#Local_News
Published 11 December 2023
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဝန်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများမှ တတိယအကြိမ် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပခဲ့ပြီး သွေးပုလင်းစုစုပေါင်း (၁၂၅ )ပုလင်းခန့်လှူဒါန်းနိုင်ခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။
အဆိုပါသွေးလှူဒါန်းပွဲကို ဒီဇင်ဘာလ(၁၀)ရက်၊ တနင်္ဂနွေနေ့ နံနက်(၀၉:ဝဝ)နာရီအချိန်တွင် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံကြီး၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
တတိယအကြိမ် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ ဗိုလ်တထောင် စေတီတော်အလှည့်ကျသဘာပတိဦးဌေးဦး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်ဒေါက်တာတင်ထွန်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်ဦးတင်ရှိန်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်ဦးအောင်မြတ်၊ ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့ဝင်ဦးဝင်းထူး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်ဦးစိန်သန်းနှင့် ရုံးအဖွဲ့မှူး ကျော်နိုင်ထွန်းနှင့် ဒုရုံးအဖွဲ့မှူး၊ လက်ထောက်ရုံးအဖွဲ့မှူး နှင့် ဌာနမှူးများမှ တက်ရောက်ကြပြီးအခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီးအလှည့်ကျသဘာပတိဦးဌေးဦးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ရန်ကုန်ဆေးရုံကြီး သွေးလှူဘဏ်မှ ဒေါက်တာဒေါ်သန္တာနှင့် တာဝန်ခံဆရာဝန်များ၊ ဝန်ထမ်းများမှု သွေးလှူဒါန်းမည့်အလှူရှင်များအား လိုအပ်သည်များ ဆောင်ရွက်ပေး၍ သွေးလှူဒါန်းပွဲကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်ဟုဆိုသည်။
လာရောက်သွေးလှူဒါန်းသည့်အလှူရှင်များကို ဗိုလ်တထောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တီရှပ်နှင့်ရေသန့်များလှူဒါန်းခြင်း။
ဦးအောင်ကိုဇော် မိသားစုမှ နွားနို့၊ ကြက်ဥနှင့် ငှက်ပျောသီးများလှူဒါန်းခြင်း။
ရန်ကုန်ဆေးရုံကြီးသွေးလှူဘဏ်မှ Royal D အချိုရည်၊ ဘီစကစ်နှင့် သံဓာတ်အားဆေးမျာ လှူဒါန်းခြင်း။
ဗိုလ်တထောင်စေတီတော် အုန်း/ငှက်ပျောကန်တော့ပွဲဆိုင်များမှ ကြာဇံချက်များ ကုသိုလ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
#Local_News #ဗိုလ်တထောင်စေတီ #သွေးပုလင်းစုစုပေါင်း(၁၂၅ )ပုလင်း #tthl #Yangon_Times
#World_Health
Published 11 December 2023
လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သက်ရှည်ကျန်းမားခြင်းအတွက် အဓိကသော့ချက် မဖြစ်နိုင်တဲ့အပြင် လှုပ်ရှားမှုပြုလုပ်လွန်းခြင်းဟာ ခန္ဓာကိုယ်ထဲက ဖြစ်စဥ်တွေ အိုမင်းရင့်ရော်မှုကို ပိုမိုမြန်ဆန်စေနိုင်ဖွယ်ရှိတယ်လို့ စကန်ဒီနေဗီးယန်း သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိခဲ့ကြပါတယ်။
ယခင်လေ့လာချက် အများအပြားမှာ လေ့ကျင့်ခန်း ပိုမိုပြုလုပ်သူတွေက ပိုမိုကျန်းမာပြီး အသက်ရှည်တယ်ဆိုတာကို အတည်ပြုခဲ့ကြပါတယ်။
