Published_ 18 September 2023
မလေးရှားနိုင်ငံ၌ အလုပ်သွင်းပေးမည်ဟုဆိုပြီး မြန်မာလုပ်သားတစ်ဦးထံမှ ကားသမားပွဲစားက ရင်းဂစ်(၈၀၀) လိမ်လည်မှုဖြစ်ခဲ့ကြောင်း နှလုံးလှပရဟိတအသင်း(သွေးလှူရှင်များအဖွဲ့)မှသိရသည်။
မလေးရှားနိုင်ငံ၊ပီနန်းဘာတာဝပ်မြို့တွင် ကားသမားရင်းပွဲစားက ကေအယ်သို့ ရင်းဂစ် ( ၈၀၀ )ယူ၍ခေါ်လာခဲ့ပြီးအလုပ်လည်းသွင်းမပေးဘဲ လမ်းတစ်နေရာတွင်ထားခဲ့၍ တံတားအောက်တွင်
စေရာ၊ စားစရာမရှိဘဲ ၃ရက်ကြာနေထိုင်ခဲ့ကြောင်းသိရသည်။
"မလေးရှားရောက်တာ ၉လ ကျော်ရှိသေးတယ်လို့သိရတယ်။ အထောက် အထားလည်းမရှိ၊ အသိမိတ်ဆွေလည်းမရှိဘဲနဲ့ ထမင်းမစားရတာ ၃ရက်၊ ၄ရက်လောက်ရှိနေပြီး တံတားအောက် မှာနေခဲ့တယ်လို့သိရတယ်။ နှလုံးလှအဖွဲ့ကို အကူအညီတောင်းခံလာတဲ့အတွက် ပူချွန်းမြို့နယ်ထဲမှာသွားရောက်ခေါ်ယူခဲ့ပါတယ်"ဟု နှလုံးလှပရဟိတအဖွဲ့ကသိရသည်။
အဆိုပါအမျိုးသားမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အင်းရှည်ကျေးရွာမှ မောင်ကျော်ကျော်ဌေးဖြစ်ကြောင်းသိရသည်။
ယခုအချိန်တွင်မလေးရှား၌ လူလိမ်ပွဲစား၊လူလိမ်ကားသမား၊ လူ လိမ်ငွေလွဲ များအရမ်းများနေ၍ အတု၊ အစစ် သတိပြုပြီးဂရုစိုက်ပေးကြရန်လည်း နှလုံးလှပရဟိတအဖွဲ့မှအသိပေးထားသည်။
Yangon Times/PP
Photo-နှလုံးလှပရဟိတသွေးလှူရှင်များအဖွဲ့
#Local_News
#Published_ 18 September 2023
#YMG #Yangon_Times #Yangon_Media_Group
စိုက်ပျိုးစရိတ် နှစ်ဆမြင့်လာပေမယ့် ပြောင်းဈေးမရတာကြောင့် ပြောင်းစိုက်တောင်သူတွေအခက်တွေ့နေ
ယမန်နှစ်က စိုက်ဧက တစ်ဧကကို စိုက်ပျိုးစရိတ် ကျပ်၃သိန်းခွဲမှ လေးသိန်းခန့်သာ ကုန်ကျခဲ့ပေမယ့် အခုနှစ် ပြောင်းစိုက်ရာသီမှာတော့ မြေသြဇာဈေးနဲ့ အခြားစိုက်ပျိုး ထုတ်လုပ်စရိတ်တွေ မြင့် လာတာကြောင့် တစ်ဧကကို စိုက်ပျိုးစရိတ် ၆သိန်း မှ ၈သိန်းကျပ်အထိ ကုန်ကျလာတယ်လို့ ဆိုပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 18 September 2023
#YMG #Yangon_Times #Yangon_Media_Group
မိုးကြိုးစက်ကွင်းခခဲ့သည့် ဓမ္မရာဇကဘုရားကို ဂေါပကအဖွဲမှ ပြုပြင်မည်
"ဓမ္မရာဇကဘုရား မိုးကြိုးစက်ကွင်းခလို့ ရွှေချထားတဲ့နေရာမှာ မီးခိုးမှိုင်းလိုမျိုး မည်းသွားတဲ့ရွှေသင်္ကန်းတွေကို ဓမ္မရာဇကဘုရားဂေါပကအဖွဲမှ မူလအလှူရှင်နဲ့ဆက်သွယ်ပြီး ဆောင်ရွက်သွားမှာဖြစ်တယ်"ဦးကျော်မျိုးဝင်း၊ ရှေးဟောင်းသုတေသနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ညွှန်ကြားရေးမှူး
#Yangon_Times/tthl
#Local_News
#Published_ 18 September 2023
