#Local_News
Published_ 09 November 2023
အခုရက်ပိုင်းအတွင်း မိုးတိမ်တောင်များကြောင့် ရန်ကုန်အပါအဝင်ဒေသအချို့ မိုးထစ်ချုန်းခြင်း၊မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့်မိုးသီးကြွေခြင်းဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။
ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင် များဖြစ်ပေါ်လျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျား ရာနေရာတစ်လျှောက်တွင် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားသည်။
နိုဝင်ဘာလ ၁၀ ရက်မနက်ပိုင်းအထိ ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းတွင် နေရာအနှံ့အပြား၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်ဖြစ်သည်။
နောက်နှစ်ရက်အတွက်ခန့်မှန်းချက်အနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တိုတွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ကြောင်းသိရသည်။
#Local_News #မိုးတိမ်တောင် #မိုးထစ်ချုန်းခြင်း #မိုးသီးကြွေခြင်းဖြစ်ပေါ်နိုင် #tthl #Yangon_Times
‘သောက်ရေတကောင်းပိုက်တပ်လို့ရတဲ့ စစ်ကိုင်းမြေထည်သောက်ရေအိုးတွေနဲ့ မြေထည်ပန်းအိုးတွေကို ရန်ကုန်မှဝယ်ယူမှုတွေများနေတယ်။ စဉ့်ထည်အဓိက အားထားအသုံးပြုတဲ့ ချင်းပြည်နယ်ကို လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကြောင့် တင်ပို့နိုင်ခြင်းမရှိဘဲ အရောင်းအဝယ်အေးနေတယ်’ စစ်ကိုင်းရှိမြေထည်စဉ့်ထည်လက်ကားဒိုင်မှ တာဝန်ရှိသူတစ်ဦး
#Local_News
Published_ 09 November 2023
#ဆီမီးခွက် #စစ်ကိုင်းမြေထည်သောက်ရေအိုး
#tthl #Yangon_Times
#Local_News
Published 9 November 2023
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအပါအဝင် ရွေ့ပြောင်းလုပ်သားများ၏ ဗီဇာကြေးကို ဘတ်ငွေ ၅၀၀ သာကောက်ခံတော့မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန က အသိပေးကြေညာထားသည်။
ယခင်က ပြည်ပရွေ့ပြောင်းလုပ်သားများ၏နေထိုင်ခွင့်ဗီဇာကြေးကို ဘတ် ၁၉၀၀ ကောက်ခံခဲ့ပြီး လာမည့် နိုဝင်ဘာ၁၁ ရက်မှစကာ ဘတ် ၅၀၀ သာ ကောက်တော့မည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ဗီဇာကြေးထက်ဝက်ကျော် လျော့ချပေးခြင်းမှာ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ခန့်ထားသည့် လုပ်ငန်းရှင်များအား အကူအညီဖြစ်စေရန်အတွက် ဗီဇာကြေး လျော့ချသတ်မှတ်တာဖြစ်ပြီး ထိုင်းစီးပွားရေးကို အရှိန်အဟုန်မြှင့် ရှေ့သို့စဉ်ဆက်မပြတ် ရွေ့လျားစေရန် ရွှေ့ပြောင်းအလုပ်သမား ပြဿနာကို ဖြေရှင်းရန်နှင့် တရားဝင်အလုပ်သမား စနစ်ကို အားပေးဖို့ရန်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယမ်နမ်နှင့်လာအိုနိုင်ငံတို့ မှ လာရောက်အလုပ်လုပ်ကျသည့် ရွေ့ပြောင်းလုပ်သားများရှိကြောင်း သိရသည်။
#Local_News #ထိုင်းနိုင်ငံ #ဗီဇာကြေးဘတ်၅၀၀ #YMG/LW #Yangon_Times
#Local_News
Published-9 November 2023
ရန်ကုန်တိုင်း၌ ဆောင်းဆီထွက်သီးနှံလျာထားချက်ဧက၏ ထက်ဝက်ကျော်ဖြင့် နေကြာသီးနှံအား အဓိကစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခု၂၀၂၃_၂၀၂၄ စိုက်ရာသီအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဆီထွက်သီးနှံဧက၁၇,၆၄၀ စိုက်ပျိုးရန်လျာထားပြီးနေကြာကို ဧက ၈,၉၆၉ ဖြင့် အများဆုံး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
