#Local_News
Published_ 23 May 2023
ယနေ့ မေလ (၂၃) ရက်မှ စတင်ပြီး ၂၀၂၃ - ၂၀၂၄ ခုနှစ်ပညာသင်နှစ်တွင် အခြေခံပညာ KG မှ Grade-11အထိ အတန်းများရဲ့ကျောင်းအပ် လက်ခံနေပြီလို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။
#Local_News #အခြေခံပညာအတန်း #ကျောင်းအပ်လက်ခံနေပြီ
#YMG #Yangon_Media_Group
#Local_News
Published_ 23 May 2023
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ဖူးကြီးသောက်သုံးရေလှောင်ကန်ကို ဖူးကြီးချောင်းသာဆိုပြီး သွားရောက်အပန်းဖြေရေဆင်းကူးသူများရှိနေတယ်လို့ ဖူးကြီးကျေးရွာဒေသခံတွေထံမှ သိရပါတယ်၊၊
#Local_News #ဖူးကြီးသောက်သုံးရေလှောင်ကန် #အပန်းဖြေရေဆင်းကူးသူများရှိနေ
#YMG #Yangon_Media_Group
#Daily_News
Published_ 23 May 2023
၁။ ဖူးကြီးသောက်သုံးရေလှောင်ကန်ကို ဖူးကြီးချောင်းသာဆိုပြီးသွားရောက်အပန်းဖြေရေဆင်းကူးသူများရှိနေ
၂။ ယနေ့မေလ (၂၃) ရက်နေ့တွင် စတင်ကာအခြေခံပညာအတန်းတွေ ကျောင်းအပ်လက်ခံနေပြီ
၃။ ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်နေရာက ပြန်ကျဆင်းနေပေမယ့် ပြင်ပရွှေပေါက် သိန်း၃၀ အထက်သို့ ဆက်လက်မြင့်တက်နေ
၄။ တရုတ်တွင် မွေးဖွားသည့် ဘင်္ဂလားကျားပေါက်(၅)ကောင် တစ်လသားပြည့်သည့်အချိန်၌ လူအများထံပြသသွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 23 May 2023
ခေါက်ကြေးနဲ့ ပြေးဆွဲနေတဲ့ တစ်ဦးချင်းပိုင် YBS ယာဉ်တွေ ကို မေလကုန်နောက်ဆုံးထားပြီး အများပိုင်ကုမ္ပဏီ အဖြစ်ပြောင်းလဲဖို့ YRTC ကညွှန်ကြားလိုက်ပါတယ်။
#Local_News #အများပိုင်ကုမ္ပဏီ #ခေါက်ကြေးဆွဲတစ်ဦးချင်းပိုင် YBS
#YMG #Yangon_Media_Group
#Point_Of_View
Published_ 23 May 2023
အချင်းဆဲလ်မှ တစ်ဆင့်ရောဂါတွေအများကြီးကုပေးနိုင်တယ်ဆိုတာကို သက်သေပြထားပြီးဖြစ်ပါတယ်၊၊ အချင်းဆဲလ်ကိုအသုံးပြုပြီးအမာရွတ်တွေ၊ အရိုးနာကျင်မှုတွေ၊ လေဖြတ်ခြင်းတွေကြုံနေသူကိုသက်သာအောင် ကုသပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့အချင်းဆဲလ်ဟာအနာဂတ်မှာအရမ်းအသုံး၀င်လာမှာပါတယ်။
#Point_Of_View #ကလေးဆီကရလာတဲ့ပင်မဆဲလ်ရောဂါကုသနိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 23 May 2023
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် မေလ ၂၂ ရက်နေ့ နေ့လည် ၂နာရီကျော်ခန့်ကငွေဇာလှိုင်းအလှကုန်ဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဓားပြမှုဖြစ်စဉ်မှာ ဆိုင်ကယ်သုံးစီးနှင့် အမျိုးသမီးတစ်ဦး၊ အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး တုတ်၊ ဓားများအပါအဝင် သတ်နတ်ဟုယူဆရသော အရာတစ်ခုကို အဝတ်နဲ့ပတ်၍ ယူဆောင်လာပြီး တံခါးများပိတ်ကာ အနုကြမ်းစီးခဲ့တာကြောင့် ရွှေနဲ့ ငွေများပါသွားကြောင်း လူမှုကွန်ယက်သတင်းများအရ သိရသည်။
