#LocalNews
Published_ 3 April 2023
သင်္ကြန်ကာလနီးလာပြီဖြစ်လို့ ဆံပင်ကာလာအမျိုးမျိုးဆိုးသူတွေ များပြားလာပြီဖြစ်ပါတယ်၊၊အချို့အမျိုးသား၊အမျိုးသမီးတွေဟာ ဆံပင်အရောင်ဆိုးဆေးနဲ့ဓာတ်မတည့်ဘဲ အသက်သေဆုံးတဲ့အထိ ဖြစ်ပွားတာမျိုးတွေလည်းရှိတဲ့အတွက် သတိပြုဆိုးကြဖို့လိုတယ်လို့ ဆိုပါတယ်၊၊
#Local_News #ဆံပင်ဆိုးဆေး #အရေပြားရောဂါ #ဓာတ်မတည့်သူ #သင်္ကြန်ကာလ
#YMG#Yangon_Media_Group
#Local_News
Published_ 3 April 2023
ရန်ကုန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သို့ ယခု ဧပြီလအတွင်း နိုင်ငံတကာ ကုန်တင်သင်္ဘောအစင်းရေ ၅၀ ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်ကြမည်ဖြစ်ကြောင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် အဖွဲ့၏ စာရင်းများအရ သိရသည်။
Sealand Maersk Asia၊ VASI Shipping ၊ SITC ၊ M.S.C ၊ Samudera ၊ Ever Green ၊ X-Press Feeders ၊ P.I.L ၊ COSCO Shipping ၊ BLPL ၊ RCL ၊ Land and Sea ၊ CMA-CGM ၊ I.A.L ၊ Gold Star ၊ MITT Shipping ၊ One နှင့် PIL သင်္ဘောလိုင်း ၁၈ လိုင်းကဝင်ရောက်ဆိုက်ကပ် ကုန်သွယ်မည်ဟု ယင်း စာရင်းများတွင် ဖော်ပြထားသည်။
ဆိုက်ကပ်ကြမည့် သင်္ဘောများမှာ Sealand Maersk Asia သင်္ဘောလိုင်းမှ သင်္ဘော ၁၁ စင်း၊ VASI Shipping သင်္ဘောလိုင်း မှ တစ်စင်း၊ SITC သင်္ဘောလိုင်းမှ သုံးစင်း၊ M.S.C သင်္ဘောလိုင်းမှ လေးစင်း၊ Samu-dera သင်္ဘောလိုင်းမှ လေးစင်း၊ Ever Green သင်္ဘောလိုင်းမှ နှစ်စင်း၊ X-Press Feeders သင်္ဘောလိုင်းမှ နှစ်စင်း၊ P.I.Lသင်္ဘောလိုင်းမှ တစ်စင်း၊ COSCO Shipping သင်္ဘောလိုင်းမှ လေးစင်း၊ BLPL သင်္ဘောလိုင်းမှ တစ်စင်း၊ RCL သင်္ဘော လိုင်းမှ ခုနစ်စင်း၊ I.A.L သင်္ဘောလိုင်းမှ နှစ်စင်း၊ Land and Sea သင်္ဘောလိုင်းမှ တစ်စင်း၊ CMA-CGM သင်္ဘောလိုင်းမှ တစ်စင်း၊ Gold Star သင်္ဘောလိုင်းမှ တစ်စင်း၊ MITT Shipping သင်္ဘောလိုင်းမှ နှစ်စင်း၊ One သင်္ဘောလိုင်းမှ နှစ်စင်းနှင့် PILသင်္ဘောလိုင်းမှ တစ်စင်း တို့ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ပြီးခဲ့သည့် ဇန်နဝါရီလက ဆိုက်ကပ်ခဲ့သည့် နိုင်ငံတကာ သင်္ဘော ၅၂ စင်း၊ ဖေဖော်ဝါရီလက ၅၁ စင်း ၊ မတ်လက ၅၅ စင်း ဆိုက်ကပ်ကုန် သွယ်မှုပြုခဲ့ကြောင်း သိရသည်။
ymg/mt
#Local_News #ရန်ကုန်ဆိပ်ကမ်#ကုန်တင်သင်္ဘော#ကုန်သွယ်မည်
#YMG #Yangon_Media_Group
#Local_News