#YMG #Yangon_Times #Yangon_Media_Group
မန္တလေး၊ မကွေးအလယ်ပိုင်းဒေသများ မိုးသက်လေပြင်းတိုက်နိုင်
"အခုရက်ပိုင်းအတွင်း မုတ်သုန်လေဟာ နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်စတဲ့ အလယ်ပိုင်းဒေသတွေမှာ ဆုတ်ခွာနေပြီး မိုးသက်လေပြင်းတိုက်ခတ်တာ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နိုင်တယ်" ဦးလှထွန်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၊ညွှန်ကြားရေးမှူး
#Yangon_Times/tthl
#Local_News
#Published_ 18 September 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 18 September 2023
အိပ်ချ်စ်အိုင်ဗွီ လူနာများအား ARTဆေးကုဌာန ၄၀၀ကျော်ဖြင့်ကုသပေးလျက်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က သိရသည်။
ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း၏ လုပ်ငန်းစဉ်များအရ လာမည့် ၇နှစ်ကြာကာလ ၂၀၃၀ပြည့်နှစ်တွင် HIV ပိုးကူးစက် မှုကင်းဝေးသည့် လူ့အဖွဲ့အစည်းတစ်ရပ်ပေါ် ထွက်လာ စေရန်ရည်ရွယ်၍ အိပ်ချ်စ်အိုင်ဗွီ လူနာများကို ARTဆေးကုဌာန ၄၀၀ကျော် ဖြင့်ကုသပေးနေခြင်း ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သိရသည်။
ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်းအရ HIV-AIDS ရောဂါကာကွယ် ရေး၊ ပြုစုကုသစောင့်ရှောက်ရေးလုပ်ငန်းများနှင့် ၂၀၂၂ခုနှစ်တွင် ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက် ရေး စီမံချက်ဖြင့် ART ဆေးကုဌာန ၁၄၁ ခုနှင့် ART ဆင့်ပွားကုသဌာန ၃၁၀ ခုတို့ဖြင့် HIV ပိုးရှိ လူနာ ၂ သိန်းကျော် အား ARTဆေးဝါးနှင့် အခမဲ့ကုသပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် ၅ သိန်းကျော်ကိုလည်း HIV နှင့် အခြား ရောဂါပိုးရှိမရှိ စစ်ဆေးပေးခဲ့ကြောင်းသိရသည်။
၂၀၂၂-၂၀၂၃ခု ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးအတွက် ART ဆေးနှင့် ဆေး ပစ္စည်းများဝယ်ယူနိုင်ရန် အတွက်လည်း နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ ၁၆သန်းအသုံးပြုထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန က သိရသည်။
Yangon Times/pp
#Local_News
#YMG #Yangon_Times
Published_ 18 September 2023
