Published 1 Jan 2024
လေယာဥ်စီးနေကြသူ ခရီးသည်တွေဟာ လေယာဥ်ပေါ်က ညစ်ပတ်နေတဲ့ နေရာတွေကို သတိမထားမိကြပါဘူး။
လေယာဥ်ဝန်ထမ်းတွေက လေယာဥ်ပေါ်က အညစ်ပတ်ဆုံးနေရာတွေကို ခရီးသည်တွေ သတိထားမိစေရန် မကြာသေးမီက ဖော်ပြခဲ့ကြပါတယ်။
(၁) ဦးခေါင်းထက်မှ ပစ္စည်းထားအကန့်တွေဟာ လူအများအပြားမှ ထိတွေ့နေကြပြီး သန့်ရှင်းရေး သိပ်မလုပ်ဖြစ်တာကြောင့် ထိုအကန့်တွေကို မကိုင်ခင်မှာ သုတ်သင်သင့်တယ်လို့ လေယာဥ်မယ်နဲ့ ခရီးသွားဘလော့ဂါဖြစ်သူ ဟိုဆက်ဖင်းရီမိုက ပြောပြသွားပါတယ်။
(၂) ဘေးကင်းရေးလမ်းညွှန်ကတ်ဟာလည်း လူအများကိုင်တွယ်ကြတာကြောင့် ယူမဖတ်ခင်မှာ အရင်သုတ်သင်သင့်ပါတယ်။
(၃) ခရီးသည်တွေ စားသောက်တဲ့အခါ တင်လေ့ရှိတဲ့ စားပွဲတွေပေါ်မှာ ကလေးငယ်တွေရဲ့ ဒိုက်ပါတွေကို တင်လေ့ရှိတာကြောင့် အသုံးမပြုခင်မှာ သုတ်သင်သင့်ပါတယ်။
(၄) ခရီးသည်တွေထိုင်တဲ့ ခုံတွေဟာ အော့အန်တဲ့အခါမှာတောင် သိပ်ပြီးသန့်ရှင်းရေး မလုပ်ကြပါဘူး။
(၅) လေယာဥ်သန့်စင်ခန်းအတွင်းတွေကို သန့်ရှင်းရေးလုပ်ကြရင်တောင် တံခါးလက်ကိုင်တွေကတော့ သန့်ရှင်းရေး မလုပ်တတ်ကြပါဘူး။
ဒါကြောင့် ထိုနေရာတွေကို ထိတွေ့ပြီးတိုင်း လက်ကိုသန့်ရှင်းရေးလုပ်ဖို့ အရေးကြီးပါတယ်။
ဒီလိုမျိုး နေရာတိုင်းကို သေချာစွာ သန့်ရှင်းရေးလုပ်ဖို့ ပြဿနာရှိနေတာက အချိန်မလုံလောက်ခြင်း၊ ပစ္စည်းကိရိယာ မလုံလောက်ခြင်းတို့ကြောင့် ဖြစ်တယ်လို့ လေယာဥ်သန့်ရှင်းရေးဝန်ထမ်း ရိုဆာဆန်းချက်ဇ်က ပြောပြသွားပါတယ်။
Source: New York Post
#World_Health
#YMG_News #Yangon_Times #Yangon_Media_Group
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့်၂ဝ၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားကို အပြည့်အစုံပြန်လည်ဖော်ပြပေးအပ်ပါသည်။
၂၀၂၃ ခုနှစ်ဆိုတဲ့ အချိန်ကာလကုန်ဆုံးလို့ ၂၀၂၄ ခုနှစ် နှစ်သစ်ကို ကူးပြောင်းရောက်ရှိတဲ့အချိန်အခါသမယမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကမ္ဘာ တစ်ဝန်းလုံးမှာ ရှိကြတဲ့ ကမ္ဘာသူ ကမ္ဘာသားများအားလုံးကိုလည်း ဘေးဘယာများ ဝေးကွာကြပါစေကြောင်းနဲ့ အေးချမ်းသာယာ တဲ့ လူ့ဘောင် အသိုက် အဝန်းတစ်ခုမှာ ချစ်ခင်စည်းလုံးစွာ နေထိုင်နိုင် ကြပါစေကြောင်းလည်း ဆန္ဒပြုဆုတောင်း ပေးလိုက်ရပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကာလအတွင်း တွေ့ကြုံ ခဲ့ရတဲ့ အခက်အခဲအချို့ နဲ့ စိန်ခေါ်မှုများကိုလည်း နိုင်ငံတော် အစိုးရနဲ့ တိုင်းရင်းသားပြည်သူအားလုံး လက်တွဲပူးပေါင်းပြီး အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြပါတယ်။ ဒီမိုကရေစီ နည်းလမ်းတကျနဲ့ ငြိမ်းချမ်းစွာ ကိုယ့်နိုင်ငံတိုးတက်စေဖို့ ဆန္ဒမရှိသူတွေကတော့ ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ခဲ့ကြတာလည်းရှိပါတယ်။ အဖျက်လုပ်ငန်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပြည်သူပြည်သားတွေရဲ့ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးမှု ဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲ ဖြစ်ခဲ့ပါတယ်။ ဒါတွေသာမရှိခဲ့၊ မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော် တို့နိုင်ငံဟာ များစွာကို