ဓါတ်ဆီ 92တစ်လီတာ ၁၅ကျပ်၊ 95တစ်လီတာ ၃၀ကျပ်ဈေးမြင့် ဒီဇယ် တလီတာ ၇၀ကျပ်ခန့်ဈေးပြန်ကျ
ယခုတပတ် ပြည်တွင်းစက်သုံးဆီဈေးကွက်မှာတော့ ဓါတ်ဆီဈေး ထပ်မြင့်လာပေမယ့် ဒီဇယ်ကတော့ ဈေးကျလာတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group
သီတင်းကျွတ်ပေမည့် မိုးမပြတ်သေးဘဲ ရန်ကုန်အပါအဝင်ဒေသ(၉)ခု၌ မိုးသည်းဦးမည်
‘ အောက်တိုဘာလ(၃၁)ရက်၊ နိုဝင်ဘာလ(၁)ရက်နေ့တွေမှာတော့ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်သွန်းနိုင်တယ်’ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#Yangon_Times/tthl
#Local_News
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group
သီတင်းကျွတ်တွင် ပုဂံသို့ ဘုရားဖူးတစ်သိန်းနီးပါး လာရောက်၊ အချို့နေရာများ ကားကြပ်မှုရှိ
‘ ရွှေစည်းခုံ၊ အာနန္ဒာ၊ ဓမ္မာရံကြီး အစရှိတဲ့ ပုဂံတန်ခိုးကြီးဘုရားတွေကို သွားရောက် လည်ပတ်သူတွေများနေပြီး ခရီးသွားတစ်သိန်းနီးပါး လာရောက်လည်ပတ်ပြီး ဘုရားဖူးမြော်နေတယ်။ အချို့နေရာဆိုရင် ကားကြပ်တဲ့အထိ ရှိနေတယ်’ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ၊ပုဂံရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်)
#Yangon_Times/tthl
#Local_News
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group
အောက်တိုဘာလ-၃၀ ရက်
ချင်းပြည်နယ်၊ ထန်တလန်မြို့ကို သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းတွင် ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
တပ်မတော်က အဆင့် ၃ ဆင့်ဖြင့် စနစ်တကျတိုက်ခိုက် ဆောင်ရွက်ခဲ့ပြီး ရက်ပေါင်း ၉၀ ခန့်အကြာ အောက်တို ဘာလ ၂၉ ရက် သီတင်းကျွတ် လပြည့်နေ့တွင် ထန်တလန်မြို့ တစ်မြို့လုံးကို အပြီးတိုင် ပြန်လည် ထိန်းချုပ်နိုင် ခဲ့ ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှ စတင်၍ KIA ၊ MNDAA ၊ TNLA ပူးပေါင်းထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများက ရှမ်းပြည် နယ်(မြောက်ပိုင်း)နှင့် အရှေ့မြောက်ဒေသရှိ လားရှိုး၊ သန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကြူကုတ်၊ မုံးကိုး၊ ဖောင်းဆိုင် ဒေသများ၊ ကွမ်းလုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင် စသည့် နယ်စပ်ဒေသများသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်သောကြောင့် ယခုအခါ အပြန်အလှန် ထိတွေ့တိုက်ခိုက်မှုများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း လည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန် ထမ်းများ အလစ်အငိုက် တွင် အင်အားအလုံးအရင်း ဖြင့် ဝင်ရောက်တိုက်ခိုက်ခံခဲ့ရကြောင်း၊ထန်တလန်မြို့အတွင်းမှဒေသခံများ ဖမ်းဆီး သတ်ဖြတ်ခံရခြင်း၊ ဆက်ကြေး ပေးရခြင်း၊ လူနေအိမ်များနှင့် နိုင်ငံပိုင်အဆောက်အဦများ ဖျက်ဆီးခြင်း၊ မီးရှို့ ခံရခြင်း များလည်း ရှိခဲ့ကြောင်း သိရသည်။