အဆိုပါ ဓားပြတိုက်ခံရမှုကြောင့် ကျပ်သိန်း (၇၀၀) ကျော်နဲ့ ရွှေထည်တွေ ပါသွားတယ်လို့လည်း ကနဦး သိရပါတယ်။
မုံရွာမြို့ပေါ်မှာ ရွှေဆိုင်၊ ဖုန်းဆိုင်၊ ဆိုင်ကယ်ဆိုင်တွေမှာ ဓားပြတိုက်မှု၊ အနုကြမ်းစီးမှုများ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး အကြိမ်၂၀ထပ် မနည်းတော့ကြောင်း ဒေသခံတွေကပြောသည်။
#ymg/ynzw #Local_News #မုံရွာမြို့ #ငွေဇာလှိုင်းအလှကုန်ဆိုင် ဓားပြတိုက်ခံရ
#YMG #Yangon-Media-Group
#Local_News
Published_ 23 May 2023
ရန်ကုန်တိုင်းအတွင်း ဈေးနှုန်းမြင့်ကွန်ဒိုများ အရောင်းအဝယ်အေးနေသော်လည်း မီနီကွန်ဒိုများသာအရောင်းအဝယ်ဖြစ်နေကြောင်း ဆောက်လုပ်ရေးကုမ္ပဏီများထံမှ သိရသည်။
ရန်ကုန်တိုင်းအတွင်း သိန်းခြောက်ထောင်နှင့်အထက်ကွန်ဒိုများမှာ အရောင်းအဝယ်အေးနေပြီး ရန်ကင်း၊ တောင်ဥက္ကလာပ အပါအဝင်မြို့နယ်တချို့ရှိ မီနီကွန်ဒိုများမှာ အရောင်းအဝယ်သွက်ကြောင်း အကျိုးဆောင်များက ပြောသည်။
“အရင်တုန်းက ဘဏ်တွေက Home Loan တွေ တအားပေးတဲ့ အချိန်မှာအရောင်းအဝယ်ဖြစ်တာပေါ့။ Home Loan တွေက အခုမှပြန်စဖို့ ဘဏ်တွေကပြင်နေတာကြတာလေ။ နည်းနည်းအရှိန်တော့ ပြန်ယူနေပြီ”ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့ရှိ မီနီကွန်ဒိုဈေးနှုန်းများမှာ တောင်ဥက္ကလာပမြို့နယ်၌ ၁၉ ပေ၊ ၅၄ ပေတိုက်ခန်းတစ်ခန်းလျှင် သိန်း ၁၆၀၀ ကျော်ပေါက်ဈေးရှိပြီး စမ်းချောင်းမြို့နယ်၌ ၂၅ ပေ၊ ၅၀ ပေ တိုက်ခန်းတစ်ခန်းလျှင် သိန်း ၁၆၀၀ ကျော်ပေါက်ဈေး ရှိကြောင်း၊ မရမ်းကုန်းမြို့နယ်၌ ၂၉ ပေ၊ ၄၀ ပေတိုက်ခန်းတစ်ခန်းလျှင် သိန်း၂၀၀၀ ခန့်ပေါက်ဈေးရှိကြောင်း၊ သင်္ဃန်ကျွန်းမြို့နယ်၌ ၁၉ ပေ၊ ၅၄ ပေတိုက်ခန်းတစ်ခန်းလျှင် သိန်း ၁၈၀၀ ခန့်ပေါက်ဈေးရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
#ymg/ppk #Local_News #ဈေးနှုန်းမြင့်ကွန်ဒို #မီနီကွန်ဒို
#အရောင်းအဝယ်ဖြစ် #Yangon-Media-Group
#World_Politics
Published 23 May 2023
အမေရိကန်အောက်လွှတ်ဥက္ကဌ 'ကီဗင်မက္ကာသီ'နဲ့ သမ္မတ'ဂျိုးဘိုင်ဒင်'တို့ဟာ တနင်္လာနေ့က အကြွေးကန့်သတ်ချက်ကိစ္စအကြောင်း အိမ်ဖြူတော်မှာ ဆက်လက်ဆွေးနွေးခဲ့ရာ သဘောတူညီမှုမရရှိဘဲ အဆုံးသတ်ခဲ့ပေမယ့် သဘောတူညီချက်တစ်ခုကို အကောင်အထည်ဖော်ပြီး မကြုံစဖူးကြွေးမြီပြဿနာကို ရှောင်ရှားနိုင်မယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
