Publishded 26 July 2023
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းမှ ပထမအဆင့်ပြီးစီးမည့်တိုက်ခန်း( ၁၂၀၀)ခန့်ကို စတင်ငှားရမ်းနေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာန( ရန်ကုန်တိုင်းဒေသကြီး)မှသိရသည်။
ထိုသို့ငှားရမ်းရာတွင် ပထမအဆင့်ပြီးစီးမည့်တိုက်ခန်းများကို ဝင်ငွေနည်း၍ နေထိုင်ရေး
အခက်အခဲရှိသည့် ပြည်သူ၊ အငြိမ်းစားဝန်ထမ်း နှင့်တာဝန်ထမ်းဆောင်ဆဲနိုင်ငံ့ဝန်ထမ်းများကို ငါးနှစ်သက်တမ်းဖြင့်စတင်ငှားရမ်းနေထိုင်ခွင့်ပြုမည်ဖြစ်ပြီးငှားရမ်းလိုသူများအနေဖြင့်အိမ်ခန်းလျှောက်လွှာများအား သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင်ဝယ်ယူ၍သတ်မှတ်ပုံစံများတွင်ဖြည့်စွက်ပြီးယခုလ ( ၃၁ )ရက်နေ့နောက်ဆုံးထားတင်သွင်းရမည်ဖြစ်သည်။
အဆိုပါအိမ်ခန်းငှားရမ်းခများကို တစ်လငှားရမ်းခအနေဖြင့် ပထမထပ်ကို ငွေကျပ်၆၇၀၀၀
ကျပ်၊ ဒုတိယထပ်ကို ၆၀၀၀၀ကျပ်၊ တတိယထပ်ကို ၅၅၀၀၀ကျပ် နှင့် စတုတ္ထထပ်ကို ၄၆၀၀၀ကျပ်နှုန်း သတ်မှတ်ထားကြောင်းသုခဒဂုံပြည်သူ့အငှားအိမ်ရာကော်မတီမှသိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အမှတ် ၂ လမ်းမကြီးနှင့်အမှတ် ၇ လမ်းမကြီး မြို့ပတ်လမ်းဆုံအနီးတည်ဆောက်နေသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းကို မြေဧရိယာ ( ၁၇၁)ဧကပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး ပထမအဆင့်အနေဖြင့် အဆောက်အအုံ ( ၁၉၄ )လုံးကို မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် ( MCEF)နှင့် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်များအသင်းချုပ် ( MLCA)တို့က အဆောက်အအုံ ( ၉၄ )လုံးစီကို ခွဲဝေဆောက်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။
Yangon Times/mnd
#Local_News
#YMG #Yangon_Times
Published_ 26 July 2023
ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲအတွက် သြဂုတ်လအတွင်း အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA) က ထုတ်ပြန်ထားသည်။
ယခုနှစ် ဒီဇင်ဘာလ ၃ ရက် တွင် အဆိုပါ စာမေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းလျှောက်လွှာ များကို N1,N2,N3 အဆင့်အတွက်ဩဂုတ်လ ၁၄ ရက် မှ ၁၆ ရက်အထိလည်းကောင်း၊ N4 လျှောက်လွှာများ ကိုဩဂုတ်လ ၁၇ ရက် မှ ၂၂ ရက်အထိလည်းကောင်း၊ N5 လျှောက်လွှာများကို ဩဂုတ်လ ၂၃ရက် မှ ၂၄ ရက်အထိလည်းကောင်း နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်ဘာသာစာမေးပွဲအတွက် စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေးကို N1 နှင့် N2အဆင့်အတွက် စုစုပေါင်း ကျပ် ၅၀၀၀၀ ၊ N3, N4 နှင့် N5 အဆင့်အတွက် စုစုပေါင်း ကျပ် ၄၅၀၀၀ ကျသင့်နှုန်းဖြင့် လူဦးရေမှာ (၅၀၀၀၀)၏ လျှောက်လွှာများကို လက်ခံမည် ဖြစ်ကြောင်းသိရသည်။