အလားတူ အစိုးရ၏ အုပ်ချုပ်မှုယန္တရား များ ရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများကိုမီးရှို့ဖျက်ဆီးခြင်း၊ ဆက်သွယ် ရေးလမ်းကြောင်းပေါ်ရှိ တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်း စသည်တို့ကို ကျူးလွန်နေသော အဖွဲ့များကိုတပ်မတော်က အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး (Counter- Terrorism Operation) ဆောင် ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ဖေဖော်ဝါရီမှစ၍ မြို့လုံခြုံ ရေးဆောင်ရွက်ပေးလျက်ရှိသည့် တပ်မတော်စစ်ကြောင်းနှင့် မြို့နယ်အဆင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များအလစ်အငိုက်တွင် သာလွန်အင်အားဖြင့် ထန်တလန်မြို့ကိုဝင်ရောက်ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခုခံသော် လည်း ရာသီဥတုအခြေအနေနှင့် နယ်မြေအခြေအနေအရ မြို့၏ တောင် ဘက်အစွန် နေရာသို့ ခေတ္တဆုတ်ခွာခံစစ်ဆင်နွဲခဲ့ရသေးကြောင်း၊ ထန်တလန်မြို့ကိုလည်း ထိန်းချုပ်ခံထားရကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဝိုင်းဝန်းပိတ်ဆို့လျက် သီးမြစ် ချောင်းကူးတံတားအထိ တဖြေးဖြေးခြိမ်းခြောက်လာ ခဲ့သဖြင့် တပ်မတော်စစ်ကြောင်း များက ဩဂုတ်လမှစတင်ကာ ပထမအဆင့်အနေဖြင့် ဟားခါးမြို့မှ ၄ မိုင်ခန့် ကွာဝေး သည့် သီးမြစ်ချောင်းကူးတံတားအထိ ကနဦးခြေကုတ်ရယူ တိုက်ခိုက်သိမ်းပိုက်၍ လည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် သီးမြစ်ချောင်းကူးတံတားမှတစ်ဆင့် ထန်တလန်မြို့ အဝင်နေရာ ထိလည်းကောင်း၊ တတိယအဆင့်အနေဖြင့် ထန်တလန်မြို့ နယ် ပြည်သူ့ ဆောက်လုပ်ရေးရုံးနှင့် CB Bank နေရာအထိလည်း ကောင်း၊ စတုတ္ထနှင့် နောက်ဆုံးအဆင့်အဖြစ် ထန်တလန်မြို့ ဆေးရုံကုန်းနှင့် အခြေခံပညာအထက်တန်း ကျောင်း တို့သို့လည်းကောင်း အဆင့်ဆင့်တိုက်ခိုက်သိမ်းပိုက်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါလုံခြုံရေး တပ်ဖွဲ့ဝင်များက မြို့ပတ်ဝန်းကျင်တဝိုက် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက် လျက် ရှိကာ ယိုယွင်းပျက်စီးခဲ့ရသည့် ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင် ရွက်ပေးနိုင်ရေး စီမံနေကြောင်းလည်း သိရသည်။
Yangon_Yimes/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
၃၀ အောက်တိုဘာ၊၂၀၂၃
