#Local_News
Published 16 March 2024


ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၉၇/၆) တွင် Suzuki Swift အမျိုးအစားယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိကာရံထားသော ဘယ်ရီယာတုံးများအား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်စခန်းမှ သိရသည်။

 

မတ်လ၁၅ရက် ည ၇နာရီ ၂၀မိနစ်ခန့်က ဖြစ်ပွားခဲ့ကာ ယာဉ်တိုက်မှုကြောင့်ယာဉ်ပေါ်ပါ အမျိုးသား(၁)ဦး၊ အမျိုးသမီး (၂)ဦး၊ စုစုပေါင်း(၃)ဦးအနက် အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပလွေးအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိခိုက်ဒဏ်ရာရရှိသူများကို ပလွေးအမြန်လမ်းမီးသတ်စခန်းပိုင် သူနာတင်ယာဉ်ဖြင့် နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

 

#ယာဉ်အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းကိုဝင်တိုက် #၂ဦးထိခိုက်ဒဏ်ရာရ #Local_News #YMG/LW #Yangon_Times