ယခုလေ့လာချက်မှာတော့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဟာ ဖြစ်စဥ်ကြီးတစ်ခုရဲ့ အစိတ်အပိုင်းငယ် တစ်ခုသာဖြစ်ပြီး အချို့နေရာတွေမှာ ကျန်းမာရေးဆိုးရွားမှုပါ ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဖင်လန်လူမျိုး ၁ သောင်းကျော်ကို လေ့လာစမ်းသပ်ပြီး သူတို့ရဲ့ လေ့ကျင့်ခန်း ပြုလုပ်ကြာချိန်နဲ့ ပြင်းထန်မှုတို့ကို ခွဲခြားစေခဲ့ပါတယ်။
ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်သူတွေနဲ့ယှဥ်ရင် လေ့ကျင့်ခန်းအနည်းဆုံး ပြုလုပ်သူတွေက အသက် ၄၅ နှစ်ကျော်တဲ့အခါ သေဆုံးနိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုများနေပါတယ်။
ဒါကြောင့် အရာရာတိုင်းကို သင့်တင့်ရုံသာ ပြုလုပ်သင့်ပြီး လေ့ကျင့်ခန်း များလွန်းခြင်းနဲ့ နည်းလွန်းခြင်းတို့က ဇီဝဖြစ်စဥ်အိုမင်းရင့်ရော်ခြင်းကို ပိုမိုမြန်ဆန်စေတယ်လို့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်သူတွေထက် အပြင်းထန်ဆုံး ပြုလုပ်သူတွေက အသက် ၁.၈ နှစ် ပိုကြီးနေပါတယ်။
လေ့ကျင့်ခန်း လုပ်တဲ့သူတွေက ပိုမိုအသက်ရှည်တာမဟုတ်ဘဲ ပိုမိုကျန်းမာစွာ နေထိုင်နိုင်တဲ့သဘောသာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီး ထိန်းရတဲ့ BMI ကို စစ်ထုတ်လိုက်မယ်ဆိုရင်တော့ လေ့ကျင့်ခန်းပြုလုပ်ခြင်းရဲ့ အချို့သက်ရောက်မှုတွေကို အနည်းငယ်လွဲချော်စေနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။
#World_Health #လေ့ကျင့်ခန်းလုပ်ခြင်း #အိုမင်းရင့်ရော်ခြင်းကိုပိုမိုမြန်ဆန် #Source: New York Post
#Local_News
Published 11 December 2023
Miss Grand Myanmar 2024ပြိုင်ပွဲကြီးတွင် Winnerဆုကြီးကို ကိုယ်စားပြုအလှမယ် Miss Grand Taungoo Thae Su Nyein မှဆွတ်ခူးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် 1st Runner Upအဖြစ် Miss Grand Mudon - Myint Myat Moe ၊2nd Runner Upအဖြစ်Miss Grand Bago-Angel Kyi phyuတို့မှရရှိခဲ့သည်။
Miss Grand popular vote award အဖြစ် Miss Grand Myawaddy Nan Khaing shwe war winမှ ရရှိခဲ့သည်။
Miss Grand Myanmar 2024 TOP 6 ရရှိသူများ မှာ1. Myawaddy ( Miss Popular Vote ) 2. Pyin Oo Lwin3. Mudon4. Taungoo5. Hakha 6. Bago တို့ဖြစ်သည်။
ယင်းMiss Grand Myanmar 2024ပြိုင်ပွဲကြီးကို ဒီဇင်ဘာလ(၁၀)ရက်တွင် ရွှေထွဋ်တင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ယခုနှစ်Miss Grand Myanmar 2024ပြိုင်ပွဲတွင် Winner ဆုရရှိသူသည်မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံ အဖြစ်ကျင်းပမည့် ယင်းMiss Grand International 2024ပြိုင်ပွဲ၌နိုင်ငံတကာအလှမယ်များနှင့်အတူပါဝင်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။
#Local_News #Miss Grand Myanmar 2024ပြိုင်ပွဲ #Miss Grand Taungoo Thae Su Nyein #tthl #Yangon_Times
#World_Health
Published 11 December 2023
ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ နေထိုင်စားသောက်မှုပုံစံ အမျိုးမျိုးရှိသလို ကင်ဆာဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချပေးနိုင်တဲ့ နေထိုင်စားသောက်မှုပုံစံကောင်းတွေလည်း ရှိပါတယ်။
