Published_ 27 July 2023
ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ မူအန်င်မြို့နယ်၊ ဘန့်ကချဲင်ကျေးရွာ၌ မြန်မာနိုင်ငံသားတစ်ဦး ငါးရှာရင်း ဓါတ်လိုက်သေဆုံးမှု ယမန်နေ့ ဇူလိုင်လ ၂၆ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၃၀ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုချမ်းမွန် ဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံ၊ပထုံဌာနီခရိုင်၊ မူအန်င်မြို့နယ်၊ ဘန့်ကချဲင်ကျေးရွာတွင် ပန်ရံအလုပ်လုပ်ကိုင်နေထိုင်သူ ဖြစ်ကြောင်း သိရသည်။
ဒေသခံများက လူတစ်ဦး ရေမြောင်းဘေးတွင် သေဆုံးနေကြောင်း သတင်းပေးတိုင်ကြားချက်အရ စွမ်ဖလစ်ထိုင်းရဲစခန်းမှ ရဲတပ် ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြကြသည်။
အခင်းဖြစ်ပွားရာနေရာတွင် ဝါယာကြိုး၊ ပလာရာ၊ လက်နိပ်ဓါတ်မီး စသည်တို့ကို တွေ့ရှိခဲ့ကြောင်း၊ချောင်း အတွင်း ဝါယာလျှော့ရိုက်၍ ငါးရှာနေစဉ် ဓါတ်လိုက်ပြီးသေဆုံးသွားခြင်း ဖြစ်ကြောင်းနှင့် အ မှုခင်းဆရာဝန်က လည်း ဓါတ်လိုက်ပြီး သေဆုံးသော ဖြစ်စဉ်ဟု အတည်ပြုကြောင်းသိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published_ 27 July 2023
မြန်မာ့လက်ရွေးစင်နှင့် မကာအိုလက်ရွေးစင်အသင်းတို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလားနှင့် ၂၀၂၇ အာရှဖလား ပထမအဆင့်ခြေစစ်ပွဲတွေကို အိမ်ကွင်းအဝေးကွင်း ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
အနိုင်ရရှိတဲ့အသင်းက ဒုတိယအဆင့်ခြေစစ်ပွဲကိုထပ်မံယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ၂၀၂၆ ခြေစစ်ပွဲ (အာရှဇုန်-ပထမအဆင့်) နှင့် အာရှဖလား ၂၀၂၇ ခြေစစ်ပွဲ မဲခွဲခဲ့တာ ဖြစ်ပါတယ်၊
လာမယ့် အောက်တိုဘာ (၁၂) ရက်နှင့် (၁၇) ရက်နေ့တို့မှာ အိမ်ကွင်း၊ အဝေးကွင်း စနစ်ဖြင့် နှစ်ကျော့ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ရမှတ်များတဲ့အသင်းက ဒုတိယအဆင့် ခြေစစ်ပွဲသို့ တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။
မြန်မာအသင်းနှင့် မကာအိုအသင်းတိုဟာ (၅) ကြိမ်အထိ တွေ့ဆုံခဲ့ဖူးပြီး (၅) ကြိမ် စလုံးကို မြန်မာအသင်းကပဲ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ygm_mnn
#Yangon_Media_Group
#local_sport
#YMG #Yangon_Times
Published_ 27 July 2023
မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ထိုင်းနိုင်ငံတွင် ကျင်းပမည့် Continental Futsal Championship 2023 ပြိုင်ပွဲကို ကစားသမား ၁၈ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အာရှ ဖူဆယ်ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင် အသင်းဟာ ဇွန် ၁၇ ရက်က စတင်ပြီး ပဏာမကစားသမား ၂၄ ဦးနဲ့ လေ့ကျင့်ပြင်ဆင်ခဲ့ တာဖြစ်ပြီး လက်ရှိအချိန်တွင် ကစားသမား ၁၈ ဦးသို့ လျှော့ချခဲ့ခြင်းဖြစ်ပါတယ်။