နေကြာကို တိုက်ကြီးမြို့နယ်၌ ၂၄၁၄ ဧကဖြင့် အများဆုံး၊ လှည်းကူးမြို့နယ်၌ ၈၅၄ ဧက ဖြင့် ဒုတိယအများဆုံး၊ ကွမ်းခြံကုန်းမြို့နယ်၌ ၈၃၄ ဧကဖြင့် တတိယ အများဆုံးစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် နှမ်းစိုက်ဧက ၄,၉၅၃ ဧကနှင့် မြေပဲစိုက်ဧက ၃,၇၁၈ဧက စိုက်ပျိုးရန်လျာထားခြင်းဖြစ်ပြီး မြေပဲကိုတိုက်ကြီးမြို့နယ်၌ ၁,၅၅၇ ဧကဖြင့် အများဆုံး၊ လှည်းကူးမြို့နယ်၌ ၉၇၀ ဧက ဖြင့်ဒုတိယအများဆုံး၊ ထန်းတပင်မြို့နယ်၌ ဧက ၅၂၀ ဖြင့် တတိယအများဆုံးနှင့် နှမ်းကို တိုက်ကြီးမြို့နယ်၌ ၄,၉၃၁ ဧကဖြင့် အများဆုံးနှင့် မှော်ဘီမြို့နယ်၌ ၂၀ ဧကဖြင့် ဒုတိယအများဆုံး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၌ ဆောင်းပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအား မိုးရွာသွန်းမှုကုန်ဆုံးချိန်နောက်ကျခြင်းနှင့် စောခြင်းပေါ်မူတည်၍ အောက်တိုဘာနှင့် နိုဝင်ဘာစသည့်လများ၌ စတင်စိုက်ပျိုးလေ့ရှိကာ အပင်သက်တမ်းများမှာသုံးလကြာမြင့်လေ့ရှိကြောင်း သိရသည်။
#Local_News #ရန်ကုန်တိုင်း #နေကြာသီးနှံ #ဆောင်းဆီထွက်သီးနှံ #YMG/NN #Yangon_Times
#Local_News
Published_ 09 November 2023
အစားအစာဘေးကင်းစေရေးအတွက် တရားမဝင်အသားများ ရောနှောရောင်းချမှုရှိမရှိ ရန်ကုန်မြို့ရှိ ဈေးများတွင် လိုက်လံစစ်ဆေးကြပ်မတ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီ၏ထုတ်ပြန်ချက်များ အရသိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာနသည် ရန်ကုန်မြို့နေ ပြည်သူများနေ့စဉ်စားသုံးသည့်အသား/ငါးများမှ တစ်ဆင့်ရောဂါမဖြစ်စေရေးနှင့်ဘေးကင်းလုံခြုံစေရေးအတွက် အသားထုတ်လုပ်ရုံများနှင့်စည်ပင်သာယာဈေးများအား ဝင်ရောက်စစ်ဆေးခဲ့နေခြင်းဖြစ်သည်။
နိုဝင်ဘာ ၈ ရက်တွင် ယင်းဌာနမှ ဒုတိယ တိရစ္ဆာန်ဆေးကုမှူး ဒေါက်တာနွယ်နီဝင်းဦးစီးအဖွဲ့သည် ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ အမှတ်(၈၈)ဈေး သို့သွားရောက်၍ အသားများသန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊ လိုင်စင်စီများမှဖြန့်ဖြူးရောင်းချခြင်း၊ တရားမဝင်အသားများရောနှောရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေး၍ လိုအပ်သည်များကြပ်မတ်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
နိုဝင်ဘာ ၉ ရက်တွင်လည်း အဆိုပါအဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိကေတုမတီဈေးသို့ သွားရောက်၍ အသားများသန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊ လိုင်စင်စီများမှ ဖြန့်ဖြူးရောင်းချခြင်း၊ တရားမဝင်အသားများရောနှောရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေး၍ လိုအပ်သည်များ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#Local_News #တရားမဝင်အသား #ရောနှောရောင်းချမှုရှိမရှိ #လိုက်လံစစ်ဆေးကြပ်မတ်နေ
#tthl #Yangon_Times
'လောလောဆယ် တရုတ်မှာဈေးကောင်းနေတယ်၊ ဗန်းမော်၊ လွယ်ဂျယ်ဘက်တက်တာရှိတယ်၊ လမ်းကြောင်းနှစ်ကြောင်းကနေ သွားနေတယ်' ဟု ဖရဲပွဲရုံပိုင်ရှင် ဦးဇော်မင်း
#Local_News
Published_ 09 November 2023
#ရှမ်းမြောက်တိုက်ပွဲ #ဗန်းမော် #လွယ်ဂျယ်
#YMG/NN #Yangon_Times
‘ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ အအေးမမိအောင်နေထိုင်ကြဖို့ လိုအပ်သလို ငှက်ဖျားအဖြစ်များတဲ့ ဒေသဖြစ်တဲ့အတွက် ဒေသခံတွေရော၊ စစ်ဘေးရှောင်ပြည်သူတွေပါ ခြင်ကိုက်မခံရအောင် နေထိုင်ကြဖို့အရေးကြီးတယ်’ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး
#Local_News
Published_ 09 November 2023
#စစ်ဘေးရှောင် #ငှက်ဖျား #တုပ်ကွေးသတိပြုရန်လို
#tthl #Yangon_Times
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်နယ်စပ်ထွက်ဂိတ်မှ တစ်ဆင့်တရုတ်နိုင်ငံရွှေလီထဲကို ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) နဲ့ ဝင်ရောက်တဲ့သူဦးရေရဲ့ တစ်ဝက်ခန့်သာ မြန်မာပြည်ဘက်ကို ပြန်လည်ဝင်ရောက်တယ်လို့ မူဆယ်ရှိ ပရဟိတအသင်းတွေထံက သိရပါတယ်။
#Local_News
Published_ 09 November 2023
#မူဆယ်နယ်စပ်ထွက်ဂိတ် #မူဆယ်မှတရုတ်
#YMG/LW #Yangon_Times
#Local_News
Published 9 November 2023
ရှမ်းပြည်မြောက်ပိုင်းတွင် လတ်တလောဖြစ်ပေါ်နေသော အခြေနေများအရ မူဆယ် ၁၀၅ မိုင်နှင့်ချင်းရွှေဟော်ကုန်သွယ်ရေးဇုန် နယ်စပ်ဂိတ်မှ တစ်ဆင့်ပို့ကုန်သွင်းကုန်လိုင်စင်ခွင့်ပြုချက်ရရှိြပီးသားပစ္စည်းများကို အခြားဂိတ်များမှ ပြောင်းလဲပို့ခွင့်ပြုမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
လတ်တလောလုံခြုံရေး အခြေအနေအနေများအရ မြန်မာ-တရုတ်ကုန်သွယ်ရေး ဆောင်ရွက်လျက်ရှိသည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်ပို့တင်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲရှိနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ ကာလအတွင်းကုန်သွယ်မှုလုပ်ငန်းများ၊ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် နယ်စပ်မှတင်ပို့ရန် ပို့ကုန်လိုင်စင်ခွင့်ပြုချက်ရရှိပြီးသော ပစ္စည်းများအား မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့်ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲတင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူသွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် နယ်စပ်မှတင်သွင်းရန် သွင်းကုန်လိုင်စင်ခွင့်ပြုချက်ရရှိပြီးသော ပစ္စည်းများအား မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့်ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲတင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှတင်သွင်းလိုပါကလည်း ကိစ္စရပ်တစ်ခုချင်းပေါ်မူတည်၍ စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း အသိပေးကြေညားထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိတွေ့မှုများေကြာင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးဇုန်သည် ရာနှုန်းပြည့်ရပ်တန့်နေကြောင်း သိရသည်။
#Local_News #မူဆယ်၁၀၅မိုင် #အခြားဂိတ်များ #ပြောင်းလဲပို့ခွင့်ပြု #YMG/LW #Yangon_Times
#Local_News
Published_ 09 November 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်များတွင် ဘာသာရပ်သင်တန်းများအလိုက် နိုဝင်ဘာ (၁၆) ရက်မှ စတင်၍ ကျောင်းအပ်လက်ခံမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။
အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပထမနှစ် တက္ကသိုလ်နေ့သင်တန်း ဝင်ခွင့်ရသူများ၏ စာရင်းကို နိုဝင်ဘာ(၇) ရက်က စတင်ထုတ်ပြန်ကြေညာပေးလျှက်ရှိပြီး တက္ကသိုလ်များကို နိုဝင်ဘာ (၂၃) ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူများအနက် အချက်လက် မပြည့်စုံသူများကို ပြည့်စုံစွာ ပြင်ဆင်ဖြည့်စွက်ပြီး ထပ်မံလျှောက်ထားနိုင်ရန် လျှောက်လွှာတွင်ပါရှိသည့် လိပ်စာများအတိုင်း ပြန်လည်အကြောင်းကြားသွားမည် ဖြစ်ကာလျှောက်ထားသူများအနေဖြင့် မိမိအမှတ်မှီနိုင်သည့် ကျောင်း၊ မိမိလျှောက်ထားသည့် ကျောင်း၏ ကျောင်းသား လက်ခံနိုင်မှုများနှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမှု အခြေအနေများကို သေချာစွာလေ့လာ စုံစမ်းပြီးမှသာလျှောက်ထားကြရန် လိုအပ်ကြောင်း သိရသည်။