နယ်စပ်ဒေသတွေ လုံခြုံတည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ လက်တွဲလုပ်ဆောင်မယ်လို့ ယုံကြည် ကြောင်း တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ကျန်ယူရှားက မြန်မာအစိုးရ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ဘေဂျင်းမြို့မှာ ပြောကြားလိုက်ပါတယ်။
Source CCTV+
Published 30 October 2023
ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြိုနယ်ရှိ ပန်းတစ်ပွင့်တောင်သာသနာ့နယ်မြေတွင် ပန်းတစ်ပွင့်တောင် ဆရာတော်ဘုရားကြီး၏အဂ္ဂမဟာကမ္မဌာနာစရိယဘွဲပူဇော်ပွဲနှင့် သီတင်းကျွတ်ဆီမီး၉၀၀၀၊ပန်း၉၀၀၀လှူဒါန်း ပူဇော်ပွဲကျင်းပခဲ့ကြောင်းသိရသည်။
အောက်တိုဘာလ၂၈ရက်တွင် ပန်းတစ်ပွင့်တောင် ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တပညာသာရ၏ (၁၃)ဘွဲမြောက် အဂ္ဂမဟာကမ္မဌာနာစရိယဘွဲတော်ပူဇော်ပွဲ အခမ်းအနားကို ပန်းတစ်ပွင့်တောင် ဗုဒ္ဓသာသနာပြု တက္ကသိုလ်ငါးထပ်ကျောင်းဆောင်၌ကျင်းပခဲ့သည်။
‘‘ပန်းတစ်ပွင့်တောင်မှာ သီတင်းကျွတ်ကာလ စနေနေ့မှာ ပန်းတစ်ပွင့်တောင် ဆရာတော်ဘုရားကြီး၏အဂ္ဂမဟာ ကမ္မဌာနာစရိယဘွဲပူဇော်ပွဲနဲ့ တနင်္ဂနွေနေ့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဆီမီး(၉၀၀၀)ပန်း(၉၀၀၀)ပူဇော်ပွဲကျင်းပခဲ့ပါ တယ်။
လာမယ့်တန်ဆောင်တိုင်မှာတော့ ကထိန်ပွဲတော်နဲ့အတူဆရာတော်ကြီးရဲ့မွေးနေ့ရှိပါတယ်’ဟု ဆရာတော်ကြီး၏တပည့်ဒါယကာရင်းများကပြောသည်။
ပန်းတစ်ပွင့်တောင်တွင် ဘုန်းတော်ကြီးသင်စာသင်ကျောင်းလည်းရှိသဖြင့် စာသင်သားများ၊ အလည်အပတ် လာရောက်ကြသည့်ဧည့်သည်များနှင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။
ဆရာတော်ဘုရားကြီး၏ဘွဲတော် ပူဇော်ပွဲတွင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် နိုင်ငံကျော်ရုပ်ရှင်နှင့်ဗီဒီယို ဟာသသရုပ်ဆောင်ရာဇာပေါက်စီ၊လန်ဒန်နှင့်ဟာသရာဇများကလည်းဖျော်ဖြေတင်ဆက်ပြီးကုသိုလ်ပါဝင်ခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group

Published 30 October 2023
တနင်္လာနေ့ အစောပိုင်းမှာ လေကြောင်းနဲ့ အမြောက်ပစ်ခတ်မှုများ အပြင်းအထန် ခံစားခဲ့ရတယ်လို့ ဂါဇာမြောက်ပိုင်းရှိ ပါလက်စ်တိုင်းများက သတင်းပို့လာကြပါတယ်။
အစ္စရေးလ်တပ်များက တင့်ကားများဖြင့် ဂါဇာကမ်းမြောင်ဒေသသို့ မြေပြင်မှ ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်နေကာ အရပ်သားများကို ကာကွယ်ပေးရေးအတွက် နိုင်ငံတကာမှ တောင်းဆိုမှုများ မြင့်တက်နေပါတယ်။
အစ္စရေးလ်တို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ဂါဇာမြို့ ရှီဖာဆေးရုံနဲ့ အယ်လ်ကဒ်စ်ဆေးရုံအနီး နေရာများကို ထိမှန်ခဲ့ပြီး ဂါဇာတောင်ပိုင်း ခန်ယူနစ်မြို့အရှေ့ဘက် နယ်စပ်နေရာမှာ ပါလက်စ်တိုင်း စစ်သွေးကြွတွေက အစ္စရေးလ်တပ်များနဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ပါလက်စ်တိုင်းမီဒီယာမှ ဖော်ပြထားပါတယ်။