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ရှောက်တက်ခင်းကျေးရွာတွင် စက်တင်ဘာ ၁၈ ရက်(ယနေ့)နံနက်ပိုင်းက ကုန်းပေါ်တင်ထားသည့် စက်လှေပေါ်၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ယနေ့နံနက် ၈ နာရီခွဲခန့်က မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ရှောက်တက်ခင်းကျေးရွာရှိ ထူးထူးတိုးရေပေါ်လွန်းကျင်းဧရိယာတွင် ကုန်းပေါ်တင်ထားသည့် စက်လှေပေါ်၌ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 2 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
နံနက် ၉ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး အပြီးသတ်မီးငြိမ်းနိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဆောင်ရွက်ခဲ့ကြသဖြင့် နံနက် ၁၀ နာရီ ၁၅ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့၏ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#YMG #Yangon_Times
Published_ 18 September 2023
ဂြိုဟ်သားအလောင်းများ တွေ့ရှိခဲ့ခြင်းဟာ လူသားသမိုင်းမှာ အရေးပါဆုံး တွေ့ရှိမှုတွေထဲက တစ်ခုဖြစ်ပြီး မက်ဆီကိုဂျာနယ်လစ်နဲ့ အမည်မသိယာဥ်ပျံများ (UFO )တွေကို စိတ်ဝင်စားနေခဲ့တဲ့ ဂျေမီမော်ဆန်အတွက်လည်း အရေးပါနေပါတယ်။
ဦးခေါင်းရှည်ရှည်၊ လက်တစ်ဖက်မှာ လက်ချောင်း ၃ ချောင်းစီရှိတဲ့ ပုံသဏ္ဍာန်နဲ့ မံမီဆေးစိမ်ထားတဲ့ ဂြိုဟ်သားအလောင်း ၂ ခုကို မက်ဆီကို ကွန်ဂရက်လွှတ်တော်သို့ တင်ပြထားကာ ကမ္ဘာတဝှမ်းမှာ ထိုပုံရိပ်တွေ ပျံနှံ့လျက်ရှိပြီး ဒါဟာ မဟုတ်မမှန်တင်ပြတာသာ ဖြစ်နိုင်တယ်လို့လည်း ဆိုနေကြပါတယ်။
မက်ဆီကိုမြို့ စီးပွားရေးအချက်အခြာနေရာ ဆန်တာဖေရှိ မော်ဆန်ရဲ့ရုံးမှာ အဖွဲ့ဝင်တွေက အလောင်းတွေထည့်ထားကာ မှန်အဖုံးဖြင့်ပိတ်ထားတဲ့ သေတ္တာနှစ်လုံးကို အစိမ်းရောင်ဖန်သားပြင်ရှိတဲ့ စတူဒီယိုခန်းထဲသို့ ဂရုတစိုက် သယ်ဆောင်နေကြပြီး ရိုက်တာသတင်းဌာနက သောကြာနေ့က လေ့လာခွင့် ရခဲ့ပါတယ်။
လူတွေက အနီးကပ် လာရောက်ကြည့်ရှုကြပြီး အလောင်းတွေက ရှေးဟောင်းပုံသဏ္ဍာန်နဲ့ ဆင်တူကာ လူသားတွေလိုမျိုး မျက်လုံးနှစ်လုံး၊ ပါးစပ်တစ်ပေါက်၊ ခြေလက်နှစ်ချောင်းစီ ပါရှိပါတယ်။
သူတို့ကို ပီရူးနိုင်ငံ ပရီကိုလံဘီယမ်နက်ဇ်ကာလိုင်းစ်အနီးမှာ ၂၀၁၇ ခုနှစ်က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
မော်ဆန်က လွှတ်တာ်ကြားနာမှုနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဒီအလောင်းတွေက နှစ်တစ်ထောင် သက်တမ်းရှိပြီး ကမ္ဘာပေါ်က ဘယ်မျိုးစိတ်နဲ့မှ မသက်ဆိုင်ဘူးလို့ သက်သေပြထားကြောင်း ပြောကြားခဲ့ပါတယ်။
