Published_ 30 December 2023
ရန်ကုန်မြို့၌ နှစ်သစ်ကူးပွဲတော် New Year Countdown 2024 ကို ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။
အဆိုပါ ပွဲတော်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်၊ ညနေ (၆) နာရီမှ စတင်ကာ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင်များစွာဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မီးရှူးမီးပန်းပစ်ဖောက်ခြင်း အပါအဝင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သောကြောင့် ပါဝင်ဆင်နွှဲကြရန် ပွဲတော်ကျင်းပရေးကော်မတီက ဖိတ်ခေါ်ထားကြောင်း သိရသည်။
Yangon_Times/NN
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published_30 December 2023
နေပြည်တော် စည်ပင်သာယာရေးနယ်နမိတ်အတွင်းရှိ အစိုးရနေအိမ်၊ တိုက်ခန်းများတွင် နေထိုင်သူများအနေဖြင့် ခွေး၊ ကြောင်မွေးထားပါက တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများ ဌာန၌ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အဆိုပါ နေပြည်တော်စည်ပင်သာယာရေးနယ်နမိတ်အတွင်း ခွေရူးရောဂါကဲ့သို့ တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေးအတွက် အိမ်မွေးတိရစ္ဆာန်ခွေး၊ကြောင်မွေးသူများအနေဖြင့် အောက်ပါအချက်များအားလိုက်နာရမည်ဖြစ်ကြောင်းသိရသည်။
အစိုးရနေအိမ်၊တိုက်ခန်းများတွင် နေထိုင်ခွင့်ရသူများသည်အများကို အနှောင့်အယှက် မည်သည့်တိရိစ္ဆာန်ကိုမှ မွေးမြူရေးခြင်းမပြုရကြောင်း၊အများပြည်သူများအား အန္တရာယ်ဖြစ်စေနိုင်သည်ဟု ကော်မတီကသတ်မှတ်သော တိရိစ္ဆာန်များကို မွေးမြူခြင်းမပြုရကြောင်းသိရသည်။
ထို့အပြင် ခွေး၊ကြောင်များကို သတ်မှတ်စည်းကမ်းချက်အတိုင်းကာကွယ်ဆေးမထိုးဘဲ မွေးမြူခြင်းမပြုရကြောင်း၊မိမိနေအိမ်တွင်း ခွေး၊ကြောင်မွေးမြူလိုသူများသည်တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန၌မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။
၄င်းအပြင် အိမ်မွေးတိရစ္ဆာန်မွေးမြူရန် ခွင့်ပြုချက်ရယူသူသည် ခွင့်ပြုချက်ပါစည်းကမ်းများကို လိုက်နာရမည့်အပြင် နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနတို့က အခါအားလျော်စွာထုတ်ပြန်သော အမိန့်နှင့်ညွှန်ကြားချက်များကိုလည်း လိုက်နာရမည်ဖြစ်ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံခြင်း၊လည်ပတ်တံဆိပ်များတပ်ဆင်ခြင်းနှင့်အခြားအခွန်အခများပေးဆောင်ခြင်းတို့ကိုလည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် ကာကွယ်ဆေးမထိုးရသေးသောထိန်းကျောင်းသူမပါရှိသော ခွေးနှင့်ကြောင်များကို လွှတ်ထားခြင်းမပြုကြောင်း၊လည်ပတ်နှင့်ထိန်းကြိုးများခိုင်ခန့်စွာတပ်ဆင်ထားရမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