Published_ 3 April 2023
သင်္ကြန်တွင်းပိတ်ရက်တွေရှိသည့်အတွက် လျှပ်စစ် ဓာတ်အားခပေးဆောင်ရမည့်နောက်ဆုံးရက်များကိုပြင်ဆင်သတ်မှတ်လိုက်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှထုတ်ပြန်လိုက်သည်၊၊
ဧပြီ(၁၇)ရက်နောက်ဆုံးရက်ထားပြီး ဓာတ်အားခပေးဆောင်ရမည့်သူများအနေဖြင့် ဧပြီလ(၁၉)ရက်မှ လျှပ်စစ်ဓာတ်အားခပေးဆောင်ရမည်ဖြစ်သည်၊၊
ဧပြီ(၁၉)ရက်နောက်ဆုံးရက်ထားပြီး ဓာတ်အားခပေးဆောင်ရမည့်သူများအနေဖြင့် ဧပြီလ(၂၁)ရက်မှ လျှပ်စစ်ဓာတ်အားခပေးဆောင်ရမည်ဖြစ်သည်၊၊
ဧပြီ(၂၁)ရက်နောက်ဆုံးရက်ထားပြီး ဓာတ်အားခပေးဆောင်ရမည့်သူများအနေဖြင့် ဧပြီလ(၂၃)ရက်မှ လျှပ်စစ်ဓာတ်အားခပေးဆောင်ရမည်ဖြစ်သည်၊၊
ဧပြီ(၂၃)ရက်နောက်ဆုံးရက်ထားပြီး ဓာတ်အားခပေးဆောင်ရမည့်သူများအနေဖြင့် ဧပြီလ(၂၅)ရက်မှ လျှပ်စစ်ဓာတ်အားခပေးဆောင်ရမည်ဖြစ်သည်၊၊
ဧပြီ(၂၅)ရက်နောက်ဆုံးရက်ထားပြီး ဓာတ်အားခပေးဆောင်ရမည့်သူများအနေဖြင့် ဧပြီလ(၂၇)ရက်မှ လျှပ်စစ်ဓာတ်အားခပေးဆောင်ရမည်ဖြစ်သည်၊၊
လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများအဆင်ပြေစေရန်အတွက် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများရှိငွေလက်ခံကောင်တာများကိုသင်္ကြန်ပိတ်ရက်ဖြစ်သည့် ဧပြီလ(၈)ရက်မှဧပြီလ(၁၇)ရက်အထိပိတ်ထားမည်ဖြစ်ပြီးဧပြီလ(၁၈)ရက်မှ(၃၀)ရက်အထိပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ထုတ်ပြန်ချက်အရသိရသည်၊၊
ymg/tthl
#Local_News #သင်္ကြန်တွင်းပိတ်ရက် #ဓာတ်အားခပေးဆောင်ရမည့်နောက်ဆုံးရက် #YMG #Yangon_Media_Group
#Local_News
Published_ 3 April 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ယခင်နှစ်ထက်ကန်ဒေါ်လာ သန်း၇၀၀ကျော်ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်အထိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂ ဒသမ ၉၇ ဘီလီယံရရှိထားပြီး ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၇၄၂ ဒသမ ၇၀ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါနယ်စပ်ဂိတ်မှ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၂ ဒသမ ၄၄ ဘီလီယံရရှိထားပြီး သွင်းကုန်တင်သွင်းမှုမှ ကန်ဒေါ်လာ ၅၃၃ ဒသမ ၅၈ သန်းရရှိထားကြောင်းသိရသည်။
ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ လွယ်ဂျယ်၊ ကံပိုက်တီနှင့် ကျိုင်းတုံ နယ်စပ်ဂိတ်တို့ကနေ ကုန်သွယ်မှုပြုလုပ်နေပြီး နယ်စပ်ဂိတ်တွေအနက် ၉၀ ရာခိုင်နှုန်းနီးပါးကုန်သွယ်မှုပြုလုပ်နေသည့် မူဆယ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၆ ဘီလီယံရရှိထားပြီး လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၄၁ ဒသမ ၇၁ သန်းရရှိထားကြောင်း သိရသည်။
ယင်းအပြင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၃၃၈ ဒသမ ၆၃ သန်း၊ ကံပိုက်တီဂိတ်မှ အမေရိကန်ဒေါ်လာ ၁၁၉ ဒသမ ၀၁ သန်း၊ကျိုင်းတုံဂိတ်မှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆၁ သန်းဖြင့် အနည်းဆုံးကုန်သွယ်မှုပြုလုပ်ထားကြောင်း စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲ၊ သခွား စသည့် လယ်ယာထွက်ကုန်ပစ္စည်းအပါအဝင် ရော်ဘာ၊ ကြက်သွန်၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး အစရှိသည့် ကုန်ပစ္စည်းတွေကို တရုတ်ပြည်သို့ တင်ပို့နေပြီး တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားကုန်သောက်ကုန်နှင့် ဆေးဝါးများ ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။
ymg/ppk
#Local_News #မြန်မာ-တရုတ်နယ်စပ် #ကုန်သွယ်ရေး
#YMG #Yanzgon_Media_Group
#local_news
Published_ 3 April 2023
၂၀၂၄ ပါရီအိုလံပစ်၊ အမျိုးသမီးဘောလုံး အာရှဇုန်ခြေစစ်ပွဲတွင် မြန်မာအသင်းနှင့် ယှဉ်ပြိုင်မည့် အီရန်အမျိုးသမီးအသင်း ရန်ကုန်မြို့သို့ရောက်ရှိလာပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။
အီရန်အမျိုးသမီး လက်ရွေးစင်အသင်းသည် ဧပြီ ၂ ရက် ညပိုင်းက ရန်ကုန်မြိုသို့ ရောက်ရှိလာတာဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ စီစဉ်မှုဖြင့် အီရန်အမျိုးသမီး အသင်းသည် Novotel Yangon Max ၌ တည်းခိုကာ လေ့ကျင့်မှုများ ပြုလုပ်မှာပါ။
ပွဲစဉ်များအရ မြန်မာနှင့်အီရန်တို့ နှစ်ကျော့ယှဉ်ပြိုင်ရမည်ဖြစ်ပြီး သရေရလဒ် ဖြစ်ပါက ဂိုးကွာခြားချက်၊ အချိန်ပို၊ ပင်နယ်တီတိုဖြင့် ဆုံးဖြတ်မှာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါခြေစစ်ပွဲ နှစ်ပွဲကို သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ရမည် ဖြစ်ကာ ဧပြီလ ၅ ရက်တွင်ပထမအကျော့နှင့် ဧပြီလ ၈ ရက်တွင် ဒုတိယ အကျော့ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၄ ပါရီ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့် အုပ်စု(ခ)တွင် အိမ်ရှင်မြန်မာ၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်တို့ ပါဝင်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်အသင်းနှင့် မော်လ်ဒိုက် အသင်းတို့ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့တဲ့အတွက် အိမ်ရှင်မြန်မာနှင့် အီရန်အသင်းတို့သာ ဆက်လက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ygm_mnn