တိုးတက်နေမှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် သင်ခန်းစာ ပါ ။ ကျွန်တော်တို့အားလုံး နိုင်ငံကိုချစ်တဲ့၊ အမျိုးကို ချစ်တဲ့စိတ်၊ ညီညွတ်တဲ့အားနဲ့ ကျော်လွှားရပါမယ်။ ၂၀၂၄ ခုနှစ်မှာလည်း ကျွန်တော်တို့အစိုးရအနေနဲ့ ချမှတ်ထားတဲ့ အမျိုးသားရေး ရည်မှန်းချက်များ၊ နိုင်ငံရေး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ် များနဲ့ ဦးတည်ချက်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ဖို့ ပြည်သူလူထုနဲ့လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် .. စီးပွားရေးပိုမိုကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက်သွားပါမယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူ ရေးကိုအခြေခံတဲ့ MSME လုပ်ငန်းများ ယခုထက်ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ပေးသွားပါမယ်။ ပညာရေးကိုလည်း ပိုမိုအားပေး ဆောင်ရွက်သွားပါမယ်။ ဒါကြောင့်ကျွန်တော်တို့ . တိုင်းရင်းသားပြည်သူအားလုံးအနေနဲ့ တည်ငြိမ်အေးချမ်းပြီး မိမိတို့ရဲ့ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့လည်း ပြောကြားလိုပါ တယ်။ ကျွန်တော်တို့အစိုးရရဲ့ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ”ဆိုသည့် အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသား ပြည်သူအားလုံးရဲ့အကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့နိုင်ငံတော်နဲ့ လူမှုစီးပွားဘဝများကို ကြိုးစား တည်ဆောက် ပေးသွားမှာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်းမှာ ကျွန်တော်တို့နိုင်ငံအတွင်း ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သန်းခေါင်စာရင်းမှရရှိတဲ့ လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက် အလက်များက ကျွန်တော်တို့နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များမှာ အကျိုးရှိရှိလုပ်ဆောင် နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်ကျွန်တော်တို့အစိုးရရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးဖြစ်ပေါ်စေရေးအတွက် အခြေခံအချက်ဖြစ်တဲ့ မဲစာရင်းများ မှန်ကန် ပြည့်စုံရေးမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေနဲ့လည်း ဆောင်ရွက်မဲ့ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင်ပေးကြဖို့လည်း ပြောကြားလိုပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရတာ (၇၆)နှစ်ရှိပြီ ဖြစ်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် ထိုက်သင့်သောတိုးတက်မှု မရသေးပါဘူး။ ကိုယ့်နိုင်ငံကို တိုးတက်သာယာဝပြော စေချင်ရင် (၁)တရားဥပဒေကိုလေးစားလိုက်နာရပါမယ်၊ (၂) စည်းကမ်းရှိရှိနဲ့စည်းစည်းလုံးလုံးနေထိုင်ကြရပါမယ်၊(၃) အနာဂတ်ကို မျှော်တွေးပြီးပညာသင်ကြားသင့်တဲ့အရွယ်မှာ ပညာသင်ကြားရေးသက်ဆိုင်သူ အားလုံးက ဝိုင်းဝန်း ကြိုးပမ်းပေးရပါမယ်၊ (၄) တတ်နိုင်သူများ၊ အလုပ်လုပ်နိုင် သူများအားလုံး ကုန်ထုတ်လုပ်မှုမြင့်မားရေး ရင်းနှီးမြှုပ်နှံ အလုပ်လုပ်ကြဖို့လိုပါတယ်။ ဘာအလုပ်ပဲ လုပ်ကြလုပ်ကြအင်အား ရှိမှရမှာ ဖြစ်လို့ ပျော်ရွှင်ဖွယ်ရာ မိသားစုများ တည်ဆောက်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ကုန်လွန်ခဲ့တဲ့ နှစ်ဟောင်းထဲမှ ကျွန်တော်တို့ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်း စေမဲ့အရာတွေကို ဆက်လက်သယ်ဆောင်ကြပြီး မကောင်းသော အတွေး မကောင်းသော အမြင်များနဲ့ မကောင်းသော လုပ်ရပ် များကို ချန်ရစ်ခဲ့ကာ လူမျိုးရေး၊ ဘာသာရေး၊ ဒေသအရေးအစွဲများ ကင်းဝေးခြင်းနဲ့အတူ တစ်ဦး အပေါ်တစ်ဦး ကိုယ်ချင်းစာတရား၊ မုဒိတာတရား၊ မေတ္တာတရား များနဲ့ ကျွန်တော်တို့အားလုံး မျှော်လင့်တောင့်တနေတဲ့ နိုင်ငံတော်သစ်ဆီဆက်လက်လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းပြောကြားရင်း နှစ်သစ်ကူး နှုတ်ခွန်း ဆက်စကား ပြောကြားအပ် ပါတယ်ခင်ဗျာ။
ဘေဂျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) - တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုလွှတ်တော်၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီသည် လာဘ်ပေးသူများကို ကြီးလေးသောပြစ်မှုများချမှတ်နိုင်သည့် ပြစ်မှုဆိုင်ရာဥပဒေပြင်ဆင်ချက် XII ကို အတည်ပြုခဲ့သည်။
ပုဒ်မ ရှစ်ခုပါ၀င်သော ပြင်ဆင်ချက်တွင် ထပ်ခါတလဲလဲ သို့မဟုတ် တစ်ဦးထက်ပိုသောသူများကို လာဘ်ပေးကြသူများ၊ သို့မဟုတ် နိုင်ငံ့ဝန်ထမ်းများ၊ ကြီးကြပ်ရေးမှူးများ၊ အုပ်ချုပ်ရေးဥပဒေစိုးမိုးရေးအရာရှိများနှင့် တရားရေးအရာရှိများကို လာဘ်ပေးသူများကို ကြီးလေးသည့်ပြစ်ဒဏ်များချမှတ်နိုင်ကြောင်းဖော်ပြထားသည်။
နိုင်ငံတော်၏ အဓိကသော့ချက် သို့မဟုတ် အဓိကပရောဂျက်များတွင် လာဘ်ပေးမှုများ၊ သို့မဟုတ် အလုပ်ရာထူးနေရာ၊ ရာထူးတိုးခြင်း သို့မဟုတ် နေရာအပြောင်းအလဲများအတွက် လာဘ်ပေးသူများကို ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ခံရမည်ဟုလည်း သတ်မှတ်ထားသည်။
ဂေဟပတ်ဝန်းကျင်၊ ဘဏ္ဍာရေး၊ လုပ်ငန်းခွင်ဘေးကင်းရေး၊ အစားအသောက်နှင့် ဆေးဝါး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး၊ လူမှုဖူလုံရေး၊ ပညာရေးနှင့် ဆေးဝါးကုသရေးစသည့် ကဏ္ဍများတွင် လာဘ်ပေး၍ ရာဇ၀တ်မှု ကျူးလွန်သူများနှင့် လာဘ်ပေးကာ တရားမ၀င်အကျိုးအမြတ်ရှိအောင်ဆောင်ရွက်သူများကိုလည်း ကြီးလေးသော ပြစ်ဒဏ် ချမှတ်ရမည်ဟု ပြင်ဆင်ချက်တွင် ပြဋ္ဌာန်းထားသည်။
ပြင်ဆင်ချက်သည် ၂၀၂၄ခုနှစ် မတ်လ(၁)ရက်နေ့တွင် အသက်ဝင်မည်ဖြစ်သည်။
Source ■ Xinhua
Published-31 December 2023
ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် New Year Countdown ပွဲ လာရောက်သူများ အပြန်အဆင်ပြေစေရေးအတွက် YBS ယာဉ်များကို ည (၁၂)နာရီ အထိ ပြေးဆွဲသွားမည်ဖြစ်ကြောင်း YRTC ထံမှ သိရသည်။
2024 Yangon New Year Countdown ပွဲတော်ကို ဒီဇင်ဘာ လ ၃၁ ရက်၊ ညနေ (၆)နာရီမှစတင်၍ ကျင်းပသွားမည်ဖြစ်ပြီး ယင်းပွဲတော်သို့ လာရောက်ဆင်နွှဲကြသူများ အပြန်ခရီးစဉ်အဆင်ပြေစေရေးအတွက် YBS ယာဉ်လိုင်း (၇)လိုင်း ပြေးဆွဲပေးရန် စီစဉ်ထားကြောင်း သိရသည်။
