Published_ 6 March 2024

ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ယနေ့တွင် တစ်ကျပ်သားလျှင်ကျပ်သိန်း၄၀ နား အထိရှိလာကြောင်း ရွှေဈေးကွက်အတွင်းမှသိရသည်။

ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၂၁၂၆ ဒေါ်လာအထိရှိလာရာ ယနေ့နေ့လယ်ပိုင်း၌ ပြင်ပပေါင်ဈေး၌  အခေါက်ရွှေ
ဝယ်ဈေး တစ်ကျပ်သားလျှင် ကျပ်  ၃,၉၅၅,၀၀၀နှင့် ရောင်းဈေး ၃,၉၉၅,၀၀၀ကျပ်အထိ ဈေးနှုန်း ရှိနေကြောင်းသိရသည်။

ထို့အပြင် ပြည်တွင်းငွေလဲနှုန်းမှာလည်းပြင်ပပေါက်ဈေး တစ်ဒေါ်လာလျှင် ဝယ်ဈေး ကျပ် ၃၅၇၀နှင့် ရောင်းဈေးကျပ် ၃၆၂၀ အထိဈေးနှုန်းအသီးသီးရှိနေကြောင်းသိရသည်။

ရန်ကုန် တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်း ၏ ရည်ညွှန်းဈေးကွက်၌လည်း ကျပ် ၃၈ သိန်းနီးပါး အထိ မြင့်တက်လာကြောင်း သိရသည်။

ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာသည့်အပြင် ပြည်တွင်းငွေလဲနှုန်းမှာလည်း အတက်ပိုင်းတွင် ရှိနေသည့်အတွက် ပြည်တွင်း ရွှေဈေးနှုန်းများပါ မြင့်တက်လာနေခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များကဆိုသည်။

ထိုသို့‌  ဈေးနှုန်းများမြင့်တက်နေသော်လည်း ရွှေဈေးကွက်အတွင်း၌မူ အရောင်းအဝယ်အေးနေကြောင်းသိရသည်  ။
Yangon Times/NN
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group