Published 31 October 2023
ထိုင်းနိုင်ငံ သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၅ဦး
ချွန်ဖွန်ခရိုင်တွင် ထပ်မံဖမ်းဆီး ခံရကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖေါ်ပြ ချက်အရသိရသည်။
အောက်တိုဘာ ၂၉ ရက် ည ၁၀ နာရီအချိန်ခန့်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ထိုင်းစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ပါဝင်သည့် ပူပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေစဉ် မသင်္ကာဖွယ်ရာ ပစ်ကပ်ကား ၁ စီးကို စစ်ဆေးရာမှ ဖမ်းခံရခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ကားပေါ် တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသား ၅ ဦး အပါအဝင် ၎င်းတို့အား ကားဖြင့်ခေါ်ဆောင်လာသည့် ထိုင်းနိုင်ငံသားယာဉ်မောင်း၏ဇနီး(မြန်မာနိုင်ငံသူ)နှင့် ကလေးငယ်တစ်ဦးအား တွေ့ရှိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၅ ဦးသည် ထိုင်းနိုင်ငံ၊ နခွန်းစီထမ်မလာ့ရ်ခရိုင်သို့ သွားရောက်အလုပ်လုပ်ကိုင်ကိုင်ရန် ကော့သောင်းမြို့မှ လာခဲ့ကြသူများဖြစ်ပြီး တစ်ဦးလျင် ပွဲးစားခ ဘတ် ၂၇၀၀၀ နှင့်ကားခ ဘတ် ၃၀၀၀၊ စုစုပေါင်း တစ်ဦးလျင် ဘတ်ငွေ ၃၀၀၀၀ စီပေးချေခဲ့ရကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၅ ဦးနှင့် ၎င်းတို့အား ကားဖြင့်ခေါ်ဆောင်လာသူ ယာဉ်မောင်းနှင့်ဇနီးဖြစ်သူအား ထိုင်းနိုင်ငံဥပဒေအရအရေးယူနိုင်ရန် ဖတို့ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 31 October 2023
နာဆာ(NASA)ရဲ့ ဂျူနိုမစ်ရှင်ခရီးမှာ ရိုက်ကူးရရှိခဲ့တဲ့ ဂျူပီတာဂြိုဟ်ရဲ့ ပုံကတော့ လူစိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။
နာဆာရဲ့ ဂျူနိုအာကာသယာဥ်ကနေ ထိုဂြိုဟ်ကို ၅၄ ကြိမ်မြောက် အနီးကပ်လေ့လာခဲ့ရာမှာ စက်တင်ဘာ ၇ ရက်နေ့က ရိုက်ကူးရရှိခဲ့တာ ဖြစ်ပါတယ်။
ဂျူပီတာရဲ့ မြောက်ပိုင်းနေရာတွေကနေ ကျောချမ်းစရာကောင်းတဲ့ ပုံတစ်ပုံကို အာကာသယာဥ်မှ ရိုက်ကူးမိခဲ့ပါတယ်။
ဂျူပီတာမှာ နေ့နဲ့ညပိုင်းခြားထားတဲ့ ဝင်ရိုးစွန်းတလျှောက် သရဲတစ္ဆေမျက်နှာနဲ့ ဆင်တူတဲ့ ဧရာမတိမ်တိုက်ကြီးတွေနဲ့ မုန်တိုင်းပုံသဏ္ဍာန်တွေ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ရိုက်ကူးမိတဲ့ပုံထဲမှာ တိမ်တိုက်တွေရဲ့ ပုံပန်းသဏ္ဍာန်က တစ္ဆေတစ်ကောင်နဲ့ ဆင်တူနေတာပဲ ဖြစ်ပါတယ်။
ဟောလိုးဝင်းပွဲကလည်း အလွန်နီးကပ်လာတာနဲ့အမျှ ထိုပုံကို လူအများ စိတ်ဝင်စားလာကြပါတယ်။
ပုံရိပ်ထဲမှာ မျက်နှာတစ်ခုလိုမျိုး မျက်လုံး ၂ လုံး၊ နှာခေါင်းနဲ့ ပါးစပ်ပေါက်တို့ ပါဝင်နေပါတယ်။
နောက်ထပ်အကဲဖြတ် ဆန်းစစ်မှုများ ပြုလုပ်နိုင်စေရန် ထိုပုံတွေကို ချပြခဲ့ကြောင်း နာဆာက ပြောပြခဲ့ပါတယ်။
ဒီပုံကို ဂျူပီတာအထက် ၂,၄၀၀ မိုင်မှာ ဂျူနိုယာဥ်ကနေ အရပ်ဘက် သိပ္ပံပညာရှင် ဗလာဒီမာတယ်ရာဆော့ဗ်က ရိုက်ကူးခဲ့တာဖြစ်ကြောင်း နာဆာက ဖော်ပြထားပါတယ်။
ဂြိုဟ်တစ်ခုကနေ မျက်နှာပုံသဏ္ဍာန်ပုံရိပ်ကို နာဆာမှ ရိုက်ကူးရရှိတာဟာ ဒါပထမဆုံးမဟုတ်ဘဲ ၁၉၇၆ တုန်းကလည်း မားစ်ဂြိုဟ်ပေါ်မှာ မျက်နှာပုံရိပ်တစ်ခု ရရှိဖူးပါတယ်။