တစ်နေ့ကို အသားကြီးငါးကြီး ၃ ကြိမ်ထက် ပိုမစားခြင်း၊ အချိုရည်ရှောင်ရှားခြင်း၊ လုံလောက်တဲ့ အမျှင်ဓာတ်ပါဝင်အောင် စားသုံးခြင်း၊ တစ်ပတ်ကို ကိုယ်လက်လှုပ်ရှားမှု ၂ နာရီခွဲပြုလုပ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ထိန်းထားခြင်း၊ လမ်းဘေးစာလျှော့ချခြင်း၊ အရက်သေစာ လုံးဝရှောင်ရှားခြင်း စတဲ့နည်းလမ်းများ ပါဝင်နေပါတယ်။
ဒီအလေ့အကျင့်တွေဟာ ကင်ဆာဖြစ်နိုင်ခြေကို အတော်လေး လျှော့ချနိုင်တယ်လို့ လေ့လာချက်အများအပြားမှာ တွေ့ရှိထားပါတယ်။
အင်္ဂလန် နယူးကာဆယ်တက္ကသိုလ်မှ သုတေသီများက ပျမ်းမျှအသက် ၅၆ နှစ်ရှိ လူပေါင်း ၉၄,၀၀၀ ခန့်ကို လေ့လာခဲ့ကြပါတယ်။
လေ့လာမှုအတွက် ပါဝင်စမ်းသပ်သူတွေက သူတို့ရဲ့ စားသောက်မှုပုံစံတွေ၊ လေ့ကျင့်ခန်းတွေ၊ BMI နဲ့ ခါးအတိုင်းအတာတို့ကိုပါ ကိုယ်တိုင်တင်ပြကြပါတယ်။
ဒါ့အပြင် ယင်းတို့ရဲ့ အသက်အရွယ်၊ ကျား/မ၊ လူမှုစီးပွားရေးအခြေအနေ၊ လူမျိုးဘာသာ၊ ဆေးလိပ်သောက်/မသောက် အခြေအနေတို့ကိုပါ ထည့်သွင်းစဥ်းစားခဲ့ကြပါတယ်။
ထိုအခါမှာ ပျမ်းမျှအားဖြင့် ကျန်းမာရေးလမ်းညွှန်ချက် ရမှတ် ၇ မှတ်မှာ ၃.၈ မှတ်ရရှိခဲ့ကြပါတယ်။
လေ့လာချက်အတွင်း ၈ ရာခိုင်နှုန်းသောလူတွေဟာ ကင်ဆာဖြစ်ပွားခဲ့ပါတယ်။
လမ်းညွှန်ချက်များအတိုင်း အနီးစပ်ဆုံး ကျင့်ကြံနေထိုင်သူတွေဟာ ကင်ဆာဖြစ်နိုင်ခြေ နည်းပါးတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
ရမှတ် ၁ မှတ်တိုးလာတိုင်း ရင်သားကင်ဆာဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်း၊ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်း၊ ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေ ၁၈ ရာခိုင်နှုန်း၊ အစာရေမျိုကင်ဆာ ဖြစ်နိုင်ခြေ ၁၆ ရာခိုင်နှုန်း၊ အသည်းကင်ဆာ ဖြစ်နိုင်ခြေ ၂၂ ရာခိုင်နှုန်း၊ သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း၊ သည်းခြေအိတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်း အသီးသီး လျှော့ချနိုင်ပါတယ်။
BMI ကို ၁၈.၅ မှ ၂၄.၉ မှတ်ကြား ထားရှိခြင်း၊ တစ်ပတ်ကို ကိုယ်လက်လှုပ်ရှားမှု ၂ နာရီခွဲကြာအောင် ပြုလုပ်ခြင်း၊ တစ်နေ့ကို အမျှင်ဓာတ် အနည်းဆုံး ၃၀ ဂရမ်ပါဝင်အောင် စားသုံးခြင်း၊ အသီးအရွက် အနည်းဆုံး ၅ ကြိမ်စားသုံးခြင်း၊ လမ်းဘေးစာ လျှော့ချစားသုံးခြင်း၊ အချိုရည်နဲ့ အရက်သေစာ ရှောင်ရှားခြင်း၊ မွေးကင်းစကလေးများ ၆ လအထိ မိခင်နို့တိုက်ကျွေးခြင်းတို့က ကင်ဆာကာကွယ်ရာမှာ အရေးပါပါတယ်။
#World_Health #ကင်ဆာရောဂါဖြစ်နိုင်ခြေ #နေထိုင်စားသောက်မှုပုံစံများ #Source: The Jerusalem Post
#Local_News
Published_10 Dec 2023
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်ရေးနှစ်နိုင်ငံ နယ်စပ်တစ်လျှောက် လုံခြုံရေးနှင့်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယမန်နေ့ ညနေပိုင်းက (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေး ကာလအတွင်း သီးခြားဆွေး နွေးပွဲအဖြစ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်ကွန် မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီ ကော်မတီ ဒုတိယအတွင်းရေးမှူး မစ္စတာရှီယွီကန်း တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ ဟိုင်ကန်ဥယျာဉ်ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ် အပါအဝင် တရုတ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများ ဆက် လက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရေးနှင့် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြကြောင်း သိရသည်။
ယခုအခါဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် (၈)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၁၀ ရက် တွင် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိကြကြောင်း သိရသည်။


#Local_News #မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး #နယ်စပ်တစ်လျှောက်လုံခြုံရေး
#Yangon_Times/PP
#Local_News
Published_10 Dec 2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေရသောအရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် နစက ဥက္ကဌက သွားရောက် အားပေး ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင် များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ဆေးဝါးကုသမှုပေး ထားသည့်အခြေအနေများနှင့် ရောဂါကုသ ပျောက်ကင်းသက်သာမှု အခြေအနေများကို လည်းကောင်း၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် မိ သားစုဝင်များ၏ ကျန်းမာရေးအခြေအနေများကိုလည်းကောင်း တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ အားပေးစကား ပြော ကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များ၊ အထွေထွေလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်းနှင့်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာ ရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတတူ နစက ဥက္ကဌ၏ ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် သားဖွားမီးယပ်နှင့်ကလေး ကုသဆောင်၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် တပ်မတော်သားမိသားစုဝင် များ ကို တစ်ဦးချင်း အားပေးစကားပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။




#Local_News #နယ်မြေခံတပ်မတော်ဆေးရုံ #နစကဥက္ကဌ သွားရောက်အားပေး
#Yangon_Times/PP
#LocaL_News
Published_10 Dec 2023
ရှမ်းပြည်နယ် လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်း ကျောင်းတိုက်တွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများအား နစက ဥက္ကဌ က ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် သွားရောက်တွေ့ဆုံ ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၎င်းတို့၏ နေရပ်များတွင် အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသ များသို့ ပြန်လည်ရောက်ရှိချိန်တွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အတူ တကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ယင်းအပြင် အစိုးရနှင့် တပ်မတော်မှ လို အပ်သည်များကို