Published-18 December 2023
တောင်ကိုရီးယားနိုင်ငံသို့သွားရောက်လုပ်ကိုင်မည့် လုပ်သားများ တားမြစ်ကုန်စည်များကို မသယ်ဆောင်ရန် ထပ်မံအသိပေးထားသော်လည်း သယ်ဆောင်နေသဖြင့် အကြိမ်ကြိမ်သတိပေးနေရကြောင်းအစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှသိရသည်။
ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်တွင် မြန်မာလုပ်သားများမှာ တားမြစ်ကုန်စည်များကို သယ်ဆောင်လာသဖြင့် သိမ်းဆည်းခံရခြင်း၊ ဒဏ်ငွေရိုက်ခံရခြင်းများ မကြာခဏရှိနေကြောင်း၊ကိုရီးယားသမ္မတနိုင်ငံသို့ ဝင်ရောက်မည့် EPS လုပ်သားများအား အင်ချွန်းလေဆိပ်၏ တားမြစ်ပစ္စည်းများကို သယ်ဆောင်ခြင်းမပြုရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ အကြိမ်ကြိမ် အသိပေးသော်လည်း ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဝင်ရောက်သည့် re-entry လုပ်သားအချို့သည် အင်ချွန်းလေဆိပ်အဝင် တားမြစ်ပစ္စည်းများသယ်ဆောင်ကြောင်းတွေ့ရှိသဖြင့် လေဆိပ်၌ပစ္စည်းများ သိမ်းဆည်းခံရခြင်းနှင့် ဒဏ်ငွေပေးဆောင်ရခြင်းတို့ရှိခဲ့ကြောင်းသိရသည်။
မြန်မာလုပ်သားများ၏ ပုံရိပ်မကျဆင်းစေရေးနှင့် ကိုရီးယားသမ္မတနိုင်ငံသို့ဝင်ရောက်မည့် လုပ်သားများအဆင်ပြေ ချောမွေ့စွာဝင်ရောက်နိုင်ရေး ဝိုင်းဝန်းကူညီသောအားဖြင့် လေဆိပ်တားမြစ်ပစ္စည်းများ သယ်ဆောင်ခြင်းမပြုကြရန် ထပ်မံ အသိပေးခဲ့ကြောင်းသိရသည်။
တောင်ကိုရီးယားနိုင်ငံသို့ သယ်ဆောင်ခြင်းမပြုရန် သတ်မှတ်ထားသည့် တားမြစ်ကုန်စည်များမှာ သစ်သီးနှင့် အခြောက်ခံထားသည့် အသီးအနှံများ၊ အစေ့၊ အပင်ပေါက်၊ သစ်သားဖြင့် ထုပ်ပိုးထားသည့် ပစ္စည်းများ (ဥပမာ သရက်သီး၊ သံပုရာသီး၊ ဒညင်းသီး)၊ တိရိစ္ဆာန်မှထုတ်လုပ်ထားသည့်ပစ္စည်းများ(ဥပမာ အသားစည်သွပ်ဘူး၊ ငါးခြောက် ဝက်အူချောင်း)တို့ဖြစ်ပြီး ၄င်းပစ္စည်းများကို သယ်ဆောင်လာခြင်းတွေ့ရှိပါက ဒဏ်ငွေ ဝမ် ၃ သန်းမှ ၅ သန်း အထိ ပေးဆောင်ရပြီ ပြည်ဝင်ခွင့် ပိတ်သည်အထိ အရေးယူခံရကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
18 December 2023
ယခုတစ်ပတ်အတွင်း စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿ၄၈၁၀သတ်မှတ် ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ပြီးခဲ့သည့်အပတ်က တစ်ပိဿာ ကျပ် ၄၈၁၅ သတ်မှတ်ခဲ့ပြီး ယခုအပတ်တွင် ရည်ညွှန်းဈေး တစ်ပိဿ ကျပ်၄၈၁၀ဖြင့် ရောင်းချရမည်ဖြစ်သည်ဟုဆိုသည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ မှ ၁၇ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄,၈၁၅ ကျပ် ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
ဒီဇင်ဘာ(၁၈)ရက်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏စီစဉ်မှု ဆီကုမ္ပဏီများ၏ ရောင်းချမှုဖြင့် ရန်ကုန်တိုင်းအတွက် ဆီဂါလံ၂၉၆၇၊နေပြည်တော်မန္တလေးနှင့်တိုင်းနှင့်ပြည်နယ် အသီးသီးအတွက် ၅၆၆၀ဂါလံ ရောင်းချပေးထားကြောင်းထုတ်ပြန်ထားသည်။
သို့ဖြစ်၍ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။
Yangon-Times/tthl
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 18 December 2023
Published 18 December 2023
ဂါဇာကမ်းမြောင်မှာ ကွန်ကရစ်တွေ သံတွေဖြင့် ဆောက်လုပ်ထားတဲ့ ဟားမတ်စ်တို့ရဲ့ ဥမင်လိုဏ်ခေါင်းကြီးတစ်ခုကို တွေ့ရှိခဲ့ပြီး အဓိကနယ်စပ်ဖြတ်ကျော်ရာ နေရာကနေ မီတာအနည်းငယ်သာ ကွာဝေးကြောင်း အစ္စရေးလ်စစ်တပ်က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
လိုဏ်ခေါင်းရဲ့ အရွယ်အစားက မော်တော်ယာဥ်ငယ်များ အလွယ်တကူ ဝင်ရောက်သွားလာလို့ရတယ်လို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။
