အောက်တိုဘာတွင် ပုဂံသို့ ပြည်ပခရီးသွားဝင်ရောက်နိုင်
‘ပုဂံဒေသမှာ လည်စရာပတ်စရာနေရာတွေ၊ ဓာတ်ပုံရိုက်စရာနေရာတွေလည်း များစွာရှိပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ ဝင်ရောက်လာရင် စားသောက်နိုင်ဖို့ စားသောက်ဆိုင်တွေ၊ တည်းခိုနိုင်ဖို့ ဟိုတယ်နဲ့ တည်းခိုခန်းတွေ၊ သွားလာနိုင်ဖို့ မြင်းလှည်းတွေ၊ ကားတွေကြိုတင်အသင့်ပြင်ဆင်ထားတယ်’ ဦးဝင်းအောင်(ဒုတိယညွှန်ကြားရေးမှူး၊ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဌာန(ပုဂံရုံးခွဲ)တာဝန်ခံ)
Yangon Times/tthl
#Local_News
#Published_ 8 September 2023
#YMG #Yangon_Times
သီတင်းကျွှတ်ကာလ နီးလာပေမယ့် ဖယောင်းတိုင်ကုန်ကြမ်း ဈေးတတ်ပြီး အရောင်းအေးနေ
မကြာခင်မှာ သီတင်းကျွှတ် မီးထွန်းပွဲတော် ကာလကို ရောက်ရှိ လာတော့မှာ ဖြစ်ပေမယ့် ဖယောင်းတိုင် ထုတ်လုပ်ရောင်းချသူတွေ အနေနဲ့ ယခင်နှစ်တွေလို အရောင်းဝယ် မကောင်းဘဲ အရောင်းအေးနေတယ်လို့ ဖယောင်းတိုင် ထုတ်လုပ်ရောင်းချသူတွေထံက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 8 September 2023
#YMG #Yangon_Times
Published-8 September 2023
၂၀၂၃ ခုနှစ် အာဆီယံစီးပွားရေးဆုချီးမြှင့်ပွဲTHE ASEAN Business Awards Ceremony 2023 တွင် မြန်မာနိုင်ငံက ဆု၃ဆုရရှိခဲ့သည်။
THE ASEAN Business Awards Ceremony 2023 ကိုအင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ ဟိုတယ် Ritz Carlton Pacific Place တွင် ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့ရာ မြန်မာနိုင်ငံက အာဆီယံစီးပွားရေးဆု သုံးဆု ဆွတ်ခူး ရရှိခဲ့ကြောင်းသိရသည်။
MSME Export Growth Award for Enterprise (Large Corporations and MSMEs) ဆုကို Bella Interiors Company Ltd မှ ရရှိခဲ့ပြီး တစ်ဦးချင်းဆုအဖြစ် ကိုကျော်သူထက်က အာဆီယံ လူငယ်လုပ်ငန်း ကဏ္ဍတွင် ဆုရရှိခဲ့ပြီး ဒေါ်ခင်ချောစုဝင်းက အာဆီယံအမျိုးသမီးလုပ်ငန်းကဏ္ဍတွင် ဆုရရှိခဲ့သည်။
လုပ်ငန်း အမျိုးအစားအလိုက် အာဆီယံစီးပွားရေးဆုချီးမြှင့်ပွဲအခမ်းအနားကို အာဆီယံစီးပွားရေး အကြံပေး ကောင်စီ (ASEAN-BAC) က ၂၀၀၇ ခုနှစ်ကစတင် နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကြီးကျယ်ခမ်းနားတဲ့ ရိုးရာ အခမ်းအနား တစ်ခုဖြစ်ကြောင်းသိရသည်။
ABA ဆုပေးပွဲသည် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ပြိုင်ဆိုင်မှုနှင့် ပေါင်းစပ်မှုကို မြှင့်တင်ရန် အခွင့်အလမ်းများ ဖန်တီးပေးနေပြီး အာဆီယံဒေသအနှံ့တွင် ဆုရရှိသူများ၏ အမှတ်တံဆိပ်များကို ကမ္ဘာတစ်ဝန်း မြှင့်တင်ရန် အခွင့်အလမ်းများ ပြုလုပ်ပေးကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published_ 8 September 2023