ဂျူနိုအာကာသယာဥ်ဟာ ဂျူပီတာဂြိုဟ်ကို ပတ်နေတဲ့ နာဆာရဲ့ပစ္စည်းဖြစ်ပြီး ၂၀၁၁ ဩဂုတ်လက ကိပ်ကာနာဗရယ် လေတပ်စခန်းကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
ဂျူနိုဟာ ဂျူပီတာဂြိုဟ်ရဲ့ ဖွဲ့စည်းပုံ၊ မြေကြီးဆွဲငင်အားစက်ဝန်း၊ သံလိုက်စက်ဝန်း၊ ဝင်ရိုးစွန်းသံလိုက်လျှပ်စစ်အားတို့ကို တိုင်းတာနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ရေပမာဏ၊ ထုထည်ဖြန့်ကျက်မှု၊ လေအားနှုန်းတို့ကို သိရှိရန်အတွက်လည်း နောက်ထပ်မစ်ရှင်တွေ ပြုလုပ်နေပါတယ်။
ဒါဟာ ၁၉၉၅ မှ ၂၀၀၃ ခုနှစ်အတွင်း ဂျူပီတာကို လှည့်ပတ်ခဲ့တဲ့ နျူကလီးယားစွမ်းအင်သုံး ဂယ်လယ်လီယိုနောက်ပိုင်း ဒုတိယမြောက် အာကာသယာဥ်ဖြစ်ပါတယ်။
Source: WION.
#World_Science
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 31 October 2023
Published-30 October 2023
မြန်မာ-တရုတ်နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက် ရန်အပါ အဝင်အချက် ၁၁ ကို ထိရောက်စွာအကောင်အထည်ဖော်မည်ဖြစ်ကြောင်း ယနေ့ အောက်တိုဘာလ ၃၀ ရက် တွင် နေပြည်တော်သို့ရောက်ရှိလာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံ ရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Wang Xiaohong ဦးဆောင်သော ဒုတိယဝန်ကြီးအဆင့်ပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာန တို့အကြား ပြုလုပ်သော (၇) ကြိမ်မြောက် တရားဥပဒေစိုးမိုးရေး နှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးက သိရသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (Lianyungang) နှင့် တရုတ်-အာဆီယံရဲတပ်ဖွဲ့ ဖိုရမ်ကဲ့သို့သော အစည်းအဝေးများတက်ရောက်နိုင်ရေး ၊ လန်ချန်း-မဲခေါင်ပူး ပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ၅ နှစ်လုပ်ငန်းစီမံချက်(၂၀၂၃-၂၀၂၇)ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ လူ မှောင်ခိုမှု၊ ဆက်သွယ်ရေးစနစ် အသုံးပြုလိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုနှင့် လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော်မှုခင်းများကို ပူးပေါင်းတိုက်ဖျက် ရေး၊လန်ချန်း-မဲခေါင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ စီမံ ကိန်းကြီး များလုံခြုံရေး၊ တရုတ်နိုင်ငံသားတရားခံပြေးများ ဖမ်းဆီးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးရေး၊ နယ်မြေချင်းထိစပ်နေသော တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများ အကြား ဆက် သွယ်ဆက်ဆံရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ဖြစ်ပွားသော ရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ သုတေ သနလုပ် ငန်းများပူးတွဲဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ သတင်း အချက်အလက်ဖလှယ်ရေး၊ အမှုဖြစ်စဉ် စုံစမ်းစစ်ဆေးရေးတို့နှင့်စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေး ဆိုင်ရာအဖွဲ့အစည်းများ၏ စွမ်းရည်မြှင့်တင်နိုင်ရန် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်ရေး၊လေ့ကျင့်ရေးအစီအစဉ်များ ပူးတွဲရေးဆွဲရေး၊အနာဂတ်တွင် နယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာ ချွန်လွှာလက်မှတ် ရေးထိုးနိုင်ရန် သက်ဆိုင်ရာပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နှစ်ဖက် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံသက်ဆိုင်ရာ ဝန်ကြီးဌာနနှစ်ရပ်အကြား အချိန်နှင့်တစ်ပြေးညီ သ တင်းအချက်အလက်ဖလှယ်၍ နိုင်ငံဖြတ်ကျော်မှုခင်းများအား တားဆီးနှိမ်နှင်းနိုင်ရန် ဆက်သွယ် ဆက်ဆံ ရေးစနစ်တစ်ရပ်ထားရှိရေးတို့ကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးခဲ့သည့် အချက်များကို ထိရောက်အကျိုးရှိစွာ ပူးပေါင်းအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် အတွက်အစည်းအဝေးမှတ်တမ်းကို နှစ်နိုင်ငံဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရ သည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
(၄)နှစ်အတွင်းပထမဆုံးအကြိမ်ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည့် Japan Mobility Showတွင် နည်းပညာမြင့်ယာဥ်အမျိုးအစားအမျိုးမျိုးပြသ
သမားရိုးကျ မော်တော်ကားထုတ်လုပ်သူတွေက နောက်ဆုံးပေါ် ဒီဇိုင်းမော်ဒယ်များ ပြသလာကြပြီး Subaru ဆိုရင် ပျံသန်းနိုင်တဲ့ကားပုံစံကို ပြသလာကာ Toyota ကတော့ လကမ္ဘာမျက်နှာပြင်မှာ သွားလာနိုင်တဲ့ စမ်းသပ်ယာဥ်ကို ပြသထားပါတယ်။
#Asia_Event
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 30 October 2023
၁။ သီတင်းကျွတ်ပိတ်ရက် ပုဂံတွင် ရာသီဥတုကောင်းသဖြင့် ခရီးသွားတစ်သိန်းခန့်လာရောက် ၊အချို့နေရာများ၌ ကားများကြပ်နေ
၂။ သီတင်းကျွတ်သွားသော်လည်း မိုးမပြတ်သေးဘဲ ရန်ကုန်အပါအဝင်ဒေသ(၉)ခုတွင် မိုးသည်းထန်ဦးမည်
၃။ ယခုတပတ် စက်သုံးဆီဈေးကွက်တွင် ဓါတ်ဆီ ဈေးထက်မြင့်ပြီး ဒီဇယ် ဈေးပြန်ကျ
၄။ (၄)နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည့် Japan Mobility Showတွင် နည်းပညာမြင့် ယာဥ်အမျိုးအစားအမျိုးမျိုးပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 30 October 2023
အနောက်နိုင်ငံများတွင် နှစ်စဉ်အောက်တိုဘာလ၃၁ရက်နေ့၌Halloweenပွဲတော်ကျင်းပလေ့ရှိပြီးရန်ကုန်မြို့ရှိ ဘားနှင့်ကလပ်အချို့တွင် Halloweenအထိမ်းအမှတ်အဖြစ် Halloween Partyများ၊တေးဂီတဖျော်ဖြေပွဲများ ကျင်းပကြမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ(၃၁)ရက်တွင် ဘားအချို့၊ကလပ်အချို့နှင့်စားသောက်ဆိုင်အချို့၌ Halloween Partyအဖြစ် Hollween Themesဖြင့် အလှဆင်ထားမည် ဖြစ်သလိုတေးဂီတဖျော်ဖြေပွဲများဖြင့်ဖျော်ဖြေခြင်း၊DJများဖြင့် ဖျော်ဖြေခြင်းများဆောင်ရွက်မည်ဟုဆိုသည်။
Star Trail Entertainment၊ Rain Entertainment၊ Harbinger Entertainmentတို့သုံးခုပေါင်းပြီး A State of Vina၏တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အထိမ်းအမှတ်ပွဲနှင့် Halloween Night Partyကိုလည်း SoNo Club၌ကျင်းပသွားရန်ရှိကြောင်းနှင့် ည၁၀နာရီမှ မနက်၄နာရီအထိကျင်းပရန်ရှိကြောင်းဖော်ပြထားသည်။
