#Daily_News
Published_ 07 November 2023
၁။ ထိုင်းနိုင်ငံသို့ MOU အလုပ်သမားများ မြဝတီကျောက်လုံးကြီးစခန်းမှတစ်ဆင့် ပုံမှန်စေလွှတ်ပေးနေဟုဆို
၂။ ယခုနှစ်တန်ဆောင်မုန်းလပြည့်နေ့တွင် ထူးထူးခြားခြားဆေးပေါင်းခမည့်အချိန်(၂)ချိန်ရှိ
၃။ ကထိန်သင်္ကန်းပရိက္ခရာဈေးနှုန်းများ မြင့်တက်နေသော်လည်း နယ်အမှာများနေ
၄။ အစ္စရေးလ်-ဟားမတ်စ်ပဋိပက္ခကြောင့် အီဂျစ်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ပိုမိုဆိုးရွားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Local_News
Published_ 07 November 2023
ကချင်ပြည်နယ်ရှိ ရေခဲပြင်ရွာရှိန်းခေါင်မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၆၃)အိမ်ပြာကျခဲ့ကြောင်းနှင့် တရုတ်နယ်စပ်ဘက်ဖြစ်၍ ကုန်သွယ်ရန်ကုန်စည်သိုလှောင်ထားသူများ သိန်းရာချီစီဆုံးရှုံးခဲ့ကြောင်း နေအိမ်မီးလောင်ကျွမ်းခံရသည့် ကချင်ဒေသခံတစ်ဦးထံမှ သိရသည်။
အေးသည့် ဒေသဖြစ်သောကြောင့် တစ်အိမ်နှင့်တစ်အိမ်ကပ်ဆောက်ထားသဖြင့် မီးငြိမ်းသတ်လို့လည်းမရဘဲ အိမ်ခြေ(၂၀၀)ကျော်တွင် အိမ်ခြေ (၆၃)အိမ်မီးလောင်ပြာကျခဲ့ရသည်။
"ရေခဲပြင်ရွာရှိန်းခေါင်မီးလောင်တယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့က နိုဝင်ဘာ ၆ ရက်ညကစလောင်တာ ဒီမနက်နိုဝင်ဘာ ၇ ရက်ထိပါ။ ရှိန်းခေါင်ကျေးရွာမှာအိမ်ခြေ(၃၀၀)ကျော်ရှိခဲ့ပြီးလက်ရှိနေထိုင်တဲ့ အိမ်ခြေ(၂၀၀)ကျော်မှာ အိမ်ခြေ (၆၃) မီးလောင်ပြာကျခဲ့ရပါတယ်။ ကျွန်တော်ရဲ့ ဟင်းခတ်အမွှေးအကြိုင်ကုန်လှောင်ထားတဲ့ အိမ်လည်းပါသွားတယ်။ ကုန်တန်ဖိုးချည်းပဲသိန်း(၂၀၀)ကျော် အကုန်ပါသွားတယ်။ တစ်ရွာလုံးကလည်း စီးပွားရေးလုပ်နေတာ တရုတ်နဲ့ကုန်သွယ်ဖို့ ကုန်ပစ္စည်းေတွ သိုလှောင်ထားကြတာဆိုတော့ တစ်ဦးကိုမပါဘူးဆိုရင်အနည်းဆုံးကျပ်သိန်း၂၀၀ဖိုး လောက်စီပါသွားတယ်"ဟု ဟင်းခတ်အမွှေးအကြိုင်ကုန်သွယ်နေသည့် ရှိန်းခေါင်ဒေသခံက YMG ကို ပြောသည်။
လျှပ်စစ်မီးမရှိသေးသည့် ရှိန်းခေါင်ရွာလေး၊ ရေခဲသမျှအေးခဲနေသည့်ရာသီဥတုရှိသည့် ရွာလေးတွင် အိမ်ခြေ ၆၃ အိမ်ထိ မီးလောင်သွားရသည့် အကြောင်းရင်းကိုတော့ ယနေ့ချိန်ထိမသိရသေးကြောင်းနှင့်နွမ်းပါးသည့်ကျေးရွာနေပြည်သူများအတွက်လည်း အကူအညီများ လိုအပ်နေကြောင်း သိရသည်။
#tthl #Yangon_Times
တပိုင်တနိုင် လွှတ်ကျောင်းစနစ်နဲ့ ဆိတ်မွေးမြူကျတဲ့ ခြံတွေမှာရာသီဥတုနဲ့ အာဟာရချို့တဲ့တာတွေကြောင့် ဆိတ်အကောင်ရေများစွာ သေဆုံးတာတွေ ဖြစ်နေတယ်လို့ ဝမ်းတွင်းမြို့နယ်ရှိ ဆိတ်မွေးမြူရေးလုပ်ကိုင်သူတွေထံက သိရပါတယ်။
#Local_News
Published_ 07 November 2023