မြောက်ကိုရီးယားဟာ ပထမဆုံးသော နျူကလီးယားနည်းဗျူဟာမြောက် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောကို ရေချခဲ့ပြီး ကိုရီးယားကျွန်းဆွယ်နဲ့ ဂျပန်တို့ကြား ရေပြင်တွေရှိ ကင်းလှည့်ရေတပ်ဖွဲ့မှာ တာဝန်ချထားလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၈ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့က စတင်ရေချခဲ့တဲ့ပွဲကို ခေါင်းဆောင် ကင်မ်ဂျုံအန်းတက်ရောက်ခဲ့ပြီး ရေတပ်ကို နျူကလီးယားလက်နက် တပ်ဆင်ရတာဟာ အရေးတကြီးလိုအပ်တဲ့ တာဝန်ဝတ္တရားတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ကာ ဗျူဟာမြောက် နျူကလီးယားလက်နက်များ တပ်ဆင်ထားတဲ့ နောက်ထပ် ရေပြင်နဲ့ ရေငုပ်သင်္ဘောများကို ရေတပ်ထံ ပေးပို့သွားဦးမှာဖြစ်ကြောင်း ကင်မ်ဂျုံအန်းက ပြောကြားသွားတယ်လို့ KCNA သတင်းဌာနက ဖော်ပြထားပါတယ်။
ရေငုပ်သင်္ဘော နံပါတ် ၈၄၁ ကို သမိုင်းဝင်သူရဲကောင်း ကင်မ်ခွန်အုတ်ရဲ့ နာမည်ပေးထားကာ ရေတပ်ရဲ့ အဓိကရေငုပ်တိုက်ခိုက်ရေး လက်နက်အဖြစ် တိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ လက်ရှိရေငုပ်သင်္ဘောတွေကို နျူကလီးယားလက်နက် တပ်ဆင်တဲ့ တိုက်ခိုက်ရေးသင်္ဘောများအဖြစ် ပြောင်းလဲရန် စီစဥ်နေကြပြီး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ အရှိန်မြှင့်ဆောက်လုပ်နေပါတယ်။
ရန်သူတွေဘက်က စစ်ရေးဆောင်ရွက်ချက်တွေနဲ့ ရန်လိုတဲ့ အပြုအမူတွေကြောင့် ရေတပ်ကို လျင်မြန်စွာတိုးတက်အောင် ဆောင်ရွက်ဖို့က နှောင့်နှေးလို့မဖြစ်တဲ့ အဓိကဦးစားပေးကိစ္စ ဖြစ်တယ်လို့ ကင်မ်ဂျုံအန်းက ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ ခရုစ်ဒုံးကျည်တွေနဲ့ ရေငုပ်သင်္ဘောပစ် ပဲ့ထိန်းဒုံးကျည်တွေကိုလည်း စမ်းသပ်ပစ်ခတ်ထားပြီး ဖြစ်ပါတယ်။
မြောက်ကိုရီးယားရေတပ်ဟာ အင်အားကြီးမားပေမယ့် စမ်းသပ်ဆဲ ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘော ၈.၂၄ ယွန်ဂန် တစ်စင်းထဲကသာ ဒုံးကျည်ပစ်လွှတ်ဖူးတယ်လို့ သိရှိထားပါတယ်။
မြောက်ကိုရီးယားက စနေနေ့မှာ စတင်တည်ထောင်ခြင်း အထိမ်းအမှတ် ၇၅ နှစ်မြောက် ကျင်းပမယ့်အချိန်မှာ ရေငုပ်သင်္ဘော ရေချပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Source: CNA
#World_Military
#YMG #Yangon_Times
Published_ 8 September 2023
ယနေ့ စက်တင်ဘာ (၈)ရက် နံနက်ပိုင်းတွင် ဧရာဝတီမြစ်ရေနှင့် ငဝန်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း ထပ်မံမြင့်တက်ဖွယ်ရှိကြောင်း မိုး/ဇလ က အသိပေးထုတ်ပြန်ထားသည်။
ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း ပေဝက်ခနိ့ ဆက်လက်မြင့်တက်လာနိုင်ကြောင်း အသိပေးထားသည်။