ကိုယ်တွင်းထဲမှာ မျိုးဥများတွေ့ရှိခဲ့တဲ့ အလောင်းကိုတော့ အမဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ယခင်က တွေ့ရှိမှု အလိမ်အညာတွေနဲ့ တူညီနေတဲ့ဖြစ်ရပ်ကို လူသိရှင်ကြား ဖော်ပြခဲ့တဲ့အတွက် ပီရူးလူမျိုး ဇီဝမနုဿပညာရှင် အယ်လ်ဆာတိုမက်စ်တို ကာဂီဂေါင်က စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။




အရင်ကအတိုင်း တင်ပြနေဆဲဖြစ်တဲ့ ဖြစ်ရပ်တွေကို လူတွေယုံကြည်နေသေးတာ ဘာတတ်နိုင်မှာလဲလို့ ပြောပြသွားပါတယ်။
ယခင်ကလည်း စပိန်ခေတ်မတိုင်ခင်က ကလေးအလောင်းတွေဟာ တိရိစ္ဆာန် အစိတ်အပိုင်းတွေနဲ့ ပေါင်းစပ်ထားတယ်ဆိုပြီး သိပ္ပံပညာရှင် အသိုင်းအဝိုင်းက အသိအမှတ်မပြုခဲ့တဲ့ တွေ့ရှိချက်တွေ ရှိဖူးပါတယ်။
မော်ဆန်က သူစမ်းသပ်ခဲ့တဲ့ အလောင်းတွေရဲ့ DNA နဲ့ ကာဗွန်စမ်းသပ်ချက် ရလဒ်တွေကို ဆိုရှယ်မီဒီယာနဲ့ တင်ပြချက်တွေထဲမှာ ဖော်ပြခဲ့ပါတယ်။
အလောင်းတွေက ဘယ်လိုလုပ် ပီရူးကနေ ထွက်ခွာလာသလဲ ဆိုတာကို ပီရူးယဥ်ကျေးမှုဝန်ကြီး လက်စ်လီအာတီဂါက မေးခွန်းထုတ်လိုက်ကာ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တွေ ရရှိထားတယ်လို့ ဆိုလိုက်ပါတယ်။
တရားမဝင်တာ ဘာတစ်ခုမှ မလုပ်ထားဘူးလို့ ဆိုပေမယ့် ဒီအလောင်းတွေ မက်ဆီကိုထံသို့ ဘယ်လိုရောက်ရှိလာလဲဆိုတာကို မော်ဆန်က မဖြေရှင်းထားပါဘူး။
Source: Reuters
#World_News
#YMG #Yangon_Times
#World_Science
Published 18 September 2023
ဆွစ်ဇာလန်သုတေသီတွေဟာ ဘက်တီးရီးယားတစ်မျိုးကို အသုံးပြုပြီး ဘီယာချက်စက်ရုံရေဆိုးတွေကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မယ့်နည်းလမ်းကို တွေ့ရှိထားပါတယ်။
ဒီလိုပြုလုပ်နိုင်ရန်အတွက် EPFL ဆွစ်ဇာလန်အစိုးရအဖွဲ့အစည်းမှ သိပ္ပံပညာရှင်များအဖွဲ့က အက်စ်ချရီချီယာကိုလိုင် (အတိုကောက်= အီးကိုလိုင်) လို့ခေါ်တဲ့ ဘက်တီးရီးယားကို မျိုးဗီဇပြုပြင်လိုက်ကြပါတယ်။
အီးကိုလိုင်က နေရာအခြေအနေ အမျိုးမျိုးမှာ ပေါက်ဖွားနိုင်ကာ ရေဆိုးလိုနေရာတွေကနေပါ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့ ဓာတုအင်ဂျင်နီယာ အာဒီမစ်ဘိုဂေါ့ရှန်က ပြောပြခဲ့ပါတယ်။
လျှပ်စစ်ဓာတ်အားကို သဘာဝအတိုင်း ထုတ်လုပ်နိုင်တဲ့ အချို့ပိုးမွှားတွေ တွေ့ရှိထားပြီး ဖြစ်ပေမယ့် လိုအပ်တဲ့ဒြပ်စင်များရှိမှသာ ထုတ်လုပ်နိုင်တာ ဖြစ်ပါတယ်။
ဆွစ်ဇာလန်သိပ္ပံပညာရှင်များမှ မျိုးဗီဇပြုပြင် ထုတ်လုပ်ထားတဲ့ ဘက်တီးရီးယားအသစ်ကတော့ နေအထား အမျိုးမျိုးမှာ လျှပ်စစ်ထုတ်လုပ်နိုင်မှာဖြစ်ပြီး လက်တွေ့ကျကျ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