#ရာသီဥတုနှင့်အာဟာရချို့တဲ့ #ဆိတ်မွေးမြူရေးလုပ်ကိုင်သူတွေ
#YMG/LW #Yangon_Times
"မကွေးတိုင်း၊ တောင်တွင်းကြီးရှိဗိဿနိုးမြို့ဟောင်းကိုလာ ရောက်လည်ပတ်မယ့်သူတွေအနေနဲ့ ရွှေရောင်တော်စေတီတော်မှာ အခမဲ့တည်းခိုနိုင်တယ်"ရွှေရောင်တော်စေတီဝောာ်ကြီးအတွင်းရှိ ဘုန်းကြီးကျောင်းမှတာဝန်ရှိသူတစ်ဦး
#Local_News
Published_ 07 November 2023
#ခရီးစဉ်ဒေသ(၁၀)ခု #တောင်တွင်းကြီး #ဗိဿနိုးမြို့ဟောင်း
#tthl #Yangon_Times
'ဈေးကမနှစ်ကထက် နှစ်ဆလောက်တက်သွားတယ်၊ ထီးတွေလည်းတက်တယ်အကုန်တူတူပဲ၊ ပိတ်ဈေးတွေလည်းတက်တော့လေ ချုပ်ခတွေနဲ့ဆိုတော့ အဲ့တာကြောင့်ဈေးတက်တာဖြစ်ပါ၊ ရန်ကုန်ဒိုင်တွေက ဈေးကိုထိန်းတယ်ဆိုတာထက်ကို နည်းနည်းလေးကြားတာနဲ့ကိုတက်သွားတာ၊ 'ရတနာမိုးသက်န်းတိုက်ဒေါ်ဂျူးဂျူး
#Local_News
Published_ 07 November 2023
#ကထိန်သင်္ကန်းပရိက္ခရာ #ရန်ကုန်ဒိုင်
#YMG/NN #Yangon_Times
#Local_News
Published-7 November 2023
ပြည်ပနိုင်ငံများသို့ အောက်တိုဘာလတစ်လတာအတွင်း ကန်ဒေါ်လာ၆၃သန်းတန်ဖိုးရှိသည့် ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရသည်။
ထိုသို့တင်ပို့ရာတွင် ဆန်တန်ချိန် ၈၀၁၁၅ နှင့်ဆန်ကွဲတန်ချိန် ၃၉၄၁၁ စုစုပေါင်းဆန်နှင့် ဆန်ကွဲတန်ချိန် ၁၁၉,၅၂၆တန်ကိုပြည်ပနိုင်ငံပေါင်း ၃၄ နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။
ထိုသို့တင်ပို့ရာတွင် ကုမ္ပဏီပေါင်း ၃၈ ကုမ္ပဏီမှ ပင်လယ်ရေကြောင်း မှ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၁၀,၇၀၀ နှင့် နယ်စပ်ကုန်သွယ်ရေးမှဆန်နှင့် ဆန်ကွဲတန်ချိန် ၈၈၂၆ တန်တင်ပို့ခဲ့ကြောင်း သိရသည်။
ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် တန်ချိန်လေးသောင်းကျော်ဖြင့် အင်ဒိုနီးရှားသို့အများဆုံးနှင့် ဆန်ကွဲကိုတန်ချိန် တစ်သောင်းသုံးထောင်ကျော်ဖြင့် တရုတ်နိုင်ငံသို့အများဆုံးတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
#Local_News #ဆန်နှင့်ဆန်ကွဲတန်ချိန်တစ်သိန်းကျော်တင်ပို့ #ကန်ဒေါ်လာ ၆၃ သန်း #YMG/NN #Yangon_Times
"တန်ဆောင်မုန်းလပြည့်နေ့ မနက် ၁၁ နာရီ ၃၅ မိနစ်မှ၁၁နာရီ၄၅မိနစ် အတွင်း ဆေးပေါင်းခချိန်မှာ ဆေးဘက်ဝင် မဲဇလီဖူးသုပ်ကို သုံးဆောင်ပါက မိမိပြောဆိုသမျှအောင်မြင်တာ၊စီးပွားလာဘ်လာဘကောင်းဝာာ၊ အသိုင်းအဝိုင်းကောင်းတွေကြုံတွေ့နိုင်တယ်။ ရုံးသမားတွေည၆ နာရီ ၅ မိနစ်မှာ စားနိုင်တယ်" မြန်မာနိုင်ငံနက္ခတ်ပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ပါရဂူဒေါက်တာကြည်ကြည်စိန်
#Local_News
Published_ 07 November 2023
#တန်ဆောင်မုန်းလပြည့်နေ့ #ဆေးပေါင်းခမည့်အချိန်(၂)ခုရှိ
