#Local_News
Published_ 1 January 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာအုပ်စု အူဗျစ်ကျေးရွာအနီး၌ ဒီဇင်ဘာ ၂၉ ရက်က တရားမဝင်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာအုပ်စု အူဗျစ်ကျေးရွာအနီး၌ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် မြေသယ်ယာဉ် ၁၁ စီး၊ မီးခံသေတ္တာနှစ်လုံး အပါအဝင် ဆက်စပ်ပစ္စည်းငါးမျိုး (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၈၀၀၉၀၀၀) ကို ဖမ်းဆီးရမိခဲ့ ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၃၀ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၂၉ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၁၄၀၀)၊ ဒီဇင်ဘာ ၃၁ ရက်တွင် ပြည်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၈၁၅ တန်နှင့် အခြားသစ် ၀ ဒသမ ၃၉၇ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၅၂၆၂၀)၊ စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၄၄၀၂၀ ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက်လျက်နေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၉၊ ၃၀ နှင့် ၃၁ ရက်တိုတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲသုံးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၉၂၅၃၀၂၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းထုတ်ပြန်ထားပါတယ်။
#Local_News #မြေသယ်ယာဉ်များ ဖမ်းဆီးရမိ #ymg_mnn #Yangon_Media_Group
‘၂၀၂၃ခုနှစ်မှာ စားသောက်ဆိုင်လုပ်ငန်းတွေခက်ခက်ခဲခဲရပ်တည်ခဲ့ရတာဖြစ်ပြီး ၂၀၂၄ခုနှစ်မှာတော့ ပြည်တွင်းစားသုံးသူဈေးကွက်ကို အဓိကထားရောင်းချနေတဲ့ စားသောက်ဆိုင်လုပ်ငန်းတွေ ပိုမိုအဆင်ပြေနိုင်ပြီးနိုင်ငံခြားသားTouristကို အဓိကထားရောင်းတဲ့ စားသောက်ဆိုင်တွေတော့ ရုန်းကန်ရဦးမယ်’
မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(ဗဟို)ဥက္ကဌဦးနေလင်း
#Local_News
Published_1 January 2024
#ပြည်တွင်းစားသုံးသူကိုအဓိကရောင်း #စားသောက်ဆိုင်လုပ်ငန်းများ
#tthl #Yangon_Times
၁ ဇန်နဝါရီ ၂၀၂၄
ဂျပန်နိုင်ငံ ဂျပန်ပင်လယ်ကမ်းရိုးတန်းရှိ ကျယ်ပြန့်သည့်နေရာကြီးတစ်ခုတွင် ကနဦးတိုင်းတာချက်များအရ ပြင်းအား ၇.၆ အဆင့်ရှိ ငလျင်ကြီးတစ်ခု ဇန်နဝါရီ(၁)ရက် တနင်္လာနေ့က လှုပ်ရှားသွားတဲ့အတွက် ဂျပန်နိုင်ငံအလယ်ပိုင်း အိုင်ရှီကာဝါ စီရင်စုအတွက် ကြီးမားတဲ့ ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ရပြီး နှစ်သစ်ဆင်နွှဲနေကြတဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှုတွေလည်း ဆိတ်သုဉ်းသွားခဲ့ရပါတယ်။
တိုကျိုမြို့လယ်က အဆောက်အဦတွေကိုပါ လှုပ်ခါသွားစေခဲ့တဲ့ အဲဒီငလျင်ဟာ ညနေ ၄နာရီ ၁၀မိနစ်ခန့်မှာ လှုပ်ရှားသွားခဲ့တာ ဖြစ်ပြီး အဲဒီဒေသက ဝီဂျီးမား ဆိပ်ကမ်းဆီကို အမြင့် ၁.၂မီတာ လန့်ရှိတဲ့ ဆူနာမီလှိုင်းတွေရိုက်ခတ်ခဲ့ပါတယ်။
ငလျင်ဟာ ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း အေအိုမိုရီစီရင်စုမှ အနောက်တောင်ပိုင်း ကျူရှုးဒေသအထိ ကျယ်ပြန့်စွာလှုပ်ရှား သွားခဲ့တာဖြစ်ပြီး ကမ်းခြေဒေသတွေဖြစ်တဲ့ ယာမာဂါတာ၊နီအီဂါတာ၊တိုယိုမာ၊ဖူကူအီနှင့် ယိုဂိုစီရင်စုတွေအတွက် ဆူနာမီ အန္တရာယ်သတိပေးချက်တွေထုတ်ပြန်ပေးခဲ့ပါတယ်။