တတ်စွမ်းသရွေ့ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လိုအပ်သည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ကိုဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ထပ်မံ၍လည်း ပေးပို့ပေးမည်ဖြစ်ကြောင်း၊ နယ်မြေ ဒေသတည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေးကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဖြင့် အားပေးစကားပြောကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စားသောက်ဖွယ်ရာပစ္စည်းများ၊ အသုံး အဆောင်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့သည် အဖွဲ့ဝင်များနှင့်အတူ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်သို့ ရောက်ရှိကြပြီး မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကြီး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာကမ္မဌာနာစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံစံတူရုပ်ပွားတော်မြတ်များ၊ လှူဖွယ်ပစ္စည်း များ၊ လားရှိုးမြို့တွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများ အတွက် ငွေကျပ်သိန်း ၅၀၀၀၊ အဝတ်အထည် ၆၀၀၀ ကျော်၊ ဆန်နှင့် စားသောက်ဖွယ် ရာ ပစ္စည်းများကိုလှူဒါန်းရာ မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကြီးက အမှန်တကယ် လိုအပ်လျက်ရှိသည့် နေရပ်စွန့်ခွာသူများ အားလုံးရရှိစေရေး ခွဲဝေပေးသွားမည့်အခြေ အနေများကို ပြန်လည်မိန့်ကြားခဲ့ကြောင်း သိရသည်။
ယင်းခရီးစဉ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်း ဆောင်နေကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအတွက် ချီးမြှင့်ငွေ ကျပ်သိန်း ၅၀၀၀ ကိုပေးအပ်ခဲ့ပြီး အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားပြီး အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အောက်တိုဘာလ ၂၇ ရက်မှစ၍ MNDAAI TNLA၊ AA အဖွဲ့တို့နှင့် PDF ပူးပေါင်းအဖွဲ့၏ လုပ်ရပ်များကြောင့် အချို့သောကျေးရွာများ၊ မြို့များ၊ လမ်း၊ တံတားများ ပျက်စီး ဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူလူထုတို့အနေဖြင့် ၎င်းတို့၏နေရပ်မှ တိမ်းရှောင်စွန့်ခွာ၍ လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်း များ၊ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်း များ၊ ရုံး၊ အဆောက်အဦများ၌ ယာယီတည်းခိုနေထိုင်ရလျက်ရှိ ကြောင်း၊ လက်ရှိအချိန် အထိ အိမ်ထောင်စု ၁၄၂၈ စုမှ လူဦးရေ ၄၉၂၂ ဦးခန့် ရောက်ရှိတည်းခိုနေထိုင်ရလျက် ရှိ ကြောင်းသိရသည်။
#LocaL_News #လားရှိုး #ယာယီနေရပ်စွန့်ခွာဒေသခံ #သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် #Yangon_Times/PP
၁၀ ဒီဇင်ဘာ ၂၀၂၃
နစကဥက္ကဋ္ဌ လားရှိုးမြို့သို့သွားရောက်၍ တိုင်းရင်းသားပြည်သူများကို ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံအားပေးစကားပြောကြား
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လားရှိုးမြို့စစ်ဆေးရုံသို့သွားရောက်၍ စစ်သည်များ၊မိသားစုဝင်များ၏ကျန်းမာရေး အခြေ အနေများကို သွားရောက်ကြည့်ရှ
ပြည်ထောင်စုအဆင့်ဝန်ကြီးများမှ သက်ဆိုင်ရာ ဆေးရုံများ၊ ယာယီတိုက်ပွဲရှောင်စခန်းနေရာများနှင့် ကျောင်း များသို့ သွားရောက်၍ အားပေးစကားပြောကြား