#tthl #Yangon_Times
ထိုင်းနိုင်ငံကို တရားဝင်သွားရောက်အလုပ်လုပ်မယ့် MOU အလုပ်သမားတွေကို မြဝတီကျောက်လုံးကြီးစခန်းမှ တစ်ဆင့်ပုံမှန်စေလွှတ်မှုတွေရှိနေတယ်လို့ အလုပ်သမားဝန်ကြီးဌာန ထံ က သိရပါတယ်။
#Local_News
Published_ 07 November 2023
#ထိုင်းနိုင်ငံ #MOU #မြဝတီကျောက်လုံးကြီးစခန်း
#YMG/LW #Yangon_Times
#Local_News
Published_ 07 November 2023
ကြံရာသီနီးကပ်လာသောကြောင့် သကြားဈေးနှုန်းများအမြင့်တန်း၌ငြိမ်နေကြောင်း သကြားကုန်သည်တွေထံမှသိရသည်။ လတ်တလောတွင် သကြားတစ်ပိဿာလျှင် ကျပ် ၃၇၈၀ မှ ၃၈၂၀ ကျပ်အတွင်းရှိ ကာယခုလအတွင်းဈေးငြိမ်နေကြောင်း သိရသည်။
'သကြားဈေးက ကြံရာသီလည်းနီးလာပြီဆိုတော့ အတက်ဈေးနဲ့ငြိမ်နေတာကမ္ဘာ့ဈေးအတက်အကျသိပ်မရှိတာလည်းပါတယ်ပေါ့၊ ဒီဘက်ကလည်းရာသီချိန်လဲနီးကပ်လာပြီဆိုတော့ဈေးငြိမ်နေတာ၊ သိပ်များများထွက်လာချိန်မှာတော့ဈေးကကျဖို့ရှိပါတယ်' ဟုကြံ သကြားကုန်သည် ဦးစိုးမောင်ကပြောသည်။
ပြည်တွင်း၌ကြံကြိတ်ခွဲရာသီမှာ ဒီဇင်ဘာလ၌ စတင်လေ့ရှိကာမတ်လနှင့် ဧပြီလများ၌ ရာသီချိန်ကုန်ဆုံးလေ့ရှိကြောင်း သိရသည်။
မြန်မာ့သကြားအား ဗီယက်နမ်သို့သကြားဖြူအဖြစ် အဓိကတင်ပို့လေ့ရှိသည့်အပြင်ကြံကိုအချောင်းလိုက်အဖြစ် တရုတ်သို့တင်ပို့လေ့ရှိပြီး ယခုနှစ်တွင် သကြားအမျိုးမျိုးတင်သွင်းရန်ကမ်းလှမ်းမှုများလည်းရှိကြောင်း သိရသည်။ ပြည်တွင်း၌ကြံစိုက်ဧက လေးသိန်းခွဲဝန်းကျင်အထိစိုက်ပျိုးထားပြီး သကြားအသစ်တည်ရှိရာဒေသများ၌ တိုးချဲ့စိုက်ပျိုးမှုများရှိခဲ့ကြောင်း သိရသည်။
#Local_News #ကြံရာသီ #သကြားဈေးနှုန်းများမြင့် #YMG/NN #Yangon_Times
#World_News
Published 07 November 2023
ဂါဇာကမ်းမြောင်ဟာ ကလေးတွေရဲ့ သုသာန်ပြင်ကြီးတစ်ခု ဖြစ်လာကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တနင်္လာနေ့က ဆိုလိုက်ကာ အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုမှုများ ပိုမိုပြုလုပ်လာပါတယ်။
အစ္စရေးလ်တို့ရဲ့ တိုက်ခိုက်မှုများကြောင့် ဂါဇာရှိ အသေအပျောက်စာရင်းက လူတစ်သောင်း ကျော်လာပြီဖြစ်တယ်လို့ ပါလက်စ်တိုင်း ကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ကြေညာထားပါတယ်။
အစ္စရေးလ်ရော ဟားမတ်စ်စစ်သွေးကြွတွေကပါ နိုင်ငံတကာမှ အပစ်အခတ်ရပ်စဲရေးအတွက် ဖိအားပေးနေတာကို ပြန်လည်ငြင်းဆန်နေကြပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးလ်တောင်ပိုင်းကို ဟားမတ်စ်တို့ ဝင်ရောက်သောင်းကျန်းခဲ့စဥ် ခေါ်ဆောင်သွားတဲ့ ဓားစာခံတွေကို အရင်လွှတ်ပေးသင့်တယ်လို့ အစ္စရေးလ်တို့က ဆိုနေကြကာ ဟားမတ်စ်တို့က ဂါဇာဒေသ တိုက်ခိုက်ခံနေရသရွေ့ ဓားစာခံတွေ ပြန်လွှတ်ပေးမှာ မဟုတ်သလို တိုက်ခိုက်တာတွေ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။