Bar Industryတွင်လည်း Hollween Themesပြင်ဆင်ထားပြီး နာမည်ကျော်တေးသံရှင်၊အဆိုတော်များမှဂီတဖျော် ဖြေရေးများဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
Halloween သို့မဟုတ် Hallowe'en သည် All Saints' Day ၏ အနောက်တိုင်း ခရစ်ယာန်ပွဲတော်အကြို အောက်တိုဘာလ၃၁ရက်နေ့တွင် နိုင်ငံများစွာတွင် ကျင်းပသော ပွဲတော်တစ်ခုဖြစ်သည်။ ၎င်းသည် သူတော်စင်များ၊ အာဇာနည်များနှင့် သစ္စာရှိသူများ အပါအဝင် သေလွန်သူများကို အောက်မေ့ရန် ရည်စူး၍ သာသနာပြုနှစ်တွင် Allhallowtide ပွဲတော်ကို စတင်ခဲ့ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်း စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းသီတင်းကျွတ် စျေးရောင်းပွဲတော်ကျင်းပ
‘ သီတင်းကျွတ်စျေးရောင်းပွဲတော်ကြီးမှာ ဆိုင်ခန်းပေါင်း (၅၀၀) ခန့်နဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန် (၂၉) ဇုန်မှ ထုတ်လုပ်သည့်ပစ္စည်းတွေ၊ MSMEလုပ်ငန်းတွေ၊ အသေးစားစက်မှုလုပ်ငန်းတွေ၊ သမဝါယမဝန်ကြီး ဌာနမှ ထုတ်ကုန်တွေနဲ့ စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းတွေ၊ တိုင်းနဲ့ပြည်နယ်တွေမှ ထွက်ကုန်ပစ္စည်းတွေကို ပြသရောင်းချနေပါတယ်’ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
#Yangon_Times/tthl
#Local_News
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group
ဆံတော်ရှင်မော်တင်စွန်းဘုရား ရင်ပြင်တော်တည်ဆောက်ခြင်း လုပ်ငန်းအတွက် ပါဝင်လှုဒါန်းနိုင်
ဒီနှစ်ဒီဇင်ဘာလမှာ အပြီးခင်းသွားမှာဖြစ်ပါတယ် ၊အဲ့ဒီအတွက်လဲ အလှူရှင်များစွာလိုအပ်ပါတယ်။ လှူဒါန်းလိုသူတွေကိုလဲ ဖိတ်ခေါ်ပါတယ်"လို့ မြတ်မော်တင်ဆရာတော်ကမိန့်ကြားပါတယ်
#Yangon_Times/NN
#Local_News
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 30 October 2023
ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် အောက်တိုဘာ ၂၉ ရက်ညပိုင်းက ယှဥ်ပြိုင်ခဲ့သည့် Thai Fight မွေထိုင်းလက်ဝှေ့စိန်ခေါ်ပွဲတွင် ထိုင်းနိုင်ငံသူ မွေထိုင်းလက်ဝှေ့မယ်အား အမှတ်ဖြင့်အနိုင်ရရှိခဲ့ကြောင်း Thai Fight- King of Muay ThaiPageမှသိရသည်။
Thai Fight မွေထိုင်းလက်ဝှေ့စိန်ခေါ်ပွဲအား ထိုင်းနိုင်ငံ၊Lopburiတွင်ကျင်းပလျက်ရှိပြီး ကယန်းလက်ဝှေ့မယ် ဘရော်နီကာနှင့်ထိုင်းနိုင်ငံသူ မွေထိုင်းလက်ဝှေ့မယ် Phaya Sing Suwanကို ၃ ချီယှဥ်ပြိုင်ခဲ့ပြီးနောက် ကယန်းလက်ဝှေ့မယ် ဘရော်နီကာမှ အမှတ်ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင်ကျင်းပနေသည့် Thai Fight မွေထိုင်းလက်ဝှေ့စိန်ခေါ်ပွဲကို Via Channel8 (နံပါတ်၂၇) Facebook LIVEနှင့် Thai Fight Offical YouTueတွင် ထိုင်းဘာသာစကားဖြင့် ထုတ်လွှင့်ပေးလျက်ရှိသလို Thai Fight: King Of Muay Thai Face Book Pageတွင်လည်း ပွဲရလဒ်များတင်ပေးလျက်ရှိကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published-30 October 2023