2024 Yangon New Year Countdown ပွဲတော်တွင် နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင်များစွာတို့ ဖျော်ဖြေမည်ဖြစ်ပြီး မီးရှူးမီးပန်း ပစ်ဖောက်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါပွဲတော်သို့ လာရောက်သူများအတွက် ယာဉ်လိုင်း (၇)လိုင်းဖြစ်သည့် YBS (21) ၊ YBS (61) ၊ YBS (37) ၊ YBS (115) ၊ YBS (62) ၊ YBS (7) နှင့် YBS (8)တို့ကို ဒီဇင်ဘာလ ၃၁ ရက်၊ ည (၉)နာရီမွ ည (၁၂)နာရီအထိ ပြေးဆွဲပေးသွားမည်ဖြစ်သည်။
Yangon Times/LW
Published 31 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published 31. December 2023
နိုင်ငံတကာ နှစ်သစ်ကူး ပွဲတော် ကျင်းပမည်ဖြစ်သောကြောင့် ရန်ကုန် တွင် ညမထွက်ရ အမိန့် တစ်ရက်တာ ပယ်ဖျက်ပေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
နှစ်သစ်ကူးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူရင်ပြင်၌ 2024 New Year Countdown ပွဲတော် ကျင်းပပြုလုပ်ရန် စီစဉ်ထားသဖြင့် တစ်ရက်တာ ညမထွက်ရအမိန့် ပယ်ဖျက်ခွင့်ပြုကြောင်း သိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ (အားလုံး) ထံ ပေးပို့ထားသည့် အသိပေးစာအတွင်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်သည့် ညမထွက်ရအမိန့်ကို ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁ နာရီမှ ၃ နာရီထိ ပယ်ဖျက်ကြောင်း ဖော်ပြထာသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် New Year Countdown 2024 ပွဲတော်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ညနေ ၆ နာရီမှ စတင်ကာ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပွဲတော်၌ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ် တေးသံရှင်များစွာဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကာ မီးရှူးမီးပန်းပစ်ဖောက်ခြင်း အပါအဝင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/LW
Published 31 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published 31 December 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၀)ရပ်ကွက်၊ ဧရာဝဏ်လမ်း ရှိ ဟိုတယ် နိုဗယ် တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံ က သိရသည်။
ဒီဇင်ဘာ ၃၀ရက် ည ၈နာရီ ၅၁မိနစ် အချိန်ခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး ဆိပ်ကမ်းမြို့နယ် မီးသတ်တပ်ဖွဲ့ က ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၉နာရီ ၂၅ မိနစ် တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်သည့် အကြောင်းရာ နှင့် ဆုံးရှုံးမှု တန်ဖိုး များ ကို သက်ဆိုင်ရာ မှ စစ်ဆေး လျက်ရှိ ကြောင်း သိရသည်။
Yangon Times/LW
Published 31 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published_31 December 2023
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ (၆) ကြိမ်မြောက်ညီလာခံ (6th MFF Congress 2023) ကို ဒီဇင်ဘာ ၃၀ ရက်က Video Conferencing ဖြင့် ကျင်းပခဲ့ကြောင်း သိရပါတယ်။
ညီလာခံသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံ၊ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Shaikh Salman Bin Ebrahin1 Al Khalifa ၊ အာရှ ဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် ဘောလုံးအဖွဲ့ချုပ် ၁၉၀ မှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်နှင့် ကလပ်အသင်းများမှ တာဝန်ရှိသူများ၊ အဖွဲ့ချုပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။
ညီလာခံတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံ၊ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Shaikh Salman Bin Ebrahin1 Al Khalifa တို့က အမှာစကားပြောကြားပြီး အာရှဘောလုံးအဖွဲ့ ချုပ်အကြီးတန်းဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားကြပါတယ်။
ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဒေါက်တာစိုင်းဆမ်ထွန်းက ၂၀၂၃ ခုနှစ်အတွက် ရငွေ/သုံးငွေ စာရင်းများနှင့်ဘဏ္ဍာရေး အခြေအနေများအား ရှင်းလင်းတင်ပြပါတယ်။
၂၀၂၃ ခုနှစ် ငွေစာရင်းရှင်းလင်းချက်အရ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ၏ စိုက်ထုတ်ငွေ အမေရိကန်ဒေါ်လာ ၁၈၂၅၅၃၃ အပါအဝင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ၏ ပံ့ပိုးငွေ အမေရိကန် ဒေါ်လာ ၁၈၅၇၈၈၄၊ အာရှဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးငွေအမေရိကန်ဒေါ်လာ ၆၀၉၉၀၆၊ အာဆီယံဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးငွေအမေရိကန်ဒေါ်လာ ၉၂၅၉၀၊ ဥရောပဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးငွေအမေရိကန်ဒေါ်လာ ၂၂၃၂၄၊ စပွန်ဆာနှင့် အခြားဝင်ငွေ အဖြစ် အမေရိကန်ဒေါ်လာ ၇၁၁၈၂၈ ဖြင့် ဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၅၅၁၇၄၈၀ ဖြစ်ပါတယ်။
လည်ပတ်သုံးစွဲငွေ စုစုပေါင်းမှာအမေရိကန် ဒေါ်လာ ၆၁၈၃၇၃၄ ဖြစ်သော ကြောင့် လိုငွေ အမေရိကန်ဒေါ်လာ ၆၆၆၂၅၅ ရှိပါတယ်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ငွေစာရင်းနှင့်ပတ်သက်၍ ပြင်ပ စာရင်းစစ်အဖွဲ့၏ ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ် အစီရင်ခံစာအား JF Group (Audit Firm) မှ Managing Partner ဦးဝမ်တင်က ရှင်းလင်းတင်ပြပါတယ်။
ယင်း နောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖွဲ့စည်းပုံစည်းမျဉ်းများ Statutes of Myanmar Football Federation [Edition – 2023] နှင့်စပ်လျဉ်း၍ ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းစိန်က ဆက်လက်ရှင်းလင်းတင်ပြသည ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ၏ ရှင်းလင်းတင်ပြချက်တွင် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ် အမှုဆောင်ရွေးကောက်ပွဲအားလာမည့် ၂၀၂၄ ခုနှစ် မတ် ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ထည့်သွင်းကြေညာပါတယ်။
ညီလာခံတွင် ၂၀၂၄ ခုနှစ် အတွက် ရငွေ/သုံးငွေ ကြိုတင် ရေးဆွဲခြင်းကို ရှင်းလင်းတင်ပြ ခြင်း၊ ဆန္ဒမဲရေတွက်ခြင်းနှင့် အတည်ပြုချက်များ ရယူခြင်းစသည့် ကွန်ဂရက်အစီအစဉ် များကို ဆက်လက်ကျင်းပခဲ့ပြီးနောက် အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က နိဂုံးချုပ်စကား ပြောကြားခဲ့ပါတယ်။
ymn_mnn
Published 31 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group

Published 31 December 2023