ငလျင်ဟာ နိုတိုဒေသကိုဗဟိုပြုလှုပ်ရှားခဲ့ပြီး မြေပြင်အနက်တိမ်တိမ်ကလေးမှာကပ်ပြီး လှုပ်ရှားသွားတာလို့ မိုးလေဝသဌာန ကပြောပါတယ်။
အီရှီကာဝါမှ အချို့အစိတ်အပိုင်းတွေမှာ အိမ်တွေပြိုကျခဲ့ပြီး အဲဒီစီရင်စုမှာ အိမ်ခြေ ၃၂၅၀၀ ခန့် လျှပ်စစ်မီးတွေပြတ်တောက်ခဲ့ရ တယ်လို့လည်း ဒေသဆိုင်ရာအစိုးရနှင့်မီးသတ်ဌာနတို့အဆိုအရသိရပါတယ်။
တိုယိုမားနှင့်နီအီဂါတာတို့မှာ ဆူနာမီလှိုင်းတွေတက်လာခဲ့တယ်လို့ မိုး/ဇလဌာနကပြောပါတယ်။
ငလျင်လှုပ်ရှားပြီးနောက် ဂျပန်ရဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေမှာ ပုံမှန်မဟုတ်တဲ့အခြေအနေတွေမရှိဘူးလို့ ဂျပန်အစိုးရကပြောပါတယ်။
အရှေ့ဂျပန်ရထားကုမ္ပဏီက တိုဟိုကူး၊ဂျိုဆူနှင့် ဟိုကူရီကူရှင်ကာဆန်ရထားလိုင်းတွေကို ခေတ္တရပ်ဆိုင်းထားပါတယ်။
Source Kyodo
'စည်ပင်သာယာအနေနဲ့ ပြခန်း၁၈ခန်း၊ပြိုင်ပွဲက ၁၅မျိုး၊ စိုက်ပျိုးရေးက ပြခန်း၁၅ခန်း၊ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံ၉မျိုးပါဝင်ပြသပါတယ်။ နယ်စုံက လာပြိုင်ကြပါတယ်။'
#Local_News
Published_1 January 2024
#ဟင်းသီးဟင်းရွက်သစ်သီးဝလံ #ပြခန်းပေါင်း၃၀ကျော်ပါဝင်ပြသ
#YMG/NN #Yangon_Times
စားသုံးသူရဲ့စားလေ့စားထပေါ်မူတည်ပြီး ဈေးကွက်လိုအပ်ချက် ဖြစ်လာတာပါ၊ကျွန်တော်တို့ မြန်မာလူမျိုးတွေကျတော့ ကောက်ရိုးမှိုတို့ ကြွက်နားရွက် မှိုတို့လို စားလေ့စားထရှိတာ စားသုံးကျပြီး နို့စိမ်းမှိုကတော့ မှိုမျိုးအသစ်ဖြစ်တဲ့ အတွက် မစားရဲတာ စားရဲတာ ပေါ်မူတည်ပြီး ဈေးကွက်ကျဉ်းနေသေးတာပါ။ စီးပွားဖြစ် ရောင်းချတာမျိုး မတွေ့ရပင်မယ့် ဟိုတယ်တွေမှာတော့ များသောအားဖြင့် သုံးတဲ့အနေထားတွေ့ရပါတယ်။
#Local_News
Published_1 January 2024
#နို့စိမ်းမှို #စားသုံးမှုနည်း
#YMG/LW #Yangon_Times
“ကိုယ့်ဘဝထဲမှာ ကိုယ်အကောင်းဆုံးဖြစ်တာကို မြင်အောင်ကြည့်ဖို့၊ နောက်တခြားသူတွေ အကောင်းဆုံးလုပ်နေ တာကို ကိုယ်ကပြန်ပြီးတော့ အကောင်းဆုံးအနေနဲ့ မြင်ပေးဖို့၊ နှစ်ခွန်း တည်းနော်။ To do the best and to see the best. အကောင်းဆုံး လုပ်ဖို့နဲ့ အကောင်းဆုံးကိုမြင်အောင်ကြည့်ဖို့”
အောက်စ်ဖို့ဒ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ
#Local_News
Published_1 January 2024
လေဆိပ်လမ်း၌ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားထဲလူညှပ်နေသည့်အတွက်ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ယနေ့ ဇန်နဝါရီ၁ရက် မနက် ၂နာရီ ၅၂မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ၅ရပ်ကွက်၊ လေဆိပ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ကာ လူညှပ်နေကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်၁စီး၊ သန္ဓမေီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်း ကျား(၁)ဉီး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား လူထဲကလူ လူမှုကယ်ဆယ်ရေးအသင်းကားဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Local_News #ယာဉ်တိုက်မှုကြောင့် #ကားထဲလူညှပ်မှုဖြစ်ပွား #YMG/NN #Yangon_Times
