FAM Trip) အတွေ့အကြုံရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ‘ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှင့် မြန်မာနိုင်ငံချစ်ကြည်ရင်းနှီးမှု (၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှာ ရုရှားအော်သို ဒေါ့ခရစ်ယာန် ဘုရားကျောင်း တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ ယခုခရီးစဉ်တွင် လေ့လာလည်ပတ်ခဲ့ကြသည့် မြန်မာနိုင်ငံ၏ ခရီးစဉ်အသီးသီးနှင့် ရန်ကုန်မြို့သို့ ရုရှားနိုင်ငံသားများကို ဆွဲဆောင်နိုင်မည့် အပြုသဘောဆောင်သည့် အကြံပြုချက်များကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် ရုရှားနိုင်ငံသားများအတွက် ဆွဲဆောင်မှုရှိသောမြို့ဖြစ်အောင် လိုအပ်သည့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် တတ်စွမ်းသရွေ့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း’ ထည့်သွင်း ပြောကြားခဲ့သည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကြီးမှူးကျင်းပသည့်အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ လိုင်စင်ရပြည်ပခရီးစဉ်ဆောင်ရွက်သူများ၊ သတင်းနှင့်ရုပ်သံဌာနတို့မှ ကိုယ်စားလှယ်(၄၃)ဦးနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားကုမ္ပဏီ (၆၀)ကျော်မှ လုပ်ငန်းရှင်များ အချင်းချင်းတွေ့ဆုံခဲ့ကြကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published 31 October 2023
ကယားပြည်နယ်၊လွိုင်ကော်မြို့၊စျေးပိုင်းရပ်ကွက်ရှိ နောင်ယားကန်အတွင်း အမျိုးသားတစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရသိရသည်။
အောက်တိုဘာ ၃၁ရက် နံနက် ၇နာရီခွဲ အချိန်ခန့်က နောင်ယားကန်ပေါင်းကူးတံတားအောက်တွင် ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်း တွေ့ရှိကြောင်း သတင်းရရှိသဖြင့် လွိုင်ကော် မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ ဖြင့်သွားရောက် ကယ်ဆယ်ပေးခဲ့ပြီး ရွှေလွိုင်ကော် လူမူကူညီရေးအသင်းယာဉ် ဖြင့် လွိုင်ကော် ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
"" သေဆုံးတဲ့ အမျိုးသားက အသက် ၃၀နှစ်လောက် ရှိပြီ ဈေးပိုင်းရပ်ကွက်ကဘဲ စိတ်ကျန်းမာရေး သိပ်မကောင်းလို့ တော့သိရတယ် ပြင်ပဒဏ်ရာ မတွေ့ရပါဘူး ရေနစ်သေဆုံးတာလို့ဘဲယူဆပါတယ်""ဟု ရွှေလွိုင်ကော် လူမူကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
နောင်ယားကန်သည် လွိုင်ကော် မြို့ရှိ အထင်ကရ ရေကန် တစ်ခု ဖြစ်ပြီး မြို့နေ ပြည်သူများ လာရောက်အပန်းဖြေကျသည့်နေရာ ဖြစ်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 31 October 2023
၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့က ဝါရှင်တန်မှာ အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုကြီး ဖြစ်အောင် လှုံ့ဆော်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ လာမယ့်နှစ် ရွေးကောက်ပွဲ ကိုလိုရာဒိုပြည်နယ် မဲပေးမှုမှာ ပါဝင်ခွင့်မရသင့်ဘူးလို့ တရားရုံးရှေ့နေအဖွဲ့မှ ရှေ့နေတစ်ဦးက တနင်္လာနေ့ အမှုစစ်ဆေးရာမှာ ဆိုလိုက်ပါတယ်။