ဇွန်လ ၁ ရက်နေ့နောက်ဆုံးထားပြီး ကွန်ဂရက်လွှတ်တော်မှ သဘောတူညီချက်တစ်ခု ရရှိနိုင်မလားလို့ မေးတဲ့အခါမှာ အပြီးသတ်နိုင်မယ်လို့ ယုံကြည်ကြောင်း မက္ကာသီက တနင်္လာနေ့အစည်းအဝေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ထိုဇွန်လ ၁ ရက်နေ့မှာပဲ အမေရိကန်ပြည်ထောင်စုမှ ဘေလ်ပေးဆောင်ရမယ့်ငွေတွေလည်း ကုန်ဆုံးသွားနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီး'ဂျဲနတ်ယယ်လန်'က ထပ်လောင်းပြောကြားလိုက်ပါတယ်။
ဆွေးနွေးမှုက အကျိုးသက်ရောက်မှုရှိခဲ့ပြီး ရှေ့ဆက်သွားရမယ့် တစ်ခုတည်းသောနည်းလမ်းက နှစ်ဖက်သဘောတူညီချက်ရရှိဖို့ သစ္စာရှိရှိလုပ်ဆောင်ရန်လိုအပ်ကြောင်း ဘိုင်ဒင်နဲ့ မက္ကာသီတို့ ထပ်မံပြောကြားလိုက်ပါတယ်။
အချို့အပိုင်းတွေမှာ သဘောထားကွဲလွဲမှုရှိနေပေမယ့် ဦးဆောင်ညှိနှိုင်းသူများ၊ ဝန်ထမ်းများအနေဖြင့် ရှေ့ဆက်ရမယ့်လမ်းကြောင်းကို ဆက်လက်ဆွေးနွေးသွားမှာဖြစ်ကြောင်း ဘိုင်ဒင်ကမှတ်ချက်ပြုလိုက်ပါတယ်။
ရီပတ်ဘလစ်ကန်တွေနဲ့ ဒီမိုကရက်တစ်ပါတီနှစ်ဖက်စလုံးအတွက် လက်ခံနိုင်လောက်မယ့် သဘောတူညီချက်ရရှိရန် နှစ်ဦးစလုံးအနေနဲ့လိုအပ်ကြောင်း ဘိုင်ဒင်ကဆိုပါတယ်။
ဘိုင်ဒင်ဟာ အာရှခရီးစဉ်မှ တဝက်တပျက်ဖြင့်ပြန်လာကာ လွှတ်တော်ခေါင်းဆောင်များနဲ့ ဆက်လက်ညှိနှိုင်းရန် ဝါရှင်တန်ဒီစီသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
ဘိုင်ဒင်အစိုးရအဖွဲ့နဲ့ အောက်လွှတ်တော်ရီပတ်ဘလစ်ကန်တို့ဟာ စည်းကျော်ခဲ့ကြပြီး တစ်ဖက်သားကိုအပြစ်တင်ပြောဆိုကာ တိုင်းပြည်ကြွေးမြီပေးဆောင်ရန် ပျက်ကွက်ခြင်းမှရှောင်ရှားရန် လိုအပ်ကြောင်း အလေးပေးပြောကြားလိုက်ပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းများအပြင် သန့်ရှင်းစွမ်းအင်စီမံကိန်းများ အရှိန်မြှင့်ပေါ်ထွက်လာစေမယ့် ဒေါ်လာ ၆၀ ဘီလီယံတန်ဖိုးရှိ ကိုဗစ်ကယ်ဆယ်ရေးငွေများနဲ့ ပြုပြင်ပြောင်းလဲခွင့်ပြုခြင်းအပါအဝင် အလားအလာရှိတဲ့ သဘောတူညီချက်တစ်ရပ်မှာ နှစ်ဖက်စလုံးက အပေးအယူလုပ်မယ့်အပိုင်းတွေရှိနေတဲ့ အရိပ်အယောင်မြင်တွေ့ရပါတယ်။
ဇွန်လ ၁ ရက်နေ့မှာ ဘေလ်ပေးမဆောင်နိုင်ရင် ကွန်ဂရက်လွှတ်တော်နှစ်ရပ်စလုံးအတွက် အကျပ်အတည်းဖြစ်ပေါ်စေမှာဖြစ်ပါတယ်။
မည်သည့်ဥပဒေမူကြမ်းမဆို မဲခွဲမဆုံးဖြတ်ခင် အထက်လွှတ်တော်မရောက်မီ အောက်လွှတ်တော်အနေနဲ့ ၇၂ နာရီအချိန်လိုအပ်ကြောင်း မက္ကာသီကပြောပြခဲ့ပါတယ်။
၂၀၁၁ ခုနှစ်က ကြွေးမြီကန့်သတ်ချက် မြှင့်တင်ခြင်းနဲ့ပတ်သက်ပြီး အလားတူအငြင်းပွားမှုဖြစ်ခဲ့ကာ ဈေးကွက်များစီးပွားရေးကျဆင်းခဲ့ပါတယ်။
