#Local_News
Published_ 10 May 2023
မေလ(၉)ရက်တွင် 32nd SEA Games ပြိုင်ပွဲ အမျိုးသမီးဘောလုံးအုပ်စုပွဲစဉ်၌ မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် မလေးရှားအမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မလေးရှားကို မြန်မာအမျိုးသမီးဘောလုံးအသင်းမှ (၅)ဂိုး(၁)ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်းသိရသည်၊၊
မြန်မာအမျိုးသမီးဘောလုံးအသင်းမှ အုပ်စုပွဲစဉ်များတွင် မလေးရှားကို ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့သည့်အတွက် ဆီမီးဖိုင်နယ်Semifinal ကို တက်ရောက်သွားပြီဟုဆိုသည်၊၊
ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် အုပ်စုAတွင်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဖိလစ်ပိုင်ကို တစ်ဂိုး-ဂိုးမရှိဖြင့်အနိုင်ရထားပြီး ဗီယက်နမ်ကို သုံးဂိုး-တစ်ဂိုးဖြင့်ရှုံးနိမ့်ခဲ့ကာ မလေးရှားကို ငါးဂိုး-တစ်ဂိုးဖြင့်အနိုင်ရပြီး အုပ်စုAတွင် ဗီယက်နမ်အသင်းနှင့်အတူ ဆီမီးဖိုင်နယ်ကိုတက်ရောက်သွားပြီး အုပ်စုBမှ ထိုင်းနှင့်အိမ်ရှင်ကမ္ဘောဒီးယားတို့နှင့် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #မလေးရှား #မြန်မာအမျိုးသမီးဘောလုံးအသင်း #ဆီမီးဖိုင်နယ်တက်ပြီ
#YMG #Yangon_Media_Group
#Local_News
Published_ 9 May 2023
လတ်တလောကျောင်းအပ်လက်ခံချိန်မှာ ဘုန်းတော်ကြီးစာသင်ကျောင်းအချို့၌ ကျောင်းလာအပ်သူ ပိုများလာတယ်လို့ YGWဘုန်းတော်ကြီးသင်စာသင်ကျောင်းမှ သိရပါတယ်၊၊
#Local_News #ဘုန်းတော်ကြီးသင်စာသင်ကျောင်း #ကျောင်းလာအပ်သူပိုများ
#YMG #Yangon_Media_Group
#World_Development
Published 9 May 2023
တရုတ်နိုင်ငံကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ 'ချင်ကန်'က မဟာဗျူဟာမြောက်လွတ်လပ်ရေးနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတို့ကို ထဲထဲဝင်ဝင်မြှင့်တင်ဆောင်ရွက်ရန် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)အဖွဲ့ဝင်နိုင်ငံများကို သောကြာနေ့က တောင်းဆိုလိုက်ပါတယ်။
#World_Development #မဟာဗျူဟာမြောက်လွတ်လပ်မှု #တရုတ်နိုင်ငံခြားရေးဝန်ကြီး
#YMG #Yangon_Media_Group
#Local_News
Published_ 9 May 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ မေလ ၉ ရက်နေ့ မနက်ပိုင်းဈေးနှုန်းများအရ တစ်အောင်စကို ၂၀၂၃ ဒေါ်လာပေါက်ဈေးနဲ့ဈေးဖွင့်လာပါတယ်။ ပြင်ပရွှေပေါက်ဈေးကတော့ ၂၉သိန်းကျော်ကနေ လက်ရှိမှာ သိန်း၃၀ကျော် အထိ ဈေးခုန်လာပြီး ဈေးမတည်ငြိမ်တဲ့အခြေအနေမှာရှိနေတယ်လို့ ရန်ကုန်တိုင်းအတွင်းက ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ဒေါ်လာပေါက်ဈေး #ပြင်ပရွှေပေါက်ဈေး
#YMG #Yangon_Media_Group
#Local_News
Published_ 9 May 2023