#၂၀၂၄ပါရီအိုလံပစ် #အမျိုးသမီးဘောလုံး #မြန်မာနှင့်ယှဉ်ပြိုင်မည့်အီရန်အမျိုးသမီးအသင်း #YMG #Yangon_Media_Group
#Local_News
Published_ 3 April 2023
မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘော တူညီချက်နှင့် နားလည်မှုစာချွန်လွှာ ၅ ခုကို နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။
အဆိုပါသဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာ ၅ ခုမှာ ဆန်စပါးထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ဓာတ်မြေဩဇာ ထောက်ပံ့ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ကျောက်ဖြူ အနာဂတ် ရွေ့လျားဆေးခန်းစီမံကိန်း သဘောတူညီချက်၊ မြန်မာနိုင်ငံမှစိုက်ပျိုးကုန်များ တင်ပို့ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ တာပိန် (၁) ရေအားလျှပ်စစ်စခန်း သဘောတူညီချက်တို့ ဖြစ်ပါတယ်။
ဧပြီ ၂ ရက် ညနေပိုင်းတွင် နေပြည်တော် Horizon Lake View ဟိုတယ်၌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူးတို၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီး ဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဝန်ကြီး ဦးကိုကိုလှိုင်၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲဝင်နှင့် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာ ဝမ်နင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဧပြီ ၁ ရက်မှ ၃ ရက်အထိ အလုပ်သဘော ခရီးစဉ်လာရောက်ခဲ့တာ ဖြစ်ပါတယ်။
ygm_mnn
#ယူနန်ပြည်နယ် #နားလည်မှုစာချွန်လွှာ #လက်မှတ်ရေးထိုး
#Yangon_Media_Group
Published 3 April 2023
ဆိုရှယ်မီဒီယာ TikTok တစ်တော့ခ်ကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေက အစိုးရဝန်ထမ်းတွေကိုပေးထားတဲ့ ဖုန်းတွေမှာ အသုံးပြု ခွင့် တရားဝင်ပိတ်ပင်လိုက်တယ်လို့ နေတိုးအရာရှိနှစ်ဦးကပြောကြားပါတယ်။
အခုလိုတစ်တော့ခ်တားဆီးလိုက်တာကို အကြောင်းကြားတဲ့ ရုံးတွင်းလှည့်လည်စာကို ဝန်ထမ်းတွေဆီပေးပို့ခဲ့တယ်လို့ အရာရှိတွေက အတည်ပြုပြောကြားခဲ့ကြပါတယ်။ ဒီလိုပိတ်ပင်လိုက်ပေမယ့်လည်း နေတိုးကထုတ်ပေးထားတဲ့ ဖုန်းတွေမှာ ယခင်ကတည်းက နည်းပညာအရအကန့်အသတ်လုပ်ထားလို့ သိပ်ပြီးသုံးလေ့မရှိဘူးလို့အရာရှိတွေက ပြောပါတယ်။