ဂါဇာရဲ့ အဓိကမြို့ကို ဝိုင်းရံဖို့ကြိုးစားလာတဲ့ အစ္စရေးလ်တို့က အနောက်ဘက် ကမ်းရိုးတန်းမှာ ယင်းတို့ရဲ့ တင့်ကားပုံရိပ်တွေကို ချပြပြီး နာရီပိုင်းအကြာမှာပဲ အခုလို ဗုံးကျဲတိုက်ခိုက်မှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။
ဟားမတ်စ်စစ်သွေးကြွတွေကို အစ္စရေးလ်တို့ တိုက်ခိုက်နေပုံတွေဟာ သိပ်ပြီးထင်သာမြင်သာ မရှိဘဲ အစ္စရေးလ်တပ်တွေက အမှောင်ထုထဲကနေ ရွေ့လျားနေကြသလို ပါလက်စ်တိုင်းဘက်ကို အင်တာနက် ဖုန်းလိုင်းဆက်သွယ်ရေးများ ဖြတ်တောက်ထားပါတယ်။
တနင်္ဂနွေနေ့က ဖုန်းနဲ့အင်တာနက်လိုင်းများ ပြန်လည်ရရှိမလို ဖြစ်ခဲ့ပေမယ့် ဟားမတ်စ်တို့ စစ်ဌာနချုပ်များ တည်ရှိရာ မြောက်ပိုင်းနေရာတွေကို အစ္စရေးလ်တို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ပြန်ပြီးပြတ်တောက်သွားခဲ့ကြောင်း ဆက်သွယ်ရေးကုမ္ပဏီ Paltel က ပြောကြားလိုက်ပါတယ်။
အစ္စရေးလ်အာဏာပိုင်များက လူပေါင်း ၁၄,၀၀၀ ခန့်ခိုလှုံနေတဲ့ အယ်လ်ကဒ်စ်ဆေးရုံက လူတွေကို ချက်ချင်းစွန့်ခွာထွက်ပြေးဖို့ သတိပေးချက်ထုတ်ပြန်ပြီးနောက် ဆေးရုံတွေအနီးမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဟားမတ်စ်တို့က ဂါဇာဆေးရုံတွေမှာ စစ်ဌာနချုပ်တွေနဲ့ အခြားစစ်ဘက်ဆိုင်ရာ ဌာနတွေကို အခြေချထားတယ်လို့ အစ္စရေးလ်က စွပ်စွဲထားပါတယ်။
လူပေါင်း ၅ သောင်းခန့်ရှိတဲ့ ရှီဖာဆေးရုံမှာလည်း တိုက်ခိုက်မှုခံရမှာကို ပါလက်စ်တိုင်းအရာရှိများ စိုးရိမ်နေကြပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်စစ်သွေးကြွများ နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေးလ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးလ်တို့က နယ်စပ်ပိတ်ဆို့မှုကို ပိုမိုတင်းကြပ်လိုက်ကာ ဂါဇာကို ပစ်ခတ်တိုက်ခိုက်နေခဲ့ပါတယ်။
ဝိုင်းရံခံထားရတဲ့ ဂါဇာကမ်းမြောင်သို့ အကူအညီများနဲ့ လောင်စာများ ထောက်ပံ့ရေးအတွက် အပြန်အလှန်အနေဖြင့် စစ်သွေးကြွများ ဖမ်းဆီးထားတဲ့ ဓားစာခံများ လွှတ်ပေးနိုင်ရန် ဟားမတ်စ်တို့က ၅ ရက်တာ အပစ်အခတ်ရပ်စဲရေးကို အလိုရှိနေပါတယ်။
Source: Reuters
#World_News #အစ္စရေးလ် #ဂါဇာ #ပါလက်စ်တိုင်း
#YMG #Yangon_Times #Yangon_Media_Group



#World_Health
Published 30 October 2023
လေထုညစ်ညမ်းမှုက အဆုတ်ကျန်းမာရေးအပေါ် သိသိသာသာ အန္တရာယ်ခြိမ်းခြောက်နေပါတယ်။
နှလုံးနှင့်အဆုတ်ဆိုင်ရာ ရောဂါဖြစ်ပွားခြင်းရဲ့ နဝမမြောက် အကြောင်းအရင်း ဖြစ်နေပြီး မြို့ပြနေထိုင်သူတွေ ၁၀ ဦးမှာ ၉ ဦးက ခံစားနေရပါတယ်။