၁၀-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍
နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြ ပေးအပ်ပါတယ်။
-ymg/knl
#Local_News
Published 10December 2023
ပို့ကုန်မူဝါဒအပြောင်းအလဲနှင့်ပြည်ပဝယ်လက်များကြာင့် ပဲနှမ်းများဈေးနှုန်းမြင့်တက်လာကြောင်း ပဲနှမ်းကုန်သည်များထံမှသိရသည်။
ပြီးခဲ့သည့်ဒီဇင်ဘာ(၅)ရက်ကပြောင်းလဲလိုက်သည့်ပို့ကုန်မူဝါဒကြောင့်နိုင်ငံငွေလဲနှုန်းအနည်းငယ်မြင့်တက်လာသည့်အပြင်ဈေးကွက်အတွင်းဝယ်လိုအားရှိနေသောကြောင့်နှမ်း၊မတ်ပဲ၊ပဲတီစိမ်းများအပါအဝင် ပြည်ပတင်ပို့ သည့် ပဲများမှာတစ်အိတ်လျှင် ကျပ်၁၀,၀၀၀ မှ ၃၀,၀၀၀ ကျပ်အတွင်း မြင့်တက်လာခြင်းဖြစ်ကြောင်းသိရသည်။
'ပို့ကုန်မူဝါဒအပြောင်းအလဲလည်းရှိတယ်၊ဝယ်လိုအားလည်းရှိတော့ဈေးတက်လာတာပါ၊ဝယ်လိုအားလည်း အဓိကပါဝင်ပါတယ်၊ပြည်တွင်းသုံးပဲဈေးကွက်ကတော့အေးပါတယ်၊' ဟုပဲနှမ်းကုန်သည် ဦးဇော်လွင်ကပြောသည်။
လတ်လောတွင်နှမ်းနက်တစ်အိတ်လျှင်အမျိုးအစားအလိုက်တစ်အိတ်လျှင်ကျပ်၃၁၀,၀၀၀မှ၃၆၀,၀၀၀ကျပ်၊နှမ်းဖြူတစ်အိတ်လျှင်အမျိုးအစားအလိုက်တစ်အိတ်လျှင်ကျပ်၃၅၀,၀၀၀မှ၃၆၀,၀၀၀ကျပ်၊မတ်ပဲတစ်အိတ်လျှင်အမျိုးအစားအလိုက်တစ်အိတ်လျှင်ကျပ်၂၁၀,၀၀၀မှ၂၉၀,၀၀၀ကျပ်၊ပဲတီစိမ်းတစ်အိတ်လျှင်အမျိုးအစားအလိုက်တစ်အိတ်လျှင်ကျပ်၁၂၅,၀၀၀မှ၁၆၀,၀၀၀ကျပ်အထိဈေးနှုန်းအသီးသီးရှိနေကြောင်းသိရသည်။
ပြည်တွင်းမှထွက်ရှိသည့်ပဲနှမ်းများအားပြည်တွင်း၌သုံးစွဲသည့်အပြင်တရုတ်၊အိန္ဒိယအပါအဝင်ပြည်ပနိုင်ငံများသို့တင်ပို့လေ့ရှိကာနယ်စပ်ကုန်သွယ်ရေးများမှအပြင်ပင်လယ်ရေကြောင်းမှပါတင်ပို့လေ့ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့်ယခု(၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်ဧပြီ ၁ရက်မှ ဒီဇင်ဘာ၁ ရက်နေ့ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ(၉၂၄၁၄၂.၅၁၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၇၇၉.၂၀၆)သန်း၊နယ်စပ်မှ(၁၃၅၂၃၉.၂၉၈)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁၁၆.၂၀၇)သန်း၊စုစုပေါင်း(၁၀၅၉၃၈၁.၈၁၄)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ(၈၉၅.၄၁၃)သန်း တင်ပို့ နိုင်ခဲ့ကြောင်းသိရသည်။
ထို့အပြင်၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်စာရင်းများအရပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁၂၆၁.၈၇၄)သန်း၊နယ်စပ်မှ(၂၇၈၃၇၉)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ (၂၀၈.၇၈၉) သန်း၊ စုစုပေါင်း(၁၉၁၉၁၅၆)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁၄၇၀.၆၆၃)သန်းတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
#Local_News #ပို့ကုန်မူဝါဒအပြောင်းအလဲ #ပဲနှမ်းများဈေးနှုန်းမြင့်တက် #YMG/NN #Yangon _Times
#Local_News
Published 10 December 2023