တစ်တော့ခ်ကို ယူကေ၊အမေရိကန်၊ဥရောပပါလီမာန်နှင့် နော်ဝေးတို့မှာ အစိုးရ ဖုန်းတွေမှာ အသုံးပြုခွင့် ပိတ်ထားပြီး ဖြစ်ပါတယ်။
တစ်တော့ရဲ့စီအီးအို ရှောင်ချူးက သူတို့ဟာ တရုတ်အစိုးရနှင့်မသက်ဆိုင်ဘဲ လုံးဝလွတ်လပ်ကြောင်းနှင့် တရုတ်အစိုးရဟာ အချက်အလက်တွေဝင်ကြည့်တယ်ဆိုတာလည်း ဘာသက်သေအထောက်အထားမှမရှိကြောင်း၊ တစ်ကြိမ်တစ်ခါမှလည်း အစိုးရက အချက်အလက်တောင်းမကြည့်ဘူးသလို တစ်ခါမှလည်းမပေးဖူးကြောင်း အမေရိကန်လွှတ်တော်အမတ်တွေကို ဒီလစောစောပိုင်းက ရှင်းလင်းပြောကြားခဲ့ပါသေးတယ်။
ဒါပေမယ့် အနောက်အစိုးရတွေက သံသယရှိနေကြတုန်းဖြစ်ပြီး တစ်တော့ခ်ဟာ နစ်တည်းမဟုတ်တစ်နည်း အဆုံးသတ် သင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်တိုနီဘလင်ကန်က ဒီလစောစောပိုင်း တစ်တော့စီအီးအိုကြားနာတဲ့ ရက်နှင့်တစ်ရက်တည်းမှာ ကွန်ဂရက်ကို ပြောခဲ့ပါတယ်။
Source WION
#နေတိုးနိုင်ငံအစိုးရဝန်ထမ်းဖုံးများတွင်တစ်တော့ခ်ပိတ်
#တစ်တော့_TikTok
#YangonMediaGroup
#LocalNews
Published_ 3 April 2023
လတ်တလောတွင် City Mart Supermarket မှ ဆုမဲများပေးသောပရိုမိုးရှင်းနှင့် ကြော်ငြာများ (ပုံပါအတိုင်း) ပျံ့နှံ့နေပြီး ယင်းအစီအစဉ်သည် City Mart Supermarket မှပြုလုပ်သည့် အစီအစဉ်မဟုတ်ကြောင်း တရားဝင်အသိပေးချက်ထုတ်ပြန်လိုက်သည်၊၊
ထုတ်ပြန်ချက်တွင် ယခုလတ်တလော City Mart Supermarket မှ ဆုမဲများပေးသောပရိုမိုးရှင်းနှင့် ကြော်ငြာများ (ပုံပါအတိုင်း) ပျံ့နှံ့နေမှုကို အသိပေးအကြောင်းကြားခြင်းဖြစ်ကြောင်း၊
၎င်းကြော်ငြာများတွင် City Mart Supermarket အမှတ်တံဆိပ်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုထားခြင်းဖြစ်ပြီး City Mart Supermarket မှ ပြုလုပ်သည့်အစီအစဉ်မဟုတ်ကြောင်း အသိပေးဖော်ပြထားသည်၊၊
ဈေးဝယ်သူများအနေဖြင့် မိမိ၏ကိုယ်ရေးအချက်အလက်များ မပေါက်ကြားစေရန်နှင့်ထပ်မံပျံ့နှုံမှုမရှိစေရန် ၎င်းနှင့်သက်ဆိုင်သော လင့်များသို့ဝင်ရောက်ခြင်း၊ ဖြန့်ဝေခြင်းများမပြုရန်အလေးအနက်အကြုံပြုတောင်းဆိုထားသည်၊၊
City Mart Supermarket မှ ဦးဆောင်ပြုလုပ်သည့် Promotion နှင့် ကံစမ်းမဲအစီအစဉ်များသည် City Mart Supermarket Official Facebook Page (သို့မဟုတ်) ဆိုင်အတွင်းကြော်ငြာစာများမှ ကြေညာမှသာတရားဝင်ဖြစ်ကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်၊၊