"ပလင်းကမ်းသာယာဆင်စခန်း ဝင်ကြေးတွေ ပြောင်းလဲမှုမရှိဘဲ ပြည်တွင်းခရီးသွားတွေအတွက် ၁၀၀၀ကျပ်၊နိုင်ငံခြားသား တစ်သောင်းနဲ့ ဆင်စီးငှား ပြည်တွင်းကျပ်၅၀၀၀ ပြည်ပ ကျပ်၁၀၀၀၀ သတ်မှတ်ထားတယ်"
ပလင်းကမ်းသာယာဆင်စခန်းမှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
' လက်ရှိပဲစင်းငုံတစ်တန် ၃၃သိန်းလောက်ရှိနေတယ်၊ အိန္ဒိယရာသီဥတုမကောင်းခဲ့လို့ အထွက်နှုန်းမသေချာတာကောမှန်းထားတဲ့ ပမာဏလောက်မထွက်နိုင်လို့ ယူဆထားတာကြောင့် ပဲစင်းငုံ လိုအပ်ချက်များနေတာကြောင့် ဆက်တက်ဦးမယ် '
Yangon_Times/NN
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published_30 December 2023
သင်္ကြန်မိုးဇာတ်ကားထုတ်လုပ်သူ ဦးဇော်မြင့်(ရီမြင့်ရုပ်ရှင်မန္တလေး)၏ မိခင်၊ အကယ်ဒမီနောင်နောင်(သရုပ်ဆောင်)၏ ဘွားဘွား ဒေါ်ရီရီ(Nelly Thant) (BA. Geography၊ရီမြင့်ရုပ်ရှင်မန္တလေး) သည်ဒီဇင်ဘာလ၂၈ရက်တွင် ကွယ်လွန်သွားကြောင်းသိရသည်။
ကွယ်လွန်ချိန်တွင် အသက် ၉၂နှစ်ရှိပြီဖြစ်ပြီး ဒီဇင်ဘာလ၃၁ရက်တွင် မန္တလေးရှိ အေးရိပ်ငြိမ် သုဿန်၌သဂြိုဟ်သွားမည်ဟုဆိုသည်။
အဘွားဒေါ်ရီရီကွယ်လွန်သွားသည့်အတွက်အကယ်ဒမီ ဒါရိုက်တာမောင်မျိုးမင်းမှလည်း ဝမ်းနည်းကြေကွဲရကြောင်းကိုယခုလိုဖော်ပြထားသည်။
"ရီမြင့်ရုပ်ရှင်ထုပ်လုပ်ရေးမှ ကိုဇော်မြင့်၏ မိခင်ကြီးဒေါ်ရီရီ ကွယ်လွန်ကြောင်းကြားသိရတဲ့အတွက် မိသားစုနှင့်အတူ ဝမ်းနည်းရပါတယ် မိခင်ကြီးကောင်းရာသုဂတိရောက်ပါစေ"ဟု အကယ်ဒမီ ဒါရိုက်တာမောင်မျိုးမင်းက ဖော်ပြထားသည်။
Yangon_Times/tthl
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 30 December 2023
တိုက်ပွဲကြောင့် ပျက်စီးခဲ့သည့် သီပေါ -နမ္မတူ လမ်းပိုင်း ဆက်သွယ်ထားသည့် မိုးတေတံတားကို ဒေသခံပြည်သူများက ယာယီပြုပြင်ပြီး ယာဉ်ငယ်များ ဖြတ်သန်းနိုင်ရန် ဆောင်ရွက်ထားကြောင်းဒေသခံ ပြည်သူများထံက သိရသည်။
ဒီဇင်ဘာ (၂၈)ရက် ည (၇)နာရီဝန်ကျင်းအချိန်ခန့်တွင် သီပေါ နှင့် နမ္မတူအကြားလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းလမ်းပိုင်းပေါ်ရှိ မိုးတေတံတား ထပ်မံပျက်ဆီးခဲ့ကာ လုံးဝကျိုးကျသွားခြင်းမျိုးမဟုတ်ဘဲ တံတားအစိတ် အပိုင်းတစ်နေရာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့် ပျက်ဆီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