ကြက်သွန်ဖြူစားခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းမွန်စေတယ်လို့ ရှေးအစဥ်အဆက်တည်းက ပြောလာကြပါတယ်။
ဒါပေမဲ့ ကျန်းမာရေးကို ဘယ်လိုမျိုး အထောက်အကူပြုလဲဆိုတာကို သိပ်ပြီးမသိကြပါဘူး။
Eating Well မှ သုတေသန ပညာရှင်များက ကြက်သွန်ဖြူရဲ့ လုပ်ဆောင်ပုံတွေကို ဖော်ပြသွားပါတယ်။
(၁) ကိုယ်ခံအားစနစ်မြှင့်တင်ပေးခြင်း
ကြက်သွန်ဖြူမှာပါတဲ့ အယ်လီဆင်ဒြပ်ပေါင်းဟာ ဆေးစွမ်းကောင်းဖြစ်ပြီး အော်ဂဲနိုဆာလ်ဖာကလည်း ခန္ဓာကိုယ်ကို ကာကွယ်ပေးပါတယ်။
(၂) ကိုလက်စ်ထရောလ် လျှော့ချပေးခြင်း
ကြက်သွန်ဖြူအရည်မှ ရတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ကိုလက်စ်ထရောလ်ပမာဏ လျော့နည်းအောင် ကူညီပေးပါတယ်။
(၃) သွေးပေါင်ချိန်ကျစေခြင်း
သွေးတိုးရှိပြီး နှလုံးရောဂါများ၊ ဆီးချိုရောဂါတို့ ရှိသူတွေဟာ ကြက်သွန်ဖြူအစိမ်းကို တစ်နေ့နှစ်ကြိမ်ဖြင့် ၄ ပတ်ဆက်တိုက် စားပေးသင့်တယ်လို့ National Heart, Lung and Blood Institute မှ ဖော်ပြထားပါတယ်။
(၄) အူလမ်းကြောင်းကျန်းမာရေး ကောင်းမွန်စေခြင်း
ကြက်သွန်ဖြူမှာ ပရီဘိုင်အိုတစ်များ ပါဝင်တာကြောင့် အူလမ်းကြောင်းရှိ ကောင်းကျိုးပြု ဘက်တီးရီးယားများ တိုးများစေပါတယ်။
(၅) ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝခြင်း
သက်ကြီးရွယ်အိုတွေမှာ ဦးနှောက်လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးပြီး ကြက်သွန်ဖြူစားတဲ့ သက်ကြီးရွယ်အိုတွေဟာ မစားသူတွေထက် ပိုမိုအသက်ရှည်ကြောင်း တွေ့ရှိထားပါတယ်။
ကြက်သွန်ဖြူကို အစိမ်းလိုက်စားခြင်းက အကောင်းဆုံးဖြစ်ပြီး အဆင့်ဆင့်လုပ်ဆောင်မှု များလေလေ အာနိသင်လျော့နည်းလာလေ ဖြစ်ပါတယ်။
အစာအိမ်မကောင်းတဲ့သူတွေမှာ ကြက်သွန်ဖြူစားလိုက်ရင် လေပွခြင်းခံစားရတာဟာ ကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။
Source: New York Post
Published_31 December 2023
#World_Health
#Yangon_Times #YMG_News #Yangon_Media_Group
Published 31 December 2023
ခန္ဓာကိုယ်မှ သံဓာတ်လုံလောက်စွာ မရတဲ့အခါ သိုင်းရွိုက်လှုပ်ရှားမှု လျော့နည်းခြင်း၊ အားနည်းခြင်း၊ အဝလွန်ခြင်းတို့ပင် ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် သံဓာတ်နည်းပါးပါက ဆံပင်ကျွတ်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
သက်သက်လွတ်စားသူတွေမှာ သံဓာတ်ချို့တဲ့ခြင်း အဖြစ်များပေမယ့် အသားစားသူတွေဟာလည်း သံဓာတ်စုပ်ယူမှု နည်းပါးကာ သံဓာတ်နည်းပါးနိုင်ပါတယ်။
သံဓာတ်ချို့တဲ့တဲ့အခါ သွေးအားနည်းခြင်း၊ ခန္ဓာကိုယ်အားနည်းခြင်း၊ ကယ်လိုရီလောင်ကျွမ်းမှု နည်းပါးခြင်းတို့ ဖြစ်နိုင်ကာ အချိုအစားများလာနိုင်ပါတယ်။
ဒါ့အပြင် သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှု နည်းပါးသွားကာ ဇီဝဖြစ်ပျက်မှုဖြစ်စဥ် နှေးသွားပြီး ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။
အသားမစားဖို့ အကြံပြုထားကြကာ ပဲအမျိုးမျိုး၊ အခွံမာသီးများ၊ ကောက်ပဲသီးနှံများ၊ ဟင်းရွက်စိမ်းတွေဟာ သံဓာတ်ကြွယ်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။
ပဲနီကလေးတစ်ခွက်စာ ချက်ပြုတ်စားခြင်းက ကြက်ရင်အုံထက် သံဓာတ်ပိုမိုရရှိပါတယ်။
Source: The Jerusalem Post.