ငွေကြေးလိမ်လည်မှုဖြင့်တရားစွဲခံထားရသူ အကယ်ဒမီ မို့မို့မြင့်အောင်တို့ဇနီးမောင်နှံ တင်ထားသည့် အမှုချေဖျက်ခွင့် ပလပ်ခံလိုက်ရကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
သရုပ်ဆောင်အကယ်ဒမီ မို့မို့မြင့်အောင်နှင့် ခင်ပွန်းဖြစ်သူတို့ အား ကျပ် သိန်း ၅၀၀၀ လိမ်လည်မှုဖြင့် ပဲခူးတိုင်း ဒေသကြီး၊ အင်းတကော်မြို့ရှိ အင်းတကော်ရဲစခန်း၌ တရားလို ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးက ယခုနှစ် ဖေ ဖော် ဝါရီလ ၁၂ ရက်တွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
အမှု ရင်ဆိုင်နေရချိန်တွင် အကယ်ဒမီ မို့မို့မြင့်အောင်တို့ဇနီးမောင်နှံ ဘက်က ၎င်းတို့ ယူထားသည့် ငွေကျပ် သိန်း ၅၀၀၀ ကို အကြိမ်ရေ ခွဲ၍ ပြန်လည် ပေးဆပ်ပါမည်ဟု မကြာခဏ ပြောဆိုကြောင်း၊သို့သော်လည်း ပြန်လည် ပေးဆပ်ခဲ့ခြင်း မရှိကြောင်း တရားလို ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးက ပြောသည်။
“ဦးမောင်မောင်ကျော်က ဖုန်းလည်း ဆက်တယ်။စာတွေလည်းပို့တယ်။ပိုက်ဆံကို ပြန်ပေးမယ်။
အမှုကို ပိတ်ကြ ရအောင်ဆိုပြီးတော့ပေါ့။ကျွန်တော်က လူမှုရေးအရ သီးခံ စောင့်ဆိုင်းပေးခဲ့တာ အကြိမ်ကြိမ် ဖြစ်ပါတယ်။ အခုကတော့ ဥပဒေအတိုင်းပဲပေါ့”ဟု ၎င်းကပြောသည်။
အကယ်ဒမီ မို့မို့မြင့်အောင်နှင့် ဦးမောင်မောင်ကျော်တို့ ဇနီးမောင် နှံအား ကာယကံရှင် တရား လို ဦးစိုးလှိုင် (ခ)ဦးအောင်အောင်မိုးက အင်းတကော်ရဲစခန်းတွင် အမှုဖွင့်သောကြောင့် အဆိုပါ ရဲစခန်းက (ပ)၂၀/၂၀၂၃ ၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် အမှု လက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published-30 October 2023
မန္တလေးမြို့ရှိ ပေါ်ဦးရွှေဆိုင်ကို သေနတ်ပစ်ဖောက်၍ ဓားပြတိုက်သွားမှု ယနေ့အောက်တိုဘာလ ၃၀ ရက် နံနက်ကဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
အဆိုပါ ရွှေဆိုင်မှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း ၄၁ နှင့် ၄၂ လမ်းကြားတွင် ရှိပြီး သေနတ် ဖြင့် ဝင်လာသူများက ရွှေထည်များရှိသည့် ကောင်တာကို သေနတ်ဖြင့် ပစ်၍ ရွှေထည်ပစ္စည်းမျိုးစုံ ကို ယူ ဆောင် သွားကြောင်း သိရသည်။
“ပစ္စည်းတန်ဖိုးက သိန်း ၁၂၀၀ ကျော်လောက် ရှိတယ်လို့ ကာလ တန်ဖိုး တွက်ချက်သိရတယ်။ လတ်တလော တော့ စိစစ်ရှာဖွေနေကြပါတယ်။
လုံခြုံရေးလည်းဆောင်ရွက်နေပါတယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ဆိုသည်။
ဖြစ်စဉ်တွင် အမျိုးသား (၄)ဦးက မော်တော်ဆိုင်ကယ်(၂)စီးဖြင့်ရောက်လာခဲ့ကာ ပါလာသော သေနတ်အတို (၁)လက် ဖြင့် ရွှေဆိုင်အတွင်းဝင်ရောက်၍ ရွှေထည်ပစ္စည်းများထည့်ထားသည့် ရွှေကောင်တာကို သေနတ်ဖြင့် (၂)ချက် ပစ်ကာ ဆွဲကြိုး အကုံး (၄၀) ခန့်၊ ရွှေကလစ် အခု (၃၀)ခုခန့် ကို ယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ရှိ ပေါ်ဦးရွှေဆိုင်တွင်လည်း ပြီးခဲ့ သည့် မတ်လ ၂၁ ရက်က ရွှေထည်ပစ္စည်းမျိုးစုံ ၇၀ ကျပ်သားကျော် ကို ဓားပြတိုက်မှု ဖြစ်ပွားခဲ့သေးသည်။
Yangon-Times/PP
#Local_News
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 940 of 1934