စက်သုံးဆီဈေးမှာနှုန်းထား ယခင်လကထက်နှစ်ရာကျပ်ကျော်အထိသို့ ကျဆင်းခဲ့ပြီး လက်ရှိမှာဈေးပြန်တက်လာကာ ၉၂ တစ်လီတာလျှင် ၁၉၀၀ ဝန်းကျင်ကို ရောက်ရှိလာကြောင်း ယနေ့ ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #စက်သုံးဆီနှုန်းဈေးနှုန်း #ဈေးပြန်တက်နေ
#YMG #Yangon_Media_Group
#Local_News
Published_ 9 May 2023
ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကောက်ပဲသီးနှံများ၊ ကုန်ကြမ်းပစ္စည်းများနဲ့ထုတ်လုပ်ပြီး ကုန်ချောများပျက်စီးထိခိုက်မှုမရှိစေရေး ကြိုတင်ပြင်ဆင်ထားဖို့ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ထပ်ဆင့်အသိပေးတိုက်တွန်းထားပါတယ်။
#Local_News #ကောက်ပဲသီးနှံများပျက်စီးထိခိုက်မှုမရှိရေး #ကုန်သည်စက်မှုအသင်းချုပ်ထပ်ဆင့်အသိပေး#YMG #Yangon_Media_Group
#Daily_News
Published_ 9 May 2023
၁။ မုန်တိုင်းကြောင့် ကောက်ပဲသီးနှံများ ပျက်စီးထိခိုက်မှုမရှိရေး ကြိုတင်ပြင်ဆင်ထားဖို့ ကုန်သည်စက်မှုအသင်းချုပ် ထပ်ဆင့်အသိပေး
၂။ စက်သုံးဆီနှုန်းဈေး 92 တစ်လီတာ ၁၉၂၀ ကျပ်အထိ ပြန်ဈေးတက်နေ
၃။ ကမ္ဘာ့ရွှေဈေး ၂၀၂၁၃ ဒေါ်လာပေါက်ဈေးရှိနေပြီး ပြင်ပရွှေပေါက်ဈေးသိန်း ၃၀ ကျော်ရှိနေ
၄။ မဟာဗျူဟာမြောက်လွတ်လပ်မှုနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုရန် SCO အစည်းအဝေး၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 9 May 2023
ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာနိုင်ငံကပါဝင်ယှဉ်ပြိုင်နေပြီး မေလ(၉)ရက်နေ့မှာ ခြင်းလုံးအားကစားနဲ့ မြန်မာက ရွှေတံဆိပ်နှစ်ဆုထပ်မံရရှိခဲ့ပြီး ရွှေတံဆိပ်စုစုပေါင်း (၁၀)ဆုရရှိထားပြီဖြစ်တယ်လို့ သိရပါတယ်၊၊
#Local_News #ဆီးဂိမ်း #ရွှေ(၂)ဆု # ခြင်းလုံးအားကစား
#YMG #Yangon_Media_Group
#Local_News
Published_ 9 May 2023
ကျောက်ဆည်အပါအဝင်ဒေသ(၃)ခုတွင် နေ့အပူချိန်များမြင့်တက်နေပြီး မေလ(၈)ရက်ရရှိသောနေ့အပူချိန်များအရ အမြင့်ဆုံးအပူချိန်စံချိန်သစ်များတင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်၊၊
ကျောက်ဆည်(လွန်ကျော်)၊ တမူး၊ ဗန်းမော်တို့တွင် နေ့အပူချိန်များ စံချိန်သစ်တင်ခဲ့သည်ဟုဆိုသည်၊၊
ကျောက်ဆည်တွင် စခန်းဖွင့်ချိန်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း(၄၉)နှစ်က အမြင့်ဆုံးအပူချိန် (၄၂.၅)ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ မေလ(၈)ရက်တွင် စံချိန်သစ်အနေဖြင့်(၄၃.၀)ဒီဂရီစင်တီဂရိတ်ရှိခဲ့သည်၊၊
တမူးတွင် စခန်းဖွင့်ချိန်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း(၄၄)နှစ်က အမြင့်ဆုံးအပူချိန် (၄၂.၇)ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ မေလ(၈)ရက်တွင် စံချိန်သစ်အနေဖြင့်(၄၂.၈)ဒီဂရီစင်တီဂရိတ်ရှိခဲ့သည်၊၊