"" ၂၉ ရက် နေ့ မှာ ပဲ အနီးနား က ပြည်သူတွေက လမ်းပဲ့သွား ပေါက်သွားတဲ့ နေရာ တွေကို ယာယီ သွားလို့ရအောင် လုပ်လိုက်တဲ့ အတွက် ယာဉ်အသေးတွေနဲ့ တန်ချိန်နည်းတဲ့ယာဉ် တွေ ဖြတ်သန်းသွားလာလို့ရပါတယ်""ဟု သီပေါ မှ ဒေသခံတစ်ဦးကပြောသည်။
ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများကြောင့် ယခု ဒီဇင်ဘာလ (၁)ရက်နေ့တွင် လားရှိုးနှင့် သီပေါမြို့သို့ဆက်သွယ်ထားသော စဉ့်အင်တံတားမှာ ကျိုးကျပျက်ဆီးခဲ့သည်။
အလားတူ နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ယင်းလမ်းမပေါ်ရှိ ကျောက်မဲ-သီပေါ ဆက်သွယ်ထားသော ကျင်သီတံတားမှာလည်း လက်နက်ကြီးထိမှန်မှုကြောင့် ကျိုးကျပျက်ဆီးခဲ့သေးကြောင်း သိရသည်။
Yangon_Times/LW
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group

ဒီအချိန်မှာ ရွှေတွေထုတ်ပြီး လုပ်ငန်းလုပ်မယ့်အစား၊ တစ်ချို့အလုပ်မရှိတဲ့သူတွေက ရွှေတွေပြန်ဝယ်ပြီး ကိုင်ကြတာကြောင့်ရယ်၊ နောက်ပစ္စည်းရှားတာ၊ ငွေလဲနှုန်းကြောင့်ရွှေဈေးက ၃၇သိန်းမှာ ငြိမ်နေတယ်။
Yangon_Times/NN
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
မွေးမြူရေးတိရစ္ဆာန်အစာအနေနဲ့ အသုံးပြုတဲ့ ပဲဖတ်ဈေးကွက်ဟာ ယခုနှစ်မှာ ၀ယ်လိုအားအလွန်နည်းတဲ့အတွက် ဈေးမြင့်ရရှိမှု မရှိဘူးလို့ ကုန်သည်တွေထံက သိရပါတယ်။
Yangon_Times/LW
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
"ပုဂ္ဂလိကပညာရေးဥပဒေအရ သတ်မှတ်အကျယ်အဝန်းရှိတဲ့ စာသင်ခန်းတွေပါတဲ့ စာသင်ကျောင်းတွေ ဖွင့်လှစ်ရမှာဖြစ်တဲ့အတွက် တစ်ဦးချင်းဖွင့်ဖို့ ခက်ခဲသူတွေရှိလာနိုင်လို့ စုပေါင်းဖွင့်သင့်တယ်" မြန်မာနိုင်ငံကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဌဦးနေအုပ်
Yangon_Times/tthl
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published. 30 December 2023
မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပြုချက်များကို သိရှိနိုင်စေရန်အတွက် ပြည်တွင်းပြည်ပ ခရီးသွားစစ်တမ်းများကို ကောက်ယူမည်ဖြစ်ကြောင်းဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ကပြောကြားသည်။
နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဒီဇင်ဘာ၂၉ရက်ကပြုလုပ်ခဲ့သော
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် သုတေသနဆောင်ရွက်ပုံနည်းလမ်းများအတိုင်း စနစ်တကျ သုတေသနပြုလုပ်ခြင်းမှတစ်ဆင့် ရရှိလာသည့် ကိန်းဂဏန်းအချက်အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်နှင့်သုတေသနတွေ့ရှိ ချက်များကိုအခြေခံ၍ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ခရီးသွားစစ်တမ်းများ စတင်ကောက်ယူခြင်း