#Local_News
Published 1 January 2024
မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ရေပိုင်နက်အတွင်း မြန်မာနိုင်ငံသား ၄ဦး ပါဝင်သည့် ငါးဖမ်းလှေတစ်စီးဖမ်းဆီးခံရကြောင်း မလေးရှား သတင်းဌာနများရဲ့ဖေါ်ပြချက်အရ သိရသည်။
ဆီလန်ဂေါပြည်နယ် ရေကြောင်းညွန်ကြားရေးမှူး၊ ရေကြောင်းကပ္ပတိန် Abdul Muhaimin bin Muhammad Salleh မလေးရှားရေကြောင်းကင်းလှည့်အဖွဲ့သည် အနောက်တောင်ဘက် ရေမိုင် ၈ မိုင်ခန့်အကွာတွင် ငါးဖမ်းသင်္ဘောတစီးအား သံသယဖြစ်ဖွယ်အခြေအနေတွင် တွေ့ရှိခဲ့ရာClass C အမျိုးအစား ဒေသန္တရ ငါးဖမ်းလှေတစ်စင်းအား တားမြစ်ဆေးရေဟု ယူဆရသည့် ၁.၅ လီတာရေသန့်ဘူး ၁၃ ဘူးကို တွေ့ရှိပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ငါးဖမ်းစက်လှေပေါ်တွင် အသက် ၂၆ နှစ်မှ ၄၁ နှစ်ကြားရှိ မြန်မာနိုင်ငံသားလေးဦး အလုပ်လုပ်ကိုင်နေသည် ကို တွေ့ရှိရပြီး စာရွက်စာတမ်းများကို စစ်ဆေးရာတွင် ငါးဖမ်းလှေသည် လိုင်စင်ပါစည်းကမ်းချက်များကို ဖောက်ဖျက်ကျုးလွန်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသားအလုပ်သမားများကို အသုံးပြုသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
ထို့အပြင် လှေအတွင်းတားမြစ်ပစ္စည်းများဖြစ်သော ကက်တမ်အရည်အပြင် ချောင်းဆိုးပျောက်ဆေး ၃ ပုလင်းနှင့် ကက်တမ်အရွက်လတ်လတ်ဆတ်ဆတ် ကီလိုဂရမ် ၁,၆၂၇ ပါသည့် ပလပ်စတစ် ၁အိတ် နှင့် ကီလိုဂရမ် ၅၀ ပါရှိသည့် ငါးသိုလှောင်ခန်းတစ်ခန်းကိုလည်း တွေ့ရှိကြောင်း သိရသည်။
ထို့ကြောင့် လှေ၊ သက်သေခံပစ္စည်းများနှင့် လှေလုပ်သားအားလုံးကို မလေးရှားရေကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိများထံ မလွှဲပြောင်းမီ Pulau Indah Marine Police Force ဆိပ်ခံတံတားသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
#Local_News #မလေးရှား ဆီလန်ဂေါပြည်နယ် #ငါးဖမ်းလှေတစ်စီးဖမ်းဆီးခံရ #YMG/LW #Yangon_Times
#Local_News
Published_1 Jan 2024
၂၀၂၄ ခုနှစ်တွင် စီးပွားရေး ကောင်းမွန်စေရန် ကြိုးပမ်းမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂ဝ၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားလိုက်သည်။
“စီးပွားရေးပိုမိုကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက်သွားပါမယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူ ရေးကိုအခြေခံတဲ့ MSME လုပ်ငန်းများ ယခုထက်ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ပေးသွားပါမယ်။ ပညာရေးကိုလည်း ပိုမိုအားပေး ဆောင်ရွက်သွားပါမယ်။ တိုင်းရင်းသားပြည်သူအားလုံးအနေနဲ့ တည်ငြိမ်အေးချမ်းပြီး မိမိတို့ရဲ့ လူမှု စီး ပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့လည်း ပြောကြားလိုပါတယ်”ဟု ယင်းကဆိုသည်။
ယင်းအပြင် ၂၀၂၄ ခုနှစ်အတွင်း ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ ခြင်း လုပ် ငန်းတွေကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊သန်းခေါင်စာရင်းကရရှိသောလူဦးရေဆိုင်ရာ ကိန်း ဂဏန်း အချက် အလက်များဖြင့် လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များတွင်မှာ အကျိုးရှိရှိလုပ်ဆောင် နိုင် မည်ဖြစ်ကြောင်းလည်း ပြောသည်။