ဥမင်လိုဏ်ခေါင်းဟာ တည်ဆောက်ဖို့ ဒေါ်လာသန်းနဲ့ချီ ကုန်ကျခဲ့ပြီး နှစ်ချီအောင် အချိန်ယူခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးလ်ကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်မှာ ဦးဆောင်စီစဥ်သူ ဟားမတ်စ်အကြီးအကဲ ယာဟာဆင်ဝါနဲ့ ညီအစ်ကိုတော်တဲ့ မိုဟာမက်ယာဟာက ထိုလိုဏ်ခေါင်းစီမံကိန်းကို ဦးစီးခဲ့တာဖြစ်ကြောင်း အစ္စရေးလ်စစ်တပ်က ဆိုပါတယ်။
ဂါဇာမှာ တွေ့ရှိထားတဲ့ အကြီးဆုံးလိုဏ်ခေါင်းထဲကို ဝင်ရောက်တော့မှာ ဖြစ်ကြောင်း၊ ဒါဟာ ဆင်ဝါရဲ့ အကြီးဆုံးမြေအောက်စီမံကိန်း ဖြစ်ကြောင်း၊ ဒါက နယ်စပ်ဖြတ်ကျော်ဖို့ကို အဓိကထားပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ရည်ရွယ်ထားတဲ့ စီမံကိန်းလို့ သိရှိထားကြောင်း စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ်ဟာဂါရီက ပြောပြသွားပါတယ်။
အဆိုပါ ဧရာမလိုဏ်ခေါင်းစနစ်ထဲမှာ လမ်းခွဲများစွာ ပါဝင်ပြီး စုစုပေါင်း ၂ မိုင်ခွဲခန့် ကျယ်ပြန့်ကာ ဂါဇာလူမျိုးတွေ နေ့စဥ်နဲ့အမျှ အစ္စရေးလ်သို့ အလုပ်သွားတဲ့အခါ ဖြတ်သန်းရတဲ့ အဲရက်ဇ်နယ်စပ်နေရာကနေ မီတာ ၄၀၀ ခန့်သာ ကွာဝေးပါတယ်။
လိုဏ်ခေါင်းစုစုပေါင်းအရှည် ၄ ကီလိုမီတာဟာ ဟားမတ်စ်တို့အုပ်စိုးခဲ့တဲ့ ဂါဇာမြောက်ပိုင်းမြို့သို့ ရောက်တဲ့အထိ ရှည်လျားပါတယ်။
ဒါ့အပြင် ဟားမတ်စ်အကြီးတန်း ခေါင်းဆောင်တွေ အသုံးပြုခဲ့တဲ့ ဂါဇာအပန်းဖြေအိမ်များအောက်က လိုဏ်ခေါင်းတွေကိုလည်း တွေ့ရှိခဲ့တယ်လို့ အစ္စရေးလ်တပ်များက တနင်္ဂနွေနေ့က ဆိုပါတယ်။
ဟားမတ်စ်ဘက်မှ ခန်းယူနစ်တပ်ရင်းရဲ့ တပ်မှူးရုံးခန်းတွေနဲ့ အပန်းဖြေနေအိမ်တွေကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်က ဆိုပါတယ်။
Source: WION
#World_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 18 December 2023
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အုတ်တွင်းမြို့နယ် မိုင်တိုင်အမှတ် ၁၂၉/၇ အနီးတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ ၁၈ရက် နံနက် ၁နာရီ ၃၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတင်းရရှိသောကြောင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၂နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းသူမှာ အိပ်ငိုက်ပြီး လမ်းလယ်ကျွန်းရှိထန်းပင်ကို ဝင်တိုက်ရာမှ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုတွင် လူထိခိုက်မှုမရှိသော်လည်း ယာဉ်မှာမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group

Published 18 December 2023


Published -16 Dec 2023
မြန်မာနိုင်ငံမြောက်ပိုင်း အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးဆွေးနွေးမှု မြှင့်တင်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi မစ္စတာဝမ်ယီက ပြောကြားလိုက်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှင့် ပေကျင်းမြို့၌ တရုတ်နိုင်ငံအခြေစိုက် အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ သံတမန်များဒီဇင်ဘာလ ၁၅ ရက်တွင်
တွေ့ဆုံခဲ့ရာတွင်ပြောကြားခြင်းဖြစ်ပါတယ်။
-ymg/knl
ရှမ်းပြည်ထွက်သီးနှံများ ဈေးကွက်အတွင်း ၀င်ရောက်မှုများကာ ယခင်ထက် ဈေးထက်ဝက်ခန့် ကျဆင်းလာတယ်လို့ သီရိမင်္ဂလာဈေးရှိ ရှမ်းကုန်ရောင်းဝယ်သူတွေထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_ 17 December 2023
Published 17 December 2023
‘ ပုဂံယဉ်ကျေးမှုဇုန်ထဲမှာ ရှေးဟောင်းကန်(၁၀၀)ခန့်ရှိပြီး ကနဦးအနေနဲ့ အရေးပါတဲ့ ရှေးဟောင်း ကန်တွေဖြစ်တဲ့ မြကန်၊အလံပုဂံ၊မရိုးကန်၊ နွံလက်တစ်ဖက်ကန်၊မရွဲကန်တွေ ကို ဦးစားပေး ဆယ်ယူထိန်းသိမ်းဖို ဆောင်ရွက်နေတယ်’
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(စီမံ)၊ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်
Yangon-Times/tthl
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 935 of 2003