#Local_News #တက္ကသိုလ် #ကျောင်းအပ်လက်ခံ #YMG/NN #Yangon_Times
#Local_News
Published 9 November 2023
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိမြို့နယ်သုံးခုကို ရေဖြန့်ဝေပေးနိုင်မည့် ရေဂါလံ ၂သိန်းဆံရေစုကန်ကို သာကေတမြို့နယ် ၃/ရန်ပြေရပ်ကွက် ယမုံနာလမ်းရှိ သာ/၁ရေစက်ဝန်းအတွင်း တည်ဆောက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏သတင်းထုတ်ပြန်ချက်အရသိရသည်။
အလျား ၈၀ ပေ အနံ၄၀ပေ နှင့် အနက် ၁၀ ပေရှိပြီး ရေတွန်းစက်များထားရှိရန် အတွက်အလျား၃၀ပေ အနံ ပေ၂၀ကျယ်သည့် ရေတွန်းစက်ရုံကိုလည်း တည်ဆောက်နေကြောင်း သိရသည်။
အဆိုပါ ရေတွန်းစက်ရုံသည် လဂွန်းပြင်ရေပေးဝေ ရေးစခန်းမှ ဖြန့်ဖြူးသည့် ရေအားကို သိုလှောင်ပြီး သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်တို့ကို ဖြန့်ဖြူးပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်က ရန်ကုန်မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က ဆောင်ရွက်နေသည့်
ယခုရေစုကန်တည်ဆောက်မှုကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေစုကန်အတွင်း လူနှင့်အခြား အရာဝတ္ထုများ မကျစေရန် ကာရံထားရှိရေးနှင့် စံချိန်စံညွှန်းကိုက်ညီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
#Local_News #မြို့နယ်သုံးခု #ရေဂါလံ၂သိန်းဆံ့ #ရေစုကန် #YMG/LW #Yangon_Times
#Local_News
Published_ 09 November 2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ ပန္နရသမအစည်းအဝေးပွဲကို ဒီဇင်ဘာလ (၄)ရက်မှ(၅)ရက်အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၌(၂)ရက်တာကျင်းပသွားရန်ရှိကြောင်း သာသနာရေးဦးစီးဌာနမှသိရသည်။
အဆိုပါ အဋ္ဌမအကြိမ်မြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ ပန္နရသမအစည်းအဝေးပွဲ မတိုင်မီ ညှိနှိုင်းအစည်းအဝေးပွဲများလည်း နိုဝင်ဘာလ(၃၀)ရက်မှဒီဇင်ဘာလ(၃)ရက်အထိကျင်းပမည်ဖြစ်ပြီး ပန္နရသမအစည်းအဝေးပွဲကို ဒီဇင်ဘာလ (၄)ရက်မှ(၅)ရက်အထိနှစ်ရက်တာ ကျင်းပသွားမည်ဟုဆိုသည်။
အစည်းအဝေးပွဲကြီးသို့ တက်ရောက်မည့် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများကို ပင့်လျှောက်စာများ ဖြင့်ပင့်လျှောက်ထားကြောင်းနှင့် ပင့်လျှောက်စာအချိန်မီမရောက်ရှိပါက ကျင်းပမည့်နေ့ရက်များအတိုင်း ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်ပါရန် သာသနာရေးဦးစီးဌာနက ဖိတ်ကြားထားသည်။
ပြီးခဲ့သည့်၂၀၂၃ခုနှစ် ဖေဖော်ဝါရီလအတွင်း အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (၄၇)ပါးစုံညီ တေရသမအစည်းအဝေးကို ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်၌ နောက်ဆုံး ကျင်းပခဲ့ပြီး ယခု၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အဋ္ဌမအကြိမ်မြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပန္နရသမအစည်းအဝေးပွဲကို ပြန်လည်ကျင်းပမည်ကြောင်း သိရသည်။
#Local_News #နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ #အစည်းအဝေးပွဲ #tthl #Yangon_Times
Page 925 of 1934