Continental Futsal Championship 2023 ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(ခ)တွင် အိမ်ရှင်ထိုင်းအသင်း၊ ဆော်လမွန်ကျွန်းစု အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
Continental Futsal Championship 2023 ပြိုင်ပွဲ၏ အုပ်စု အဆင့်ပွဲစဉ်များကို ဩဂုတ် ၇ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီးမြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း သည် ဩဂုတ် ၇ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ထိုင်း အသင်း၊ ဩဂုတ် ၈ ရက် မြန်မာစံတော်ချိန် ၇ နာရီတွင် ဆော်လမွန်ကျွန်းစု အသင်းနှင့် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Continental Futsal Championship 2023 ပြိုင်ပွဲတွင် ကစားသမား (၁၆)ဦးသာ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိသော်လည်း ကစားသမား ၁၈ ဦးစလုံးကို ထိုင်းခြေစမ်းခရီးစဉ်ကို ခေါ်ဆောင်သွားမယ်လို့ သိရပါတယ်။
ဂိုးသမားများ
ကျော်ထက်အောင်၊ ဇွဲပြည့်စုံ၊ ညီညီသန့်
ကစားသမားများ
မျိုးမြင့်စိုး၊ မင်းခန့်၊ ရှိုင်းထက်အောင်၊ လပိုင်ဇော်လွန်း၊ ဝေဇင်ဦး၊ ညိမ်းမင်းစိုး၊ ထွဋ်ဝေထွန်း၊ မျိုးသက်အောင်၊ ကိုကိုလွင်၊ နိုင်လင်းထွန်းကျော်၊ အောင်ဇင်ဦး၊ လှိုင်မင်းထွန်း၊ ကိုရဇ္ဇ၊ သက်နောင်၊ ဇော်ဖြိုးဦး။
ygm_mnn
#Yangon_Media_Group
#local_sport
#YMG #Yangon_Times
ရခိုင်ပြည်နယ်ရှိ မြို့နယ် (၇) မြို့နယ်အတွင်း မိသားစုဝင် တစ်သောင်းကျော်အတွက် စပါးမျိုးစေ့များ ICRC က ပေးဝေ
ရပ်ရွာလူထုတွေရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ ပိုမို တိုးတက်လာစေဖို့နဲ့ ရေရှည်ရပ်တည်နိုင်မှုကို အားပေးမြှင့်တင်ပေးတာဖြစ်
Yangon_Times/my
#Local_News
#Published_ 27 July 2023
#YMG #Yangon_Times
အခြေခံစားကုန်ဈေးတက်၍ စားသောက်ဆိုင်လုပ်ငန်းများအခက်ကြုံ
‘စားသောက်ဆိုင်လုပ်ငန်းတွေ ပုံမှန်လည်ပတ်နေပေမယ့်လည်း အခြေခံစားကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ဆား၊ကြက်သွန် စတာတွေလည်း တစ်ရိပ်ရိပ်ဈေးတက်နေသလို သွင်းကုန်ပစ္စည်းတွေလည်းဈေးတက်နေလို့ ရုန်းကန်နေရတယ်’ ဦးနေလင်း၊ဥက္ကဌ (မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(ဗဟို))
Yangon_Times/tthl
#Local_News
#Published_ 27 July 2023
#YMG #Yangon_Times
ပြည်ပမှစားအုန်းဆီဈေး နှစ်ပတ်နေမှပြန်တည်ငြိမ်မည်
‘စားအုန်းဆီဈေးတွေ လာမယ့်နှစ်ပတ်အတွင်း ပြန်တည်ငြိမ်သွားဖို့ရှိသလို စားအုန်းဆီဈေးတက်လို့ ပြည်တွင်းထုတ်မြေပဲဆီနဲ့ ဈေးသိပ်မကွာတော့တဲ့အတွက် ပြည်တွင်းဆီတွေဈေးကွက်ပိုမိုရရှိလာတယ်’