လျှပ်စစ်ဓာတ်ထုတ်လုပ်ပေးနိုင်တယ်လို့ လူသိများတဲ့ ရှဝန်နဲလားအိုနီဒန်ဆစ်မှာ တွေ့ရတဲ့ ပရိုတိန်းအစုအဖွဲ့မျိုးကို အီးကိုလိုင်မှာ ထည့်သွင်းလိုက်တာ ဖြစပါတယ်။
ဒီလိုနည်းလမ်းဖြင့် အီးကိုလိုင်ရဲ့ လျှပ်စစ်ထုတ်လုပ်မှုကို နှစ်ဆမြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဓာတ်ခွဲခန်းမှာသာ စမ်းသပ်ရသေးတာ ဖြစ်ပြီး လက်တွေ့လုပ်ငန်းတွေမှာ အလားတူ အသုံးဝင်နိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။
စက်မှုလုပ်ငန်းများမှ ရေဆိုးများ ရှင်းလင်းရာမှာလည်း အီးကိုလိုင်က ပိုပြီးသင့်လျော်မယ်လို့ တွေ့ရှိထားပါတယ်။
ဆွစ်ဇာလန် ဒေသတွင်း ဘီယာချက်စက်ရုံမှ ရေဆိုးနမူနာရယူကာ သိပ္ပံပညာရှင်အဖွဲ့မှ ပြုပြင်ပြောင်းလဲထားတဲ့ အီးကိုလိုင်စနစ်ဖြင့် စမ်းသပ်ခဲ့ရာမှာ ထိုဘက်တီးရီးယားတွေက ရေဆိုးတွေကို နာရီ ၅၀ အတွင်း စားသုံးပစ်ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲထားတဲ့ အီးကိုလိုင်တွေက လျှပ်စစ်ဓာတ် ထုတ်လုပ်ရာမှာ ရှဝန်နဲလားအိုနီဒန်ဆစ်ထက် အနည်းငယ်နှေးပေမယ့် ရေဆိုးရှင်းလင်းရာမှာတော့ အလားအလာ ကောင်းမွန်နေပါတယ်။
#World_Science #အီးကိုလိုင်(E.coli) #လျှပ်စစ်ဓာတ်အား #ဆွစ်ဇာလန်သုတေသီ
Source: WION
#World_Health
Published 18 September 2023
ရင်ဘတ်မှာ မခံရပ်မခံသာဖြစ်အောင် အောင့်လာခြင်းမျိုးက နှလုံးရောဂါ လက္ခဏာတစ်ခုဖြစ်ပြီး အသက်အန္တရာယ် ရှိစေနိုင်ပါတယ်။
ရုတ်တရက် ရင်ဘတ်မှာ စူးအောင့်လာပြီး သတိလစ်မူးမေ့တာမျိုးကသာ နှလုံးရပ်ခြင်းရဲ့ လက္ခဏာတွေလို့ထင်ရင် မှားသွားပါပြီ။
နှလုံးဆီ သွေးမရောက်ဘဲ နှလုံးဖောက်တဲ့ဖြစ်ရပ်မှာ ရုတ်တရက် နှလုံးရပ်တာမျိုးက ဖြစ်လေ့ဖြစ်ထ အလွန်ရှားပါးပါတယ်။
သတိမေ့လဲကျသွားလို့ အရေးပေါ် လူနာတင်ကား မခေါ်နိုင်တာမျိုး မဖြစ်ရအောင် ရောဂါလက္ခဏာများကို ကြိုတင်သိရှိပြီး သင့်တင့်မှန်ကန်တဲ့ ကုသမှု ချက်ချင်းခံယူဖို့ လိုအပ်ပါတယ်။
အဖြစ်အများဆုံး လက္ခဏာက နှလုံးအောင့်ခြင်း ဖြစ်ပေမယ့် တစ်ဦးနဲ့တစ်ဦး ကွာခြားနိုင်ပါတယ်။
- ရင်ဘတ်မှာ လေးလံအောင့်နာခြင်း
- မူးဝေသလို ခံစားရခြင်း
- ချွေးထွက်ခြင်း
- အသက်ရှူ မဝခြင်း
- ဖျားနာသလို ခံစားရခြင်း
- ချောင်းဆိုးနှာချေခြင်း
- ပူပန်သောကခံစားရခြင်း
- ခန္ဓာကိုယ်အခြားနေရာတွေမှာလည်း နာကျင်ခြင်း
- နာကျင်ခြင်းက ရင်ဘတ်ကနေ လက်သို့ရောက်ရှိလာခြင်းတို့ ခံစားရတတ်ပါတယ်။
ဗြိတိန်မှာ နှစ်စဥ်သေဆုံးသူတွေထဲက ၄ ပုံ ၁ ပုံလောက်ဟာ နှလုံးသွေးကြောရောဂါကြောင့် ဖြစ်နေပြီး အချို့နေရာတွေမှာလည်း အရွယ်မတိုင်ခင် သေဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်း ဖြစ်နေပါတယ်။