အဆုတ်အပေါ်မှာ လေထုညစ်ညမ်းမှုရဲ့ သက်ရောက်မှုက လက်ရှိအခြေအနေကို ပိုမိုဆိုးရွားစေသလို ရောဂါအသစ်ကိုလည်း ဖြစ်စေနိုင်ပါတယ်။
လေထုညစ်ညမ်းစေတဲ့ အရာတွေကို ကြာရှည်ထိတွေ့တဲ့အခါ ရင်ကြပ်၊ COPD အဆုတ်ပြွန်ရောင်ရောဂါတို့လို အသက်ရှူလမ်းကြောင်း နာတာရှည်ရောဂါများ ဖြစ်လာစေပါတယ်။
အမှုန်အမွှားများ၊ အိုဇုန်း၊ နိုက်ထရိုဂျင်အောက်ဆိုဒ်တို့က အန္တရာယ်ဖြစ်စေပြီး ရောင်ရမ်းခြင်းနဲ့ အဆုတ်လုပ်ဆောင်ချက် ပြောင်းလဲခြင်းတို့ကို ဖြစ်စေပါတယ်။
ထိုညစ်ညမ်းမှုန်တွေနဲ့ ထိတွေ့တဲ့အခါ အဆုတ်ကင်ဆာ ဖြစ်တဲ့အထိပင် ဆိုးရွားနိုင်ပါတယ်။
ပဋိဇီဝ ပိုးသတ်ဆေးများကို ကိုယ်တိုင်သောက်သုံးတာမျိုး မပြုလုပ်ဖို့ အကြံပြုထားသလို မီးခိုးမြူများအုံ့ဆိုင်းနေတဲ့ မနက်ခင်းမှာ လမ်းလျှောက်ထွက်တာမျိုး ရှောင်ရှားသင့်ပါတယ်။
လေထုညစ်ညမ်းမှုက အဆုတ်အပေါ် သက်ရောက်မှုကို လျှော့ချနိုင်မယ့် နည်းလမ်းတွေလည်း ရှိနေပါတယ်။
သင့်ပတ်ဝန်းကျင်ရဲ့ လေထုအရည်အသွေးကို ပုံမှန်စစ်ဆေးနေသင့်ပါတယ်။
အပြင်ဘက်မှာ လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်သင့်ပေမယ့် ညစ်ညမ်းမှုများတဲ့ နေရာတွေမှာတော့ အပြင်မထွက်သင့်ပါဘူး။
လမ်းမတွေက လေထုညစ်ညမ်းမှုများတဲ့ နေရာတွေကို ရှောင်ရှားကာ မဖြစ်မနေ သွားရမယ်ဆိုရင် နှာခေါင်းစည်းတပ်ဆင်သင့်ပါတယ်။
အိမ်တွင်း လေထုအရည်အသွေးကလည်း အရေးကြီးပြီး လေအဝင်အထွက် ကောင်းအောင် ပြုလုပ်သင့်ပါတယ်။
ဆေးလိပ်ငွေ့၊ မီးခိုးငွေ့တွေ မရှိအောင် ရှင်းလင်းထားသင့်ပါတယ်။
ရောဂါအခံရှိတဲ့သူတွေမှာ အလုံပိတ်အခန်းအတွင်း လေသန့်စင်စက် ထားရှိသင့်ပါတယ်။
#World_Health #လေထုညစ်ညမ်းမှု #အဆုတ်ရောဂါပြဿနာ
#Source: India Today
#World_Health
Published 30 October 2023
နေအိမ်ပေါင်း ၂၀ ရာခိုင်နှုန်း နီးပါးလောက်ဟာ အိမ်ကရေခဲသေတ္တာတွေကို အပူချိန်မှားယွင်းစွာ ထားရှိနေကြကြောင်း ဩစတြေးလျ RMIT တက္ကသိုလ်မှ သုတေသီများက ဆိုလိုက်ပါတယ်။
လူအများစုက စားစရာတွေရဲ့ ကုန်ဆုံးသက်တမ်းကို မှားဖတ်တယ်ဆိုပြီး ထင်နေကြပေမယ့် တကယ်တမ်းကတော့ ရေခဲသေတ္တာရဲ့ အပူချိန်က အကြောင်းအရင်း ဖြစ်နေနိုင်တယ်လို့ သုတေသန ဦးဆောင်ပြုစုသူက ဆိုပါတယ်။
ရေခဲသေတ္တာတွေထဲက ပစ္စည်းတွေကို အပူချိန် ၃၅.၆ ကနေ ၄၄.၆ ဒီဂရီ ဖာရင်ဟိုက်အတွင်း ထိန်းသိမ်းထားရှိသင့်တယ်လို့ သုတေသီများ အကြံပြုထားကြပေမယ့် ၁၇ ရာခိုင်နှုန်းသော လူတွေက ထိုအပူချိန်ထက် ပိုပူတာမျိုး ပိုအေးတာမျိုးမှာ ထားနေကြပါတယ်။
အစားအစာတွေက ပူနွေးလွန်းတဲ့အခါ ဘက်တီးရီးယား ပေါက်ဖွားတာ အရမ်းမြန်ပြီး အေးလွန်းတဲ့အခါ အေးခဲသွားတာမျိုး၊ ရေခဲသေတ္တာ လောင်သွားတာမျိုး ဖြစ်တတ်ပါတယ်။