ymg/tthl
#CityMartSupermarket
#ဆုမဲများပေးသောပရိုမိုးရှင်း
#ကြော်ငြာစာများ
#Yangon_Media_Group
#Local_News
Published_ 3April 2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြည်မြို့တွင် သမီးရည်းစားချင်း စကားများကြရာမှ ဓားဖြင့်ထိုးသည့် ဖြစ်စဉ်တစ်ခု ဧပြီ (၂) ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှသိရသည်။
ပြည်တက္ကသိုလ်အနီးရှိ အုန်းတောလမ်းမပေါ်တွင် အသက် (၂ဝ) ဝန်းကျင်အရွယ်ရှိ သမီးရည်းစားချင်းစကားများကြခြင်းဖြစ်ပြီး အမျိုးသားဖြစ်သူမှ ချစ်သူမိန်းကလေးအား ဓားထိုးခဲ့ခြင်းဖြစ်ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသားတွင် လက်ချောင်းပြတ်ရှဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတွင် တံတောင်အောက်ထိုးသွင်း သွေးထွက်ဒဏ်များ ရရှိခဲ့သည့်အတွက် အရေးပေါ်ဆေးကုသမှုခံယူရန် အတွက်ပြည်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီခဲ့ရသည်။
ymg/ynzw
#Local_News #သမီးရည်းစားချင်း စကားများ #ဓားထိုးမှုဖြစ်
#YMG #Yangon_Media_Group
#World_News
Published_ 3 April 2023
နယူးယော့ခ်ရဲတပ်ဖွဲ့က ထရမ့်တာဝါပတ်ပတ်လည်မှာ သတ္တုအကာအရံများဖြင့် တားဆီးထားပြီး မန်ဟက်တန်မှုခင်းတရားရုံးအနီးရှိ လမ်းတွေကို ပိတ်ဆို့ထားပါတယ်။
ဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ အစိုးရရှေ့နေများထံ တရားခွင်ရုံးတက်ရမှာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေဖြစ်လာနိုင်တာကို ကြိုတင်ပြင်ဆင်တဲ့သဘောဖြစ်ပါတယ်။
ထရမ့်က အပြာကားမင်းသမီးတစ်ဦးကို နှုတ်ပိတ်ခပေးခြင်းအပေါ် ဂျူရီတရားသူကြီးတစ်ဦးက စွဲချက်တင်လိုက်ပြီးနောက် အင်္ဂါနေ့မွန်းလွဲပိုင်း၌ တရားရုံးမှာ စီရင်ခံရမှာဖြစ်ပါတယ်။
ဒါဟာ ရာဇဝတ်မှုစွဲချက်တွေနဲ့ ရင်ဆိုင်ရတဲ့ ပထမဆုံးအမေရိကန်သမ္မတဟောင်း ဖြစ်လာပါတယ်။
ထရမ့်က ထိုစုံစမ်းစစ်ဆေးမှုကို နိုင်ငံရေးပယောဂလိုက်စားမှုအဖြစ် ဖော်ပြထားပြီး ရီပတ်ဘလစ်ကန်အမတ်'မာဂျာရီတိုင်လာဂရင်းန်' အပါအဝင် အင်အားကြီးထောက်ခံသူများက အင်္ဂါနေ့မှာ နယူးယော့ခ်သို့လာပြီး ဆန္ဒပြမယ်လို့ဆိုနေကြပါတယ်။
ရာဇဝတ်မှုနဲ့ တရားရုံးချုပ်များတည်ရှိရာ မြို့လယ်တရားရုံးမှာ ထရမ့်အမှုကိစ္စမတိုင်ခင် အချို့တရားရုံးတွေကို ပိတ်ထားမယ်လို့ တရားရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ထရမ့်ကိုကွပ်မျက်ပေးဖို့ ဆိုရှယ်မီဒီယာမှလူအချို့က သူ့ကိုစွဲချက်တင်ခဲ့တဲ့ ဂျူရီတရားသူကြီးနဲ့ မန်ဟက်တန်ခရိုင်ရှေ့နေ'အယ်ဗင်ဘရက်ဂ်'တို့ကို တောင်းဆိုနေကြကြောင်း ထောက်လှမ်းရေးအဖွဲ့တစ်ခုက ဆိုပါတယ်။