ရောဂါလက္ခဏာ အနည်းငယ်သာ ခံစားရတဲ့အခါ နှလုံးဖောက်နိုင်ချေရှိတယ်ဆိုတာကို မသိကြပါဘူး။
ငယ်ရွယ်သူပဲဖြစ်ဖြစ်၊ ကျန်းမာသန်စွမ်းသူပဲဖြစ်ဖြစ် ဘယ်သူ့မှာမဆို ဖြစ်ပွားနိုင်ပါတယ်။
နှလုံးရောဂါဖြစ်နိုင်ချေ လျှော့ချချင်တယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသုံးနေထိုင်တာတွေ၊ သွေးပေါင်ချိန်နဲ့ ကိုလက်စထရောလ် ပုံမှန်စစ်ဆေးတာတွေ၊ ကိုယ်အလေးချိန် ထိန်းသိမ်းတာတွေ ပြုလုပ်သင့်ပါတယ်။
အထက်ပါ လက္ခဏာတွေ ခံစားရပြီဆိုရင် အရေးပေါ်ကားကို ခေါ်သင့်နေပါပြီ။
မပြင်းထန်ဘူးလို့ ထင်နေရင် ရောဂါရှိမှန်းမသိရဘဲ ပိုမိုဆိုးရွားလာမှာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နှလုံးရောဂါဟာ အရေးပေါ် အခြေအနေဖြစ်ပြီး အရေးပေါ်ဌာနသို့ ခေါ်ဆိုကာ လက္ခဏာတွေ ပြောပြသင့်ပါတယ်။
ဆေးလိပ်သောက်ခြင်း၊ အဆီများသော အစားအစာစာခြင်း၊ ဆီးချို၊ ကိုလက်စထရောလ်မြင့်ခြင်း၊ သွေးပေါင်ချိန်မြင့်ခြင်း၊ အဝလွန်ခြင်းတို့ကြောင့် နှလုံးဖောက်နိုင်ချေ ပိုများစေပါတယ်။
#World_Health #နှလုံးရောဂါဖြစ်နိုင်ချေ #အသက်အန္တရာယ်ကင်း
Source: Metro
#Local_News
Published 17 September 2023
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း စက်တင်ဘာ ၁၇ ရက်ညနေပိုင်းတွင် ဓမ္မရာဇကဘုရား မိုးကြိုး စက်ကွင်းခခဲ့ကြောင်း ရှေးဟောင်းသုတေသနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။
ယင်းကဲ့သို့ မိုးကြိုးခခဲ့ကြောင်းသိရ၍ ညောင်ဦးမြို့နယ် သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ အလိုတော်ပြည့်ကျောင်းဆရာတော်၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ ဌာနခွဲ) တာဝန်ခံ ညွှန်ကြားရေးမှူးနှင့်အဖွဲ့၊ ညောင်ဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ညောင်ဦးခရိုင် သာသနာရေးမှူးတို့ဖြင့် ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့သည်ဟုဆိုသည်။
ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ ဓမ္မရာဇကဘုရားကြီးတွင် အုတ်များကွာကျခြင်း၊ ပွင့်ထွက်ခြင်းများကိုမတွေ့ရှိရဘဲ ဘုရားခေါင်းလောင်းနှင့် ဖောင်းရစ်ပတ်လည်တွင် အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ပြီး အက်ကြောင်းတစ်ဝိုက်တွင် ရွှေသင်္ကန်းများ မည်းသွားသည်ကို သာ မျက်မြင်စစ်ဆေးတွေ့ရှိရပါကြောင်းနှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ အခြားသော ရှေးဟောင်းအဆောက်အအုံများ ထိခိုက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဓမ္မရာဇကဘုရားကြီး၏ မိုးကြိုးစက်ကွင်းခမှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ အမြန်ဆုံးပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