သင်တန်းကျောင်းများ ကြိုတင်စာရင်းပေးသွင်းခြင်းအနေဖြင့် Google form မှတစ်ဆင့် ဇူလိုင်လ ၂၄ရက် မှ ကြိုတင်စာရင်းပေးသွင်းနေကြပြီး ယင်းတို့မှာ ဇူလိုင်လ၂၈ ရက်ထိ ပေးသွင်းနိုင်ကြောင်း ၊ သင်တန်းကျောင်း တစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး (၁၅၀) စောင်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာအရောင်းကာလမှာ ရန်ကုန်စာဖြေဌာနအတွက် သြဂုတ်လ ၉ ရက် မှ ၁၁ ရက်အထိလည်းကောင်း၊ မန်းလေးစာဖြေဌာနအတွက် သြဂုတ်လ ၉ ရက် မှ ၁၀ ရက်အထိဖြစ်ပြီး လျှောက်လွှာများကို ရန်ကုန်စာဖြေဌာန တွင် သြဂုတ်လ ၁၂ရက် မှ ၁၈ ရက်တွင်လည်းကောင်း၊ မန္တလေးစာဖြေဌာနတွင်သြဂုတ်လ၁၂ရက် မှ ၁၄ ရက်အထိလည်းကောင်း ပြန်လည်လက်ခံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်နှင့် ၁၀ နှစ်အောက် ဖြေဆိုသူများ Levelအားလုံးအတွက် လျှောက်လွှာ အရောင်းကာလနှင့်လက်ခံကာလကိုသြဂုတ်လ ၁၃ရက် မှ ၁၅ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published_ 26 July 2023
မိုခါမုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုများကို အာမခံလျှော်ကြေးပေးချေခဲ့ကြောင်းနှင့် တောင်သူလယ်သမားများ သီးနှံပျက်စီးသွားလည်းအာမခံကြေးရအောင် ဆောင်းစပါးသီးနှံရာသီအမီ သီးနှံအာမခံထားရှိနိုင်ရေး ပေါ်လစီရေးဆွဲဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ယင်းကဲ့သို့ဆောင်ရွက်လျက်ရှိကြောင်းကို (၃၃)ကြိမ်မြောက်အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အစည်းအဝေးတွင် အာမခံကြီးကြပ်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဌ၊စီမံကိန်းနှင့်ဘဏာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ်တွင်မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး မီးအာမခံနှင့် မော်တော်ကာ’အာမခံထားရှိ ထားသူများကို အာမခံလျှော်ကြေးပေးချေမှုများဆောင်ရွက်ခဲ့ကြောင်း၊ တောင်သူလယ်သမားများအတွက်လိုအပ်သည့် သီးနှံအာမခံထားရှိနိုင်ရေးအတွက် မြန်မာ့အာမခံလုပ်ငန်းမှ ဆောင်းစပါးသီးနှံအမီပေါ်လစီပေါ်လစီရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊သီးနှံကြိတ်ခွဲပြီးသယ်ယူသည့် အခါတွင်လည်းကောင်း၊သိုလှောင်သည့်အခါတွင်လည်းကောင်းလိုအပ်သည့်အာမခံအကာအကွယ်များဖြစ်သည့် မီးအာမခံ၊သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်သည့်အာမခံများကို အာမခံကုမ္ပဏီများမှရောင်းချပေးလျက်ရှိကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံ၏ အာမခံဈေးကွက်တွင် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အစိုးရ၊ဖက်စပ်၊ပုဂ္ဂလိကပိုင် ကုမ္ပဏီစုစုပေါင်း(၂၇)ခုမှ အာမခံအမျိုးအစား(၄၂)မျိုးကိုဝန်ဆောင်မှုများပေးနေကြောင်း သိရသည်။
Yangon_Times/Tthl
#Local_News
#YMG #Yangon_Times
Publishded_ 26 July 2023
ဧရာဝတီမြစ်အဖြစ်စတင်မြစ်ဖျားခံစီးဆင်းရာ မေခနှင့်မလိခမြစ်ပေါင်းဆုံရာ ဒေသဖြစ်သည့် မြစ်ဆုံဒေသကို မြစ်ကြီးနားမြို့၏ ခရီးသွားပြယုဂ်တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြစ်ဆုံဒေသ၏ မူလသဘာဝအလှအပများကို ပျက်ဆီးဆုံးရှုံးမူ့မရှိစေရန်နှင့်ပြည်ပခရီးသွားများကိုဆွဲဆောင်နိုင်ရန်အတွက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။