ဦးရဲသူအောင်(ဒုဥက္ကဌ၊ရန်ကုန်တိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း)
Yangon_Times/tthl
#Local_News
#Published_ 27 July 2023
#YMG #Yangon_Times
Published_ 27 July 2023
နွေရာသီ ကာလတွင်ကစားသမားအပြောင်းအရွှေ့အတွက် ငွေကြေးများစွာသုံးစွဲခဲ့ပြီးနောက်အဆင်နယ်အသင်းလူစာရင်းမှာကမ္ဘာတွင် တန်ဖို: အကြီးဆုံးဖြစ်လာသည်ဟု သိရသည်။
ရိုက်စ်၊ဟာဗက်ဇ်နှင့် တင်းဘားတို့ကို ခေါ်ယူပြီးနောက်ယခုကဲ့သို့ တန်ဖိုးမြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
အာတီတာ၏ အာဆင်နယ်အသင်းမှာ လက်ရှိတွင်တန်ဖိုး ယူရို၁ ဒသမ၅၁ဘီလီယံရှိနေပြီး ဂွာဒီယိုလာ၏ မန်စီးတီး ၊အခြားပရီးမီးယားလိဂ်ထိပ်သီးအသင်းများနှင့် ဥရောပထိပ်တန်းကလပ်အသင်းကြီးများဖြစ်သေ ပီအက်စ်ဂျီ'ဘိုင်ယန်မြူးနစ် ရီးရဲမက်ဒရစ်၊ဘာစီလိုနာ တို့ကိုကျော်ဖြတ်၍ ထိပ်ဆုံးနေရာ၌ ရပ်တည်နေခြင်းဖြစ်သည်။
အင်္ဂလန်အသင်းများက ထိပ်တန်းနေရာ၌ရပ်တည်နေသော်လည်းဥရောပ ထိပ်တန်းအသင်း ၂၅ သင်းစာရင်းတွင် နာပိုလီအက်သလက်တီကို၊ အင်တာမီလန်၊ ဂျုဗင်တပ်၊ အေစီမီလန်၊နှင့် ဘေယာလေဗာကူဆင်တို့လည်းပါဝင်လျက်ရှိသည်။
ယခုကဲ့သို့ငွေကြေး မြောက်မြားစွာသုံးခွဲခဲ့သော်လည်းအာဆင်နယ်သည် ကစားသမားထပ်မံခေါ်ယူရန်စီစဉ်နေပြီး တိုက်စစ်မှုးနေရာအတွက် အက်သလက်တီကိုမက်ဒရစ်မှ ယာအိုဖိလစ်ကို စောင့်ကြည့်လျက်ရှိသည်ဟုသိရသည်။
Ref: Daily Cannon
#YMG #Yangon_Times
Published_ 27 July 2023
မာဂျရင်းအစား သံလွင်ဆီစားသုံးပေးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာထက်မြက်မှု ဆက်ရှိနေနိုင်မလားဆိုတာကို မာဆာချူဆက်စ် ဘော့စ်တွန်ရှိ အမေရိကန်အာဟာရအသိုင်းအဝိုင်း နှစ်စဉ်အစည်းအဝေးပွဲမှာ လေ့လာတင်ပြခဲ့ပါတယ်။
အမေရိကန်ကျန်းမာရေးကျွမ်းကျင်သူ ၉ သောင်းကျော်ပါဝင်တဲ့ ကြိုတင်စမ်းသပ်မှုထဲမှာ သံလွင်ဆီပိုမိုစားသုံးသူတွေက လာမယ့်ဆယ်စုနှစ် ၃ ခုအတွင်း ဒီမန်ရှာကြောင့် သေဆုံးနိုင်ချေ လျော့နည်းသွားကြောင်း တွေ့ရှိခဲ့ပါတယ်။
သံလွင်ဆီ မစားသုံးသူများနဲ့ယှဉ်တဲ့အခါ သံလွင်ဆီစားပွဲတင်ဇွန်း တဝက်ကျော်ကို နေ့စဉ်စားသုံးသူများဟာ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါကြောင့် သေဆုံးနိုင်ချေကို ၂၈ ရာခိုင်နှုန်းလျှော့ချနိုင်ကြောင်း သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
မာဂျရင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ နေရာမှာ သံလွင်ဆီအစားထိုးလိုက်ပါက ဒီမန်ရှာကြောင့်ဖြစ်တဲ့ သေဆုံးနိုင်ချေကို ၁၄ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။
ဒီလိုလေ့လာချက်တွေက ချက်ကျလက်ချ သက်သေပြတာမျိုးထက် ဆက်နွယ်နေတာကိုသာ ညွှန်ပြနေတယ်လို့ ပညာရှင်များ အသိအမှတ်ပြုထားကြပါတယ်။