#tthl #Local_News #ပုဂံဓမ္မရာဇ #မိုးကြိုးစက်ကွင်းခ
#Yangon_Times
#Local_News
Published 17 September 2023
ပြင်ဦးလွင်မြို့၊နောင်ခမ်းကြီးရေကန်တွင် ရေဆင်းကူးသည့် အမျိုးသား (၁)ဦးရေနစ်သေဆုံးခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
ပြင်ဦးလွင်မြို့၊ ရကက(၂၀)၊နောင်ခမ်းကြီးရပ်၊ နောင်ခမ်းကြီးရေကန်အတွင်း စက်တင်ဘာ ၁၇ရက် နေ့လည်ပိုင်းတွင် ရေဆင်းကူးခဲ့သည့်အသက်(၁၅)နှစ်အရွယ် အမျိုးသား(၁)ဦးရေနစ်ခဲ့ပြီး သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်း အသင်းသားများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ ရှာဖွေကယ်ဆယ်ခဲ့ပြီး အချိန်နဲ့တပြေးညီ ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။
#tthl #Local_News #နောင်ခမ်းကြီးရေကန် #လူငယ်(၁)ဦးရေနစ်သေဆုံး
#Yangon_Times
#Local_News
Published 17 September 2023
အိမ်လိပ်စာ၊ ဖုန်းနံပါတ်မမှတ်မိသည့် အဘိုးတစ်ဦး ဗိုလ်တထောင်ဘုရားလမ်း၊ ကားဂိတ်တွင်ချော်လဲခဲ့ပြီး ပေါင်ရိုးကျိုးသွားကြောင်း ရှင်သန်ရေးကူညီမှု အသင်းမှသိရသည်။
ကားဂိတ်တွင် အဘိုးတစ်ဦးချော်လဲကျနေသဖြင့် ရှင်သန်ရေးကူညီမှုအသင်းမှသွားရောက်ကူညီရာ လမ်းမလျှောက်နိုင်တော့ကြောင်း ခြေထောက်အရမ်းနာကြောင်းပြောသည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ခဲ့သည်။
ဆေးရုံကြီးတွင် ဓာတ်မှန်စစ်ဆေးရာပေါင်ရိုးကျိုးသွားသဖြင့် ခွဲစိတ်ကုသရန်လိုအပ်သည့်အတွက် မိသားစုဝင်များ၏ခွင့်ပြုချက်လိုအပ်ခဲ့ပြီး အဘိုးဦးတင်ရီသည် မိသားစုဝင်များကိုဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်အတိအကျမမှတ်မိတော့၍ လူမှုကွန်ရက်ပေါ်မှ အဘိုးမိသားစုဝင်များဆက်သွယ်ပေးရန် အကူအညီတောင်းခံခဲ့ရာ အဆက်အသွယ် ရရှိခဲ့သည်။
ယင်းကဲ့သို့ မိသားစုဝင်များနှင့်အဆက်အသွယ်ရခဲ့သည့်အတွက်နေအိမ်သို့ ပြန်ပို့ဆောင်ပေးခဲ့ပြီး နေအိမ်မှသျှင်ပါဂူဆေးရုံတွင် ဆေးကုသမှုခံယူနိုင်ရန် ရှင်သန်ရေးကူညီမှုအသင်းမှဆက်လက်ကူညီ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
#tthl #Local_News #ပေါင်ရိုးကျိုး လူနာအဖိုး #ပြန်တွေ့ပြီးဆေးကုသခွင့်ရ
#Yangon_Times
Page 919 of 1858