ဗန်းမော်တွင်စခန်းဖွင့်ချိန်နှစ်မှစ၍လွန်ခဲ့သောနှစ်ပေါင်း(၅၇)နှစ်က အမြင့်ဆုံးအပူချိန် (၄၂.၁)ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ မေလ(၈)ရက်တွင် စံချိန်သစ်အနေဖြင့်(၄၂.၅)ဒီဂရီစင်တီဂရိတ်ရှိခဲ့သည်၊၊
#ymg/tthl #Local_News #ကျောက်ဆည်၊ #တမူး #ဗန်းမော် #အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်
#YMG #Yangon_Media_Group
#Local_News
Published_ 9 May 2023
ဆီးဂိမ်းတွင် ဘိလိယက်အားကစားပြိုင်ပွဲ၌ ကမ္ဘာ့ချန်ပီယံဖြစ်သူစင်ကာပူနိုင်ငံသားကိုမြန်မာနိုင်ငံသားဦးပေါက်စမှအနိုင်ရရှိပြီးရွှေတံဆိပ်ဆုထပ်မံရရှိခဲ့ကြောင်း သိရသည်၊၊
မေလ(၉) ရက်နေ့၊ ဘိလိယက် (English Billiards Singles - အမျိုးသားတစ်ဦးချင်း) အားကစားနည်းဗိုလ်လုပွဲပြိုင်ပွဲ၌ မြန်မာ ဦးပေါက်စမှ ကမ္ဘာ့ချန်ပီယံဖြစ်သူ Peter Gilchrist (စင်ကာပူနိုင်ငံ)အား (၁၀၀-၁၂) (၁၀၀-၇၆) (၁၀၁-၇၈)ဖြင့် အပြတ်အနိုင်ရရှိခဲ့ပြီး ပထမ (ရွှေတံဆိပ်ဆု) ရရှိခဲ့ခြင်းဖြစ်သည်၊၊
(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မေလ(၉)ရက်အထိ စာရင်းများအရမြန်မာနိုင်ငံမှ ရွှေတံဆိပ်(၁၁) ခု၊ ငွေတံဆိပ်(၇)ခု နှင့် ကြေးတံဆိပ် (၂၅)ခု စုစုပေါင်း ဆုတံဆိပ်( ၄၃)ခု ဆွတ်ခူးရရှိထားပြီးဖြစ်သည်ဟုအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ သိရသည်၊၊
#ymg/tthl #Local_News #ကမ္ဘာ့ချန်ပီယံ #စင်ကာပူနိုင်ငံသား #ရွှေတံဆိပ်ဆုထပ်မံရ
#YMG #Yangon_Media_Group
#Local_News
Published_ 9 May 2023
နေအိမ်ရှိ ရေတွင်းကို တူးဖော်ရာမှာ တွင်းထဲပြုတ်ကျပြီး သားအဖ ၂ဦးသေဆုံးမှု မြစ်ကြီးနားတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကချင်ပြည်နယ်) က သိရသည်။
ယနေ့ မေလ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က ကချင်ပြည်နယ် မြစ်ကြီးနား နောင်နန်း၊ လမြန်ကျေးရွာတွင် မိမိနေအိမ်မှ ရေတွင်းတူးရင်းပြုတ်ကျသွား၍ အရေးပေါ်ကယ်ဆယ်ပေးရန်မိသားစုဝင်များမှ အသင်းရုံးသို့ အကူအညီတောင်းခံလာကြောင်း သိရသည်။
အသင်းရုံးမှ လူနာတင်ယာဉ် အမှတ်(၂)ဖြင့် ကယ်ဆယ်ရေးပစ္စည်း ကိရိယာများနှင့်အတူ ချက်ချင်းထွက်ခွာခဲ့သော်လည်း ကယ်ဆယ်ရေးသမားများရောက်ရှိချိန် ပြုတ်ကျသူနှစ်ဦးမှာ သေဆုံးပြီဖြစ်ခဲ့ပြီး ၎င်းတို့နှစ်ဦး၏ ရုပ်ကလပ်ကို အရပ်သားများနှင့်အတူ ကူညီထုတ်ဖေါ်ပေးခဲ့ရတယ်လို့ အသင်းက ပြောပါသည်။
#ymg/ppk #Local_News #မြစ်ကြီးနား #သားအဖ ၂ဦးရေတွင်းထဲပြုတ်ကျပြီးသေဆုံး
#YMG #Yangon-Media-Group
#Local_News
Published_ 9 May 2023
သဘာဝဘေးဖြစ်ပေါ်လာပါက အရေးကြီးနေရာများတွင် လျှပ်စစ်မီးမပြတ်တောက်စေရေးနှင့်ရခိုင်ဒေသရှိ စီမံကိန်းများထိခိုက်ပျက်စီးမှုမရှိအောင် ဆောင်ရွက်ရေးတွေ ကြိုတင်ပြင်ဆင်ထားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်၊၊