ဖွင့်ပွဲအခမ်းအနားတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းခရီးသွားစစ်တမ်းကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ပေါင်း ၁၉ မြို့ရှိ ခရီးသွားဆွဲဆောင်ရာ နေရာများ၊ ဝင်/ထွက်ပေါက်များ၊ မီးရထားဘူတာရုံများတွင် ကောက်ယူသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားစစ်တမ်းကို ရန်ကုန်၊ မန္တလေး၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်းနှင့် မူဆယ်မြို့များရှိ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များတွင် ကောက်ယူသွားမည်ဖြစ် ကြောင်းသိရသည်။
အဆိုပါ ခရီးသွားစစ်တမ်း ကောက်ယူ မှုအစီအစဉ်အရ ပြည်တွင်းခရီးသွားများကို ဒီဇင်ဘာ ၃၀ ရက်မှ စတင်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရ သည်။
Yangon_Times/LW
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published 30 December 2023
အမေရိကန်ဟာ ပုံမှန်လွှတ်တော်သုံးသပ်ချက် လျှော့ပေါ့ရေး အရေးပေါ် အခြေအနေတစ်ရပ်အဖြစ် ဒေါ်လာ ၁၄၇.၅ သန်းတန်ကြေးရှိ ပေါက်ကွဲအားပြင်းတဲ့ ၁၅၅ မီလီမီတာ အမြောက်ကျည်များနဲ့ ဆက်စပ်ပစ္စည်းများ အစ္စရေးလ်သို့ ရောင်းချခြင်းကို အတည်ပြုရန် ဒီဇင်ဘာ ၂၉ ရက်နေ့က ကြေညာလိုက်ပါတယ်။
ဂါဇာမှာ ဟားမတ်စ်တို့နဲ့ စစ်ဖြစ်နေတဲ့ အစ္စရေးလ်တို့အတွက် ၁၂၀ မီလီမီတာ တင့်ကားကျည် ၁၄,၀၀၀ နီးပါးရောင်းချခြင်းကိုလည်း အတည်ပြုရန် ယခုလအစောပိုင်းက ဆောင်ရွက်ခဲ့ပါတယ်။
အစ္စရေးလ်တို့က ယခင်စစ်လက်နက် ရောင်းချခြင်းအပြင် ၁၅၅ မီလီမီတာ လက်နက်ခဲယမ်းများပါ ရောင်းချပေးရန် တောင်းဆိုခဲ့ရာ စုစုပေါင်းခန့်မှန်း ကုန်ကျစရိတ်က ဒေါ်လာ ၉၆.၅၁ သန်းကနေ ၁၄၇.၅ သန်းအထိ များပြားလာကြောင်း အမေရိကန် ကာကွယ်ရေးနဲ့ လုံခြုံရေးပူးပေါင်းအေဂျင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက်အရ ကွန်ဂရက်မှ သာမန်အတိုင်း ပြန်လည်သုံးသပ်မှုတွေ လျှော့ပေါ့ပေးရမယ့်် အရေးပေါ်အခြေအနေဖြင့် အစ္စရေးလ်အစိုးရသို့ ချက်ချင်းရောင်းချရန် ဆုံးဖြတ်လိုက်ကြောင်း၊ လက်နက်ခဲယမ်းတွေက အမေရိကန်စစ်တပ် လက်နက်တိုက်မှ ပစ္စည်းဖြစ်ကြောင်း သိရပါတယ်။
မြင့်မားလာမယ့် စစ်ရေးစွမ်းရည်ဖြင့် အစ္စရေးလ်ဟာ ဒေသတွင်း ခြိမ်းခြောက်မှုကို ချေဖျက်ပြီး အမိမြေကာကွယ်ရေးကို တိုးမြှင့်ဆောင်ရွက်လာနိုင်မှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က ပါလက်စ်တိုင်း စစ်သွေးကြွဟားမတ်စ်အဖွဲ့ဟာ နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေးလ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေးလ်-ဟားမတ်စ် စစ်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဒီနောက် အမေရိကန်ရဲ့ စစ်ရေးကူညီမှုများဖြင့် အစ္စရေးလ်ဟာ ဂါဇာမှာ စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ပါတယ်။