အလားတူ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးဖြစ်ပေါ်စေရေးအတွက် အခြေခံအချက်ဖြစ်သော မဲစာရင်းများ မှန်ကန် ပြည့်စုံရေးကိုလည်း အသုံးပြုနိုင်မည် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် သန်းခေါင် စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ပေးကြရန်လည်း ပြောကြားထားသည်။
မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိသည်မှာ (၇၆)နှစ်ရှိပြီ ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထိုက်သင့်သောတိုးတက်မှု မရသေးကြောင်း၊ နိုင်ငံတိုးတက်သာယာဝပြောလိုပါက တရားဥပဒေ ကိုလေး စားလိုက်နာရန်၊ စည်းကမ်းရှိရှိစည်းစည်းလုံးလုံးနေထိုင်ကြရန်၊အနာဂတ်ကို မျှော်တွေးပြီး ပညာသင်ကြား သင့်သည့်အရွယ်တွင် ပညာသင်ကြားရေးကို သက်ဆိုင်သူ အားလုံးဝိုင်းဝန်း ကြိုးပမ်းပေးရန် နှင့် တတ်နိုင် သူများ၊ အလုပ်လုပ်နိုင် သူများအားလုံး ကုန်ထုတ်လုပ်မှုမြင့်မားရေး ရင်းနှီးမြှုပ်နှံ အလုပ်လုပ်ကြရန် လိုကြောင်း ပြောကြားခဲ့သည်။
#Local_News #စီးပွားရေး ကောင်းမွန်စေရန် #Yangon_Times/PP
#Local-News
Published 1 January 2024
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းသည် “(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်” ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် သုံးမျိုးအားရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နတ်တော်လပြည့်ကျော် ၈ ရက် (ကြာသပတေးနေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇန်နဝါရီ ၄ ရက် (ကြာသပတေးနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
#Local-News #၂၀၀ကျပ်တန်အထူးထုတ် #စာပို့တံဆိပ်ခေါင်းသစ်သုံး #YGM/LW #Yangon_Times
#World_News
Published 01 January 2024
ဒိန်းမတ်ဘုရင်မကြီး မာဂရတ်(၂)ဟာ ထီးနန်းစွန့်ပြီး သားဖြစ်သူ အိမ်ရှေ့မင်းသား ဖရက်ဒရစ်ကို ထီးနန်းလွှဲပြောင်းပေးတော့မှာ ဖြစ်ကြောင်း ဒီဇင်ဘာ ၃၁ ရက်နေ့က ကြေညာခဲ့ရာ အားလုံးအတွက် အံ့အားသင့်စရာသတင်း ဖြစ်ခဲ့ပါတယ်။
နှစ်သစ်ကူးအကြိုနေ့ ဒိန်းမတ်ရုပ်သံဌာနမှ ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာပြောကြားခဲ့ရာ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ထီးနန်းစွန့်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဘုရင်မကြီးရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးပြဿနာများကြောင့် ဒီလိုလုပ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဗြိတိန်ဘုရင်မကြီး အယ်လိဇဘက်(၂) ကွယ်လွန်ပြီးနောက် ဘုရင်မကြီး မာဂရတ်(၂)ဟာ သက်တမ်းအရှည်ဆုံးနဲ့ နောက်ဆုံးအုပ်ချုပ်နေတဲ့ ဘုရင်မဖြစ်နေပါတယ်။
သူမထီးနန်းမှာအုပ်ချုပ်နေတဲ့ ရာစုနှစ်ဝက်လောက်အတွင်း ဒိန်းမတ်တော်ဝင်မျိုးနွယ်များကို ခေတ်မီအောင် ပြုလုပ်နိုင်ခဲ့တဲ့အတွက် အသက် ၈၃ နှစ်အရွယ် ဘုရင်မကြီးဟာ ဂုဏ်ပြုခံထားရပါတယ်။