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်ထားသည့် အစီအမံများ နှင့်ပတ်သက်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်အချက်များကို ထည့်သွင်းမှာကြားခဲ့ခြင်း ဖြစ်သည်၊၊
အရေးကြီးသော နေရာများဖြစ်သည့် ကွပ်ကဲမှုရုံး၊ ဆေးရုံ၊ အုပ်ချုပ်မှုအဆောက်အအုံဖြစ်သည့် ကယ်ဆယ်ရေးစခန်းနေရာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေး အရန်မီးစက်များကို ကြိုတင်ဖြန့်ခွဲထားရှိရန် လိုအပ်ကြောင်း၊ သဘာဝဘေး ကျရောက်နေချိန်များတွင်လည်း လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေး ဓာတ်အား ဖွင့်/ပိတ်စနစ်များကိုလည်း စနစ်တကျထိန်းချုပ်ထားရန် လိုအပ်ပါကြောင်း၊ ဆက်သွယ်မှုစနစ်ပြတ်တောက် သွားမှုမရှိစေရန် အရေးပေါ်ဆက်သွယ်မှုစနစ်များကို ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်းနှင့် ဆောင်ရွက်ထားရှိသည့် အစီအမံများအတိုင်းကြိုတင် ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်းမှာကြားခဲ့သည်၊၊
ယင်းအပြင် တည်ဆောက်ဆဲ စီမံကိန်းများဖြစ်သော သံတွဲဒေသရှိ သူဌေးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်းတွင် တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲဖြစ်သော စီမံကိန်းဆိုင်ရာ အဆောက်အအုံများနှင့် တမံများကို သဘာဝဘေးကြောင့် ထိခိုက်သက်ရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ဆောင်ရွက်သွားရန်နှင့် ထုတ်လုပ်ဆဲဖြစ်သော ကျောက်ဖြူဒေသရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ ကိုကိုးကျွန်းနှင့် မာန်အောင်ကျွန်းရှိ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၊ မင်းဘူးနှင့် စေတုတ္တရာဒေသရှိ ကြီးအုံကြီးဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ ကိုလည်း ထိခိုက်ပျက်စီးမှုမရှိစေရေး ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်ပြောကြားခဲ့သည်။
မုန်တိုင်းတိုက်ခတ်မှုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဝန်ကြီးဌာနကွပ်ကဲမှု အောက်ရှိ ရုံး၊ ဌာနများ၊ ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ၊တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများတွင် တတ်နိုင်သမျှ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်နှင့် ဘေးအန္တရာယ်ကျရောက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် လုံလောက်သော အင်အားများကို ရုံးချုပ်မှဦးဆောင် သူများဦးဆောင်၍ ဖွဲ့စည်းထားရန်နှင့် ယာဉ်၊ ယန္တရား ပစ္စည်းများကို စီမံချက်ပါအတိုင်း ကြိုတင်ဖြန့် ခွဲထားရှိရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆက်လက်ပြောကြားခဲ့သည်။
#ymg/tthl #Local_News #ရခိုင်ရှိစီမံကိန်း #ထိခိုက်မှုမရှိအောင်
#YMG #Yangon_Media_Group
Page 945 of 1703