ကြွေးမြီဆောင်ရန်ပျက်ကွက်ပါက ဘဏ္ဍာရေးဈေးကွက်ကို ပြင်းထန်စွာထိခိုက်စေခြင်း၊ အပေါင်နှုန်းနဲ့ အကြွေးဝယ်ကတ်များ အတိုးနှုန်းတက်လာခြင်း၊ အစိုးရဝန်ထမ်းများ လူမှုဖူလုံရေးလက်ခံသူများ ငွေမရရှိနိုင်ခြင်းတို့ကြုံတွေ့ရနိုင်ကာ စီးပွားရေးလုပ်ငန်းများနဲ့ ပြည်သူများအနေဖြင့် ငွေချေးရန်အခက်အခဲဖြစ်စေနိုင်ပါတယ်။
အကြွေးကန့်သတ်ချက်မမြှင့်တင်နိုင်ပါက ဘယ်လိုဘေလ်မျိုးကို မပေးရမလဲဆိုတာကို ဆုံးဖြတ်ရန်ခက်ခဲသွားလိမ့်မယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ဆိုပါတယ်။
Source: NPR #World_Politics #ဘိုင်ဒင်နှင့်မက္ကာသီ #ကြွေးမြီကန့်သတ်ချက်အစည်းအဝေးပွဲ
#YMG #Yangon_Media_Group
#Local_News
Published_ 23 May 2023
ကိုရီးယားသမ္မတနိုင်ငံ၊ Gwangju မြို့၊ Kimdaejung Convention Center ၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Artificial Intelligence Technology-Plus 2023 (AI TECH+ 2023) သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိမှာ AI နည်းပညာဟာ IT လောကမှာ ရေပန်းစားလာပြီး သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ အနုပညာလုပ်ငန်းစသည်တို့အပြင် လူမှုကွန်ယက်စာမျက်နှာများတွင် အသုံးပြုနိုင်သည့်နည်းပညာတစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲသည် ကိုရီးယားသမ္မတနိုင်ငံတွင် AI ကဏ္ဍအတွက် တစ်ကမ္ဘာလုံးမှ ပညာရှင်များ စုဝေးဆွေးနွေးရာ နေရာတစ်ခုအဖြစ် ဖန်တီးသွားမည့် ပထမခြေလှမ်းပင်ဖြစ်ပါကြောင်း၊ AI TECH+ 2023 ကို လာရောက်မည့်သူများသည် စီးပွားရေးအချိတ်အဆက်များ ရရှိနိုင်ပြီး၊ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပါဝင်ပြသခြင်းဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ်
#ymg/ynzw #Local_News #AIနည်းပညာပြပွဲ
#YMG #Yangon_Media_Group
#Local_News
Published_ 23 May 2023
အကောင်ခွန်ဦးစီးဌာနအနေဖြင့် ကုန်ပစ္စည်းရှင်းလင်းထုတ်ယူသည့် လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် Online Banking ၊ Internet Banking တို့မှ တဆင့် Online Payment စနစ်ဖြင့် မေလ ၂၃ ရက်နေ့ (ယနေ့)မှစတင်ပေးဆောင်နိုင်ပြီဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
Online Payment စနစ်ဖြင့်ပေးဆောင်ရာတွင် KBZ Bank AYA bank၊ CB Bank တို့မှ တဆင့်ပေးဆောင်နိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