မြစ်ဆုံဒေသကိုအဆင့်မြင့်တင်ဆောင်ရွက်ရာတွင် ပထမငါးနှစ်တာကာလအတွင်း မြစ်ဆုံသွားလမ်းနှင့် မြစ်ကြီးနားဆွန်ပရာဘိုပြည်ထောင်စုလမ်းမကြီးလမ်းဆုံနေရာများတွင် ကချင်တိုင်းရင်းသားတို့၏ ရိုးရာအမွေအနှစ်နှင့်အထိမ်းအမှတ်များပါဝင်သောမုဒ်ဦးတည်ဆောက်ခြင်း ၊မြစ်ဆုံသွားလမ်းအဆင့်မြှင့်တင်ခြင်းတို့ကိုဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် မြစ်ဆုံဧရိယာအတွင်းတွင် ကျယ်ဝန်းသောကားပါကင်တည်ဆောက်ခြင်း၊ Hallခန်းတွင် ရိုးရာစားသောက်ခန်းများထားရှိခြင်း၊ မြစ်ဆုံကျောက်များဖြင့်အလှဆင်သည့်လုပ်ငန်းများအားဖော်ထုတ်ပြသခြင်းတို့အပြင် နေရာရှူခင်းများကိုပြုပြင်၍အလှပန်းဥယျာဥ်ဆောင်ရွက်ခြင်း နှင့် ကလေးကစားကွင်းများကိုထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
ကချင်ပြည်နယ် မြစ်ဆုံဒေသသည် မြစ်ကြီးနားမြို့နှင့် ( ၂၈ )မိုင်ကွာဝေးပြီး မော်တော်ယာဥ်ဖြင့်သွားလာပါက တစ်နာခွဲအချိန်ခန့်သာကြာမြင့်သည့်အတွက်ခရီးသွားများနှင့် ဒေသခံပြည်သူများ အများဆုံးလာရောက်လည်ပတ်ကြသည့်နေရာဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
Yangon_Times/MND
#Local_News
#YMG #Yangon_Times
Published_ 26 July 2023
မုတ်သုန်အားကောင်းပြီး လေဖိအားနည်းရပ်ဝန်း၏သက်ရောက်မှုကြောင့် ရန်ကုန်အပါအဝင်ဒေသအချို့တွင် မိုးသည်းထန်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့်လေဖိအားနည်းရပ်ဝန်းသည် နောက် (၂၄)နာရီအတွင်း အိန္ဒိယနိုင်ငံထဲသို့ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုဆိုသည်။
ထူးခြားချက်အနေဖြင့် ဖိလစ်ပိုင် ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသောတိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီသည်လည်းဇူလိုင်၂၈ရက်တွင်တရုတ်နိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုခန့်မှန်းထားသည်။
နောက်နှစ်ရက်အတွင်းတနင်္သာရီတိုင်း၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်တို့တွင်မိုးပိုမည်ဖြစ်ပြီး ရန်ကုန်မြို့တွင်မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုန်းရွာမည်ဖြစ်သလို မန္တလေးနှင့် နေပြည်တော်တွင်လည်း နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းသိရသည်။
အခုရက်ပိုင်းအတွင်း စစ်တွေ၊ရေး။ပြည်၊ကျိုက်မရော၊ဘားအံ၊ခန္တီး၊တမူး၊ပေါင်၊ရန်ကုန်မင်္ဂလာဒုံ၊ ပူတာအို၊သထုံတို့တွင် မိုးသည်းထန်ခဲ့ပြီး မိုးရေချိန်များများခဲ့သည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times
Published_ 26 July 2023
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြာင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့သူ ပြည်သူများအား မိတ္တာ(Matta Clinic)အဖွဲ့က နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း ယင်း အဖွဲ့ထံမှ သိရသည်။
မိတ္တာအဖွဲ့အနေဖြင့် လက်ရှိတွင် ရသေ့တောင်မြို့နယ်၊ ပေါက်တောမြို့နယ် ၊ ဘူးသီးတောင်မြို့နယ် သုံးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ ကွင်းဆင်းကာ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးလျက်ရှိသည်ဟု သိရသည်။
ယင်းသို့ ပြုလုပ်ပေးရာတွင် ပြီးခဲ့သော ဇွန်လမှာစတင်ကာ ယနေ့အချိန်အထိ ကျေးရွာပေါင်း (၃၀)ခန့်ရှိ ကျေးရွာသူ/ကျေးရွာသားများအား နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးလျက်ရှိသည်။