အလားတူ ငဝန်မြစ်ရေသည် ငသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း သုံးလက်မခန့် မြင့်တက်လာနိုင်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။
ယင်းသို့ မြစ်ရေကြီးမှုဖြစ်စဥ်များကြောင့် ယမန်နေ့ စက်တင်ဘာ(၇)နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊အမှတ်(၁)ရပ်ကွက်၊ မြောက်ပိုင်းတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျခဲ့သည်။
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သေးသည်။
မိုးဇလ အနေဖြင့် မြစ်ရေမြင့်တက်မှု သတိပေးချက်နှင့်အတူ ယင်းဒေသများတွင်နေထိုင်သောသူများ သတိပြုနေတိုင်ကြရန် နှိုးဆော်မှုကို တဆက်တည် အသိပေးလျက်ရှိသည်။
Yangon Times/MY
#Local_News
#YMG #Yangon_Times
Published_ 8 September 2023
ယခုနှစ်နိုဝင်ဘာလမှစတင်၍ Naypyidaw State Academyတွင်ဆေးပညာအခြေခံနှစ် (Foundation Years Semester(I))သင်တန်းကိုဖွင့်လှစ်နိုင်သွားမည်ဖြစ်ပြီး သင်တန်းဖွင့်လှစ်နိုင်ရန်အတွက် ပညာရေးဝန်ကြီး ဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။
Naypyidaw State Academyဆေးသိပ္ပံပညာဌာနတွင် ဆေးပညာအခြေခံနှစ်သင်တန်းကို ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင်ကျန်းမာရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့တက်ရောက်ခဲ့ပြီးသင်ကြားမည့်ဆရာ၊ဆရာမများခန့်အပ်ရေး၊ဝန်ထမ်းရေးရာကိစ္စရပ်များ၊သင်ကြားရေးဆိုင်ရာပစ္စည်းများဖြည့်တင်းနိုင်ရေးနှင့်စပ်လျဉ်းပြီးညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက Naypyidaw State Academyသို့ တက်ရောက်ခွင့်ရရှိမည့်ကျောင်းသားကျောင်းသူများကိုရွေးချယ်ရာတွင် ၄◌င်းတို့အောင်မြင်သည့် စာစစ်ဌာနအပေါ်မူတည်၍ စနစ်တကျရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဆေးတက္ကသိုလ်များတွင် လက်ရှိသင်ကြားနေလျက်ရှိသော Out come- based Integrated Curriculumဖြင့် တစ်ပြေးညီသင်ကြားပို့ချနိုင် ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။
ဆေးပညာအခြေခံနှစ် (Foundation Years Semester(I))သင်တန်းပို့ချမည့်ဆရာဆရာမများမှာ ပညာရေး ဝန်ကြီးဌာန၊ Naypyidaw State Academyမှဆရာ၊ဆရာမများဖြစ်သောကြောင့် ဆေးပညာသင်ရိုးညွှန်းတမ်းများ၊ ဆန်းစစ်ခြင်းပုံစံများဖြင့် အကျွမ်းဝင်မှုရှိစေရန်ဘာသာရပ်ဆိုင်ရာဝါရင့်သင်ကြားရေးဆရာ၊ ဆရာမများပါဝင်သော အဖွဲ့နှင့် အောက်တိုဘာလတွင် ပူးပေါင်းဆောင်ရွက်ရန်စီစဉ်ထားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ၏ပြောကြားချက်အရသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published_ 8 September 2023