ထရမ့်က ဆန္ဒပြပွဲပြုလုပ်ဖို့ တောင်းဆိုထားပေမယ့် ထရမ့်ထောက်ခံသူအများအပြားက အဖမ်းဆီးခံရမှာကို စိုးရိမ်နေတာကြောင့် သတိထားနေကြရပါတယ်။
ရဲတပ်ဖွဲ့က လိုအပ်သလိုတုံ့ပြန်နိုင်ရန် အသင့်ရှိနေပြီး လူတိုင်းဟာလည်း သူတို့ရဲ့ရပိုင်ခွင့်အတိုင်း ငြိမ်းချမ်းစွာဖော်ထုတ်ခွင့်ရှိစေမှာဖြစ်ကြောင်း NYPD က ထုတ်ပြန်ထားပါတယ်။
ထရမ့်က တနင်္လာနေ့မှာ ဖလော်ရီဒါကနေ နယူးယော့ခ်သို့လာပြီး ညဘက် ထရမ့်တာဝါမှာရှိနေရန် စီစဉ်ထားပြီးနောက် အင်္ဂါနေ့မနက်ပိုင်းမှာ တရားရုံးသို့ရောက်ရှိမှာဖြစ်ကြောင်း ထရမ့်အကြံပေးတစ်ဦးကဆိုပါတယ်။
နယူးယော့ခ်ရီပတ်ဘလစ်ကန်လူငယ်အဖွဲ့က တရားရုံးလမ်းတစ်ဖက်မှ ပန်းခြံတစ်ခုမှာ ဆန္ဒပြပွဲပြုလုပ်ဖို့ စီစဉ်နေပြီး ထရမ့်အမာခံထောက်ခံသူတစ်ဦးဖြစ်တဲ့ ဂရင်းန်ကလည်း ပါဝင်မယ်လို့ဆိုထားပါတယ်။
"ဆန္ဒပြတယ်ဆိုတာ အခြေခံဥပဒေဆိုင်ရာအခွင့်အရေးတစ်ခုဖြစ်ပါတယ်၊ ကျွန်မတို့ရဲ့တရားရေးစနစ်မျှတမှုမရှိခြင်းနဲ့ ရွေးကောက်ပွဲနှောင့်ယှက်ခြင်းတို့အတွက် ဆန္ဒပြသွားပါမယ်" လို့ တွစ်တာမှာဖော်ပြထားပါတယ်။
ထရမ့်အမှုမစတင်မီ နေ့လယ် ၁ နာရီမှာ တရားရုံးအထပ်မြင့်တွေမှာရှိတဲ့ တရားရုံးခန်းတွေကို ပိတ်သွားမှာဖြစ်ပါတယ်။
အခြားတရားရုံးအမှုတွေကို တရားရုံးချုပ်လမ်းတစ်ဖက်ရှိ အဆောက်အဦသို့ ရွှေ့ပြောင်းသွားမှာလည်း ဖြစ်ပါတယ်။
Source: Reuters
#World_News #ဒေါ်နယ်ထရမ့်#နယူးယော့ခ်တရားရုံး #ဆန္ဒပြပွဲများ
#YMG#Yangon_Media_Group
#Local_News
Published_3 April 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာရှိ ကြက်သွန်စိုက်ခင်း၌ ကျေးရွာနေပြည်သူများမှ ကြက်သွန်နှုတ်နေစဉ် Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့၍ အရပ်သား နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
မတ်လ ၂၉ ရက်တွင် အဆိုပါ ကြက်သွန်စိုက်ခင်းပိုင်ရှင်မှာ နစက ဆန့်ကျင်အဖွဲ့၏ ဆက်ကြေးတောင်းခြင်းခံခဲ့ရကြောင်း၊၎င်း ပိုင်ရှင်က ဆက်ကြေးမပေးခဲ့သည့်အတွက် ကြက်သွန်ခင်းအတွင်းသို့ Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ကြက်သွန်နှုတ်နေသည့် အပြစ်မဲ့ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများအား ကျေးလက်ဆေးပေးခန်းသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း ၊ယင်းလုပ်ရပ်ကို ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#ကြက်သွန်စိုက်ခင်း #Drop Bombပစ်ချတိုက်ခိုက်ခဲ့၍ #အရပ်သားနှစ်ဦးဒဏ်ရာရ