သံလွင်ဆီမှာ ပါဝင်တဲ့ အိုမီဂါ-၃ဖက်တီးအက်ဆစ်က ရောင်ရမ်းခြင်းကိုသက်သာစေတဲ့ အစွမ်းသတ္တိရှိပြီး ဦးနှောက်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်တာ ဖြစ်ပါတယ်။
ဒီမန်ရှာဖြစ်ပွားရတဲ့ အကြောင်းအရင်းထဲမှာ ရောင်ရမ်းခြင်းကလည်း ပါဝင်ပတ်သက်နေတယ်လို့ ယူဆရပါတယ်။
သံလွင်ဆီအများအပြား သုံးထားတဲ့ မက်ဒီတာရေနီယန် အစားအစာတွေကြောင့် သက်ကြီးရွယ်အိုတွေမှာ မှတ်ဉာဏ်နဲ့အသိဉာဏ်စွမ်းရည်များ တိုးတက်စေနိုင်ပြီး ဒီမန်ရှာဖြစ်နိုင်ချေ လျော့နည်းစေကြောင်း ဆက်စပ်တွေ့ရှိထားပါတယ်။
အခုနောက်ဆုံး လေ့လာချက်မှာတော့ သံလွင်ဆီက အစားအစာပုံစံတစ်ခုလုံးထက် ပိုပြီးအကျိုးရှိနေတယ်လို့ ဆိုထားပါတယ်။
နှလုံးသွေးကြောကျန်းမာရေးအပေါ် သံလွင်ဆီရဲ့သက်ရောက်မှုကို တွေ့ရှိထားကာ သံလွင်ဆီနဲ့ ဒီမန်ရှာဖြစ်နိုင်ချေ နည်းခြင်းတို့ကြား ဆက်စပ်ပုံကိုတော့ မရှင်းလင်းနိုင်ဘူး ဖြစ်နေပါတယ်။
သံလွင်ဆီမှာပါဝင်တဲ့ ဓာတ်တွေက ရောင်ရမ်းခြင်းနဲ့ ဓာတ်တိုးခြင်းတို့ကို ဆန့်ကျင်တဲ့အစွမ်းသတ္တိရှိပါတယ်။
ဒီမန်ရှာမဖြစ်စေရန်အတွက် ပုံသေနည်းလမ်းမရှိဘဲ နေထိုင်စားသောက်မှုပုံစံ ပတ်ဝန်းကျင်အခြေအနေတို့ကလည်း ဦးနှောက်ကျန်းမာရေးအတွက် အရေးပါနေပါတယ်။
Source: The Jerusalem Post.
#World_Health
#YMG #Yangon_Times
Published_ 27 July 2023
မြောက်ကိုရီးယားခေါင်းဆောင် 'ကင်မ်ဂျုံအန်'ဟာ ရုရှားကာကွယ်ရေးဝန်ကြီး 'ဆာဂျီရှိုဂူ'နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံစလုံးမှ ဆက်ဆံရေးမြှင့်တင်သွားရန် ကတိပြုထားခဲ့တဲ့အတိုင်း တိုင်းပြည်ကာကွယ်ရေးပြပွဲသို့ လှည့်ပတ်ပြသခဲ့ပြီး မြောက်ကိုရီးယားမှ တားမြစ်ထားတဲ့ ပဲ့ထိန်းဒုံးကျည်များကို ပြသခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြခဲ့ပါတယ်။
ရှိုဂူက ရုရှားသမ္မတ'ဗလာဒီမာပူတင်' ပေးလိုက်တဲ့စာကို ကင်မ်ဂျုံအန်ထံ ပေးအပ်ခဲ့ပါတယ်။
ရှိုဂူဦးဆောင်တဲ့ စစ်ဘက်ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်လိုက်တဲ့ ပူတင်ကို ကင်မ်က ကျေးဇူးတင်လိုက်ကာ အဆိုပါတွေ့ဆုံမှုက မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား ဗျူဟာကျပြီး အစဉ်အလာရှိတဲ့ဆက်ဆံရေးကို ပိုမိုနီးစပ်စေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ရုရှားကိုယ်စားလှယ်အဖွဲ့၊ တရုတ်ကွန်မြူနစ်ပါတီအဖွဲ့ဝင် 'လီဟောင်ကျောင်'တို့ပါဝင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့တို့ဟာ မြောက်ကိုရီးယားမှာ ကျင်းပတဲ့ ကိုရီးယားစစ်ပွဲပြီးဆုံးခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်သို့ ယခုသီတင်းပတ်အတွင်း ရောက်ရှိလာတာ ဖြစ်ပါတယ်။