တောင်ကိုရီးယားရောက်မြန်မာတွေ အတွက် သာမန် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှု ကို လာမည့် စက်တင်ဘာလ ၁၁ရက် က စပြီး ပြန်လည်ဆောင်ရွက်ပေးမည်
ဖြစ်ကြောင်းဆိုးလ်မြို့ရှိမြန်မာသံရုံးက ထုတ်ပြန်ချက် အရ သိရသည်။
သာမန် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများ အဆင်ပြေချောမွေ့စေရန် အတွက်
နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် စက်ကိုပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်း လုပ်ဆောင်ခဲ့တာကြောင်စက်တင်ဘာ၁ရက်က စပြီးယာယီပိတ်ထားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်း ပြီးစီးသွားသောကြောင်စက်တင်ဘာ၁၁ရက် မှစတင်ပြီး့ပြန်လည် လုပ်ဆောင်ပေးရန် ကြေညာခြင်း ဖြစ်ကြောင်း သိရသည်။
နိူင်ငံကူးလက်မှတ်သက်တမ်းတိုးမည့်သူများ အနေဖြင့် တနင်္လာနေ့မှသောကြာနေ့အထိ ပုံမှန်အတိုင်းပြန်လည်ခံသွားမှာဖြစ်တာကြောင့် သံရုံးက ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်များထံဆက်သွယ်ပြီးအနည်းဆုံးသုံးရက်ကြိုတင်ရက်ချိန်းရယူဖို့ကိုလည်းသံရုံးကအသိပေးထားကြောင်း
သိရသည်။
#YMG #Yangon_Times
#Local_News
#YMG #Yangon_Times
Published_ 8 September 2023
လူတစ်ယောက်ရဲ့ ကျန်းမာရေး ကောင်းမွန်နေစေဖို့ဆိုတာ နှစ်ခြိုက်စွာအိပ်ပျော်ဖို့ကလည်း အရေးကြီးပါတယ်။
အရွယ်ရောက်ပြီးလူတွေဟာ ညစဥ် အိပ်ချိန် ၇ နာရီမှ ၉ နာရီရှိဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ စိတ်ဖိစီးမှု၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ စတာတွေကြာင့် အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။
ကောင်းစွာ အိပ်စက်ခြင်းကို ရရှိစေနိုင်မယ့် နည်းလမ်းများရှိပြီး အစားအသောက်ပုံစံလည်း ပါဝင်နေပါတယ်။
ဒါကြောင့် ညအိပ်ရာမဝင်ခင် သောက်သုံးနိုင်တဲ့ သောက်စရာများကို ဖော်ပြလိုက်ပါတယ်။
(၁) ဗာဒံနို့
ဗာဒံသီးဟာ အခြားအခွံမာသီးတွေလိုပဲ အိပ်စက်မှုကို အထောက်အကူဖြစ်စေတဲ့ မယ်လာတိုနင်ဟော်မုန်း ထုတ်လုပ်မှုကို အားပေးပါတယ်။
စတင်အိပ်ပျော်ခြင်းကို ကူညီပေးတဲ့ ဆီရိုတိုနင်လည်း ထုတ်လုပ်ပေးပြီး မဂ္ဂနီဆီယမ်ကလည်း နှစ်ခြိုက်စွာ အိပ်စက်စေပါတယ်။
(၂) ကဖင်းမပါသော လက်ဖက်စိမ်း
ကဖင်းဓာတ်ပါတဲ့ လက်ဖက်စိမ်းက အားအင်မြှင့်တင်ပေးပြီး ကဖင်းမပါတဲ့ လက်ဖက်စိမ်းကတော့ နှစ်ခြိုက်စွာအိပ်ပျော်စေရန် အထောက်အကူပြုပါတယ်။
သူ့မှာပါဝင်တဲ့ သိုင်ယာမင်း အမိုင်နိုအက်ဆစ်တစ်မျိုးက စိတ်ဖိစီးမှုကို လျော့ကျစေကာ အိပ်စက်မှုကို ကူညီပေးပါတယ်။
(၃) ချာမိုမိုင်းလ်အကြမ်းခြောက်ရည်
ချာမိုမိုင်းလ်မှာ ကဖင်းဓာတ်မပါဝင်ဘဲ အိပ်စက်မှုကို အထောက်အကူဖြစ်စေတယ်လို့ သိရှိထားကြပါတယ်။
