Published 13 December 2023
ကုလသမဂ္ဂက ဂါဇာကမ်းမြောင်မှာ လူသားချင်းစာနာမှု ချက်ချင်းအပစ်အခတ် ရပ်စဲရေးကို အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။
ဟားမတ်စ်စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အစ္စရေးလ်အနေနဲ့ စစ်ပွဲထဲမှာ အရပ်သားတွေကိုပါ မခွဲခြားဘဲ ပစ်ခတ်နေတာကြောင့် နိုင်ငံတကာမှ ထောက်ခံမှုကို ဆုံးရှုံးလာရပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးလိုက်ပါတယ်။
ဂါဇာမှာ လူသားချင်းစာနာမှု အခက်အခဲနဲ့ ပတ်သက်ပြီး ကုလအရာရှိများက အပြင်းအထန် သတိပေးလာပြီးနောက် အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်တဲ့ ကုလအထွေထွေ ညီလာခံကနေ အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုလိုက်တဲ့ ဆုံးဖြတ်ဖြေရှင်းချက်တစ်ခုကို ထုတ်ပြန်လိုက်ကာ ၁၅၃ နိုင်ငံက ထောက်ခံခဲ့ကြပြီး ၂၃ နိုင်ငံက ကြားနေမဲ ပေးခဲ့ကြပါတယ်။
အမေရိကန်နဲ့ အစ္စရေးလ်တို့ကတော့ ဒီလိုအပစ်အခတ် ရပ်စဲတာဟာ ဟားမတ်စ်တို့အတွက်ပဲ အကျိုးရှိစေလိမ့်မယ်လို့ ငြင်းခုံနေကြပြီး အခြား ၈ နိုင်ငံနဲ့အတူ ကန့်ကွက်မဲ ပေးခဲ့ကြပါတယ်။
အဆိုပါ ဆုံးဖြတ်ဖြေရှင်းချက်ဟာ ခိုင်မာသေချာမှု မရှိပေမယ့် နိုင်ငံရေးအရ ဖိအားသက်ရောက်နေပြီး စစ်ပွဲအပေါ် တစ်ကမ္ဘာလုံးရဲ့ရှုမြင်ပုံကို မြင်သာစေပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ် ၁၅ နိုင်ငံ လုံခြုံရေးကောင်စီမှာတုန်းက အမေရိကန်ဟာ အလားတူတောင်းဆိုချက်မျိုးကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။
ပါလက်စ်တိုင်း အာဏာပိုင်များက ထိုဆုံးဖြတ်ဖြေရှင်းချက်ကို ကြိုဆိုလိုက်ကာ အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးလ်ကို ဝိုင်းဝန်းဖိအားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အစ္စရေးလ်အနေနဲ့ ရန်လိုမှုတွေ၊ လူမျိုးသုဥ်း သတ်ဖြတ်မှုတွေ လုပ်နေတာတွေကို ရပ်တန့်သင့်ပြီလို့ ဟားမတ်စ်အရာရှိတစ်ဦးက တယ်လီဂရမ်မှာ ဖော်ပြလိုက်ပါတယ်။
အစ္စရေးလ်တို့က ဟားမတ်စ်တို့ကို အမြစ်ပြတ်ချေမှုန်းဖို့ တိုက်ခိုက်နေရာမှာ ပါလက်စ်တိုင်းလူမျိုး အနည်းဆုံး ၁၈,၀၀၀ သေဆုံးထားပြီး ၅ သောင်းနီးပါး ဒဏ်ရာရရှိထားကြောင်း ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ဂါဇာမှ လူဦးရေတဝက်ခန့်ဟာ ငတ်ပြတ်နေကြပြီး လျှပ်စစ်မီး၊ လောင်စာ၊ ရေ၊ ဆေးများ မရရှိကြဘူးလို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ပြောပြခဲ့ပါတယ်။
ဂါဇာမှာ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အစာအဆိပ်သင့်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ အသက်ရှူလမ်းကြောင်း ရောဂါများ၊ ကူးစက်ရောဂါများ ဖြစ်ပွားနေကြပါတယ်။
ဟားမတ်စ်တို့ကို ချေမှုန်းခြင်းကြောင့် ပါလက်စ်တိုင်းပြည်သူတွေ ဆက်လက်ခံစားနေရမှာ မဖြစ်သင့်ဘူးလို့ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်တို့မှ ခေါင်းဆောင်များက ပူးတွဲထုတ်ပြန်ထားပါတယ်။
Source: Reuters
#World_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group

Published 13 December 2023
Published 13 December 2023