#YMG #Yangon_Media_Group
#World_Health
Published 3 April 2023
ကလေးမိဘတွေအနေနဲ့ အသက် ၆ နှစ်အောက်ကလေးတွေကို ဖုန်း၊ ကွန်ပျူတာများ ပေးမသုံးသင့်ကြောင်း စိတ်ရောဂါပညာရှင်တစ်ဦးက ဆိုလိုက်ပါတယ်။
စမတ်ဖုန်းတွေ၊ တက်ဘလက်တွေ၊ ကွန်ပျူတာတွေ ကြည့်လေ့ရှိတဲ့ကလေးတွေဟာ မကြည့်တဲ့ကလေးတွေထက် စိတ်အလိုမကျ၊ အထိမခံနိုင်ခြင်း၊ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်စွမ်းရည်လျော့နည်းခြင်းတို့ ဖြစ်ပေါ်စေနိုင်ကြောင်း အာရုံကြောစိတ်ရောဂါပညာရှင် ဒေါက်တာ'အယ်ဗာရိုဘီလ်ဘာအို'က ပြောကြားလိုက်ပါတယ်။
ခေတ်မီနည်းပညာကိရိယာတွေက သူတို့ရဲ့ဘဝမှာ တစ်စိတ်တစ်ပိုင်းပါဝင်လာပေမယ့် သူတို့လက်ထဲ တဖြည်းဖြည်းချင်းထည့်ပေးတာက ပိုပြီးသင့်တော်တယ်လို့ ဖော်ပြခဲ့ပါတယ်။
သူတို့ရဲ့ဦးနှောက် အနည်းငယ်ပိုဖွံ့ဖြိုးချိန်၊ စိတ်ခံစားချက်အရ စကားပြောနိုင်ချိန်၊ သူတို့ကိုယ်သူတို့ ထိန်းသိမ်းနိုင်စွမ်းရှိလာတဲ့ အချိန်ကျ တစ်နည်းအားဖြင့် အသက် ၆ နှစ်အရွယ်လောက်မှ ပေးသုံးသင့်ပါတယ်။
လေ့လာချက်များအရ ဖုန်း၊ ကွန်ပျူတာရှေ့မှာ အချိန်ဖြုန်းတဲ့သူတွေဟာ အပြုအမူပြဿနာများနဲ့ ကလေးဘဝစိတ်ဓာတ်ကျခြင်းတို့ ပိုမိုဖြစ်စေနိုင်ပါတယ်။
ဒါတွေဟာ သူတို့ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ အခြားလှုပ်ရှားမှုတွေမှာ စိတ်ဝင်စားမှုနည်းပါးသွားပြီး ဒီစက်ပစ္စည်းတွေအပေါ်မှာပဲ ကျန်းမာရေးနဲ့မညီညွတ်စွာ စိတ်ရောက်နေမှာဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ မိုဘိုင်းဖုန်းတွေ တက်ဘလက်တွေထဲမှာ ကလေးတွေစိတ်ဝင်စားမယ့် App တွေ မထည့်ထားပါဘူးလို့ ဒေါက်တာ'ဘီလ်ဘာအို'က ဆိုပါတယ်။
သူ့ကလေးတွေက မိသားစုဓာတ်ပုံတွေ ပျော်ရွှင်စရာပုံတွေကို ကြည့်ချင်မှသာ ဖုန်းကိုအသုံးပြုကြပါတယ်လို့ ဆိုပါတယ်။
တစ်ခါတလေမှာ ကလေးတွေနဲ့အတူ သီချင်းတွေ ကကွက်တွေကိုကြည့်ရှုတတ်ပေမယ့် ဂိမ်းတော့ မဆော့ကြသလို တီဗီကိုလည်း အချိန်အကန့်အသတ်ဖြင့်သာ ကြည့်ရှုစေပါတယ်။
အသက် ၅ နှစ်အောက်ကလေးတွေအတွက် တစ်နေ့တာတီဗီကြည့်ရှုချိန် တစ်နာရီထက်ပိုမပေးသင့်သလို အသက် ၂ နှစ်အောက်အတွက်တော့ လုံးဝမကြည့်ရှုစေသင့်ပါဘူး။
Source: Daily Mail
#အသက်(၆)နှစ်အောက်ကလေးငယ်များ #စမတ်ဖုန်း၊ကွန်ပျူတာများ #စိတ်ရောဂါဆရာဝန်များသတိပေး
#YMG#Yangon_Media_Group
Page 939 of 1639