ခန္ဓာကိုယ်နဲ့ စိတ်ပြေလျော့မှုကို ဖြစ်စေပြီး အိပ်စက်ခြင်းကို အားပေးပါတယ်။
(၄) ချယ်ရီသီးဖျော်ရည်
ချယ်ရီသီးဖျော်ရည်က အိပ်မပျော်တဲ့သူတွေမှာ အထောက်အကူ ဖြစ်စေတယ်လို့ တွေ့ရှိထားပြီး မယ်လာတိုနင်လည်း ပါဝင်တာကြောင့် အိပ်စက်မှုကို ကူညီပေးပါတယ်။
(၅) နနွင်းတက်နို့
နနွင်းမှာ ရောင်ရမ်းခြင်းကို ကျစေတဲ့ အစွမ်းသတ္တိရှိပြီး အိပ်စက်ခြင်းကို ကူညီပေးပါတယ်။
(၆) ဆောင်းချယ်ရီအကြမ်းခြောက်ရည်
ဆောင်းချယ်ရီက အာယုဗေဒဆေးပင် တစ်မျိုးဖြစ်ကာ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပြီး စိတ်ဖိစီးမှု၊ အဆစ်အမြစ်ရောင်၊ ပူပန်စိတ်တို့ကို ဖြေလျှော့ပေးပါတယ်။
(၇) ပူရှိန်းအကြမ်းခြောက်ရည်
ပက်ပါမင့်ရွက်က ကျန်းမာရေးကောင်းကျိုးများ ပေးစွမ်းနိုင်ပြီး အစာချေစနစ်ကို ကောင်းမွန်စေကာ အစာမကြေခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်းတို့ကို ကုသပေးနိုင်ပါတယ်။
ကောင်းစွာအိပ်စက်နိုင်ဖို့အတွက် အထက်ပါ သောက်သုံးစရာများအပြင် ကျန်းမာရေးလိုက်စားမှုလည်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
Source: DoctorNDTV
#World_Health
#YMG #Yangon_Times
Published_ 8 September 2023
စားသုံးဆီကို လက်ကားရည်ညွှန်း ဈေးထက်ပိုပေးဝယ်ရလျှင် တိုင်ကြားနိုင်ကြောင်း ရောင်းချကြရန် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင် အသင်းက အသိပေး ကြေညာလိုက်သည်။
ပြည်တွင်းစားအုန်းဆီဈေးနှုန်းများ တည်ငြိမ်စေရေးအတွက်အဖွဲ့ဝင် (၂၉)ဦးပါ စားသုံးဆီဈေးနှုန်း တည်ငြိမ်စေ ရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်း၍ စီမံဆောင်ရွက်နေပြီဖြစ်သောကြောင့် စားသုံးလက်ထဲအရောက် ရောင်းချချိန် တွင် အမြတ်ငွေ ၁၀ ရာခိုင်နှုန်းထက် မပိုသော ဈေးဖြင့်သာ ရောင်းချကြရန် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင် အသင်း က ထပ်မံကြေညာခြင်း ဖြစ်သည်။
ဆီဈေးထိန်းချုပ်သည့်အနေဖြင့် ပြည်တွင်းရှိ လက်ကားကုန်သည်များ၊ ဆီဒိုင်များ၊ အရောင်းဆိုင်ကြီး များကို အဆိုပါ အစိုးရ၏ လက်ကား ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေခြင်းလည်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆိုင်ကြီးများအနေဖြင့် လက်ကား ရည်ညွှန်းဈေးထက် ၂ ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချရန်ဖြစ်ပြီး စားသုံးသူလက်ထဲသို့ တစ်ဆင့်ခံ ပြန်လည်ရောင်းချသူများအနေဖြင့်လည်း အထွေထွေ ကုန်ကျစရိတ်များပါ ထည့်ပေါင်းပြီး ၁၀ ရာခိုင်နှုန်းထက် အမြတ်တင်မရောင်းချကြရန် အသင်းက သတ်မှတ်ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိ ဘုရင့်နောင်၊ ညောင်ပင်လေးဈေးနှင့် မြို့နယ်များရှိ ဈေးများ၊ ရပ်ကွက်အတွင်းရှိ အရောင်းဆိုင်များအပြင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းခွဲများရှိရာ မြို့နယ်များဖြစ် သည့် နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ပြည်၊ တောင်ကြီး၊ မြင်းခြံ၊ ရွှေဘို၊ ပခုက္ကူ၊ အောင်လံ၊ ကျောက်ပန်း တောင်း၊ မိတ္ထီလာ၊ ပုသိမ်၊ မော်လမြိုင်၊ ရမည်းသင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ညောင်ဦး၊ မြိတ်၊ ကောင့် သောင်း၊ ထားဝယ်၊ လားရှိုး၊ ဘားအံ၊ စစ်တွေနှင့် မြစ်ကြီးနား စသည့် မြို့နယ်များတွင်လည်း ရောင်းချပေး လျက်ရှိပြီး အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက်လည်း ဆက်လက်ဖြန့်ဖြူး ရောင်းချပေး မည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၄ ရက်မှ ၁ဝ ရက်ထိ စားအုန်းဆီလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၄၁၆ဝ ဖြစ်ကြောင်း အဆိုပါ အသင်းက သိရသည်။
စားသုံးဆီဈေးနှုန်း တည်ငြိမ် စေရေး လုပ်ငန်းအဖွဲ့ကိုအသင်း၏ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ စားသုံးဆီတင် သွင်း သောကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်သော (၂၉)ဦးဖြင့် ဩဂုတ်လ ၂၈ ရက်မှ စတင်ဖွဲ့စည်းကာ ဆီတင်သွင်းသော ကုမ္ပဏီများ၏ ဆီရောင်းချရေးကို စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
Published_ 8 September 2023
အသက် ၃၃ နှစ်ရှိ နာမည်ကျော်ပါဆင်နယ်ထရိန်နာ ဂျိမ်းစ်ဒီလက်ဆီက ခန္ဓာကိုယ်ကြံ့ခိုင်ကျစ်လျစ်စေရန် အလုပ်နေရာရှိ ထိုင်ခုံပေါ်ကနေပဲ ပြုလုပ်နိုင်မယ့် လေ့ကျင့်ခန်းနည်းလမ်းတွေကို ဖော်ပြထားပါတယ်။
ထိုလေ့ကျင့်ခန်းတွေထဲမှာ တင်ပါးဆုံ၊ တံကောက်ကြော၊ ဒူးဆစ်၊ ရင်ဘတ်၊ ပခုံး၊ လက်မောင်းအနောက်ကြွက်သားတို့ ပါဝင်ကြောင်း လက်ဆီက NeedToKnow.co.uk ကို ပြောကြားခဲ့ပါတယ်။
အလုပ်ခွင်မှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရခြင်းက ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပြီး အသက်အန္တရာယ်ပါ ဖြစ်စေနိုင်တယ်လို့ လေ့လာချက်အများအပြား တွေ့ရှိထားပါတယ်။
ထရိန်နာသက်တမ်း ၁၅ နှစ်ရှိပြီဖြစ်တဲ့ လက်ဆီကတော့ ဒီလိုမျိုး အထိုင်များတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့နည်းလမ်းတွေအကြောင်း ရှင်းပြသွားပါတယ်။
အလုပ်စားပွဲမှာ ထိုင်နေရင်းဖြင့်ပင် အဆီတွေကို လောင်ကျွမ်းစေနိုင်မယ့် နည်းလမ်းများကို ဖော်ပြသွားပါတယ်။
(၁) ထိုင်ခုံကနေ ခြေတစ်ဖက်မြှောက်ခြင်း
ထိုင်ခုံအစွန်ဖျားနားမှာ ထိုင်ပြီးတော့ ခြေတစ်ဖက်မှ ပေါင်ကို ထိုင်ခုံမှလွတ်လောက်တဲ့အထိ ဖြည်းဖြည်းမြှင့်တင်ကာ ဆန့်ထားရမှာဖြစ်ပါတယ်။ အဆိုပါလေ့ကျင့်ခန်းက ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းညှိစေနိုင်ရုံမက တင်ပါးနေရာကိုလည်း သန်မာစေမှာ ဖြစ်ပါတယ်။