တရုတ်ပြည်ရဲ့ ပထမဆုံးပြည်တွင်းထုတ် အပျော်စီးသင်္ဘောရဲ့ အစိတ်အပိုင်းများ တပ်ဆင်မှုပြီးစီးကာ တနင်္ဂနွေနေ့က နိုင်ငံပေါင်းစုံမှ သင်္ဘောဝန်ထမ်း ၁,၂၉၂ ဦး ရောက်ရှိခဲ့ပြီဖြစ်ရာ စမ်းသပ်ပြေးဆွဲရန် အသင့်ဖြစ်နေပြီ ဖြစ်ပါတယ်။
Adora Magic City လို အမည်ပေးထားတဲ့ အပျော်စီးသင်္ဘောကြီးဟာ ဒီဇိုင်းဆွဲခြင်း၊ ဆောက်လုပ်ခြင်း၊ စမ်းသပ်ပြေးဆွဲမှုများ ဆက်တိုက်ပြုလုပ်ပြီးနောက် နိုဝင်ဘာ ၄ ရက်နေ့က ရှန်ဟိုင်းမှာ ရေချခဲ့ပြီး ၂၀၂၄ ဇန်နဝါရီ ၁ ရက်နေ့မှာ ပထမဆုံးခရီးစဥ်ပြေးဆွဲရန် စီစဥ်ထားပါတယ်။
#Asia_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၁၂ ဒီဇင်ဘာ ၂၀၂၃
တရုတ်နိုင်ငံအကူအညီဖြင့် MNDAA၊ TNLA၊ AA အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများကို အဖျက်သဘောဆောင်သည့် ထုတ်လွှင့်နေမှုများရှိနေ
နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား NUG၊ PDF များမှ ၎င်းတို့ထံ ရောက်ရှိလာစေရေး ခြိမ်းခြောက် စည်းရုံးနေ
၁၂-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်ဒေသနှင့် စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့်တို့တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ
နိုင်ငံတော်ဝန်ကြီးချုပ် ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရီးစဉ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့် တွေ့ဆုံခဲ့ရာတွင် ဒေသခံပြည်သူများ၏ သားသမီးများအား ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအတွက် အဓိကထားဆောင်ရွက်နေ
ခြင်းတို့နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို
ပြန်လည်ဖော်ပြပေးပါတယ်။
-ymg/knl
#Daily_News
Published 12 December 2023
၁။ လုံခြုံရေးအခြေနေအရ ထိုင်းသို့ MOU လုပ်သားစေလွှတ်မှု ယာယီရပ်နားထားပြီး နယ်မြေအခြေနေ ကောင်းမွန်သည်နှင့် ပြန်လည်စေလွှတ်မည်ဟုဆို
၂။ ဆောင်းတွင်းဖြစ်သော်လည်း အယ်နီညိုကြောင့် ဒေသ(၁၁)ခု၌ အအေးပေါ့ပြီး ညအပူချိန်ပိုဦးမည်
၃။ မူဆယ်စစ်ရှောင်များ တိုက်ပွဲရှောင် ရက်ရှည်လာသည်နှင့်အမျှ စားနပ်ရိက္ခာများ ဆက်လက်လိုအပ်နေပြီး ကျေးရွာအချို့၌လည်း ဒေသခံအချို့ ဆက်လက်ပိတ်မိနေ
၄။ တရုတ်မှ ပထမဆုံးဆောက်လုပ်သည့် အပျော်စီးသင်္ဘောကြီး စမ်းသပ်ပြေးဆွဲမှုများ ပြုလုပ်ရန်အသင့်ရှိ
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ လျှပ်စစ်မီးပြတ်တောက်နေတဲ့အတွက် ရေတင်မရတာကြောင့် ဒေသခံပြည်သူတွေဟာ နီးစပ်ရာ ရေချောင်းတွေနဲ့ ရွှေလီမြစ်ကမ်းဘေးတွေမှာ ရေချိုးနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Yangon-Times/NN
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရန်ကုန်မြိုတွင်း ပြေးဆွဲနေတဲ့ ခရီးသည်တင်YBSယာဉ်တွေ လိုက်ပါစီးနင်းနေတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ YBS QR Code နဲ့ ယာဉ်စီးခပေးချေမှုကို ယခုလကုန်သို့မဟုတ် လာမည့်နှစ်ဆန်းဖြစ်တဲ့ ဇန်နဝါရီလဆန်းမှာ ဆောင်ရွက်နိုင်တော့မယ်လို့ Asia Starmar Transport Intelligent Co.,Ltd မှ သိရပါတယ်။
Yangon-Times/NN
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_ 12 December 2023