ဒီလိုအကြောင်းအရင်းတွေကြောင့် စားစရာတွေကို ထင်ထားတာထက် ပိုစောပြီး လွှင့်ပစ်နေကြရတာ ဖြစ်ပါတယ်။
ဩစတြေးလျလူမျိုးတွေဟာ တစ်နှစ်ကို အသားတန်ချိန် အနည်းဆုံး ၁၄၀,၃၃၀ တန် လွင့်ပစ်နေကြတာကြောင့် စားစရာအလေအလွင့် တိုက်ဖျက်ခြင်းအဖွဲ့က နေအိမ် ၅၆ အိမ်မှ ရေခဲသေတ္တာအပူချိန်တွေကို လေ့လာခဲ့ပါတယ်။
ရေခဲသေတ္တာအချို့ဟာ အပူချိန် ပုံမှန်ဖြစ်နေတာမျိုး မရှိသလို အထူးသဖြင့် တစ်နေ့ကို အကြိမ် ၂၀ လောက် ဖွင့်နေကြတာတွေလည်း ရှိပါတယ်။
ရေခဲသေတ္တာအပူချိန်က ပုံမှန်ထက်နွေးတဲ့အခါမှာ စားစရာတွေ ပိုမိုမြန်ဆန်စွာ ပျက်စီးကြတာကို မသိကြတဲ့သူ များပါတယ်လို့ ဆိုပါတယ်။
ဒီသုတေသနက စားစရာ ဘေးကင်းစိတ်ချရရေးနဲ့ ပတ်သက်ပြီး လူတွေသေချာ မသိတာကို အကြံပြုသွားတာဖြစ်တယ်လို့ သုတေသီက ပြောပြသွားပါတယ်။
#World_Health #ရေခဲသေတ္တာအပူချိန် #မှားယွင်းစွာထားရှိ #Source: New York Post
#Local_News
Published-29 October 2023
ကိုရီးယားဘာသာအရည်အချင်းစစ်အထူးသီးသန့်စာမေးပွဲ (Special EPS-TOPIK)ဖြေဆိုအောင်မြင်ပြီးသူများအနေဖြင့်နိုဝင်ဘာလမှစတင်၍အလုပ်လျှောက်လွှာများတင်သွင်းနိုင်ပြီဖြစ်ကြောင်းအစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ POEA–EPSထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ (Special EPS-TOPIK) အောင်မြင်ပြီး ကျန်းမာရေး စစ်ဆေးမှု အောင်မြင်သူများကို ဒဂုံမြို့သစ်(မြောက်ပိုင်း) ရှိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီတွင်အလုပ်အကိုင်ကိစ္စနှင့်ပတ်သက်၍နိုဝင်ဘာလ၌စတင်လုပ်ဆောင်ပေးမည်ဖြစ်ရာအလုပ်လျှောက်လွှာကိုအချိန်မီတင်သွင်းနိုင်ရန်နှင့်ကျန်းမာရေးအထူးဂရုပြုကြရန်အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ က ကြိုတင်အသိပေးထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကိုရီးယားဘာသာအရည်ချင်းစစ်အထူးသီးသန့်စာမေးပွဲ (Special EPS-Topik) ကို အောက်တိုဘာ(၄)ရက်မှ အောက်တိုဘာ(၂၀)ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၁,၆၉၇ ဦး ရှိသည့်အနက် ၁,၄၉၅ဦးစာမေးပွဲအောင်မြင်ခဲ့ကြောင်း သိရသည်။
ကိုရီးယားဘာသာ အရည်ချင်းစစ် အထူးသီးသန့်စာမေးပွဲမှာ တောင်ကိုရီးယားနိုင်ငံတွင် (၃) နှစ်နှင့် အထက် အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိနေသည့် အလုပ်သမားဟောင်းများအတွက် ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးအထိရှိကြောင်းလည်း အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားစေလွှတ်မှု စာရင်းများအရ သိရသည်။
#Local_News #စာမေးပွဲအောင်မြင်ပြီးသူ #ကိုရီးယားဘာသာ #YMG/LW #Yangon_Times