Online Payment ကိုဆောင်ရာတွင် ကုန်ပစ္စည်း တင်ပို့သူများ သို့မဟုတ် တင်သွင်းသူများအနေဖြင့် သက်ဆိုင်ဘဏ်များ၏ သတ်မှတ်ချက်များနှင့်အညီ Bank အကောင့်ဖွင့်လှစ်ထားရှိဖို့လိုအပ်ကြောင်းသိရသည်။ အဆိုပါOnline Payment စနစ်ကို ရန်ကုန် သီလဝါ အထူးစီးပွားရေးဇုန်အပါအဝင် ရန်ကုန်ဧရိယာ( A1,A3,A4,A5,A6,A9) တိုတွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။
#ymg/ynzw #Local_News #အခွန်ပေးဆောင်ရာတွင် Online Payment
#YMG #Yangon-Media-Group
Published 23 May 2023
ကမ္ဘောဒီးယားမှာရှိတဲ့ နိုင်ငံခြားသံအမတ်အချို့ဟာ သူ့ကိုရှေ့မှာလက်ဆွဲနှုတ်ဆက်နေကြပေမယ့် နောက်ကွယ်မှာ နောက်ကျောကို ဓားနှင့်ထိုးနေကြတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြင်းထန်စွာဝေဖန်ပြောဆို လိုက်ပါတယ်။
မေ၂၂ရက်က သီဟာနုဗီလီ အထူးစီးပွားရေးဇုန်မှာ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်အစီအစဉ် ၁၀နှစ်ပြည့်အထိမ်း အမှတ်အဖြစ် တာယာစက်ရုံအသစ်တစ်ခုဖွင့်ပွဲမှာ သူက ယင်းကဲ့သို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ ကမ်ဆိုခါ Kem Sokha ကိုလွှတ်ပေးဖို့ ကျွန်တော်က ဘုရင်မင်းမြတ်နှင့် တရားရုံးကိုပြောနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကိုလက်ဆွဲနှုတ်ဆက်ပြီး စော်ကားမော်ကားလုပ်နေကြတဲ့ သံတမန်အချို့ကို ကျွန်တော်မယုံလို့ပဲ။ အဲဒါကြောင့် သူ့ကို ကျွန်တော် ခွင့်လွှတ်မပေးနိုင်ဘူး။ ဒါကို အချို့သံတမန်တွ နားလည်သင့်တယ်။ ကမ္ဘောဒီးယားမှာ သံတမန်လုပ်နေကြတဲ့ နိုင်ငံခြားသားတွေကို ကျွန်တာ် အယုံအကြည်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ကျွန်တော့်ကိုစော်ကားတယ်။ ကျွန်တော့်ရဲ့ အချုပ်အခြာနှင့် နိုင်ငံကိုစော်ကားတယ်” လို့ မစ္စတာဟွန်ဆန်ကပြောပါတယ်။
“ အဲဒါကြောင့် သူတို့နှင့် ကျွန်တော်အလုပ်မလုပ်နိုင်ဘူး။ ခင်ဗျားတို့က ကမ္ဘောဒီးယားမှာ အလုပ်လုပ်ချင်ကြတာလား။ ဒါမှမဟုတ် အတိုက်အခံအုပ်စုလူနည်းနည်းလေးနှင့် အလုပ်လုပ်ချင်ကြတာလား” လို့ သူက ဆက်ပြောပါတယ်။
“လက်ရှိအခြေအနေနှာ အချို့သော နိုင်ငံခြားသံတမန်တွေဟာ အတိုက်အခံအုပ်စု အနည်းငယ်ကလေးကို အာရုံစိုက်ထား ကြတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးအဖြစ်နှင့် နိုင်ငံ့ခေါင်းဆောင်အပေါ်အာရုံမစိုက်ဘူး” လို့သူကပြောပါတယ်။
နိုင်ငံခြားမိတ်ဆွေတွေဟာ ကမ္ဘောဒီးယားရဲ့ ငြိမ်းချမ်းရေးနှင့်လွတ်လပ်ရေးအတွက် ကမ္ဘောဒီးယားပြည်သူတွေရဲ့ ဆန္ဒကို လေးစားရလိမ့်မယ်လို့ သူယုံကြည်တယ်လို့လည်းဆိုပါတယ်။
ဒါဟာ နိုင်ငံခြားသားတွေရဲ့ ပြဿနာမဟုတ်ဘူး။ ဒါဟာ ကမ္ဘောဒီးယားရဲ့ ပြည်တွင်းပြဿနာဖြစ်တယ်။ အဲဒါကြောင့် ကိုယ့်ပြဿနာကို ကမ္ဘောဒီးယားကပဲ ကိုယ်တိုင်ဖြေရှင်းသင့်တယ်” လို့ သူကပြောပါတယ်.