ဒါဟာ ကိုဗစ်ကပ်ရောဂါပြီးနောက်ပိုင်း မြောက်ကိုရီးယားသို့ ဒီလိုမျိုး အထင်ကရပုဂ္ဂိုလ်တွေ ပထမဆုံးပြန်လည်ရောက်လာတာဖြစ်ပါတယ်။
မြောက်ကိုရီးယားက တရုတ်၊ ရုရှားတို့နဲ့ ဆက်ဆံရေးထူထောင်ကာ ဘုံပြိုင်ဘက်အမေရိကန်ကို ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
ကင်မ်က ရှိုဂူကို ကာကွယ်ရေးလက်နက်ပြပွဲသို့ ခေါ်ဆောင်လာကာ အသစ်ထုတ်လုပ်ထားတဲ့ လက်နက်များ၊ စစ်လက်နက်ပစ္စည်းများကို ပြသခဲ့ကြောင်း KCNA က ဖော်ပြထားပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ စည်းမျဉ်းသတ်မှတ်ချက်များအရ မြောက်ကိုရီးယားနိုင်ငံကို ပဲ့ထိန်းဒုံးကျည်နည်းပညာ အသုံးပြုပြီး လက်နက်များထုတ်လုပ်ခြင်းမှ တားမြစ်ထားကာ ထိုစဉ်က ရုရှားနဲ့တရုတ်တို့လည်း ပါဝင်ခဲ့ပါတယ်။
နှစ်နိုင်ငံ အချုပ်အခြာအာဏာ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အကျိုးစီးပွားတို့ကို နယ်ချဲ့သမားများ နိုင်ထက်စီးနင်းပြုခြင်းမှ ကာကွယ်ရန်၊ နိုင်ငံတကာ တရားမျှတမှု၊ ငြိမ်းချမ်းရေးတို့ကို အကောင်အထည်ဖော်ရန် ကိစ္စရပ်များကို ကင်မ်က စိုးရိမ်ပူပန်ကြောင်း ဖော်ပြသွားပါတယ်။
KCNA က ယူကရိန်းစစ်ပွဲကို တိုက်ရိုက်ဖော်ပြခြင်းမရှိဘဲ ရုရှားတို့ တရားမျှတမှုနဲ့ အချုပ်အခြာအာဏာကို ကာကွယ်တဲ့တိုက်ပွဲကို မြောက်ကိုရီးယားက အပြည့်အဝထောက်ခံကြောင်း ကာကွယ်ရေးဝန်ကြီးချုပ် 'ဂန်ဆန်နမ်'က ပြောကြားခဲ့တယ်လို့တော့ ဖော်ပြခဲ့ပါတယ်။
ရှိုဂူကလည်း မြောက်ကိုရီးယားစစ်တပ်ဟာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးဖြစ်ကြောင်း ပြုံယမ်းစားသောက်ပွဲမှာ ချီးကျူးပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားနဲ့ လက်နက်အပေးအယူလုပ်နေတယ်ဆိုတာကို ငြင်းဆန်ထားပါတယ်။
Source: Reuters
#World_News
#YMG #Yangon_Times
Published_ 27 July 2023
နိုင်ငံ့စီးပွားရေးမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းတိုးတက် ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်လည်း ၄ ရာခိုင်နှုန်းခန့် တိုးတက်မည်ဟု မျှော်မှန်း ထားကြောင်း ဇူလိုင် ၂၆ ရက်တွင် နေပြည်တော်၌ပြုလုပ်သော မြန်မာနိုင်ငံ စီးပွားရေးရာ ကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၃)၌ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့ပါတယ်။
နစကဥက္ကဋ္ဌက နိုင်ငံ့စီးပွားမြှင့်တင်ရေးကို တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ နစက တာဝန်ယူဆောင်ရွက်ပြီးနောက်ပိုင်း ချေးငွေများလုံးဝချေးယူခြင်းမရှိကြောင်း၊ ပြည်ပထောက်ပံ့ငွေလည်း ၂၀၂၂ခုနှစ် နှောင်းပိုင်းရောက်မှသာ အနည်းငယ်ရရှိခဲ့သဖြင့် အချို့လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စိုက်ပျိုးမြေများသုံးစွဲမှုနှင့်ပတ်သက်၍ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲလျက်ရှိခြင်းကြောင့် နိုင်ငံ၏စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါပြဿနာကို အစိုးရအဆက်ဆက်ဖြေရှင်းခဲ့ကြသော်လည်း ယခုအချိန်ထိ ရှိနေဆဲဖြစ်ကြောင်း၊ မြေအသုံးချမှုနှင့်ပတ်သက်၍ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည် ဖြစ်ပြီး ပြဋ္ဌာန်းဥပဒေများနှင့်အညီ စိစစ်ကြပ်မတ်ထိန်း သိမ်းဆောင်ရွက်သွားဖို့ လိုတယ်လို့ ဆိုပါတယ်။
ပြည်တွင်းစားသုံးဆီလိုအပ်ချက်အတွက် စားသုံးဆီများကို ပြည်ပမှ နှစ်စဉ်တင် သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာ သုံးစွဲကုန်ကျလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်း စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် ပဲ၊ နှမ်း၊ နေကြာ စိုက်ပျိုးခြင်း များကို အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ဆီစက်များအဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်မှစ၍ စားသုံးဆီဖူလုံမှု ရှိရမယ်လို့ ပြောကြားပါတယ်။
စက်သုံးဆီများကိုလည်း ပြည်ပမှနှစ်စဉ် တင်သွင်းနေရကြောင်း၊ စက်သုံးဆီသုံးစွဲမှု များကိုလျှော့ ချနိုင်ရန်အတွက် လျှပ်စစ်ဓာတ် အားသုံး အများပြည်သူပို့ဆောင်ရေး စနစ်များ တိုးတက်လာရေးနှင့် ပြည့်ဖြိုးမြဲစွမ်းအင်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများ တိုးတက်စေရေး အားပေးဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ထို့ပြင် အသစ်ထုတ်ပြန်လိုက်သည့် နှစ်သောင်းတန်ငွေစက္ကူထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ အကန့်အသတ်ဖြင့်သာထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ဘဏ္ဍာငွေ လိုအပ်ချက်မရှိသကဲ့သို့ နိုင်ငံအတွင်းလည်ပတ်သုံးစွဲငွေများ မျှတစွာဖြင့်ရှိနေ တယ်လို့ ဆိုပါတယ်။
အဆိုပါ နှစ်သောင်းတန် ထုတ်လုပ်ခြင်းသည် အထိမ်းအမှတ်အဖြစ် ထုတ်ခဲ့ခြင်း သာဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံအတွင်းငွေကြေး လည်ပတ်မှုအနေဖြင့် ပုံမှန်အခြေ အနေသို့ပြန်လည် ရောက်ရှိနေပြီဖြစ်ပြီး ဘဏ်များ၌ငွေကြေးအပ်နှံမှုများ များစွာ ရှိကြောင်း၊ ယခုကဲ့သို့နှစ်သောင်းတန် ငွေစက္ကူထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှု လုံးဝ ဖြစ်ပေါ်စေမည်မဟုတ်ကြောင်း၊ စီးပွားရေးအရ ကမောက်ကမ ဖြစ်စေရန်အတွက် နိုင်ငံရေးအရ တိုက်ခိုက်မှုသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ygm_mnn
#Yangon_Media_Group
#local_news
#YMG #Yangon_Times
Published_ 27 July 2023
လတ်တလောလေ့လာမှုတစ်ခုမှာ အိုမီဂါ-၃ကို နေ့စဉ်အစားအသောက်ထဲ ထည့်သွင်းဖို့ အရေးကြီးကြောင်း အလေးပေးဖော်ပြခဲ့ပါတယ်။