၂၀၂၃ခုနှစ်အတွက် တရုတ်ယွမ်ငွေ နိုင်ငံတကာငွေကြေးပြုမှုဆိုင်ရာ အစီရင်ခံစာတစ်စောင်ကို တရုတ်ဗဟိုဘဏ်ဖြစ်တဲ့ တရုတ်ပြည်သူ့ဘဏ်က အောက်တိုဘာ ၂၇ ရက်နေ့ သောကြာနေ့မှာထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါအစီရင်ခံစာအရ တရုတ်ယွမ်ငွေကို ကမ္ဘာလုံးဆိုင်ရာအသုံးပြုမှုတွေ သိသိသာသာတိုးတက်လာပြီး နိုင်ငံတကာကုန်သွယ်ရေးနှင့်ဘဏ္ဍာရေးတွေမှာ လည်း ဖွံ့ဖြိုးကြီးထွားလာနေတယ်လို့လည်းဖော်ပြထားပါတယ်။
Source CCTV+
၂၉ အောက်တိုဘာ၊၂၀၂၃
မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၀ ဦးဟာ စနေနေ့(အောက်တိုဘာ ၂၈)ရက်က ထိုင်းနိုင်ငံ ဟတ်ယိုင်ခရိုင်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ဟာ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ဖြစ်ကြပါတယ်။
သူတို့ဟာ နိုင်ငံကူးလက်မှတ်မှာ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ရဲ့ လူဝင်မှု ကြီးကြပ်ရေး အဝင်တံဆိပ် တုံးတွေကို အတုထုပြီး တရားမဝင် ရောက်ရှိလာခဲ့လို့ သူတို့ကို ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဘန်ကောက် ပို့စ်သတင်းမှာရေးသားထားပါတယ်။
စနေနေ့ မွန်းလွဲတစ်နာရီခွဲခန့်မှာ ဟတ်ယိုင်မြို့ ချိုတီဝစ်သရာကူ (၁)လမ်းမှာ သူတို့အုပ်စုလိုက် ထိုင်နေကြတာကို ကင်းလှည့်လာတဲ့ လူဝင်မှုကြီးကြပ်ရေးရဲတွေကတွေ့ရှိပြီး မေးမြန်းစစ်ဆေးခံခဲ့ကြရ တာဖြစ်ပါတယ်။
အရာရှိတွေက သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို စစ်ဆေးကြည့်တဲ့အခါ သုဝဏ္ဏဘူမိလေဆိပ်အဝင်တုံး အတုတွေထုထားတာတွေ့ရှိခဲ့ကြရတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ဆက်လက်စစ်ဆေးကြည့်တဲ့အခါ သူတို့ဟာ မလေးရှားမှာ အလုပ်သွားလုပ်ဖို့ အလုပ်ပွဲစားထံ တစ်ဦးလျှင် ဘတ်ငွေ ၁၂၀,၀၀၀ ပေးခဲ့ကြရတယ်လို့သိရပါတယ်။
ပွဲစားတွေက သူတို့ရဲ့နိုင်ငံကူးလက်မှတ်တွေကိုယူုပြီး ထိုင်းနိုင်ငံအဝင်တုံးတွေထုပေးခဲ့တာဖြစ်တယ်လို့ သူတို့ကပြောပါတယ်။
လမ်းပြတစ်ဦးလိုက်ပါပြီး သူတို့ဟာ ကန်ချနာပူရီက သဘာဝအရတည်ရှိနေတဲ့ နယ်စပ်ကိုဖြတ်ကျော်က ထိုင်းနိုင်ငံထဲဝင်ရောက်ခဲ့ကြပြီး သူတို့ဟာ ဘန်ကောက်ကိုဆက်သွားခဲ့ကြကာ အဲဒီက အပန်းဖြေစခန်း တစ်ခုမှာ နေခဲ့ကြပါတယ်။
သောကြာနေ့မွန်းလွဲပိုင်းမှာတော့ သူတို့ဟာ ဆွန်ခလာ၊ဟတ်ယိုင်ကိုသွားဖို့ ဘတ်စ်ကားစီးခဲ့ကြပါတယ်။ အဲဒီမှာ သူတို့ဟာမလေးရှားနယ်စပ်သွားဖို့ စောင့်ဆိုင်းနေတုန်း ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပါတယ်။
သူတို့ကို လူဝင်မှုကြီးကြပ်ရေးရုံးကိုခေါ်ဆောင်သွားပြီး တရားမဝင် ဝင်ရောက်မှု၊ အတုပြုလုပ်မှုနှင့် အဝင်တံဆိပ်တုံးအတုအသုံးပြုမှုတွေနှင့် အမှုဖွင့်ထိန်းသိမ်းထားပါတယ်။
Source; bangkokpost
Page 941 of 1934