အစ္စရေးလ်စစ်ဆင်ရေးကြောင့် ဂါဇာမှာ ပျက်စီးဆုံးရှုံးမှုနဲ့ အရပ်သားသေဆုံးမှုပမာဏက နိုင်ငံတကာမှာ ဝေဖန်စရာဖြစ်နေပြီး အစ္စရေးလ်ကို ထောက်ပံ့နေတဲ့ အမေရိကန်ရဲ့ နိုင်ငံတကာဆိုင်ရာ ပုံရိပ်မှာလည်း ကျဆင်းလာပါတယ်။
Source: CNA
Published_30 December 2023
#World_Military
#Yangon_Times #YMG_News #Yangon_Media_Group
Published 30 December 2023
အမျိုးအမည် မသိရသေးတဲ့ ပဋိဇီဝပစ္စည်းတွေဟာ တုပ်ကွေးဗိုင်းရပ်စ် အမျိုးမျိုးကို ချေဖျက်နိုင်စွမ်းရှိတယ်လို့ ပစ်ဘာ့ဂ်ဆေးတက္ကသိုလ်မှ သုတေသီများက တွေ့ရှိထားပါတယ်။
ဒီတွေ့ရှိချက်တွေကြောင့် တုပ်ကွေးဗိုင်းရပ်စ်အားလုံးကို ထိရောက်စေမယ့် ကာကွယ်ဆေး ထုတ်လုပ်လာနိုင်ဖို့ ခြေလှမ်းတိုးတက်လာတာ ဖြစ်ပါတယ်။
သမားရိုးကျ တုပ်ကွေးကာကွယ်ဆေးတွေက ကိုယ်ခံအားကို လှုံ့ဆော်ကာ ပဋိဇီဝပစ္စည်းများ ထွက်ရှိစေပြီး တုပ်ကွေးဗိုင်းရပ်စ် မျက်နှာပြင်ပေါ်မှ ဟီမာဂလူလင်လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပရိုတိန်းကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဆိုပါ ပရိုတိန်းက အချိန်နဲ့အမျှ ဗီဇပြောင်းလဲလာပြီး တုပ်ကွေးမျိုးဗီဇကွဲအသစ်များ ပေါ်ထွက်လာကာ ယခင်ကာကွယ်ဆေးတွေကို ခုခံလာနိုင်ပါတယ်။
ကူးစက်မှုများတဲ့ H1 ၊ H3 တို့လို တုပ်ကွေးမျိုးကွဲတွေကို တပြိုင်တည်းကာကွယ်နိုင်မယ့် ပဋိဇီဝဆေးတွေကို သုတေသီများ စူးစမ်းထုတ်လုပ်လာကြပါတယ်။
လူနာတွေရဲ့ သွေးနမူနာများဖြင့် စမ်းသပ်မှုပြုလုပ်ရာမှာ H3 နဲ့ H1 မျိုးကွဲများကို ချေဖျက်နိုင်စွမ်းရှိတဲ့ ပဋိဇီဝဆေးအသစ်တစ်မျိုးကို တွေ့ရှိခဲ့ကြပါတယ်။
ပြောင်းလဲနေတဲ့ ဗိုင်းရပ်စ်တွေကို ကာကွယ်နိုင်ဖို့ နှစ်စဥ်တုပ်ကွေးကာကွယ်ဆေး လိုအပ်ကြောင်း၊ တုပ်ကွေးဗိုင်းရပ်စ် ထိတွေ့ခြင်းနဲ့ ကာကွယ်ဆေးပေးခြင်းတို့ သင့်တင့်စွာ ပေါင်းစပ်ပါက တုပ်ကွေးမျိုးကွဲတွေကို ခုခံနိုင်မယ့် ပဋိဇီဝတုန့်ပြန်မှု ရရှိမှာဖြစ်ကြောင်း သုတေသီများ ဖော်ပြသွားပါတယ်။
ဒါ့အပြင် အမြဲဗီဇပြောင်းလဲနေတဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေကို တာရှည်ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေး အနာဂတ်မှာ ရရှိရန် မျှော်လင့်နေကြပါတယ်။
Source: The Jerusalem Post
Published_30 December 2023
#World_Health
#Yangon_Times #YMG_News #Yangon_Media_Group
Page 918 of 2004