လူအများစုက အဆိုပါအာဟာရဓာတ် လိုအပ်ချက်များအတိုင်း မပြည့်မီတာကို သတိပေးလာကြပါတယ်။
NIH မှလေ့လာချက်အရ အိုမီဂါ-၃ဖက်တီးအက်ဆစ်ကို ငါးနဲ့ ငါးကြီးဆီဖြည့်စွက်စာတို့မှာ အများဆုံးတွေ့ရပြီး အဆုတ်ကျန်းမာရေးထိန်းသိမ်းရာမှာ အရေးပါပါတယ်။
အိုမီဂါ-၃ဖက်တီးအက်ဆစ်ဟာ ရောင်ရမ်းဆန့်ကျင်အစွမ်းသတ္တိရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်။
အိုမီဂါ-၃ဖက်တီးအက်ဆစ်နဲ့ အဆုတ်ကျန်းမာရေးတို့ကြား ဆက်စပ်နိုင်ချေကို သုသေသီတို့က အပိုင်း ၂ ပိုင်းခွဲပြီး သေချာလေ့လာခဲ့ကြပါတယ်။
စမ်းသပ်မှုပထမအပိုင်းမှာ နာတာရှည်အဆုတ်ရောဂါ လက္ခဏာမရှိတဲ့ အမေရိကန် ၁၅,၀၆၃ ဦးကို ခေါ်ယူခဲ့ပါတယ်။
ပါဝင်စမ်းသပ်ခံသူတွေက ပျမ်းမျှအသက် ၅၆ နှစ်၊ အမျိုးသမီးက ၅၅ ရာခိုင်နှုန်းနဲ့ လူမျိုးကွဲပြားနေကြကာ အကြမ်းဖျင်းအားဖြင့် ၇ နှစ်အထိ လိုက်လံစောင့်ကြည့်ထားပြီး အချို့အခြေအနေတွေမှာ နှစ် ၂၀ အထိ စောင့်ကြည့်ခဲ့ကြပါတယ်။
သွေးထဲမှာ အိုမီဂါ-၃ဖက်တီးအက်ဆစ် များပြားပါက အချိန်ကြာတာနဲ့အမျှ အဆုတ်လုပ်ဆောင်ချက်ကျဆင်းလာနှုန်းကို သက်သာစေတဲ့အထိ ဆက်စပ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။
အဓိကပတ်သက်နေတာက ဆယ်လ်မွန်၊ တူနာ၊ ငါးသေတ္တာတို့မှာ အများအပြားတွေ့ရတဲ့ DHA အိုမီဂါ-၃ဖက်တီးမျိုးဖြစ်ပါတယ်။
စမ်းသပ်မှုဒုတိယအပိုင်းမှာတော့ သုတေသီတွေက ဥရောပမှ လူပေါင်း ၅ သိန်းကျော်ခေါ်ယူကာ သွေးထဲက အထူးမျိုးရိုးဗီဇအမှတ်အသားတွေကို လေ့လာခဲ့ကာ အဆုတ်ကျန်းမာရေးနဲ့ ဘယ်လိုဆက်စပ်နေလဲဆိုတာကို နားလည်အောင် ကြိုးပမ်းခဲ့ကြပါတယ်။
အဲဒီမှာမှ အိုမီဂါ-၃ဖက်တီးအက်ဆစ်များပြားခြင်းဖြင့် အဆုတ်လုပ်ဆောင်ချက် ကောင်းမွန်စေကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
အိုမီဂါ-၃က ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိစေနိုင်ကာ နှလုံးသွေးကြောစနစ်နဲ့ နှလုံးရောဂါဖြစ်နိုင်ချေတို့ကို လျှော့ချပေးနိုင်ပါတယ်။
ဒါ့အပြင် ဦးနှောက်လုပ်ဆောင်ချက် ကျန်းမာသန်စွမ်းနေစေရန်နဲ့ အသိဉာဏ်စွမ်းရည် ဖွံ့ဖြိုးမှုထောက်ပံ့ရာမှာလည်း အရေးပါနေပါတယ်။
Source: WION.
#World_Health
#YMG #Yangon_Times
တရုတ်နိုင်ငံမှာ ဟောလိဝုဒ်ရုပ်ရှင်ကားများရဲ့ ဝင်ငွေနည်းပါးလာပြီး ဒါဟာ တရုတ်ရုပ်ရှင်ကားများ အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်း၊ တရုတ်အမျိုးသားအင်အား ဖွံဖြိုးတိုးတက်လာခြင်း၊ ဟောလိဝုဒ်ရုပ်ရှင်များ တီထွင်ဆန်းသစ်မှု နည်းပါးလာခြင်းတို့ကြောင့် ဖြစ်နိုင်တယ်လို့ တရုတ်ရုပ်ရှင်လုပ်ငန်း ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။
#World_Entertainment
#Published_ 26 July 2023
#YMG #Yangon_Times
Page 914 of 1775