ရန်ကုန်-မော်လမြိုင် ကားလမ်း သင်းထော်ကွေ့ တွင် စက်သုံးဆီ သယ်ဆောင်သည့် ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀နာရီ ခန့်ကမွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စု၊ သင်းထော်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ သင်းထော်ကွေ့တွင် ဆီသယ်ယာဉ်(၁)စီးတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိမ်းမှောက် ကြောင်း သတင်းရရှိသဖြင့် သထုံမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ကျိုက္ကော်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ယမန့်နေ့က လည်း မန္တလေးတိုင်း ကျောက်ဆည်မြို့ရှောင် လမ်းတွင် စက်သုံးဆီ သယ်ယာဉ်တစ်စီးမီးလောင်မှု ဖြစ်ပွားခဲ့ကာ ပဲခူးမြို့ရှောင်လမ်း တွင်လည်း စက်သုံးဆီသယ်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ခဲ့ကြောင်းသိရသည်။
#Local_News #ရန်ကုန်-မော်လမြိုင်ကားလမ်း #ဆီသယ်ယာဉ်တစ်စီးတိမ်းမှောက် #YMG/NN #Yangon Times
#Local_News
Published 10 December 2023
မြန်မာ့စက်မှုဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် ရေခဲသေတ္တာ(၁၅၁)လုံးအပါအဝင် တရားမဝင်ပစ္စည်းမျာသိမ်းဆည်းရမိပြီး ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှသိရသည်။
ဒီဇင်ဘာ ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Glacier Two Door ရေခဲသေတ္တာ ၁၅၁ လုံး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂၆၅၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
ထို့အတူ ဒီဇင်ဘာ ၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ လိုင်စင်မဲ့ Faw ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ခဲ့သည်ဟုဖော်ပြထားသည်။
ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲနှစ်မှု(ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၆၅၀၀၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
#Local_News #ရေခဲသေတ္တာ(၁၅၁) လုံး #Fawကားတစ်စီး #တရားမဝင်ပစ္စည်းများသိမ်း ဆည်းရမိ
#tthl #Yangon_Time
#Local_News
Published 10 December 2023
မိုးပျံ ဆောက်လုပ်ဆဲတံတားပေါ်မှပြုတ်ကျပြီးသေဆုံးသူမြန်မာအလုပ်သမားအား ဒီဇင်ဘာ၁၀၌ မလေးရှားနိုင်ငံ၌ သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်းမြန်မာလူမူကူညီရေးအသင်း (မလေးရှား)သိရသည်။
ဖြစ်စဉ်မှာပဲခူးတိုင်း ဇောင်းတူမြို့နယ် ဇီးတောကျေးရွာမှ မလေးရှားနိူင်ငံ ကွာလာလမ်ပူမြို့လာရောက်အလုပ်လုပ်ကိုင်သည့် (ကိုစည်သူဟိန်း)(၂၃)-နှစ်သည်နိုဝင်ဘာ၃၀ ရက်နေ့ ဆောက်လုပ်ရေးလုပ်ငန်းတွင်အလုပ်လုပ်ကိုင်နေစဉ် မိုးပျံတံတားသံချောင်းများအား ဝရိန်ဆော်ခိုက် အက်စီးဒင့်ဖြစ်ကာ ဆောက်လက်စ တံတားပေါ်မှ. ပြုတ်ကျပြီး ကွာလာလမ်ပူမြို့ဆေးရုံကြီးမြို့တွင် သေဆုံးခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ယနေ့နံနက်ပိုင်း၌ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ချဲရပ်သုသန် ဂျလန်ကွာလီတွင် ရှိသော မီးသဂြိုလ်စက်တွင်သဂြိုလ်ခဲ့ရာ မြန်မာသံရုံး(မလေးရှား)၏ အလုပ်သမားရေးရာသံအရာရှိများ နှင့် မြန်မာနိူင်ငံသားများမှ ကူညီပို့ဆောင်သဂြိုလ်ပေးခဲ့ကြောင်းသိရသည်။
#Local_News #မိုးပျံဆောက်လုပ်ဆဲတံတား #ပြုတ်ကျပြီးသေဆုံး#YMG/NN #Yangon_Times
Page 945 of 2003