(၂) စုံလည်ထိုင်ခုံလှည့်ခြင်း
စားပွဲခုံအစွန်းကို လက်ဖြင့်ထိန်းကိုင်ထားပြီး စုံလည်ထိုင်ခုံကို ဟိုဖက်ဒီဖက် လှည့်ပေးရမှာဖြစ်ပါတယ်။
ဒီလိုပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကျောရိုးမကြီးကို သန်မာစေပြီး ဝမ်းဗိုက်နေရာကို ထိန်းညှိပေးပါတယ်။
(၃) စားပွဲခုံဖြင့်ဒိုက်ထိုးခြင်း
မတ်တပ်ရပ်အနေအထားဖြင့် စားပွဲခုံကို လက်ဖြင့်ထောက်မှီထားရပါမယ်။
ဒီနောက် စားပွဲခုံဆီသို့ ရင်ဘတ်ကိုနှိမ့်ချပြီး အဲဒီနောက် လက်ဆန့်တန်းတဲ့ အနေအထားအထိ ပြန်တွန်းရမှာဖြစ်ပါတယ်။
ဒိုက်ထိုးခြင်းက အဆီလောင်ကျွမ်းစေတဲ့အပြင် ကြွက်သားကိုလည်း တည်ဆောက်ပေးပြီး ခန္ဓာကိုယ်အထက်ပိုင်းကို တောင့်တင်းစေပါတယ်။
(၄) ထိုင်လျက်ခြေကားခြင်း
ထိုင်ခုံအစွန်းမှာ ထိုင်ပြီးတော့ ခြေထောက်နှစ်ချောင်းကို ကားလိုက်ကာ အနောက်ဘက်သို့ ကွေးလိုက်ရမှာ ဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းက ပေါင်၊ တင်ပါးဆုံ၊ တံကောက်ကြောတို့ကို အဓိကအလုပ်လုပ်စေပြီး ခန္ဓာကိုယ်အောက်ပိုင်းကို သန်မာအောင် ပြုလုပ်ပေးပါတယ်။
(၅) ထိုင်လျက်ခြေကွေးခြင်း
ထိုင်ခွန်အစွန်းမှာ ထိုင်ပြီးတော့ ခြေထောက်ကိုကွေးလိုက်ပြီးနောက် အရှေ့သို့ ထုတ်ရမှာဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းကလည်း ခန္ဓာကိုယ်အောက်ပိုင်းကို ကြံ့ခိုင်စေနိုင်ပြီး ဒဏ်ရာရခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
မကြာခဏ လေ့ကျင့်ခန်းပြုလုပ်ပေးတယ်ဆိုရင် အခြားနေရာကဏ္ဍတွေမှာလည်း ကောင်းစွာစွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
Source: New York Post.
#World_Health
#YMG #Yangon_Times






တရုတ်လူမျိုးတွေဟာ အားလပ်ရက်အတွင်း ကိုယ်ပိုင်ကားများဖြင့် ခရီးသွားချင်ကြတာကြောင့် တရုတ်ပြည်အတွင်း တစ်ပတ်ရစ်ကားများ ဈေးကွက်မြင့်မားနေကာ အထူးသဖြင့် တစ်လက်သုံးလျှပ်စစ်ကားများကို ဝယ်ယူလိုကြပါတယ်။
#Asia_Industry
#Published_ 7 September 2023
#YMG #Yangon_Times
၇ စက်တင်ဘာ ၂၀၂၃
ခေတ်အဆက်ဆက်တွင် နိုင်ငံဝင်ငွေရရှိရေးအတွက် သစ်များထုတ်ယူရောင်းချခဲ့ သဖြင့် သစ်တောဖုံးလွှမ်းမှု သည် ၄၂ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာခဲ့တယ် လို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
စက်တင်ဘာ (၇)ရက် ကြာသပတေးနေ့က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်တဲ့ ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု များ၏ စတုတ္ထအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုလိုထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