အစ္စရေးလ်ကာကွယ်ရေးတပ်များက မြေပြင်စစ်ဆင်ရေများ ပြုလုပ်နေပြီး ပစ်ခတ်တိုက်ခိုက်နေတာဟာ အရပ်သားတွေ၊ ဆေးရုံတွေ၊ ဒုက္ခသည်စခန်းတွေ၊ ဗလီကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ ကုလသမဂ္ဂ အဆောက်အအုံတွေကို ထိခိုက်နေကာ ဘယ်သူမှ လုံခြုံမှုမရှိဘူးလို့ ဂူတာရက်စ်က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ဟားမတ်စ်နဲ့ အခြားစစ်သွေးကြွများက အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချနေပြီး စစ်တပ်နဲ့မခွဲခြားဘဲ အစ္စရေးလ်ဘက်ကို ဒုံးကျည်များ ဆက်လက်ပစ်ခတ်နေတယ်လို့ ဆိုလိုက်ကာ ဓားစာခံအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
အစ္စရေးလ်တို့က အောက်တိုဘာ ၂၇ ရက်နေ့ ဂါဇာကို မြေပြင်စစ်ဆင်ရေး စတင်ချဲ့ထွင်တဲ့နေ့ကစပြီး တပ်သား ၃၁ ဦးသေဆုံးထားကြောင်း၊ ဟားမတ်စ်တို့က ဆေးရုံတွေထဲမှာ အရပ်သားတွေနဲ့ အတူ ပုန်းခိုနေကြကြောင်း စွပ်စွဲထားပါတယ်။
ဒီသတင်းဟာ အမှားသာဖြစ်ပြီး ကုလအနေနဲ့ အတည်ပြုစစ်ဆေးသင့်ကြောင်း ဟားမတ်စ်တို့က တုန့်ပြန်ပြောဆိုလိုက်ပါတယ်။
အစ္စရေးလ်ဘက်က ညတွင်းချင်း လေကြောင်း၊ ရေကြောင်း၊ မြေပြင်တို့ကနေ ပစ်ခတ်တိုက်ခိုက်တာဟာ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အပြင်းထန်ဆုံးတိုက်ခိုက်မှု ဖြစ်ကြောင်း ဂါဇာရှိ ရိုက်တာသတင်းထောက်က ပြောပြသွားပါတယ်။
ဂါဇာမှာ အနည်းဆုံး လူ ၁၀,၀၂၂ ဦးသေဆုံးထားကာ ကလေး ၄,၁၀၄ ဦးပါဝင်ကြောင်း ဟားမတ်စ်အုပ်စိုးရာ ဂါဇာကမ်းမြောင်မှ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
‘’ဂါဇာဒေသဟာ ကလေးတွေအတွက် သုသာန်သင်္ချိုင်းမြေ ဖြစ်လာပါတယ်။ နေ့စဥ် ကလေးတွေ ရာနဲ့ချီပြီး ဒဏ်ရာရ သေဆုံးနေပါတယ်’’ လို့ ဂူတာရက်စ်က ပြောပါတယ်။
ဆေးရုံတွေဟာ ဒဏ်ရာရသူတွေကို လုံလောက်စွာ မကုသပေးနိုင်သလို ထောက်ပံ့ကူညီမှုတွေ မရဘဲ စားနပ်ရိက္ခာနဲ့ ရေရှားပါးနေကြောင်း၊ တိုက်ခိုက်နေတာတွေက ရက် ၃၀ လောက်ရှိနေပြီဖြစ်ကာ ရပ်တန်းကရပ်သင့်ပြီ ဖြစ်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ဆိုပါတယ်။
အစ္စရေးလ်စစ်တပ်က ဟားမတ်စ်တို့ရဲ့ ခြံဝင်းကြီးတစ်ခုကို သိမ်းပိုက်လိုက်ကာ မြေအာက်လှိုဏ်ဂူတွေထဲမှာ ပုန်းခိုနေတဲ့ စစ်သွေးကြွများကို ဝိုင်းရံတိုက်ခိုက်ရန် ပြင်ဆင်နေကြပါတယ်။




#World_News #ဂါဇာကမ်းမြောင် #သုသာန်သင်္ချိုင်းမြေ #Source: Reuters
#Local_News
Published_ 07 November 2023