Published_31 December 2023
#World_Health
#Yangon_Times #YMG_News #Yangon_Media_Group
၃၀ ဒီဇင်ဘာ ၂၀၂၃
#တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးပျက်ပြားအောင် သတင်းမီဒီယာများမှ လုပ်ဆောင်နေမှုများ၊
#မြန်မာနိုင်ငံ၏ ရပ်တည်ချက်သည် မြန်မာမြေကို၊ မြန်မာနိုင်ငံပိုင်နက်ကို အသုံးပြုပြီး အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွား၊ တည်ငြိမ်မှုနှင့် ပြည်သူလူထု လူမှုစီးပွား ဘဝကို ထိခိုက်နှောက်ယှက်စေသည့် မည်သည့်လုပ်ငန်းမျိုးကိုမှ လက်ခံမှာ မဟုတ်
#မြန်မာနိုင်ငံ လောက်ကိုင်မှာရောက်ရှိနေတဲ့ တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည် လွှဲပြောင်းပေးမှုအခြေအနေများ၊
#လောက်ကိုင်မြို့အခြေအနေများ
#နယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး၊ အွန်လိုင်းလောင်းကစား မှုနှင့် ငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးမှုများ၊
#မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အားဖော်ထုတ်ဖမ်းဆီးရမိများနှင့်
ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
တရုတ်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ပန်ဒါမွေးမြူရေးစခန်းမှာ ပန်ဒါဝက်ဝံငယ်တစ်ကောင် ဆော့ကစားပုံတွေကို ဗီဒီယိုရိုက်ကူးပြီး ပြသခဲ့ကြပါတယ်။
ဗီဒီယိုထဲမှာ ချန်ဒူပန်ဒါဝက်ဝံ သုတေသနမွေးမြူရေးစခန်းရှိ စူးစမ်းစုစပ်နေတဲ့ ပန်ဒါလေးက ပတ်ဝန်းကျင်ကို လေ့လာနေပြီး ပန်ဒါထိန်းကျောင်းသူနဲ့ ဆော့ကစားနေတာကို မြင်တွေ့ရပြီး တရုတ်ပြည်မှာ တန်ဖိုးထားတဲ့ ပန်ဒါတွေရဲ့ နေ့စဥ်လှုပ်ရှားမှုတွေကို တင်ဆက်နေတဲ့ iPanda ချန်နယ်လိုင်းကနေ မကြသေးမီက ထုတ်လွှင့်ခဲ့ပါတယ်။
Published_30 December 2023
#Asia_Conservation
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_30 December 2023
၁။ ရန်ကုန်တိုင်းတွင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းအချို့ တစ်ဦးချင်းဖွင့်ရန်ခက်ခဲပါက စုပေါင်းဖွင့်သင့်ဟုဆို
၂။ ယခုနှစ် ပဲဖတ်ဈေးကွက် ၀ယ်လိုအား အလွန်နည်းသဖြင့် ဈေးကောင်းမရ
၃။ အခေါက်ရွှေ စံချိန်တင်အမြင့်တန်းဈေး၌ အတက်အကျနည်းပါးနေ
၄။ စီချွမ်ဒေသ ချန်ဒူပန်ဒါသုတေသနမွေးမြူရေးစခန်းမှ ပန်ဒါငယ်လေးတစ်ကောင်၏ ချစ်စဖွယ်လှုပ်ရှားမှုများကို ဗီဒီယိုရိုက်ကူးထုတ်လွှင့် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 917 of 2004