Source Khmer Times
#ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်
#ကမ္ဘောဒီးယားနိုင်ငံရေး
#YangonMediaGroup
#World_Science
Published 23 May 2023
လွန်ခဲ့တဲ့နှစ်ပေါင်း ၄.၅၀၀ ခန့်က လူ့ယဉ်ကျေးမှုသမိုင်းမှာ နမ်းရှုတ်ခြင်းနဲ့ပတ်သက်တဲ့ အစောဆုံးမှတ်တမ်းကို သုတေသီများမကြာမီက ရှာဖွေတွေ့ရှိခဲ့ကာ ရှေးဟောင်းအရှေ့အလယ်ပိုင်းမှာ တည်ရှိခဲ့တာဖြစ်တယ်လို့ အထောက်အထားများက ဖော်ပြနေပါတယ်။
၂,၅၀၀ ဘီစီခန့် အစောဆုံးမီဆိုပိုတေးမီးယန်းလူ့အဖွဲ့အစည်းဟာ နမ်းရှိုက်ခြင်းကို စတင်ကျင့်သုံးခဲ့တယ်လို့ အထောက်အထားများဖော်ပြနေပါတယ်။
Science ဂျာနယ်မှာဖော်ပြခဲ့တဲ့ဆောင်းပါးအရ နမ်းရှိုက်ခြင်းကနေ အအေးမိအနာလိုမျိုး ပါးစပ်မှကူးစက်တတ်တဲ့ရောဂါတွေ ပျံ့နှံ့တာကိုလည်း သက်သေပြနေပါတယ်။
ရင်းနှီးဖော်ရွေမှုအရ နမ်းခြင်းဟာ ခေတ်ကာလယဉ်ကျေးမှုအလျောက် လူသားတွေအသုံးပြုကြပေမယ့် ချစ်ခြင်းသဘောတရားအရ နမ်းရှိုက်တာကတော့ ယဉ်ကျေးမှုအရ ဖြစ်လာဖွယ်မရှိဘူးလို့ ယူဆရပါတယ်။
တွေ့ရှိချက်အသစ်ရ နမ်းခြင်းဟာ ရှေးခေတ်ကတည်းက ယဉ်ကျေးမှုအမျိုးမျိုးဖြစ်နေတဲ့ လူသားများကြား ချစ်ခင်ရင်းနှီးမှုအစိတ်အပိုင်းတစ်ခုဖြစ်ပြီး နေရာအတိအကျတစ်ခုဆီကနေ ဆင်းသက်လာတာမဟုတ်ပါဘူး။
မီဆိုပိုတေးမီးယန်းကျမ်းဂန်များအရ နမ်းခြင်းဟာ အိမ်ထောင်သည်တွေကြား ကျင့်သုံးကြပြီး လက်မထပ်ရသေးသူများ ချစ်ကျွမ်းဝင်တဲ့အခါမှာလည်း စိတ်ဆန္ဒရှိခြင်းရဲ့အစိတ်အပိုင်းတွေလို့ ယူဆနိုင်ပါတယ်။
ရွှံ့စေးပြားအထောက်အထား ထောင်ပေါင်းများစွာ ယနေ့တိုင်ရှိနေဆဲဖြစ်ပြီး ရှေးခေတ်ကာလကတည်းက နမ်းရှိုက်ခြင်းဟာ ချစ်ခြင်းဆိုင်ရာ အစိတ်အပိုင်းဖြစ်သလို မိသားစုဝင် မိတ်ဆွေများရင်းနှီးမှုရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း ပြသနေပါတယ်။
ရေယုန်ဗိုင်းရပ်စ်လို ရောဂါတွေ မရည်ရွယ်ဘဲ ကူးစက်ပျံ့နှံ့စေခဲ့တာဖြစ်နိုင်ကြောင်း ဆက်လက်အကြံပြုခဲ့ကြပါတယ်။
ထိုကျမ်းဂန်စာသားတွေဟာ ခေတ်ကာလရဲ့ မတူညီတဲ့ယဉ်ကျေးမှုနဲ့ ဘာသာရေးအယူအဆများ လွှမ်းမိုးနိုင်တဲ့စာများဖြစ်တာကြောင့် တန်ဖိုးသတ်မှတ်လို့မရနိုင်ကြောင်း သုတေသီများပြောကြားခဲ့ပါတယ်။
Source: WION #World_Science #နှစ်ပေါင်း(၄,၅၀၀) #နမ်းရှုတ်ခြင်းအစောဆုံးမှတ်တမ်း
#YMG #Yangon_Media_Group
Page 923 of 1703