ဝါရှင်တန်ရှိ အရပ်သားတာဝန်သိရှိရေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အဖွဲ့မှ တင်သွင်းခဲ့တဲ့ အမှုဟာ အမေရိကန် ဖွဲ့စည်းပုံအခြေခံ ဥပဒေထောက်ခံချက် တစ်ရပ်ဖြစ်ပြီး နိုင်ငံတော်ပုန်ကန်မှုမှာ ပါဝင်တဲ့ လူတွေကို အစိုးရအဖွဲ့အစည်းမှာ ပါဝင်ခွင့် ပိတ်ပင်ထားတာကြောင့် ရီပတ်ဘလစ်ကန် ထရမ့်ကို နောက်ထပ်သမ္မတ ဖြစ်မလာအောင် တားဆီးနိုင်မှာ ဖြစ်ပါတယ်။
ထရမ့်ဟာ ငြိမ်းချမ်းစွာ အာဏာကူးပြောင်းခြင်း မဖြစ်အောင် ကပ်ပီတိုလ်ကို တိုက်ခိုက်ဖို့ လူရမ်းကားအုပ်ကြီးကို လှုံ့ဆော်ခဲ့တယ်လို့ မဲဆန္ဒရှင်များနဲ့ တရားရုံးရှေ့နေအဖွဲ့ကို ကိုယ်စားပြုတဲ့ ရှေ့နေအဲရစ်အိုလ်ဆင်က ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီ ၆ ရက်နေ့ အုံကြွမှုမဖြစ်ခင် ရက်သတ္တပတ်များအလိုကတည်းက သမ္မတဟောင်းထရမ့်ဟာ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ဖြစ်သူ ဘိုင်ဒင်ကို ရှုံးနိမ့်ပြီး ကျယ်ကျယ်ပြန့်ပြန့် မဲလိမ်မှုများ ရှိခဲ့တယ်လို့ သတင်းမှားတွေ ထုတ်လွှင့်ခဲ့ကာ သူ့ရဲ့ထောက်ခံသူတွေကို ဝါရှင်တန်မှာ စုရုံးလာအောင် အားပေးခဲ့ပါတယ်။
ဘိုင်ဒင်အနိုင်ရရှိတာကို ကွန်ဂရက်လွှတ်တော်က အသိအမှတ်ပြုဖို့ ဆောင်ရွက်နေတဲ့ အမေရိကန်ကပ်ပီတိုလ် အဆောက်အအုံဆီသို့ ချီတက်ရန် လှုံ့ဆော်ခဲ့ပါတယ်။
အကြမ်းဖက်မှုဖြစ်ပြီး နာရီပိုင်းအကြာမှာပဲ ဆူပူသောင်းကျန်းသူတွေကို အိမ်ပြန်ဖို့ ထရမ့်က တောင်းဆိုခဲ့ပါတယ်။
ထရမ့်ရဲ့ ရှေ့နေတစ်ဦးဖြစ်သူ စကော့ဂျက်စ်လာက ထရမ့်ဟာ ထောက်ခံသူတွေကို အကြမ်းဖက်ဖို့ အားပေးတာမျိုး မလုပ်ဘူးလို့ ငြင်းဆိုလိုက်ကာ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် စွပ်စွဲနေတာဖြစ်တယ်လို့ ပြောပြသွားပါတယ်။
ကိုလိုရာဒိုဟာ ဒီမိုကရက်တစ်ပြည်နယ်လို့ ပြောလို့ရပြီး မဲပေးမှုမှာ ထရမ့်ပါဝင်သည်ဖြစ်စေ ဘိုင်ဒင်အနိုင်ရဖို့ အခွင့်အလမ်းများနေပါတယ်။
ထရမ့်ဟာ မီချီဂန်နဲ့ မင်နီဆိုတာတို့မှာလည်း တရားရုံးရှေ့နေ အဖွဲ့များမှ တင်သွင်းထားတဲ့ အလားတူအမှုတွေကို ရင်ဆိုင်နေရပြီး ကိုလိုရာဒိုမှအမှုက ပထမဆုံးအမှုစစ်ဆေးတာ ဖြစ်ပါတယ်။
အကြမ်းဖက်မှုဖြစ်ပြီးနောက် တင်းမာမှုတွေ လျော့သွားအောင် ထရမ့်ကြိုးစားခဲ့ပေမယ့် ဥပဒေပြုအမတ်တွေရဲ့ စိုးရိမ်စိတ်တွေကို လျော့ပါးခြင်းမရှိခဲ့ဘူးဆိုတာကို ကယ်လီဖိုးနီးယား ဒီမိုကရက် အမေရိကန် ကိုယ်စားလှယ်လောင်း အဲရစ်ဆွဲဝဲလ်က သက်သေခံပြောကြားလိုက်ပါတယ်။
မဲရလဒ်ကို ရီပတ်ဘလစ်ကန်တွေက ဆက်ပြီး အတိုက်အခံ လုပ်နေဦးမယ်ဆိုရင် အကြမ်းဖက်လူအုပ်က ပြန်လာပြီး ပုန်ကန်နေမှာကို စိုးရိမ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ထရမ့်ဟာ ရီပတ်ဘလစ်ကန် သမ္မတအမည်စာရင်းမှာ ရှေ့ဆုံးကနေ ရှိနေပြီး လာမယ့်နှစ်မှာ ဘိုင်ဒင်နဲ့ ထပ်မံယှဥ်ပြိုင်ရဖွယ် ရှိနေပါတယ်။
သမ္မတရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းနေတဲ့ ထရမ့်ဟာ အမှုများစွာကိုလည်း ရင်ဆိုင်နေရပါတယ်။
Source: Reuters
#World_News
#Yangon_Times
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 939 of 1934