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ဒုရဲချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး ဗိုလ်တထောင်စေတီတော်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း ဗိုလ်တထောင်ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးသို့ နိုဝင်ဘာလ ၆ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့ဒုရဲချုပ်၊ ရဲဗိုလ်ချုပ်ကြီး Surachate Hakparn နှင့်အဖွဲ့ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အဖွဲ့ဝင်များကို အလှည့်ကျသဘာပတိ ဒေါက်တာတင်ထွန်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးအောင်မြတ်၊ ဦးဝင်းထူးတို့ မှ ခရီးဦးကြိုဆို၍ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲချုပ်အဖွဲ့မှ ဆံတော်မြတ်ရတနာ၊ ဆံတော်တိုက်ပြခန်း၊ နန်းဦးဘုရားကြီး၊ ဗိုလ်တထောင်ရောဟဏီ ဘိုးဘိုးကြီး၊ အစ်မတော်မြနန်းနွယ် နှင့်ရင်ပြင်တော်ရှိ တန်ဆောင်းအသီးသီးရှိ ဘုရားများအား လှည့်လည်ဖူးမြှော်ကြည်ညို ကြ၍ ညနေ ( ၁၇: ၃၀) မိနစ်အချိန်တွင် ပြန်လည် ထွက်ခွာသွားကြောင်းဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ထံမှသိရသည်။
#tthl #Local_News #ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ဒုရဲချုပ်နှင့်အဖွဲ့ #Yangon_Times
#Local_News
Published 7 November 2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသူများ အချိန်မှီကျောင်းအပ်နှံနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
အဆိုပါကြေညာချက်တွင် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ ပထမနှစ်သင်တန်းတက်ရောက်ခွင့်ရရှိသူများ စာရင်းကို နိုဝင်ဘာ၇ ရက်က စပြီး ကျန်းမာရေးဝန်ကြီးဌာန Website (www.moh.gov.mm)၊ Facebook Page (Ministry of Health Myanmar)၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန Website (www.hrh.gov.mm) နှင့် သက်ဆိုင်ရာ တက္ကသိုလ်များတွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသူများ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ တက္ကသိုလ်များတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၆) ရက်မှ စတင်၍ စနေ၊ တနင်္ဂနွေနေ့များတွင်ပါ ကျောင်းအပ်လက်ခံပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသူများအနေဖြင့် ပထမနှစ် သင်တန်းများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၂၃) ရက်မှ စတင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ဆေးတက္ကသိုလ် #ကျန်းမာရေးဝန်ကြီးဌာန #YMG/LW #Yangon_Times
Page 928 of 1934