သစ်တောထူထပ်ပြီး အဖိုးတန်သစ်တောတွေရှိသည့် မိမိတို့နိုင်ငံကို နယ်ချဲ့ များက မတရားကျူးကျော်မှုများ ပြုလုပ်ခဲ့ကြပြီး အတိုင်းအဆမရှိ သစ်တောများကို ခုတ်လှဲယူခဲ့ကြတယ်လို့လည်းဗိုလ်ချူပ်မှူးကြီးကပြောတယ်လို့ နစကရဲ့ သတင်း ထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
သစ်တောသစ်ပင်များပြန်လည်ထူထောင် ဖြည့်တင်းခြင်း များကို မှန်မှန်ကန် ကန်ဆောင်ရွက်မှုမရှိပါက သဘာဝတရား၏ရိုက်ခတ်မှုဒဏ်ကို ခံကြရမှာဖြစ်လို့ သစ် တောများနှင့်နီးကပ်နေသည့် ကျေးလက်ဒေသများတွင် သစ်ပင်သစ်တောများကို ထိန်း သိမ်းကြရေးနှင့် မြို့ပြများတွင် နေထိုင်ကြ သူများအနေဖြင့်လည်း မိမိပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှု ရရှိစေရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် လွှမ်းခြုံ ဆောင်ရွက်ဖို့လိုတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။
မြန်မာနိုင်ငံသည်လည်း ရာသီဥတုပြောင်းလဲမှုများကို ကြုံတွေ့နေရပြီး ယခင် နေပြည်တော်ဒေသ၏ ရာသီ ဥတုသည် ၂၀၀၆ ခုနှစ်တွင် ပျမ်းမျှအပူချိန် ၂၆ ဒသမ ၉၇ ဒီဂရီစင်တီဂရိတ်ခန့်သာ ရှိခဲ့ရာ ယခုအချိန်တွင် ပျမ်းမျှ အပူချိန် ၂၈ ဒသမ ၅ ဒီဂရီစင်တီ ဂရိတ်အထိ တိုးမြင့်လာတယ်လို့ တပ်မတော်ကာကွယ်ရေးဦီးစီးချုပ်က သတိပေး ပြောဆိုပါတယ်။
၂၀၁၁ ခုနှစ်မှစပြီး သစ်ပင် စိုက်ပျိုးပွဲတွေကို နှစ်စဉ်ကျင်းပပြုလုပ်ပေးခဲ့ရာမှာ ၂၀၂၃ ခုနှစ် တတိယအကြိမ် သစ်ပင် စိုက်ပျိုးပွဲအထိ သစ်ပင်ပေါင်း ၁၉၀,၄၇၃ ပင် စိုက်ပျိုးနိုင်ခဲ့ပြီး ရှင်သန်မှုအနေဖြင့် ၁၀၉,၈၈၅ ပင်ရှင်သန်ဖြစ်ထွန်းခဲ့တဲ့အတွက် ၅၅ ရာခိုင်နှုန်းခန့်သာ ရှင်သန်ဖြစ်ထွန်းသည်ကို တွေ့ရှိရတယ်လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။
အဲဒါကြောင့် စိုက်ပျိုးကြသည့် သူများက ရှင်သန်မှုရှိအောင် စိုက်ပျိုးကြရန် လို သကဲ့သို့ ထိန်းသိမ်းရန် တာဝန်ရှိသူများအနေဖြင့်လည်း ရာနှုန်းပြည့် ဖြစ်ထွန်းအောင် ဆောင်ရွက်ကြဖို့ကိုလည်း ဗိုလ်ချူပ်မှူးကြီးကအလေးပေးပြောကြားခဲ့ပါတယ်။
ယခုသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၁၇၆၄ ပင်၊ မန်ဂျန်ရှား ၈၈၂ ပင်၊ ပိတောက် ၈၈၂ ပင် စုစုပေါင်း ၃,၅၂၈ ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သစ်ပင်စိုက်ပျိုးပွဲသို့ နစကဥက္ကဋ္ဌနှင့်ဇနီး၊ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ တပ်မတော် ထိပ်တန်းနှင့် အဆင့်မြင့်အရာရှိကြီးများအပါအဝင် အရာရှိ၊စစ်သည်နှင့် မိသားစုဝင်များ တက်ရောက်စိုက်ပျိုးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
-ymg/knl
Page 932 of 1858