အဆိုပါအဖွဲ့အနေဖြင့် ရခိုင် ပြည်နယ်အတွင်း အိမ်တိုင်ရာ ရောက် ဆွေးနွေးနှစ်သိမ့်မှုများ ပြု လုပ်ပေးနေသလို၊ အွန်လိုင်းမှတဆင့်လည်း ပြုလုပ်ပေးလျက်ရှိပြီး၊ ယင်းအတွက် အခကြေးငွေယူခြင်းမရှိဘဲ ဝန်တောင်မှုပေးနေခြင်းဖြစ်သည်။
Yangon_Times/my
#Local_News
#YMG #Yangon_Times
မြန်မာယူ ၁၂ 2023 အတွက် ဆန်ခါတင်ကစားသမား (၂၅)ဦး ရွေးချယ်ပြီးစီး
သြဂုတ်လ ဒုတိယအပတ်တွင်း အပြီးသတ်ကစားသမား (၁၈)ဦးကို ထပ်မံရွေးချယ်မည်။
Yangon Times/my
#Local_News
#Published_ 26 July 2023
#YMG #Yangon_Times
အမြန်လမ်းက မေတ္တာကမ်းလက် မိဘမဲ့ကလေးများစောင့်ရှောက်ရေးတွင်ဆေးဝါးနှင့်စားသောက်ကုန်များလိုအပ်နေ
ပညာသင်ယူနေသည့်ကလေးငယ် ၁၄၄ ယောက် ကို ဆရာဆရာမ ၉ ယောက်က ပညာဒါနအဖြစ် စာသင်ကြားပေးနေပါတယ်။
Yangon Times/mnd
#Local_News
#Published_ 26 July 2023
#YMG #Yangon_Times
ရန်ကုန်မြို့ ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း ပြီးစီးပါက ယခင်ခုတ်မောင်းချိန်ထက် လျော့ချသွားမည်ဟုဆို
အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ပြီးဆုံးရင်တော့ မိနစ် ၅၀ အကြာအထိ လျော့ချခုတ်မောင်းနိုင်မည်
Yangon Times/my
#Local_News
#Published_ 26 July 2023
#YMG #Yangon_Times
Published_ 26 July 2023
ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် ယနေ့ မြန်မာလုပ်သား(၁၅၀)ဦး ထပ်မံစေလွှတ်ခဲ့၍ ဇူလိုင်လအတွင်း လုပ်သား(၁၀၀၀) ကျော်စေလွှတ်ပြီးဖြစ်ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံးကသိရသည်။
ယခုဇူလိုင်လ ၂၆ရက်အထိ EPS စနစ်ဖြင့် မြန်မာလုပ်သားစေလွှတ်မှု ၇ ကြိမ်မြောက်ရှိခဲ့ပြီး လုပ်သား(၁၀၄၉) ဦးကို စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သံရုံး၏ စာရင်းများအရသိရသည်။
EPS စနစ်ဖြင့် စေလွှတ်ခဲ့ရာတွင် ဇူလိုင်လ ၄ရက်က မြန်မာလုပ်သား စုစုပေါင်း (၁၅၃) ဦး ၊ဇူလိုင်လ ၁၀ရက်က EPSစနစ်ဖြင့် Regularကုန်ထုတ်လုပ်သား(၁၄၆)ဦး ၊ ဇူလိုင်လ၁၂ရက် က မြန်မာလုပ်သား (၁၄၉)ဦး ၊ ဇူလိုင် ၁၈ရက်က မြန်မာလုပ်သား(၁၅၁) ဦး၊ဇူလိုင်လ၁၉ရက်က မြန်မာလုပ်သား (၁၅၁)ဦး၊ဇူလိုင်လ ၂၅ရက်က မြန်မာ လုပ်သား (၁၄၉)ဦး၊ ဇူလိုင်လ ၂၆ရက်(ယနေ့) မြန်မာလုပ်သား( ၁၅၀)ဦး တို့ကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာလုပ်သားများမှာ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခြင်းဖြစ်ကြာင်းလည်းသိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times
ဂျပန်ဘာသာစာမေးပွဲ ဖြေဆိုခွင့် အွန်လိုင်းက လျောက်ထားနိုင်ဟု MAJA အသိပေး
စာမေးပွဲကို ယခုနှစ် ဒီဇင်ဘာ ၃ ရက်မှာ ကျင်းပမှာဖြစ်တဲ့အတွက် ဖြေဆိုလိုသူများ ဩဂုတ်လအတွင်း စတင်လျှောက်ထားနိုင်
Yangon Times/my
#Local_News
#Published_ 26 July 2023
#YMG #Yangon_Times
YBSယာဉ်တွေမှာ ယာဉ်စီးခပိုတောင်းတာကိုတွေ့ရှိပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်းတဲ့အထိအရေးယူဆောင်ရွက်နေ။
Yangon Times/mnd
#Local_News
#Published_ 26 July 2023
#YMG #Yangon_Times
Page 915 of 1775