စမ်းချောင်းမြို့နယ်၊လင်းလွန်း(မြောက်)ရပ်ကွက်၊ ကြံခင်းလမ်းရှိ လူနေတိုက်ခန်း တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ (၁၂)ရက် နေ့လယ် (၁) နာရီ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ အနောက်ပိုင်းခရိုင် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီးထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကျွမ်းမှုကြောင့် ပေါက်ကွဲမှုများလည်း ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
မီးငြိမ်းသတ်ရာတွင် နေ့လည် (၁) နာရီ (၇) မိနစ် အချိန်ခန့် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လယ် (၁) နာရီ (၁၃)မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လည် (၁)နာရီ (၁၉) မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group


Published 12 December 2023
ရွှေတိဂုံနှင့် ဗိုလ်တထောင်ဝင်ကြေး နိုင်ငံခြားငွေများကို ကျပ် (၂၁၀၀) ငွေလဲနှုန်းဖြင့် တန်ဖိုးဖြတ်ပြီး ပေးခဲ့သည်ဆိုသည့်သတင်းမဟုတ်မှန်ကြောင်း နစကမှ ပြန်လည်ရှင်းလင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်၏ ဝင်ကြေး၊အလှူငွေ အမေရိကန်ဒေါ်လာ (၂၀)သန်းကျော်နှင့် ဗိုလ်တထောင်စေတီ၏ အလှူငွေနှင့် ဝင်ကြေး အမေရိကန်ဒေါ်လာများကို အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် (၂,၁၀၀) ငွေလဲနှုန်းဖြင့် တန်ဖိုးဖြတ်၍ မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေးခဲ့သည်ဟု သတင်းတု၊ သတင်းမှားများ ဝါဒဖြန့် ရေးသားလျက်ရှိကြောင်းနှင့် ယင်းကိစ္စမှာ မဟုတ်မှန်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏တာဝန်ရှိသူ၏ရှင်းလင်းပြောကြားချက်အရသိရသည်ဟု နိုင်ငံပိုင်သတင်းမီဒီယာများ၌ဖော်ပြခဲ့ကြောင်း သိရသည်။
ရွှေတံဂုံစေတီတော်သို့ ယခင်က တစ်ရက်ကို နိုင်ငံခြားသား၁၀၀ခန့်ဝင်ရောက်ရာမှ နောက်ပိုင်းတွင် တစ်ရက်ကို နိုင်ငံခြားသား၃၀၀ခန့်ဝင်ရောက်ကြောင်းနှင့် ရွှေတိဂုံစေတီတော်တွင် ယခင်က ကျပ်တစ်သောင်းခွဲသို့မဟုတ် တစ်သောင်းခွဲနှင့်ညီ သောနိုင်ငံခြားငွေကောက်ခံခဲ့ရာမှ ယခု ကျပ်၂၀၀၀၀သို့မဟုတ် ကျပ်နှစ်သောင်းနှင့်ညီသောနိုင်ငံခြားငွေကို ကောက်ခံခဲ့ပြီး ဗိုလ်တထောင်စေတီတော်သို့လာရောက်သူများကို ယခင်က မြန်မာကျပ်၁၀၀၀၀(သို့မဟုတ်)မြန်မာကျပ်တစ်သောင်းနှင့်ညီမျှသောနိုင်ငံခြားငွေကို ကောက်ခံခဲ့ပြီး ယခုအခါ မြန်မာကျပ်၁၅၀၀၀(သို့မဟုတ်) မြန်မာကျပ်တစ်သောင်းငါးထောင်နှင့်ညီမျှသောနိုင်ငံခြားငွေကို ကောက်ခံခဲ့ပြီး အများစုမှ မြန်မာကျပ်ဖြင့်ဝင်ကြေးပေးလေ့ရှိကြောင်း ဂေါပကအဖွဲ့များထံမှသိရသည်။
Yangon-Times/tthl
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ဒေသမှာ တိုက်ပွဲရှောင် ရက်ရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာနဲ အနွေးထည်တွေ ဆက်လက်လိုအပ်နေပြီး ကျေးရွာအချို့မှာလည်း ဒေသခံအချို့ဆက်လက်ပိတ်မိနေတယ်လို့ ပရဟိတအသင်းတွေနဲ့ ဒေသခံတွေ ဆီကသိရပါတယ် ။
Yangon-Times/NN
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ဒီဇင်ဘာလ ၁၁ရက်မှ၂၁ရက်အထိ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ ဒီဇင်ဘာလရဲ့ပျမ်းမျှအပူချိန်ရဲ့ (၁.၅)ဒီဂရီစင်တီဂရိတ်နဲ့ အထက်ပိုနိုင်တယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန
Yangon-Times/tthl
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 942 of 2003