ဒီမတိုင်ခင်ကတော့ မာဂရတ်ဟာ ထီးနန်းဘယ်တော့မှ မစွန့်လွှတ်ဘူးလို့ အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဖေဖော်ဝါရီလက ပြုလုပ်ခဲ့တဲ့ ကျောခွဲစိတ်မှုကြောင့် နောက်မျိုးဆက်ကို ထီးနန်းလွှဲဖို့ အချိန်တန်ပြီလားဆိုတာ အတွေးဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
ဘုရင်မကြီးဟာ ဒိန်းမတ်နိုင်ငံမှာ အထူးကျော်ကြားလှပြီး အဓိကအချက်က နိုင်ငံရေးမဆန်တာကြောင့် ဖြစ်တယ်လို့ သမိုင်းပညာရှင် လားစ်ဟိုဗက်ဘက်ဆိုရင်ဆင်က AFP သတင်းဌာနကို ပြောကြားသွားပါတယ်။
မာဂရတ်ဟာ ပန်းချီပညာ၊ ဝတ်စုံနဲ့ ဒီဇိုင်းပညာတို့ တတ်မြောက်ထားပြီး တော်ဝင်ဒိန်းမတ်ဘဲလေး၊ တော်ဝင်ဒိန်းမတ်ကဇာတ်ရုံတို့နဲ့ အကြိမ်ကြိမ် တွဲလုပ်ခဲ့ဖူးပါတယ်။
ကိမ်းဘရစ်ချ်တက္ကသိုလ်နဲ့ ပဲရစ်ရှိ ဆိုဘွန်နေးတက္ကသိုလ်တို့မှာ ပညာသင်ယူခဲ့ပြီး အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီ၊ ဆွီဒင်ဘာသာစကားတို့ကို ကျွမ်းကျင်တတ်မြောက်ထားပါတယ်။
ဒါပေမဲ့ အားလုံးထဲမှာမှ ဆေးရေးခြယ်ခြင်းနဲ့ ပန်းချီဆွဲခြင်းတို့ကတော့ လူစိတ်ဝင်စားမှုအများဆုံး ရခဲ့ပါတယ်။
#World_News #ဒိန်းမတ်ဘုရင်မကြီးမာဂရတ်(၂) #ထီးနန်းစွန့်တော့မည် #Source: WION
#Local_News
Published_1 January 2024
ဗိုလ်တထောင်စေတီတော်တွင် သံဃပူဇာအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပခဲ့ပြီး သံဃာတော်(၁၀၈) ပါးနှင့်သီလရှင်(၃၆) ပါးတို့အားဆွမ်းဆန်စိမ်းများလောင်းလှူခဲ့ကြောင်း သိရသည်။
(၅၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃပူဇာအနေဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရခြင်းဖြစ်ပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့၏နှိုးဆော်ပန်ကြားမေတ္တာရပ်ခံမှုဖြင့် အလှူရှင် သူတော်စင်အပေါင်းတို့က သံဃပူဇာအဖြစ် ဂေါတမမြတ်စွာ ဘုရားသခင်အား အမှူးထားပြီး ဆရာတော် သံဃာတော်(၁၀၈)ပါးနှင့် သီလရှင်(၃၆)ပါးတို့အား စေတီတော်ရင်ပြင်ပတ်လည်မှ လှူဖွယ်ဝတ္ထုအစုစုတို့ကို လောင်းလှူဆက်ကပ်လှူဒါန်းပူဇော်ခဲ့သည်။
(၅၀)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် အလှူဒါနအစုစုတို့အတွက် ရေစက်ချမင်္ဂလာ အခမ်းအနား ကိုဒီဇင်ဘာလ၃၁ရက်တွင်ကျင်းပခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ အရှင်သူမြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြ ပြီး ဆရာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်ခဲ့သည်။
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် အလှည့်ကျသဘာပတိဦးဌေးဦးမှ (၅၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃပူဇာအနေဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထား တင်ပြ၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက ဓဇ၊ ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ အနုမောဒနာ တရား နာယူ၍ အလှူဒါနအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
#Local_News #ဗိုလ်တထောင်စေတီတော် #ဆွမ်းဆန်စိမ်းလောင်းလှူ #tthl #Yangon_Times
Page 916 of 2004